← Chapters

ကိုက်ယွင်ရဲ့အလည်အပတ်

Vol. 9 Ch. 130

ကိုက်ယွင်ရဲ့အလည်အပတ်

Vol. 9 Ch. 130

ခက်ထန်သော စကားလုံးများကို ပြောပြီးနောက် အကြီးအကဲ သုံးယောက်ရဲ့ မျက်လုံးထဲမှာ အဆိပ်တောက်တွေ တပြိုင်နက် ပေါ်ထွက်လာသည်။

သူတို့သည် ရူးသွပ်နေကြသည် မဟုတ်။ သို့သော် ဂိုဏ်းဆရာ၏ သွေးဆောင်မှုသည် ကြီးမားလွန်းလှသည်။

ကျန်းဝူအင်ပါယာ တစ်ခုလုံးတွင် အင်အားအကောင်းဆုံး ဖြစ်သည့် လော့လင်သည်ပင် အတုတံဆိပ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သာ ပြီးမြောက်ခဲ့ပြီး ဂိုဏ်းဆရာ နယ်ပယ်အဆင့်သို့ မရောက်သေးချေ။

ဤအရာမှ သူတို့သည် ဂိုဏ်းဆရာနယ်ပယ် တက်လှမ်းနိုင်ရန် အခက်အခဲကို တွေ့မြင်နိုင်သည်။

ဘာဘုရင် ဘာမြို့စားလဲ အကုန်လုံး ဟာသတွေချည်းပဲ!

အင်ပါယာသည် အတုတံဆိပ်နယ်ပယ် အပေါ်တွင်သာ ခိုင်မာသော ဖိနှိပ်နိုင်စွမ်းရှိပြီး ဂိုဏ်းဆရာနယ်ပယ် အပေါ်မှာတော့ လုံးဝမရှိချေ။ ဂိုဏ်းဆရာနယ်ပယ်က တစ်ယောက်ဆီမှာသာ အဖမ်းခံလိုက်ရရင် အသက်ရှင်ဖို့တောင် အာမခံချက် မရှိဘူး။

"အမ်?"

လော်ယန်ချင်း လုရွှမ်နှင့် စကားစမြည် ပြောနေစဉ်တွင် အကြီးအကဲ သုံးဦး၏ လှုပ်ရှားမှုများကို အာရုံစိုက်ထားသည်။ သူတို့၏ စကားပြောဆိုမှုများသည် အသံမကျယ်သော်လည်း ၎င်းတို့၏ အမူအရာနှင့် မျက်လုံးများမှ ပြင်းထန်သော လူသတ်ချင်မှုကို မြင်နိုင်သည်။

မျက်ခုံးပင့်လိုက်ရင်း လုရွှမ်၏ တစ်ကိုယ်လုံးမှာ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် စစ်မှန်သော စွမ်းအင်များ ပြည့်နေသည်ကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် အသံလွှင့်၍ မုယန်ဖုန်းနှင့် လျောက်ချင်းတို့ကို ကြိုတင်ပြင်ဆင်ထားရန် ပြောလိုက်သည်။

"ဖန်းရှစ်သခင် ယွမ်ဟုန်မှ တွေ့ခွင့်တောင်းပါတယ်!"

နှစ်ဖက်တိုက်ပွဲ ဖြစ်ခါနီးတွင် ခြံအပြင်ဘက်မှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။

"ယွမ်ဟုန်?"

အကြီးအကဲ သုံးယောက်၏ မျက်နှာများ မည်းမှောင်သွားသည်။

ယွမ်ဟုန်သည် အဂ္ဂိရတ်ပညာရှင် ဖြစ်သော်လည်း သူ၏ အစွမ်းမှာ ၎င်းတို့ထက် အနည်းငယ်ပင် အားနည်းသည် မဟုတ်ပေ။

အတုတံဆိပ်နယ်ပယ်မှ တကယ့်အားကြီးသူပင်။

အဲဒီကောင်က သူ့ဖန်းရှစ်ထဲမှာ အမြဲပုန်းနေပြီး အပြင် ထွက်မလာဘူးမလား? ဒီအချိန်ကျမှ ဒီကို ဘာလာလုပ်တာလဲ?

