သူက ဘုရင်လား?
Vol. 9 Ch. 129
ဘုရင်မင်းမြတ်နှင့် သူသည် ခင်မင်ရင်းနှီးမှု လုံးဝမရှိခဲ့ဘဲ တစ်ဦးနှင့်တစ်ဦး မသိကြသောကြောင့် အဘယ်ကြောင့် သူ့ကို မြို့စားအဖြစ် သတ်မှတ်ခဲ့တယ် ဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေ၏။
ကုန်း၊ ဟော်၊ပေါ်၊ ကျစ် နှင့် နန်တို့သည် ဘုရင်အောက်တွင် အမြင့်ဆုံးဘွဲ့များ ဖြစ်ကြသည်။
ဘာဖြစ်ကုန်တာလဲ?
လုရွှမ် ငြိမ်သက်နေစဥ် အခြားသူများ၏ မျက်လုံးများသည် မြေပြင်ပေါ်သို့ ပြုတ် ကလုနီးပါးဖြစ်ကာ ရူးသွပ်သွားကြသည်။
အထူးသဖြင့် အကြီးအကဲ သုံးယောက်လုံးမှာ အံ့အားသင့်ပြီး မူးလဲလုနီးပါး ဖြစ်သွားကြသည်။
မြို့စား?
တခြားသူတွေက ဒီအဆင့်အတန်းကို မသိကြပေမယ့် သူတို့ကတော့ ကောင်းကောင်း သိထားကြသည်။
၎င်းတို့သည် ကျန်းဝူအကယ်ဒမီ၏ ဂုဏ်သိက္ခာရှိသော အငြိမ်းစား အကြီးအကဲများ ဖြစ်ကြပြီး အတုတံဆိပ်နယ်ပယ်တွင် အားကောင်းသူများ ဖြစ်ကြသည်။ ယခုအချိန်အထိ ၎င်းတို့သည် နန်အဆင့်သာ ရှိကြသေး၏။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး...သူဘယ်လိုလုပ် ကုန်းအဆင့် ဖြစ်လာနိုင်မှာလဲ? အမှားတစ်ခုတော့ ရှိရမယ်!"
ကွဲအက်သွားသည့် အခြားလက်မောင်းများမှ ပြန်လည် ကောင်းမွန်လာခဲ့သည့် ဒုကျောင်းအုပ်ချန်သည် သတင်းကြားချိန်တွင် လျှာကိုကိုက်မိလုနီးပါး ဖြစ်သွားသည်။
တစ်ဖက်လူဟာ သူ့မှာ အပြစ်မရှိဘူးလို့ သက်သေမပြနိုင်ဘူးလို့ ပြောပြီးတာနဲ့ ဘုရင်က နယ်ချဲ့အမိန့်ကို ထုတ်လိုက်သည်။ ဒါက သူ့ကို မျက်နှာကို ပါးရိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့သလိုပဲ။
သူစုံစမ်းခဲ့ပြီးပြီ။ ဒီကောင်လေးက နောက်ခံမရှိ လွှမ်းမိုးမှုမရှိဘဲ ဒီလူငယ်ကို ဘုရင်က ဘာကြောင့် သူ့အကြောင်းကို သိနေရတာလဲ? ပြီးတော့ သူ့ကို ကုန်းအဆင့် မြို့စားအဖြစ် ချက်ချင်း သတ်မှတ်လိုက်ရတာလဲ?
