← Chapters

အဆင့်ကိုထိုးဖောက်မယ်

Vol. 9 Ch. 131

အဆင့်ကိုထိုးဖောက်မယ်

Vol. 9 Ch. 131

အကြီးအကဲ သုံးယောက်မှာ တစ်ကိုယ်လုံး အေးစက်သွားသလို သူတို့ လက်ဖဝါးတွေ တုန်နေသည်။

အရင်က သူတို့သတ်ချင်နေခဲ့တဲ့ လူက ယင်းယန်အကယ်ဒမီရဲ့ တပည့်တစ်ယောက်ကိုလား။

သူတို့ တကယ်လုပ်ခဲ့ရင် သူတို့ဟာ ဂိုဏ်းဆရာနယ်ပယ်တွေ ဖြစ်ရင်တောင်မှ ခေါင်းဖြတ်ခံရမှာ သေချာပြီး သုံးရက်လောက်ပင် အသက်ရှင်နိုင်မှာ မဟုတ်ပါ။

ဒါက ကြီးမားတဲ့ အင်အားကို ရင်ဆိုင်ရမယ့် ကိစ္စဖြစ်လာပြီ။

"သခင်လေး....ဒီလူအိုသုံးယောက်က တစ်ချိန်လုံး သခင်လေးကိုပဲ သတ်ဖို့ ကြိုးစားနေကြတာ...ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ?"

သူတို့ရဲ့ ကြောက်လန့်မှုကို မြင်နေရတဲ့အခါ မုယန်ဖုန်းမှ ပြောလိုက်သည်။

လုရွှမ်က သူတို့သုံးယောက်ရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို မြင်ရုံတင်မကဘဲ ယွမ်ဟုန်နဲ့ တခြားသူတွေ အလည်မလာခဲ့ဘူး ဆိုရင်တော့ တိုက်ပွဲက စနေပြီ ဆိုတာလည်း မြင်ပေသည်။

"ငါ့ကိုသတ်ချင်သူတိုင်း အသက်မရှင်စေရဘူး!" လုရွှမ် ပေါ့ပေါ့လေး ပြောလိုက်၏။

ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သူ့ကို သတ်သေချင်တာကြောင့် တူညီတဲ့တန်ကြေးကို ပေးဆောင်ရမှာ ဖြစ်လေသည်။

"ဟုတ်!"

မုယန်ဖုန်း ခေါင်းညိတ်ပြပြီး သူ့မျက်လုံးတွေကို စူးစူးရဲရဲနဲ့ ယွမ်ဟုန်၊ ကိုက်ယွင် နဲ့ တခြားသူတွေကို ကြည့်ဖို့ ခေါင်းကိုလှည့်၍။

"ကျုပ်ရဲ့ သခင်ငယ်လေးက ပြောတယ်....ဒီလူအိုသုံးယောက်ကို သတ်ရမယ်တဲ့ ကျေးဇူးပြုပြီး ကူညီလှုပ်ရှားပေးကြပါ!"

"သူတို့ကို သတ်ဖို့လား?"

ယွမ်ဟုန်နှင့် အခြားသူများ ခေတ္တမျှ ထိတ်လန့်သွားပြီး ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ကောင်းပြီ!"

သူတို့ထင်မြင်ချက်အရ ကျန်းဝူ၏ အကြီးအကဲ သုံးယောက်၏ တန်ဖိုးသည် ဤအဂ္ဂိရတ်ပညာ ကျွမ်းကျင်ခြင်း၊ လက်နက် သန့်စင်ခြင်း နှင့် ယင်းယန်အကယ်ဒမီ၏ တပည့်များထက် များစွာ နိမ့်ပါးပါသည်။

နှစ်ဖက်စလုံးမှ တစ်ခုတည်းကို ရွေးရမယ်ဆိုရင်တော့ အဲဒါက သဘာဝကျကျနဲ့ နောက်တစ်ခုကိုပဲ ရွေးချယ်ရလိမ့်မည်။

"ခဏလေး..."

