← Chapters

မေးမြန်းခြင်း

Vol. 10 Ch. 134

မေးမြန်းခြင်း

Vol. 10 Ch. 134

ခန္ဓာကိုယ် ခွန်အားနှင့် စစ်မှန်သော ဝိညာဥ်စွမ်းအင်ဖြင့် လုရွှမ်သည် ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သာရှိသော်လည်း သူသည် ကြီးမားသော စွမ်းအား၃၆၃၀ ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ကျန်းရွှင်းသည် အတုတံဆိပ်နယ်ပယ် နှောင်းပိုင်းအဆင့်တွင် သူ၏ခွန်အားမှာ ၃၀၀၀ရှိပြီး အဝေးမှ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ရှေ့သို့ အနီးကပ် ရောက်သောအခါ သူသည် ပျာပျာသလဲ ရင်ဆိုင်ရမည် ဖြစ်သည်။

တစ်ချက်လှုပ်ရှားရုံဖြင့် အတုတံဆိပ်နယ်ပယ်က ကျွမ်းကျင်ပညာရှင် တစ်ဦးသည် သေသည်အထိ အရိုက်ခံခဲ့ရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတဲ့ လူအားလုံးရဲ့ မျက်ခုံးတွေ တွန့်သွားကာ နှလုံးသားထဲမှာလည်း ထိတ်လန့်တုန်လှုပ်မှုများ ကိန်းဝပ်သွားကြသည်။

ရက်စက်လွန်းတယ်!

အကြီးအကဲ သုံးဦးတို့ ပေါင်းစည်းလိုက်ကြသဖြင့် လူငယ်လေးသည် ကျိန်းသေပေါက် ရှုံးပေလိမ့်မည်။ သို့သော် နောက်ဆုံးတွင် ဘယ်လောက်ကြာကြာ နှစ်ယောက်သေပြီး တစ်ယောက်က မသန်မစွမ်း ဖြစ်သွားတာတောင် လူငယ်လေးကတော့ အရေပြားတစ်စတောင် ပွန်းပဲ့မသွားခဲ့။

ဒါဟာ ပြီးပြည့်စုံတဲ့ အောင်ပွဲတစ်ခုကဲ့သို့ပင်။

ဤတိုက်ပွဲတွင် လူငယ်သည် ကျောက်စာတိုင်ကို ဖြိုဖျက်ရန် ရက်စက်ကြမ်းကြုတ်သော အင်အားကို အသုံးပြုသွားသည်။ ကျောက်တိုင်ရဲ့ အရှိန်ကိုမြှင့်တင်ဖို့ ဆက်တိုက်ရိုက်ခဲ့ပြီး ၎င်းတို့ သုံးဦးကို တိုက်ခိုက်ရာတွင် အားနည်းဆုံးသူကို အရှိန်အဟုန်ဖြင့် ဦးစွာ တိုက်ခိုက်ခဲ့သည်။

သူတို့က နောက်ကနေ တိုက်ခိုက်လာတဲ့အခါ ထိုတစ်ယောက်ကို တရှိန်ထိုး သတ်ပစ်ဖို့ သူတို့ရဲ့ ခွန်အားကို အသုံးချခဲ့သည်။

အကြီးအကဲဝမ်ကို သတ်ခြင်းသည် အကြီးမားဆုံး သော့ချက်ဖြစ်သည်။ ပထမအချက်မှာ ရန်သူတစ်ဦးကို လျှော့ချနိုင်ပြီး ဒုတိယမှာ ကျန်နှစ်ခုကို ကြောက်ရွံ့ ထိတ်လန့်စေနိုင်သည်။

တစ်ဖက်လူက ဒီလိုမျိုး တုံ့ပြန်မှုမျိုး ရှိလာမယ်လို့ ခန့်မှန်းရင်း သူကပိုမြန်တဲ့ အရှိန်နဲ့ အကြီးအကဲယန်းကို ဒဏ်ရာရစေခဲ့သည်။

