နောက်ပိုင်း၏ ကျင့်ကြံရေးလမ်းကြောင်း
Vol. 10 Ch. 135
"အပိုစကားတွေ မပြောချင်နဲ့... မင်းမှာ အသက်ရှင်နိုင်တဲ့ အခွင့်အရေး အရမ်းနည်းတယ်!"
တစ်ဖက်လူ၏ ခြေဖဝါးအရိုးများကို နင်းလိုက်ရင်း လုရွှမ်သည် အသေးအဖွဲ့ အရာတစ်ခုကို လုပ်လိုက်သကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ…ငါ…” ဒုကျောင်းအုပ်ချန်သည် ကြောက်ရွံ့မှုအပြည့်ဖြင့် တဆတ်ဆတ် တုန်နေသည်။
နောက်ဆုံးတွင် သူသည် မည်သို့သော မကောင်းဆိုးဝါးမျိုးနှင့် ရောနှောမိသည်ကို သိသွားသည်။
"သူဘယ်သူလဲဆိုတာ ငါတကယ် မသိပါဘူး....သူ့ဘာသာ ငါ့ကိုလာရှာတာ...ပြောတာတော့ သူက တုယန် နဲ့ လျိုချွမ်းကို သတ်လိုက်တာတဲ့..."
သူ့သွားတွေ အံကြိတ်ပြီး ဒုကျောင်းအုပ်ချန်ဟာ အဲဒီလူလတ်ပိုင်းကို ဘယ်လိုတွေ့ဆုံပြီး ဘယ်လို သဘောတူခဲ့သလဲ ဆိုတာကို အသေးစိတ် ရှင်းပြလိုက်သည်။
"တုယန်နဲ့ လျိုချွမ်းကို သူသတ်လိုက်တာကိုး?"
သူပြောပြီးတာနဲ့ လုရွှမ်က သူလိမ်နေတာ မဟုတ်ဘူးဆိုတာ ခန့်မှန်းမိလိုက်သည်။
ဒီရက်ပိုင်းထဲ သူနှင့် ဥပဒေအဖွဲ့ကြား ပဋိပက္ခကို အားပေးကူညီရန် နောက်ကွယ်တွင် လက်မည်းတစ်လက် ရှိနေသည်ဟု သူအမြဲတမ်း ခံစားခဲ့ရပြီး ယခုတော့ အမှန်ပင် ဖြစ်ပုံရသည်။
အဲဒီလူက ဘယ်သူများလဲ?
ဒုကျောင်းအုပ်ချန်ရဲ့ ပြောစကားအရ ဒီလူဟာ အနည်းဆုံး အဆင့်၈ ဆေးလုံးတွေကို ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သူ ဖြစ်သည်။ သို့သော် သူသည် ဂိုဏ်းဆရာနယ်ပယ်က လူတစ်ယောက်ကို သွားမရှုပ်ဖူးတာ သေချာပေ၏။
ပြီးတော့ အဲဒီအဆင့်မြင့်တဲ့လူက ဘာလို့ ကိုယ်တိုင် မလှုပ်ရှားတာလဲ?
နားထောင်လေ ပိုရှုပ်လေပဲ။
ခြေဖဝါးကို နင်းချလိုက်သောအခါ ဒုကျောင်းအုပ်ချန် ဦးခေါင်းထဲမှ ဦးနှောက်များ ထွက်လာပြီး ပွဲချင်းပြီး သေဆုံးသွားလေသည်။
သူ့ကိုသတ်ချင်နေတဲ့ ဒီလိုလူမျိုးကို ရင်ဆိုင် သတ်ပစ်ဖို့ လုရွှမ်ဟာ ဘယ်တော့မှ ပျော့ညံ့မှာ မဟုတ်ပါဘူး။
"ဝိညာဥ်ချီဆေးဆိုတာ မှန်နေတာပဲ....သုံးလုံးတောင် ရှိတယ်"
ဒုကျောင်းအုပ်ချန်၏ ခန္ဓာကိုယ်မှ ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ ပုလင်းကို ဖွင့်ကြည့်လိုက်တော့ ဝိညာဥ်ချီဆေး ၃လုံးရှိနေတာကို တွေ့လိုက်ရ၏။
"သူငါ့ကိုသတ်ချင်နေတာ ဆိုမှတော့ အနှေးနဲ့အမြန် ထွက်လာမှာ သေချာတယ်..."