သူတို့သုံးယောက် စတင်လှုပ်ရှားတော့မယ့် အချိန်မှာ ကျန်းရွှင်းက ခြေတစ်လှမ်းတိုး၍ တားလိုက်သည်။

"ဘာလဲ? သေရမှာ ကြောက်လို့လား?"

မုယန်ဖုန်း သူ့မျက်လုံးများကို အေးစက်မှူအပြည့် ဖုံးအုပ်ထားသည်။

"အောင်နိုင်သူနဲ့ အရှုံးသမားပဲ... ငါတို့က လုရွှမ်ကို တကယ်သတ်ချင်တယ်... ငါတို့ သူ့ကို တကယ် မသတ်နိုင်ပေမယ့်... ဒါက ငါတို့နဲ့ သူကြားက ကိစ္စတစ်ခုပဲ... သူ ငါတို့ကို သတ်ချင်ရင်တောင် သူကိုယ်တိုင် လုပ်ရမှာ....မင်းဝင်မပါနဲ့.... ငါတို့ သူနဲ့တရားမျှတစွာ တိုက်မယ်!"

ကျန်းရွှင်းက ဟစ်အော်လိုက်သည်။

"မင်း အရှက်မရှိဘူးလား? သခင်ငယ်လေးက ဖိရွှယ်နယ်ပယ်ပဲ ရှိသေးတယ် မင်းက အတုတံဆိပ်နယ်ပယ် ရောက်နေပြီ....ဒါတောင် တရားမျှတစွာ တိုက်ဦးမယ်?? ဟာသတွေ လာပြောနေတာလား?"

"ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ....အသက်က ဒါဇင်နဲ့ချီနေပြီ. ငါတို့သခင်ငယ်လေးက အသက်ဘယ်လောက် ရှိသေးလို့လဲ? အသက်၁၇တောင် မပြည့်သေးဘူး! တရားမျှတစွာ တိုက်မယ်ပေါ့?? ရူးနေလား??"

မမျှော်လင့်ဘဲ ကျန်းရွှင်းက ဒီလို အရှက်မဲ့တဲ့ စကားတွေ ပြောတဲ့အခါ မုယန်ဖုန်းနဲ့ လျောက်ချင်းတို့က တစ်ချိန်တည်း ကျိန်ဆဲလိုက်ကြသည်။

၎င်းတို့သုံးယောက်က သူတို့နဲ့ တခြားသူတွေက သူတို့ထက် ပိုအစွမ်းထက်တာကို သိသာမြင်သာလို့ ရည်ရွယ်ချက်ရှိရှိ ဆင်ခြေပေးနေကြတာပဲ ဖြစ်သည်။

သခင်ငယ်လေးသည် တိုက်ခိုက်ရေး အဆင့်က ကောင်းမွန်သော်လည်း အများဆုံး ထုံးရွှမ်နယ်ပယ်က သန်မာသူများနှင့်သာ ယှဉ်ပြိုင်နိုင်ပြီး အတုတံဆိပ်နယ်ပယ်ကို မတ်တပ်ရပ်ပြီး ရိုက်နေမယ်ဆိုရင်တောင် တစ်ဖက်လူက သေမှာမဟုတ်ဘူး။

ကွာဟချက်က နှိုင်းယှဉ်လို့ မရလောက်အောင် ကြီးလွန်းပေ၏။

"တရားမျှတတဲ့ တိုက်ပွဲကို မတိုက်ရဲရင် ဒီနေ့ကိစ္စကို ဒီမှာပဲ ထားလိုက်ရအောင်... ငါတို့ သူ့ကို သတ်ချင်ပေမယ့် အဆုံးမှာတော့ မအောင်မြင်ခဲ့ဘူး မဟုတ်လား... ဘယ်လိုလဲ?"