အကြီးအကဲ သုံးယောက်ထဲက တစ်ယောက်က ဒဏ်ရာရပြီး ကျန်တစ်ယောက်က သေသွားတော့ ကျန်းရွှင်းဟာ သူ့ရဲ့ဟန်ချက် ပျက်သွားခဲ့သည်။ ထို့ကြောင့် ရန်သူက တစ်ချက်လှုပ်ရုံဖြင့် သတ်ပစ်နိုင်ခဲ့၏။

တိုက်ပွဲသည် အချိန် သိပ်မကြာသော်လည်း လူငယ်သည် ရေကဲ့သို့ ငြိမ်သက်နေပြီး ခြေလှမ်းတိုင်းကို လှမ်းရင်း မလွှဲမရှောင်သာသော အခြေအနေအား အောင်ပွဲခံသည့် အခြေအနေအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ဒါတွေကို တွက်ချက်မိပြီးနောက် မုယန်ဖုန်းနဲ့ တခြားသူတွေဟာ ရုတ်တရက် ဒီလို အခြေအနေမျိုး ကြုံလာခဲ့ရင် ဘာလုပ်ရမလဲ ဆိုတာကို တွေးနေခဲ့ကြသည်။

ရလဒ်ကတော့ သူတို့အားလုံး ခေါင်းယမ်းပြီး တစ်ချိန်တည်းမှာ မဲ့ပြုံးကြီး ပြုံးနေကြရသည်။

ရလဒ်က အကြီးအကဲ သုံးယောက်နဲ့ အတူတူပဲ။ မသေရင်တောင် မသန်မစွမ်း ဖြစ်သွားမှာကိုပင် ကြောက်ရသည်။

အထူးသဖြင့် နောက်ဆုံးထိုးနှက်မှု။ လူငယ်သည် ဝိညာဥ်စွမ်းအင်၏ စွမ်းအားနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု ခွန်အားတို့ကို တစ်စုတစ်စည်းထဲ ပေါင်းစပ်သွားသည်။ ခွန်အားတွေကို စုပေါင်းလိုက်ရင် ၄၀၀၀ ကျော်ပင် ရှိလောက်သည်။

အတုတံဆိပ်နယ်ပယ်ရဲ့ အထွတ်အထိပ်မှာတောင် ဒီလို ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှုမျိုးက ခုခံနိုင်စွမ်း မရှိခဲ့ဘူး။

ကြောက်စရာ ကောင်းလိုက်တာ!

ထုံးရွှမ်နယ်ပယ်သည် အင်အားကြီးသည့် အတုတံဆိပ်နယ်ပယ်က လူတွေကို တိုက်ခိုက်ခဲ့သည်။ အကယ်၍သာ မိမိတို့မျက်စိဖြင့် တပ်အပ်မမြင်ခဲ့ရလျှင် ယုံကြည်နိုင်မည် မဟုတ်ချေ။

ဟူး.....

ကျန်းရွှင်းကို ခေါင်းဖြတ်သတ်ပြီးနောက် လုရွှမ်သည် အနံ့အသက် တစ်မျိုးကို ရှူထုတ်လိုက်သည်။

အခြားသူများ၏ အမြင်တွင် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် သာလွန်ကောင်းမွန်ကာ အကြီးအကဲ သုံးဦးကို အချိန်တိုအတွင်း သေပြီး ဒဏ်ရာရရှိအောင် ရိုက်နှက်ခဲ့သော်လည်း တကယ်တမ်းတွင်မူ ယခုအန္တရာယ်ကို သူသာလျှင် သိသည်။

ကျန်းရွှင်းနဲ့ အကြီးအကဲယန်တို့ရဲ့ ကျောနောက်ကွယ်ကနေ အတုတံဆိပ် တိုက်ခိုက်မှုတွေကို ရှောင်ဖို့ ခြေတစ်လှမ်းသာ နောက်ကျသွားခဲ့ရင် သေသွားရမယ့်လူက အကြီးအကဲဝမ် မဟုတ်ဘဲ သူဖြစ်နေလိမ့်မည်။

"မင်းအလှည့် ရောက်ပြီ!"