"ဒါ……"
သူ မယုံရုံသာမက မုယန်ဖုန်း နှင့် လျောက်ချင်းက ဘာဖြစ်သွားမှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
သို့သော် ဤဘွဲ့ဖြင့် အကြီးအကဲ နောက်ထပ် ဆယ်ယောက် ရှိရင်တောင် သခင်ငယ်လေးကို မထိဝံ့ကြကြောင်းကိုလည်း သူတို့ သိထားသည်။
နောက်ဆုံးတွင် မြို့စားသည် ဘုရင်က အပ်နှင်းထားသော ဘွဲ့တစ်ခုဖြစ်ပြီး လုရွှမ်ကို တိုက်ခိုက်သည်နှင့် အင်ပါယာကို ဆန့်ကျင်သည့် သဘောနှင့် တူသွားပါပြီ။
အကြီးအကဲ သုံးယောက်ဟာ သန်မာပေမယ့် လုံးဝ မဝံ့ရဲကြတော့ပေ။
"ဟားဟား စိတ်ဝင်စားစရာ ကောင်းတယ် လုရွှမ် မြန်မြန် ကျေးဇူးတင်လိုက်လေ"
လူအုပ်ထဲက ဘယ်သူမဆို မအံ့သြနေကြစဥ် လော်ယန်ချင်းက တစ်ဖက်မှာ ရှိနေပြီး သူ့မျက်နှာမှာ အပြုံးနဲ့ ကြည့်လိုက်သည်။
"ကုန်းကုန်းကြီးဝူ... ဒါက ဘယ်လိုဖြစ်တာလဲ?"
အမိန့်ကို လက်ခံရရှိပြီးနောက် လုရွှမ်သည် သူ့ရှေ့ရှိ ကုန်းကုန်းကြီး ဝူချုံးကို သံသယဖြင့် ကြည့်လိုက်သည်။
"ဒီငယ်သားလည်း မသိပါဘူး... ဘုရင်မင်းမြတ် ကိုယ်တိုင်က အမိန့်ရှိတာပါ....မြို့စားမင်းလုရွှမ် လုပ်နိုင်မှာပါ ကုန်းအဆင့် အိမ်ကြီးကို လောလောဆယ် သန့်ရှင်းရေး လုပ်နေပြီမို့.... မနက်ဖြန် ရွှေ့လို့ရပါပြီ!"
ကုန်းကုန်းကြီး ဝူချုံးသည် သူ့လက်စွပ်ထဲက သော့တစ်စည်းကို ထုတ်ယူလိုက်ပြီး
"ဒါက ဆေးသော့ပါ....အိမ်တော်က အကယ်ဒမီနဲ့ သိပ်မဝေးပါဘူး....အစေခံတွေက မင်းကို အလုပ်အကျွေး ပြုပါလိမ့်မယ်....ဒီငယ်သားလည်း မြို့စားကို ကူညီပေးပါ့မယ်!"
"ကျေးဇူးတင်ပါတယ် ကုန်းကုန်းဝူ!"
လုရွှမ်ဟာ တစ်ဖက်လူကို ဒီလောက် ကြီးကြီးကျယ်ကျယ် လုပ်လာဖို့ မျှော်လင့်မထားတာကြောင့် သော့ကို ချက်ချင်းယူလိုက်သည်။
"တခြားကိစ္စ မရှိတော့ဘူးဆိုရင် ဒီငယ်သား နှုတ်ဆက်ပါတယ်"
ဝူချုံးသည် အကြီးအကဲများကို တစ်ချက်ကြည့်လိုက်ပြီး စကားမပြောဘဲ လှည့်ထွက်သွားကာ ခဏအကြာ ခြံဝင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ အသွင်အပြင်ဖြင့် စီရင်ဆုံးဖြတ်ရန် ဤနေရာသို့ ဘုရင်မင်းမြတ်၏ အမိန့်တော်ကို ယူဆောင်လာခဲ့သည်။ ကြေညာပြီးနောက် နှောင့်နှေးမှုမရှိဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
"ကျောင်းအုပ်ကြီးလော် ဒါက ဘယ်လိုဖြစ်တာလဲ?"
ကုန်းကုန်းဝူချုံးက ဘာဖြစ်နေလဲ ဆိုတာကို မရှင်းပြခဲ့ရာ လုရွှမ်လည်း လော်ယန်ချင်းကိုသာ ကြည့်နေလိုက်သည်။
အခုပဲ သူ့ကို ကျေးဇူးတင်ဖို့ တိုက်တွန်းခဲ့ပုံအရ သူ့စကားတွေက ဒီကိစ္စကို နားလည်ပုံပေါ်လေသည်။
"ဘုရင်မင်းမြတ်က မင်းနဲ့တစ်ကြိမ် တွေ့ဖူးတယ်လေ... မင်းကို ကုန်းအဆင့် မြို့စားနေရာ ပေးတယ်ဆိုတာ မင်းကိုစိတ်ရင်းနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပဲ...."