ကျန်းရွင်းက ပြောသည်။

အတိအကျပြောရရင် သူ မသေချင်တာကြောင့် ဂိုဏ်းဆရာနယ်ပယ်ကို ဝင်တိုက်ချင်ခဲ့တာ ဖြစ်သည်။ အခုတော့ အသက်ရှင်ဖို့အတွက် သူမျက်နှာ အရေထူရတော့မည်။

တရားမျှတသော တိုက်ပွဲသည် ပဋိပက္ခများကို မဖြေရှင်းနိုင်သောအခါ နှစ်ဖက်စလုံးမှ ရွေးချယ်နိုင်သော နည်းလမ်းဖြစ်သည်။ ၎င်းကို တိုက်ကြီးတစ်ခုလုံးတွင် အသုံးပြုနိုင်သည်။ တစ်ဖက်မှ မတိုက်ဝံ့ပါက နောင်တွင် ပြဿနာ လာမရှာတော့ချေ။

တိုက်ပွဲတွင် အသတ်ခံရခြင်းသည် ညံ့ဖျင်းသော ကျွမ်းကျင်မှုများကြောင့်သာ ဖြစ်နိုင်ပြီး ၎င်းနောက်ကွယ်မှ အင်အားကြီးဂိုဏ်းက လက်စားချေခွင့် မရှိပေ။

ကျန်းရွှင်းမှာ အစီအစဉ်ကောင်း တစ်ခုရှိခဲ့တယ်လို့ ပြောရမည်။

သူ၏ထင်မြင်ချက်အရ ၎င်းတို့သုံးယောက်၏ စွမ်းအားနဲ့ဆို သူတို့ဘာပဲလုပ်လုပ် တစ်ဖက်လူတို့အနိုင်ရမှာ သေချာသည်။

"အရှက်ကို မရှိဘူး!"

"ကျန်းဝူရဲ့ ဂုဏ်သရေရှိ အကြီးအကဲတွေက ဒီလိုစိတ်ဓာတ်တွေ ရှိနေမယ်လို့ မထင်ထားဘူး!"

ဒီမြင်ကွင်းကို သူတို့မျက်လုံးနဲ့ မြင်လိုက်ရတော့ မုယမ်ဖုန်းနှင့် လျောက်ချင်းတို့ နဲ့ ဒေါသထွက်နေရုံသာမက ယွမ်ဟုန်၊ ကိုက်ယွင်တို့တောင် မခံမရပ်နိုင် ဖြစ်လာပြီး ဒေါသကြောင့် မျက်နှာတွေက ရုပ်ဆိုးလာကြသည်။

"မင်းငါ့ကိုလုပ်စေချင်တာ သေချာလား?"

လူတိုင်း၏ စကားများကို နှောင့်ယှက်ရင်း လုရွှမ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ရှေ့ရှိ အဘိုးကြီး သုံးယောက်ကို အေးစက်စွာ ကြည့်နေလေသည်။

"ဒါပေါ့...သဘောတူရဲရင် ဒီနေ့ပဲ စလိုက်ရအောင်....ဒီကိစ္စကို ရှင်းလိုက်ကြတာပေါ့... သဘောမတူရဲရင်တော့ နောက်မှာ ဘာတွေပဲ ဖြစ်သွားပါစေ တစ်ဖက်လူကို လက်စားချေခွင့် မရှိဘူး!"

ကျန်းရွှင်းက ပြော၏။

သူ့ရှေ့က လူငယ်လေးရဲ့ အရှိန်က အရမ်းမြန်လွန်းတော့ သူတို့ကို အေးစက်သွားစေသည်။ ဒီနေ့ ကိစ္စက မပြေလည်ရင် သူ့ကျင့်ကြံမှု အဆင့် တက်သွားပြီး သူပြန်လာလက်စားချေရင် သူတို့မခံနိုင်မှာ စိုးရသည်။

"ကောင်းပြီ ဒီနေ့ပဲ!" လုရွှမ် ခေါင်းညိတ်သည်။

"သခင်ငယ်လေး……"

သူသဘောတူလိုက်တာကို မြင်တော့ မုယန်ဖုန်း၊ လျောက်ချင်းနဲ့ တခြားသူတွေက တစ်ချိန်တည်းမှာ စိုးရိမ်တကြီး အော်လိုက်ကြသည်။

သူတို့ရှေ့က သခင်လူငယ်ဟာ စိန်ခေါ်မှုကို ခုန်ကျော်နိုင်တယ်ဆိုတာ သူတို့သိပေမယ့် တစ်ဖက်လူက အတုတံဆိပ်နယ်ပယ်က ကျွမ်းကျင်သူဖြစ်ပြီး အဆင့်ကွာခြားချက်က အရမ်းကြီးလေ၏။

တိုက်ပွဲအတွင်း ရုတ်တရက် သေသွားပါက သူတို့လည်း အကာအကွယ်ကို အလျင်စလို လုပ်နိုင်မည်မဟုတ်။

"စိတ်မပူပါနဲ့ ငါမသေချာရင် ဘာမှလုပ်မှာမဟုတ်ဘူး!"