"အထဲဝင်ခဲ့ပါ!"

သူ့မျက်နှာက သိပ်ကြည့်ကောင်းတော့တာ မဟုတ်ပေမယ့် ကျန်းရွှင်း သူ့နှုတ်ခမ်းကို ဖွင့်ဟလိုက်ပါသေးသည်။

ယွမ်ဟုန်သည် အစွမ်းထက်ရုံသာမက အဂ္ဂိရတ်ပညာရှင် အဖွဲ့ကိုလည်း ကိုယ်စားပြုသည်။

အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် လေးစားဖွယ် အဆင့်အတန်းရှိပြီး ဆွဲဆောင်မှုအား ကောင်းသူဖြစ်သည်။ သူသည် သာမန်စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ဦးမျှသာ ဖြစ်သော်လည်း ဂိုဏ်းဆရာနယ်ပယ်က ပညာရှင်တစ်ဦးပင်လျှင် ၎င်းကို မယှဉ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းဆရာတစ်ဦးသည် မည်မျှပင် သန်မာသည်ဖြစ်စေ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စွမ်းရည်မျှသာ ဖြစ်သည်။ သို့သော် အဂ္ဂိရတ်ပညာရှင်သည် သစ္စာရှိတပည့် အများအပြားကို အနိုင်ယူရန် ဆေးလုံးများကို အသုံးပြုနိုင်သည်။

"လူအိုကြီးလော်... ငါ မင်းကို အနှောင့်အယှက်ပေးဖို့ ဒီကို ရောက်လာပြီ"

ခန်းမကြီးထဲကို ဝင်လိုက်တာနဲ့ ဆရာကြီးယွမ်ဟုန်က ရယ်မောပြီး အကြီးအကဲတွေကို မကြည့်ဘဲ လော်ယန်ချင်းဆီကို လျှောက်သွားလိုက်သည်။

"အိုး....ညီလေးလုရွှမ်လည်း ဒီကိုရောက်နေတာလား? ငါမင်းကို ရှာနေတာနဲ့ အတော်ပဲ!"

သူလမ်းလျှောက်လာရင်း လုရွှမ်ကို ရုတ်တရက် တွေ့လိုက်သည်။ ဖန်းရှစ်သခင် ယွမ်ဟုန်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး

"တကယ်တော့ ဒီတစ်ခါ မင်းကိုရှာဖို့ ငါဒီကိုလာခဲ့တာက မင်းရဲ့တတိယအဆင့် အဂ္ဂိရတ်ဆရာတံဆိပ်က နောက်ဆုံးတော့ ရလာပြီ....အဲဒါကြောင့် ငါမင်းကို အထူးတလည် လာပေးတာ"

စကားပြောပြီးနောက် အိတ်ကပ်ထဲမှ သေတ္တာငယ်ကို ထုတ်ကာ တံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

တောက်ပသော အလင်းရောင်သည် အဂ္ဂိရတ်ပညာရှင်များ၏ အမှတ်အသားသာ ဖြစ်ပေသည်။

"တတိယအဆင့် အဂ္ဂိရတ်ဆရာလား?"

"ဒီလုရွှမ်က တတိယအဆင့် အဂ္ဂိရတ်ဆရာလား?"

.......

ထိုတံဆိပ်ကို မြင်လိုက်ရတော့ အကြီးအကဲ သုံးယောက် တုန်လှုပ်သွားပြန်သည်။

တတိယအဆင့် အဂ္ဂိရတ်ဆရာတွေရဲ့ အဆင့်အတန်းက သိပ်မမြင့်ပေမယ့် သူတို့နာမည်တွေကို ဌာနခွဲစာအုပ်ထဲမှာ ရေးမှတ်ထားပြီးသား။ အဲဒီလိုလူတွေ သေပြီးဆိုတာနဲ့ အဂ္ဂိရတ်ပညာရှင်အဖွဲ့ဟာ သူတို့ကို အသေအချာ စုံစမ်းပါလိမ့်မည်။

သူတို့သာ အစစ်ဆေးခံရရင်....