လုရွှမ်သည် ပြင်းထန်စွာ ဒဏ်ရာရနေသော အကြီးအကဲယန်ဆီသို့ လျှောက်သွားလိုက်သည်။

"လုရွှမ်... ကျေးဇူးပြုပြီး သက်ညှာပေးပါ!"

သူရှေ့ကို ရောက်သွားတာနဲ့ လော်ယန်ချင်းဟာ အလျင်အမြန် ရောက်လာပြီး ရှုပ်ထွေးတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်ကာ

"အကြီးအကဲယန်က ကျုပ်ရဲ့ဆရာပါ.... အခုသူ ဒဏ်ရာအပြင်းအထန် ရနေပါပြီ.... သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံနေရပါပြီ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ"

"အသက်ကို ချန်ထားပေးလို့ ရတယ် ဒါပေမဲ့... သူ ပူးပေါင်း ဆောင်ရွက်ချင်စိတ် ရှိမရှိ အပေါ်မှာပဲ မူတည်တယ်!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ့ရှေ့က အဖိုးကြီးယန်သည် ကျောက်စာတိုင်ဖြင့် ရင်ဘတ်ကို ထိမှန်ကာ လက်အရိုးများနှင့် ရင်စေ့များ ကျိုးသွားကာ အတွင်းအင်္ဂါများမှာလည်း ပြင်းထန်စွာ ဒဏ်ရာရသွားပြီ။

ပြန်လည် သက်သာလာရင်တောင် သူ့ကျင့်ကြံမှုက အသုံးမဝင်လုနီးပါး ဖြစ်ကာ သူ့အတွက် အသက်ရှင်ခြင်းနှင့် သေခြင်းက ဘာမှကွာခြားတော့မည် မဟုတ်။

ဒါပေါ့ သူသိချင်တဲ့ အချက်အလက် တချို့ကို ရှာတွေ့နိုင်ရင် သူ့ကိုမသတ်ရလည်း ကိစ္စမရှိပါဘူး။

အဓိက ကတော့ လော်ယန်ချင်းကို မျက်နှာသာလေး ပေးလိုက်တာပဲ။

ဘယ်လိုပဲပြောပြော လော်ယန်ချင်းက သူ့ကို အများကြီး ကူညီပေးခဲ့သည်။ သူသာ အကြီးအကဲ ၃ယောက်နဲ့ အတူပူးပေါင်း လိုက်မယ်ဆိုရင် ယွမ်ဟုန်နဲ့ တခြားသူတွေ ရောက်လာတဲ့အထိ သူမစောင့်နိုင်လောက်တော့ဘူး။

အခြေအနေက နောက်ထပ်ရလဒ်တစ်ခု ဖြစ်သွားလိမ့်မည်။

"သူ့ကို ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ဖို့ သေချာပေါက် ကျုပ်ပြောပေးပါ့မယ်..." ကောင်လေး၏ ကတိကို ကြားတော့ လော်ယန်ချင်းက အလျင်စလို ခေါင်းညိတ်လိုက်သည်။

မကြာမီတွင် သတိမေ့မြောသွားသော အကြီးအကဲယန် နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ လုရွှမ်၏ လျစ်လျူရှုထားသော အကြည့်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

ထိုလူငယ်၏ ရက်စက်ကြမ်းကြုတ်သော အမူအရာသည် သူ့စိတ်ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ ကြောက်ရွံ့ ထိတ်လန့်မှုကို သိသိသာသာ ခံစားလိုက်ရသည်။

လော်ယန်ချင်းက အလျင်စလို ရှေ့ကိုလှမ်းလာပြီး စကားအနည်းငယ် ပြောပြီးမှသာ အကြီးအကဲယန်က သက်ပြင်းချကာ မော့ကြည့်လိုက်သည်။

"မင်းမေးချင်တာကို မေးပါ.... ငါသိသရွေ့ အကုန်ဖြေပါ့မယ်"

"ဟမ့်"

လုရွှမ်က နှာမှုတ်လိုက်ပြီး

"ဒုကျောင်းအုပ်ချန်က မင်းတို့ကို ဘယ်လို အကျိုးကျေးဇူးတွေ ပေးထားလို့ ငါ့ကိုတိုက်ခိုက်နေတာလဲ"