လော်ယန်ချင်းက ဆို၏။
"ကျုပ်နဲ့ မိတ်ဆွေဖွဲ့တယ်?" လုရွှမ် မျက်တောင်ခတ်လိုက်ပြီး
"တစ်ကြိမ် တွေ့ဖူးတယ်? ကျုပ် ဘုရင်မင်းမြတ်နဲ့ တစ်ခါမှမတွေ့ဖူးဘူး..."
ပြန်မွေးဖွားပြီးသည့်နောက် ဘုရင်ကို သူတစ်ခါမှ မတွေ့ဖူးသေးချေ။ သူ၏ မူလပိုင်ရှင်မှာ ပိုးထည်တစ်စသာ ဖြစ်လို့ ပိုလို့တောင် ဆိုးဦးမည်။
"ဟာဟား...သူ့အထောက်အထားကို ထုတ်ဖော်ခွင့် မပြုခဲ့တာပါ!" လော်ယန်ချင်းက ရယ်မောလိုက်ပြီး
"ပထမတော့ သူပြောချင်တာ မဟုတ်ဘူး.. ဒါကြောင့် ငါလည်းမင်းကို မပြောနိုင်ဘူး... ဒါပေမဲ့ မင်းကို မြို့စားအဖြစ် သတ်မှတ်ပြီးပြီ ဆိုတော့ ဆုံတွေ့တော့မှာ သေချာတယ်.... တစ်ချိန်က မင်းရဲ့ အဆင့်၅ ဆေးလုံးကို ရခဲ့တယ်လေ ဘုရင်မင်းမြတ်ရဲ့ စိတ်ဝိညာဉ် စွမ်းအင်က ပျက်စီးသွားပေမယ့် အဲဒီဆေးရဲ့ အကူအညီနဲ့ ဒဏ်ရာက ပြန်လည် ကောင်းမွန်လာရုံ သာမက အဆင့်တစ်ခုကို ဖြတ်ကျော်ပြီး စိတ်စွမ်းအားက ၀.၆အထိ ရောက်သွားတယ်... ဒီလိုကြင်နာမှုမျိုးက မင်းကို ကုန်းအဆင့် မြို့စားကြီးနေရာ ပေးတာ မပြောနဲ့ သူ့သမီးကို မင်းနဲ့လက်ထပ်ပေးရမယ် ဆိုရင်တောင် ကျေနပ်နေမှာ!"
"ကျုပ်ဆီက အဆင့်၅ ဝိညာဉ်ဆေးလုံးကို ရသွားတယ် ကျုပ်သိတဲ့သူ... ဧကန္တ သူ..."
လုရွှမ်သည် လူတစ်ဦးကို ရုတ်တရက် တွေးမိသွားပြီး ထိတ်လန့်သွားသည်။
"ဟုတ်တယ် သူက လုံဟိုင်ပဲ!"
လော်ယန်ချင်း ရယ်လိုက်သည်။
"ဒါပေမဲ့..." လုရွှမ် မယုံသေး။
"ဘုရင်မင်းမြတ်ကို လော့လင်လို့ ခေါ်တာ ကြားဖူးသလားလို့..."
လုံဟိုင်သည် ဝိညာဥ်စွမ်းအင်အမှတ် ဖွင့်စဥ်က ယွမ်ဟုန်ကို ရှာခိုင်းခဲ့သော ဝိညာဉ်စွမ်းအား ၀.၅ ထက်ကျော်လွန်သွားသော သန်မာသူ ၃ ဦးထဲမှ တစ်ဦးဖြစ်သည်။ ထိုအချိန်တွင် ယွမ်ဟုန်သည် သူ၏သရုပ်မှန်ကို မိတ်ဆက်ပေးချင်ခဲ့သော်လည်း "မလိုအပ်ပါဘူး" ဟုပြောကာ အနှောင့်အယှက် ပေးခဲ့သည်။
လောကီအရာတွေ အကြောင်းပြောဖို့ မလိုဘူး!"ဟု ထိုအချိန်တွင် ပြောခဲ့၏။ သူ့ကိုယ်ပိုင်လက္ခဏာကို ဖော်ပြရန် မထိုက်တန်ဟု သူထင်ခဲ့သည်။ သို့သော် သူသည် ကျန်းဝူအင်ပါယာ၏ ဘုရင်ဖြစ်ကြောင်း တစ်ခါမျှ မတွေးခဲ့ဖူးပါ။
အဲဒီတော့ မင်းသမီးလော့ရုံရဲ့ ဖခင်ပေါ့!