ကျောက်စိမ်းပုလင်း နှင့် ဆေးလုံးကို ကြည့်လိုက်ရာ သူ့ကို သတ်ရန် ကြိုးပမ်းနေသူ၏ သဲလွန်စကို မတွေ့ရချေ။ လုရွှမ်သည် ပစ္စည်းကို ကျောက်စိမ်းပြားထဲ ထည့်သိမ်းလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
တစ်ဖက်လူက ဘယ်မှာရှိတယ်ဆိုတာ ရှာမတွေ့လို့ သူ့ရည်ရွယ်ချက်ကို မလုပ်နိုင်တဲ့အတွက် အခုချိန်မှာတော့ ထိုသူနောက်ထပ် အကွက်ရွှေ့မယ့် အချိန်ကို စောင့်နေရုံပဲ ရှိတော့သည်။
"ဒါပေမဲ့ အဲဒီလူကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ပစ်ရမယ် မဟုတ်ရင် တစ်ချိန်လုံး လွတ်နေတာက သိပ်အဆင်မပြေဘူး!"
လုရွှမ် မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။
အမြဲတမ်း သူ့ကိုသတ်ချင်နေတဲ့ လူအတွက် လုရွှမ်ဟာ တစ်ချိန်လုံး စိတ်အားထက်သန်စွာ လိုက်စုံစမ်းမနေဘဲ သူ့ကိုသတ်ဖို့ အခွင့်အရေးရတာနဲ့ သတ်ပစ်လိုက်မှာ ဖြစ်သည်။
ဟုတ်ပါသည်။ ဒါကိုမလုပ်ခင်မှာ တစ်ဖက်လူရဲ့ အထောက်အထားနဲ့ ခွန်အားကို အရင်ဆုံးဖြတ်ရမှာဖြစ်သည်။ မဟုတ်ဘဲ ထိုသူ့ကို ရူးသွပ်စွာ ဆက်သွယ်မိရင် သေမယ့်သူဟာ တစ်ဖက်လူ မဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်သွားနိုင်ပါ၏။
"အချိန်တွေကုန်နေပြီ!"
ဒါကို စဥ်းစားမိတော့ လုရွှမ်ဟာ သူ့နှလုံးသားထဲက ပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို ခံစားလိုက်ရသည်။
ဂိုဏ်းဆရာဖြစ်မည်ဟု သံသယရှိသော အလွန်အားကောင်းသည် ထိုလူတစ်ဦးသည် အရိပ်ထဲတွင် ပုန်းနေပြီး အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။
အကျပ်အတည်းကို ဖြေရှင်းရန်နှင့် ပြိုင်ဘက်၏ ဝိသေသလက္ခဏာနှင့် ခွန်အားကို ဆုံးဖြတ်ရန်မှာ နည်းလမ်းတစ်ခုသာ ဖြစ်ပြီး ပို၍အရေးကြီးသည်မှာ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရမည် ဖြစ်သည်။
ဂိုဏ်းဆရာနယ်ပယ်က ခွန်အားများ ရရှိလာသည် သို့မဟုတ် ထိုအဆင့်ကို သာလွန်သောအခါမှသာ ၎င်းကို တိုက်ခိုက်ရန် နည်းလမ်းများ ရှိနိုင်မည် မဟုတ်ပါလား။
"လာကူညီပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်....လုရွှမ်က ခင်ဗျားတို့ရဲ့ ကြင်နာမှုကို မှတ်ထားပါ့မယ်!"