လုရွှမ်သည် ဒုကျောင်းအုပ်ချန်သည် အကျိုးခံစားခွင့် တစ်ခုခုကြောင့် ကတိအတိုင်း အကြီးအကဲ သုံးဦးအား သွေးဆောင်ထားသည်ဟု မှန်းဆထားပြီးဖြစ်သည်။ သူတို့က အကယ်ဒမီ၏ အရေးကိစ္စများတွင် ၀င်ရောက်စွက်ဖက်ရန် တွန့်ဆုတ်မနေဘူးလေ။

ဒီလိုမှမဟုတ်ရင် အတုတံဆိပ်နယ်ပယ်က လူတွေဟာ ဂိုဏ်းဆရာနယ်ပယ်ကို နည်းလမ်းပဲ ရှာနေကြမှာဖြစ်ပြီး သူတို့ကိုယ်တိုင်က ဒီလိုအသေးအဖွဲ့ အရာတွေကို ဂရုစိုက်ဖို့ ဘယ်လိုလုပ် အချိန်ရှိနိုင်မှာလဲ။

"အဲဒါက ဝိညာဥ်ချီဆေးကြောင့်ပါ... သူက မင်းကိုသတ်နိုင်သရွေ့ ငါတို့တစ်ယောက်ချင်းစီကို ဝိညာဥ်ချီဆေး ပေးမယ်လို့ ကတိပေးထားတယ်!" အကြီးအကဲယန်က တုံ့ဆိုင်းမနေဘဲ ကမန်းကတန်း ပြောလိုက်သည်။

"ဝိညာဥ်ချီဆေး? အဆင့်၈ အဂ္ဂိရတ်ဆေး?? သူ့မှာအဲ့လိုပစ္စည်း ရှိတယ်ပေါ့?"

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

သူတင်မကဘဲ ဘေးမှာရှိနေတဲ့ လော်ယန်ချင်းလည်း ဒါကိုကြားတော့ ထိတ်လန့်သွားပြီး လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။

ဝိညာဥ်ချီဆေး။ အတုတံဆိပ်နယ်ပယ်က လူတစ်ယောက် အနေနဲ့ ထိုဆေးလုံးကို ဘယ်လိုလုပ် မကြားဖူးဘဲ နေပါ့မလဲ။

ဤအချိန်တွင် အကြီးအကဲ သုံးဦးသည် အမှားအမှန်ကို နားမလည်ဘဲ မိမိစကားပင် နားမထောင်ဘဲ ဘာကြောင့် ထိန်းရခက်နေသည်ကို နားလည်သွားသည်။

ဝိညာဥ်ချီဆေးက အတုတံဆိပ်နယ်ပယ်အတွက် အင်မတန် ကြီးမားသော အထောက်အပံ့ကြီး တစ်ခုဖြစ်၏။ အကြီးအကဲ သုံးဦးမပြောနှင့် သူဆိုလျှင်လည်း အခက်တွေ့မှာ သေချာသည်။

"သူက ထုံးရွှမ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာ ရှိတဲ့ လူတစ်ယောက်ပဲ... သူ့မှာ အဆင့်၈ ဆေးတစ်လုံး ရှိတယ်ပေါ့??"

လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။

ဒုကျောင်းအုပ်ချန်ကို သူမယုံတာ မဟုတ်ပေမယ့် ကျန်းဝူအင်ပါယာမှာ အဆင့်အမြင့်ဆုံး အဂ္ဂိရတ်ပညာရှင် ယွမ်ဟုန်က သူ့ရှေ့မှာ ရှိနေပြီ။ အဆင့်၈ အဂ္ဂိရတ်ဆေးက ဘယ်လိုလုပ် ရှိနိုင်မှာလဲ?

ဒီသဘော တူညီမှုက အနည်းငယ် ချဲ့ကားလွန်းနေတယ် မဟုတ်လား?