လုရွှမ်က သူတို့စိုးရိမ်နေတာကို မြင်တော့ ပြုံးလိုက်သည်။

"ဒါပေမဲ့ သခင်လေး....သခင်လေးရဲ့ ခွန်အားက ထုံးရွှမ်နယ်ပယ်တောင် မဟုတ်သေးတဲ့ ဖိရွှယ်နယ်ပယ်မှာပဲ ရှိသေးတယ် အတုတံဆိပ် နယ်ပယ်က လူကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ?"

မုယန်ဖုန်း ကူကယ်ရာမဲ့ ပြောလိုက်သည်။

"ဟုတ်တယ် အခုသူတို့ကို ဒီအဆင့်ခွန်အားနဲ့ ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး....ကျရှုံးရင် အသတ်ခံရနိုင်တယ် ဒါပေမဲ့... ငါ ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားရင်ရော?"

လုရွှမ်သည် ခေါင်းကို ပင့်မြှောက်လိုက်ပြီး မျက်လုံးများက လျှပ်စီးများလက်လာသည်။

"ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်?"

သူဘာကိုဆိုလိုမှန်းကို မသိဘဲ လူတိုင်း ထိတ်လန့်သွားကြသည်။

အခုမှ ဖိရွှယ်နယ်ပယ် မဟုတ်ဘူးလား? မင်းရဲ့ကျင့်ကြံမှုကို ဖုံးကွယ်ထားခဲ့တာလို့ ဆိုလိုချင်တာလား? မင်းရဲ့စွမ်းရည်က တကယ်တော့ ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီသားလား။

ဤအဆင့်သည် မမြင့်မားသော်လည်း စိန်ခေါ်မှုများကို ခုန်ပျံကျော်လွှားနိုင်သော သူ၏ စွမ်းရည်ဖြင့် တိုက်ပွဲမှာ အနိုင်ရနိုင်ချေ ရှိသည်။

ဒါ့အပြင် ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်နဲ့ ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က ကွာခြားချက် အလွန်များသည် မဟုတ်ပါလား။

အချိန်တိုအတွင်း အဆင့်တက်သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

"ငါ့ကို ကာကွယ်ပေးထား!"

မုယန်ဖုန်းနှင့် လျောက်ချင်းကို အမိန့်ပေးကာ လုရွှမ်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ကျောက်စိမ်းပုလင်းကို ထုတ်၍ ဆန်းကြယ် သွေးကြောဆေးကို သောက်လိုက်သည်။

ဝုန်း!

အဂ္ဂိရတ်ဆေးသည် ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး အစွမ်းထက်သော ဆေးစွမ်းပကားသည် တစ်ကိုယ်လုံးသို့ ချက်ချင်းပျံ့နှံ့ အရည်ပျော်သွားသည်။ ယွမ်ယန်သွေးကြော၏ ပုံကြမ်းသည် သူ့စိတ်ထဲတွင် ပေါ်လာပြီး စစ်မှန်သော စွမ်းအင်ကို ချက်ချင်း ထိန်းချုပ်လိုက်လေသည်။

ဖိရွှယ်နယ်ပယ်က သူတို့ကို အနိုင်မယူနိုင်မှတော့ အဆင့်တစ်ခုကို ထိုးဖောက်လိုက်တာပေါ့!