ဂိုဏ်းဆရာအဆင့်ကို မရောက်သေးတာ မပြောနဲ့။ ဂိုဏ်းဆရာ ဖြစ်လာရင်တောင် စောင့်ကြည့်ဖို့ မလုံလောက်တော့ဘူး။

အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ အမြင်တွင် လက်စားချေအတွက် အဂ္ဂိရတ်ဆေး တစ်လုံးသာ အသုံးပြုရန် လိုအပ်ပြီး နေရာတိုင်းတွင် သူတို့ကိုသတ်လိုသော အားကြီးသောသူများ ရှိလာနိုင်သည်။

လည်ချောင်းများ ခြောက်လာကာ အကြီးအကဲ သုံးဦးသည် ဘာလုပ်ရမှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ စိုးရိမ်နေပေမယ့် မြို့စားကို သတ်ဖို့တော့ ဘယ်တော့မှ စိတ်ပျော့မှာ မဟုတ်ဘူး။ တတိယအဆင့် အဂ္ဂိရတ်ဆရာကို သတ်ဖို့တော့ သူတို့မှာ သတ္တိမရှိတော့ပါဘူး!

သေချာ ပြောရလျှင် တတိယအဆင့် အဂ္ဂိရတ်ပညာရှင်သည် မြို့စားကြီးထက်ပင် ပို၍လေးစားရသည်။

"လက်မှုပညာရှင် အဖွဲ့မှာ ကိုက်ယွင်...ဆရာလုရွှမ်ကို တွေ့ခွင့်တောင်းပါတယ်"

သူတို့မျက်နှာက ရုပ်ဆိုးသလို ဖြစ်လာချိန် အပြင်မှာ နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာ၏။

ဒီတစ်ခါ အော်သံက ယဉ်ယဉ်ကျေးကျေး လုံးဝမဟုတ်တော့ဘဲ လုရွှမ်ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်လိုက်ပြီးတော့ ဆရာလို့ပါ တပ်ခေါ်ထားသည်။

"ဆရာ?"

"ကိုက်ယွင်က ကျန်းဝူအင်ပါယာမှာ နံပါတ်တစ် လက်နက်သန့်စင်သူပဲ.... သူဘာကို ဆရာလို့ခေါ်လဲ... အဲဒါက ဘာကိုဆိုလိုတာလဲ?"

"ဧကန္တ... ဒီလုရွှမ်က လက်နက်သန့်စင်တာကိုလည်း ကျွမ်းကျင်တာပဲပဲလား?"

.......

အကြီးအကဲ သုံးယောက်လုံး ရူးနေကြပါပြီ။

ဒီကောင်လေးမှာ နောက်ခံ ဘယ်လောက်တောင် ရှိနေတာလဲ?

အဂ္ဂိရတ်ဆရာတစ်ယောက် ဖြစ်နေခြင်းသည် အလွန်အံ့သြစရာ ကောင်းနေပြီ ဖြစ်သော်လည်း သူသည် လက်နက်သန့်စင်သူ တစ်ဦးပင် ဖြစ်နေသေးသည်။ လက်နက်သန့်စင်သူ သက်သက်မျှသာ မဟုတ်ပါက ဆရာကြီးကိုက်ယွင်က ဘာလို့ ဆရာလို့ခေါ်ရတာလဲ?

ဒီကောင်လေးက ဘယ်လိုကောင်လဲ?

"ကျေးဇူးပြုပြီး ဝင်လာပါ!" ကျန်းရွှင်းအသံက အနည်းငယ် အားနည်းသွားသည်။

ပါရမီရှင် လူငယ်၊ မြို့စား၊ အဂ္ဂိရတ်ဆရာ၊ လက်မှုပညာရှင် သူတို့မသိတဲ့ တခြားမည်မျှသော အထောက်အထားများ ရှိနေသေးတာလဲ?