ဒါကိုတွေးကြည့်မိတော့ တစ်ဖက်လူက မင်းသမီးလော့ရုံနဲ့ အသွင်အပြင် တော်တော်လေး ဆင်တူပြီး ပထမအကြိမ် တွေ့တဲ့အခါ ရင်းနှီးသလို ခံစားခဲ့ရတာ အံ့သြစရာ မရှိတော့ပါဘူး။
ကျန်းဝူအင်ပါယာရဲ့ ဘုရင်ကို လော့လင်လို့ ခေါ်တာ လူတိုင်းသိထားပြီး ဘာလို့ လုံဟိုင်လို့ ခေါ်ကြတာလဲ?
"လော့လင်က ဘုရင်မင်းမြတ်ရဲ့ အမည်ရင်းပဲ.... ငါတို့က သူ့ကို ဘယ်လို တိုက်ရိုက်ခေါ်လို့ ရမလဲ? ဒီတော့ ငါတို့ အားလုံးက သူ့ကို လုံဟိုင်လို့ ခေါ်တာ ဘာမှမမှားပါဘူး"
လော်ယန်ချင်းက ရှင်းပြသည်။
"အိုး...လတ်စသတ်တော့ အဲ့လိုကိုး!" လုရွှမ်က ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားချေ။
သူသည် နိုင်ငံငယ်၏ မြို့စားနေရာအတွက် အဆန်းတကြယ် မခံစားရသော်လည်း တစ်ဖက်လူမှ ဤဘွဲ့ကို ပေးအပ်ခြင်းသည် သူ့အကျပ်အတည်းကို ဖြေရှင်းလိုက်ရုံသာဖြစ်ပြီး အချိန်မီသည်ဟု ဆိုရမည် ဖြစ်သည်။
ထိုညီအစ်ကို လုံဟိုင်မှာ မျက်စိပါပြီး သူကိုယ်တိုင်နဲ့ ဥပဒေအဖွဲ့ကြားက ပဋိပက္ခကို သိထားနိုင်၏။ ဒီတစ်ခေါက် ဒီကိုရောက်လာတာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး ဆိုတာကိုလည်း သူသိသည်။
ဒါကြောင့် သူ့ကို ကူညီဖို့ တမင်လုပ်ခဲ့တာက သူ့အရှိန်ကို ခိုင်ခံ့စေ၏။
ဤအထောက်အထားဖြင့် အကြီးအကဲကျန်းနဲ့ အခြားသူများသာ သူ့ကို ထိချင်လျှင်ပင် ၎င်းတို့သည် သေချာပြန်စဥ်းစားရ ပေလိမ့်မည်။
ဒါပေါ့။ သူ ခေါင်းကိုလှည့်ပြီး ကျန်းဝူအကယ်ဒမီရဲ့ အကြီးအကဲ သုံးယောက်ကို ကြည့်လိုက်တော့ ယင်ကောင်တွေ ဝါးစားနေရသလို အဆင်မပြေ ဖြစ်နေတာ တွေ့ရသည်။
ဝိညာဥ်ချီဆေးကြောင့် ဒီလူငယ်ကို သင်ခန်းစာပေးဖို့ သဘောတူခဲ့ကြပေမယ့် တစ်ဖက်က ရုတ်တရတ် ကုန်းအဆင့် ဖြစ်သွားတော့ အားလုံး စိတ်အေးလက်အေး မနေနိုင်တော့ဘဲ ဖြစ်သွားသည်။