"သူက ဝိညာဥ်ချီ ဆေးလုံးကို ထုတ်ယူလိုက်တာကို ငါတို့ကိုယ်တိုင်မျက်စိနဲ့ မြင်ခဲ့တာ.... အဲဒါက မင်းကို သတ်ချင်နေတဲ့ လူကြီးမင်းတစ်ယောက်က ပေးထားပုံရတယ်"

အကြီးအကဲယန်က အလျင်စလို ရှင်းပြလိုက်ရသည်။

"လူကြီးမင်း?" လုရွှမ် အနည်းငယ် စိတ်ရှုပ်သွားသည်။

သူသည် ဝိညာဉ်ပြန်လည်မွေးဖွားခြင်းနှင့်ပတ်သက်၍ ဘာမှမပြောခဲ့ဘဲ သူ၏လက်ရှိမည်သူမည်ဝါ ဖြစ်သည်ကို မည်သူမျှ မသိကြပေ။ မူလပိုင်ရှင်မှာမူ ကွမ်းသီးပင်ပင် ဖြစ်ပေသည်။

ထိုကြီးမားသော သူကို သူ့အားသတ်ချင်လာအောင် မည်ကဲ့သို့ ဆွဲဆောင်မိသနည်း?

ထို့အပြင် ဝိညာဥ်ချီ ဆေးလုံးကို ထုတ်ယူနိုင်သည့် ကြီးမားသော အဆင့်မြင့်သူ ဖြစ်ပါက သူကိုယ်တိုင် လှုပ်ရှားလို့ ရသည်လေ။ အဘယ်ကြောင့် တခြားတစ်ယောက်ကို ကြားခံအနေနဲ့ အသုံးချရတာလဲ?"

"အခြေအနေ အတိအကျကို ငါလည်းမသိပါဘူး မင်းချန်ဟန်ကို တိုက်ရိုက်မေးလို့ရတယ်!"

အကြီးအကဲယန် ခေါင်းခါလိုက်သည်။

"ကောင်းပြီ!" လုရွှမ် မတ်တပ်ထရပ်ပြီး ဒုကျောင်းအုပ်ချန်ဆီသို့ လျှောက်သွားသည်။

ဒုကျောင်းအုပ်ချန်ကို သေချာပေါက် မေးချင်ပေမယ့် တစ်ဖက်လူက အမှန်အတိုင်း ပြောမယ်လို့ မယုံတဲ့အတွက် အကြီးအကဲယန်ကို အချက်အလက်တချို့ အရင်မေးပြီး တိကျတဲ့အဖြေရရင် သူတို့နှစ်ယောက်ရဲ့ အဖြေကို နှိုင်းယှဥ်ကြည့်လို့ ရပြီလေ။

"အား……"

ဒုကျောင်းအုပ်ချန်၏ လက်များ ကျိုးသွားကာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး မလှုပ်နိုင်ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ အကြီးအကဲ သုံးဦးကို သူတစ်ယောက်တည်း တိုက်ခိုက်သွားသည်ကို မြင်လိုက်ရသဖြင့် အင်မတန် ကြောက်လန့်နေပြီဖြစ်သည်။

သူ့အနားကို လာနေတာ မြင်လိုက်ရတော့ သူ့မျက်နှာက ဖျော့တော့သွားပြီး ထွက်ပြေးချင်ပေမယ့် မလှုပ်နိုင်ချေ။

"မင်းကို ဝိညာဥ်ချီဆေး ပေးတဲ့သူက ဘယ်သူလဲ? ငါမင်းကို ကြာကြာမနာကျင်ရဘဲ သေခိုင်းပေးလို့ရတယ်!"

အရှေ့ကို ရောက်လာသည်နှင့် လုရွှမ်က ငြင်းလို့မရတဲ့ လေသံ၊ အေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

"ငါမသိပါဘူး…အား…"

ဒုကျောင်းအုပ်ချန်သည် လျင်မြန်စွာ အော်ဟစ် ထွက်ပြေးချင်သော်လည်း လူငယ်ရဲ့ ခြေထောက်က သူ့ခြေထောက်တစ်ဖက်မှ အရိုးများ ကျိုးကြေသွားသည်အထိ တက်နင်းချလိုက်ပေ၏။

All Chapters