"မင်းက ဆရာကြီးလုရွှမ် ဟုတ်တယ်မလား? မနေ့က မင်းကျန်ခဲ့တဲ့ သဲလွန်စတွေကို ငါလေ့လာခဲ့တယ်.... ဒါပေမယ့် အဲဒါတွေကို တစ်ညလုံး နားမလည်နိုင်ခဲ့လို့ အခုလို စိတ်အနှောင့်အယှက်ပေးဖို့ လာခဲ့ရတာပါ..."

ကိုက်ယွင် ဝင်လာသည်နှင့် ချက်ချင်းပင် လုရွှမ်ကိုကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြေးလာသည်။

"ဒါက……"

လုရွှမ် မျက်လုံးများကို မှိတ်ထားလိုက်သည်။

တတိယအဆင့် အဂ္ဂိရတ်ပညာရှင်၊ ကျန်းဝူဘုရင် ဒါတွေကို သူနားလည်နိုင်ပေမယ့် ဒီကိုက်ယွင်က ဘာကြီးလဲ?

ဘာသဲလွန်စလဲ? တစ်ညလုံး စဥ်းစားပြီးတာတောင် ဘာလို့ စကားတစ်လုံးမှ နားမလည်နိုင်ရတာလဲ?

သူသည် မင်းသမီးလော့ရုံ၏ တိတ်ဆိတ်သော အခန်းမှ လှည့်ကာ ထွက်ခွာလာခဲ့သည်။ ထုံးစံအတိုင်း သူဘာဖြစ်သွားမှန်းကို မသိဘဲ သူချန်ထားခဲ့သော ခြေရာလက်ရာများကို မြင်လိုက်ရပြီးနောက် ကိုက်ယွင်မှာ ထိတ်လန့်သွားသည်။

"ကျောင်းအုပ်ကြီးလော့.... အကြီးအကဲသုံးယောက်....ကျွန်တော် ကျိတောက်မင် တွေ့ခွင့်တောင်းပါတယ်"

လုရွှမ်က ဘာဖြစ်နေတာလဲ မေးဖို့ အချိန်မရခင် အပြင်မှာ နောက်ထပ် အော်သံတစ်ခုက ထွက်လာပြန်၏။

လူများ လာပြီးရင် လာနေ၍ အကြီးအကဲ သုံးယောက်သည် ဤအခိုက်တွင် လုံးဝ ထုံကျင်နေသဖြင့် လက်ကို ဝှေ့ယမ်းပြီး ဝင်ခွင့် ပေးလိုက်လေသည်။

"ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ် အကြီးအကဲ သုံးယောက်ကို ဂုဏ်ပြုပါတယ်!"

ကျိတောက်မင်သည် ဤနေရာတွင် ဘာဖြစ်သွားသည်ကို မသိသောကြောင့် သူဝင်လာသည်နှင့် အော်ဟစ်လိုက်သည်။

"ဘာကိုဂုဏ်ပြုတာလဲ?" လော်ယန်ချင်းက တစ်ချက် ကြည့်လိုက်သည်။

"ဒီလိုပါ....လုရွှမ်ရဲ့ တတိယအဆင့် အဂ္ဂိရတ်ဆရာ အထောက်အထားကို သိပြီးတဲ့ နောက်မှ ဆရာဟူယွင်က ယင်းယန်အကယ်ဒမီ အပြင်စည်း တပည့်တစ်ဦးရဲ့ တံဆိပ်ပြားတစ်ခုကို အပ်နှင်းခဲ့ပါတယ် ပြောရရင် အခုကစပြီး ကျောင်းသားလုရွှမ်ဟာ ယင်းယန်အကယ်ဒမီမှာ တရားဝင် တပည့် ဖြစ်လာတော့မှာ ဖြစ်ပါတယ်"

ကျိတောက်မင်သည် စိတ်လှုပ်ရှားစွာ ဝင်လာပြီး သူ့ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုသည့် တံဆိပ်ပြား တစ်ခုကို ထုတ်လိုက်သည်။

"အမ်း? တံဆိပ်ပြားကို တိုက်ရိုက်ထုတ်ပေးလိုက်တယ်လား??"

"ဒါ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ထိပ်တန်းဆယ်ယောက်ထဲ ဝင်ရမယ်လို့ ပြောခဲ့တယ် မဟုတ်လား?"