"အကြီးအကဲတို့....ခင်ဗျားတို့ ကျွန်တော့်ကို ကတိပေးထားတာ မမေ့ပါနဲ့... ဝိညာဥ်ချီဆေးကို ရရင် ဂိုဏ်းဆရာနယ်ပယ်ကို တစ်ရှိန်ထိုး ဖြတ်ကျော်ပြီး ကျန်းဝူအင်ပါယာမှာ နေစရာ မလိုတော့ဘူး.... ဝိညာဥ်ချီဆေး ပေးမယ့် လူကြီးမင်းက သူ့ကိုသေစေချင်တာ! သူ့ကို သတ်နိုင်သရွေ့ ဆေးကိုရနိုင်မှာ! သေးငယ်တဲ့ အင်ပါယာက မြို့စားလေးပဲလေ....မျက်နှာသာပေးဖို့ မထိုက်တန်ဘူး"
အကြီးအကဲ သုံးဦး ချီတုံချတုံ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဆက်လက်လုပ်ဆောင်ရန် နှောင့်နှေးနေရာ ဒုကျောင်းအုပ်ချန်ဟာ တခြားသူတွေကို ဂရုမစိုက်နိုင်ဘဲ အလျင်စလို အသံဖြင့် အော်ပြောလိုက်သည်။
သူနဲ့ ဒီလူငယ်လေး မီးစလောင်နေပြီဆိုတာ သူသိသည်။ သူမသေရင် သေတဲ့သူက မိမိကိုယ်တိုင်ပဲဖြစ်မယ် ဆိုတာကိုလည်း သူသိလေသည်။ ဒီနေ့ သူ့ကို မသတ်နိုင်ရင် အဆင့်အတန်းနဲ့ အင်အားသုံပြီး မိမိအား သတ်ပစ်ဖို့ လွယ်ကူသွားလိမ့်မည်။
"ဒါ့အပြင် ဒီနေ့ ခင်ဗျားတို့သူ့ကို စော်ကားခဲ့ပြီးပြီ....မြို့စားတစ်ယောက်ရဲ့ အနေအထားက ကောင်းပါတယ်....ဒါပေမဲ့ ကျန်းဝူအင်ပါယာက လှုပ်ရှားချင်ရင်တောင်မှ အကြီးအကဲ သုံးယောက်ရဲ့ ခွန်အားကို စဉ်းစားကြည့်သင့်တယ်...သူသာ ယင်းယန်အကယ်ဒမီရဲ့ တပည့်ဖြစ်လာရင်တော့ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး!"
ဒုကျောင်းအုပ်ချန်က ဆက်လတ်ပြောဆိုနေ၏။
"ဒါ....."
"မှန်တယ်.... သူ ယင်းယန်အကယ်ဒမီရဲ့ တပည့်တစ်ယောက် ဖြစ်လာတာနဲ့ ငါတို့ သူ့ကို ဘယ်လောက်ထိ ဆိုးဆိုးရွားရွား စော်ကားခဲ့လဲ ဆိုတာ တိုင်ကြားပြီး သေချာပေါက် လက်စားချေလိမ့်မယ်..."
"အန္တရာယ်များလာမယ့် အရာဆိုမှတော့ တစ်ခါတည်း သတ်ပစ်လိုက်တော့!"
.......
ဒုကျောင်းအုပ်ချန်၏ စကားကို ကြားသောအခါ အကြီးအကဲသုံးဦး ခေါင်းညိတ်သည်။
ယင်းယန်အကယ်ဒမီသည် ခမ်းနားသော သခင်လေးများ ဖြစ်လာသောအခါ သူတို့လိုလူအိုကြီးများပင် ယှဉ်ပြိုင်၍ မရနိုင်သော ဧရာမတည်ရှိမှုကြီး တစ်ခု ဖြစ်သွားလိမ့်မည်။
ဒီလိုဖြစ်လာပြီဆိုတော့ ကောင်းစွာ မဖြေရှင်းပါက အဆုံးမဲ့ဒုက္ခများ ရှိလာပေလိမ့်မည်။