ထုံးရွှမ်နယ်ပယ်ကို ရောက်သွားပြီဆိုရင်တော့ အဆင်ပြေလောက်ပြီ။

နေ့လယ်အချိန်က ဝိညာဉ်ကျောက်တုံး၏ အကူအညီဖြင့် ယွမ်ယန်ကျင့်စဥ်၏ ပထမအဆင့်သည် ပြီးပြည့်စုံသော အခြေအနေသို့ရောက်ရှိသွားကာ ယွမ်ယန်သွေးကြော မြေပုံကိုရရှိခဲ့သည်။

ဝိညာဥ်သွေးကြော များစွာရှိနေပါက သူ့အတွက် လျင်မြန်စွာ တိုးတက်ရန် မဖြစ်နိုင်သော်လည်း ယွမ်ယန်သွေးကြော မြေပုံတွင် သွေးကြော တစ်ခုသာရှိ၍ ဆန်းကြယ်သွေးကြော ဆေး၏စွမ်းအားကို တစ်ရှိန်ထိုး ဖြတ်ကျော်ရန် အသုံးပြုနိုင်သည်။

အောင်မြင်ပြီးသည်နှင့် သူသည် ဖိရွှယ်နယ်ပယ်မှ ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို တိုက်ရိုက်ရောက်ရှိနိုင်မည် ဖြစ်သည်။

"သူ ဘာလုပ်မှာလဲ?"

"ဆေးသောက်လိုက်တယ်... ဒီအချိန်မှာ အဆင့် ဖြတ်ကျော်ဖို့ စီစဉ်နေတာလား"

"မင်း ငါ့ကို နောက်နေတာလား? ဖိရွှယ်နယ်ပယ် ပြီးမြောက်သွားရင် အများဆုံး ထုံးရွှမ်နယ်ပယ် အစောပိုင်းအဆင့်ကိုပဲ ရောက်မှာ...ဒီလိုစွမ်းအားမျိုးနဲ့ ငါတို့ကို ကျော်ဖြတ်ချင်နေတာလား?"

ဒီမြင်ကွင်းကို သူတို့မျက်လုံးထဲမှာ မြင်လိုက်ရတော့ အကြီးအကဲ သုံးဦးက လှောင်ရယ်လိုက်သည်။

တကယ်လို့သူက ထုံးရွှမ်နယ်ပယ်ကို ထိုးဖောက်ပြီး အတုတံဆိပ်နယ်ပယ်ကို ထိမိရင်တောင် သူတို့သုံးယောက်နဲ့ အဆင့်တွေ ကွာနေသေးတယ်။ ဒီလောက်နဲ့ သူတို့ကို သတ်ချင်နေတာလား?

ဟာသပဲ!

"သဘောတူတာ နည်းနည်း ကလေးဆန်တယ် မဟုတ်လား"

"ဟုတ်တယ်... ငါပြောချင်တာပြောဖို့ အချိန်မရှိလိုက်ဘူး..."

အကြီးအကဲ သုံးယောက်က ဒီလိုတွေးခဲ့ရုံမက လော်ယန်ချင်း၊ ယွမ်ဟုန်နဲ့ တခြားသူတွေကပင် လုရွှမ်ကို အကောင်းမြင်စိတ် မရှိကြတော့ဘူး။

ဖိရွှယ်နယ်ပယ်နှင့် ထုံးရွှမ်နယ်ပယ် အခြေအနေကြားတွင် ကြီးမားသော ကွာခြားချက်ရှိပြီး နေ့ချင်းညချင်း အမီလိုက်ရန် မဖြစ်နိုင်ပါ။

ဤလူငယ်သည် မည်သို့သော အဂ္ဂိရတ်ဆေးမျိုး မျိုချသည်ကို မသိသော်လည်း စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် ယွမ်ဟုန်သည် ထိုဆေးက ခွန်အားကို မဟုတ်ဘဲ သူ့ကျင့်ကြံမှုကိုသာ ကူညီပေးနိုင်ကြောင်း သိထားသည်။

လူငယ်က ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ထိုးဖောက်ဖို့ ထိုကဲ့သို့ အကျိုးသက်ရောက်နိုင်သည့် အဂ္ဂိရတ်ဆေး အမျိုးအစားကို တစ်ခါမျှ မကြားဖူးပေ။

All Chapters