လော်ယန်ချင်း၊ လျောက်ချင်း နှင့် အခြားသူများ အားလုံး ထိတ်လန့်သွားကြသည်။

လုရွှမ်ပင်လျှင် မမျှော်လင့်ထား။

"ဖိရွှယ်နယ်ပယ်ကို ပြီးပြည့်စုံခြင်း အဆင့်ဆိုပေမယ့် သူ့မှာ အစွမ်းအစရှိတဲ့ ထုံးရွှမ်နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်ကို အနိုင်ယူနိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ ဆရာဟူယွင်က ပြောပါတယ်....ယင်းယန်အကယ်ဒမီက အရည်အချင်း ရှိသူတွေကို ရှာနေတာ....အဆင့်အတန်းကို ရှာတာမဟုတ်ဘူး အဆင့်မြင့်တဲ့ သခင်လေးတွေကိုသာ ရှာနေရင် အကယ်ဒမီတစ်ခုလုံးက ပြည့်နေမှာပါတဲ့..."

ကျိတောက်မင်က ဆရာဟူယွင်၏ စကားအတိုင်း ပြောပြ၏။

"ဟားဟား...အရမ်းကောင်းတယ်... ပြိုင်ပွဲမပြီးခင်မှာ နေရာရသွားမယ်လို့ မမျှော်လင့်ထားဘူး။ လျောင်ချင်းက အရမ်းတိုးတက်နေပြီ...ပထမနေရာ မဟုတ်ရင်တောင် တတိယနေရာ ရလည်း အကောင်းဆုံး အဆုံးသတ်ပဲ!"

ထိုရှင်းပြချက်ကို ကြားတော့ လော်ယန်ချင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အလွန်စိတ်သက်သာရာ ရသွားသည်။

ယခင်က အကယ်ဒမီသုံးခုမှ ကျောင်းအုပ်ကြီးများဆီက အသက်ရှုမဝအောင် ဖိနှိပ်ခံခဲ့ရသော်လည်း လုရွှမ်သည် ပြိုင်ပွဲမပြီးမီ ခြွင်းချက်အဖြစ် လက်ခံလိုက်ပြီ။

"ယင်းယန်အကယ်ဒမီ တပည့်..."

လော်ယန်ချင်းနှင့် အခြားသူများ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြစဥ် တစ်ဖက်မှ အကြီးအကဲ သုံးဦးစလုံး တုန်တုန်ယင်ယင်ဖြင့် အသက်ရှူမဝနိုင်အောင် ဖြစ်နေကြသည်။

အဂ္ဂိရတ်ဆရာ၊ လက်မှုပညာရှင်၊ မြို့စား၊ ပါရမီရှင်တွေရဲ့ လက္ခဏာလေးပါးက အများကြီးရှိနေပြီ။ ယင်းယန်အကယ်ဒမီက တပည့်တစ်ယောက်ပါ ဖြစ်လာမယ်လို့ အိပ်မက်ပင် မမက်ဖူးခဲ့ချေ။

အဂ္ဂိရတ်ဆရာကြောင့် သူတို့ကြောက်နေကြပြီး ယင်းယန်အကယ်ဒမီရဲ့ တပည့်တွေကို မထိဝံ့ဘူးလို့ ပြောခဲ့ပေမယ့် အခုတော့ သူတို့လုံးဟ စိတ်ပျက်လက်ပျက် ဖြစ်နေပါပြီ။

ယင်းယန်အကယ်ဒမီတွင် ဂိုဏ်းဆရာ နယ်ပယ်အဆင့်၏ မရေမတွက်နိုင်သော ဆရာများရှိပြီး ၎င်းတို့၏တပည့်များကို နာကျင်အောင် လုပ်ဝံ့ပါက အကယ်ဒမီတစ်ခုလုံးကို ဆန့်ကျင် တိုက်ခိုက်နိုင်ကြသည်။

မြေကြီးစွန်းကို မပြောနဲ့ ကျန်းဝူအကယ်ဒမီကိုပင် နေရာလွတ်မကျန် ဖျက်စီးပစ်နိုင်သည်။

All Chapters