အကြီးအကဲ သုံးဦးနှင့် ဒုကျောင်းအုပ်ချန်တို့ကို ရှင်းထုတ်ပြီးနောက် လုရွမ်သည် သူ၏လက်သီးများကို ဆုပ်၍ ဆရာကြီးယွမ်ဟုန်၊ ဆရာကြီး ကိုက်ယွင်နှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။
ထို့နောက် စကားဆက်မပြောတော့ဘဲ လှည့်ထွက်သွားသည်။
အကြီးအကဲ ခြံဝန်းမှ ထွက်ခွာလာပြီး မရပ်မနား လေ့ကျင့်ရန် တောတွင်းသို့ ပြန်သွားကာ ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်လာခဲ့သည်။
တစ်စုံတစ်ယောက်သည် မိမိအား သတ်ချင်နေသည်။ အချိန်ကုန်ခံပြီး အနားယူရန် အချိန်မရှိပေ။
ကျောက်စိမ်းပြားထဲက နေရာလွတ်မှာ ထိုင်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံပြီးနောက် မတိုင်ခင်က သောက်ထားတဲ့ ဆေးကြောင့် ထုံးရွှမ်နယ်ပယ်ရဲ့ စွမ်းအင်တွေဟာ လုံးဝကို ပေါင်းစည်းသွားတယ်လို့ ခံစားလိုက်ရသည်။
ပြင်းထန်သော သွေးကြောဆေးကို သုံးပြီး အတင်းအကြပ် ဖြတ်ကျော်ရန် မလုပ်မီတွင် ခွန်အားများ ရရှိခဲ့သော်လည်း အနည်းငယ် အချည်းနှီးဖြစ်သွားရင် ထိန်းချုပ်ရန် ခက်ခဲသည်။
အကြီးအကဲ သုံးဦးနှင့် တိုက်ပွဲသည် ပွင့်လင်းမြင်သာမှု ရှိသောကြောင့် အတိအကျ ပြောရပေမည်မှာ စွမ်းအင်တွေ အပြည့်အဝ ထုတ်သုံးဖို့ နေရာမရှိပေ။
ဝိညာဥ်စွမ်းအင် ဖြစ်စေ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြစ်စေ အားလုံး သူ့အတွင်းစိတ်က လေ့ကျင့်နေပြီးသား ဖြစ်သည်။ ဝိညာဥ်စွမ်းအင် ထပ်မံ စုဆောင်းခြင်း မရှိသော်လည်း ခွန်အားကတော့ မနည်းတော့ချေ။
"ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က ပြီးမြောက်သွားပြီ....ကျင့်ကြံမှု အစီအစဥ်သစ် တစ်ခုရေးဆွဲဖို့ လိုအပ်တယ်....ဂိုဏ်းဆရာနယ်ပယ်ကို ရောက်ဖို့ အမြန်ဆုံး နည်းလမ်းကို အသုံးပြုရမယ်။ ဒီနည်းနဲ့သာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာ!"
လုရွှမ် လေ့ကျင့်မှုပြီးသော် တိုက်ရိုက် မတ်တပ်မရပ်ဘဲ သူ၏ကျင့်ကြံမှု အဆင့် အားကောင်းလာအောင် လျှို့ဝှက်စွာ တွက်ချက်နေ၏။
ကျင့်ကြံသူများအတွက် အဆင့်၈ ဂိုဏ်းဆရာနယ်ပယ်သည် အင်မတန် ခက်ခဲသော ပထမဆုံး ခြေလှမ်းဟု ဆိုနိုင်သည်။ မရေမတွက်နိုင်သော လူများသည် အတုတံဆိပ်နယ်ပယ်တွင် ပိတ်မိနေကြပြီး မဖြတ်ကျော်နိုင်ပေ။
ထို့ကြောင့် ကျန်းဝူအင်ပါယာတွင် လေ့ကျင့်သူ အများအပြား ရှိသော်လည်း ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်မျှ ဂိုဏ်းဆရာနယ်ပယ်ကို မရောက်ခဲ့ကြပေ။
လုရွှမ်၏ယခင် လေ့ကျင့်ရေး အစီအစဉ်အရ ဂိုဏ်းဆရာနယ်ပယ် အဆင့်သို့ ရောက်ရန် အနည်းဆုံး တစ်နှစ် အချိန်ယူရမည် ဖြစ်ပါသည်။
ထုံးရွှမ်နယ်ပယ်မှ ဂိုဏ်းဆရာနယ်ပယ်သို့ တစ်နှစ်အတွင်း အောင်မြင်စွာ ချီတက်လာနိုင်သူသည် မရေမတွက်နိုင်သော လူများကို သေအောင် သတ်နိုင်သော ပါရမီရှင်များကြားတွင် ပါရမီရှင်တစ်ဦး ဖြစ်နေပါပြီ။
ဒါပေမယ့် အခု သူ့အတွက်က အရမ်းနှေးကွေးနေသေးတယ်။
နောက်ကွယ်မှာ ပုန်းနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားဟာ တုယန်ကို ပထမဆုံး သတ်ခဲ့ပြီး သူ့ကို အပြစ်ဖို့ဖို့အတွက် လျိုချွမ်းကိုပါ သတ်ခဲ့သည်။ အားလုံးကို ရှုံးခဲ့ပြီး နောက်ပိုင်းမှာတော့ ဝိညာဥ်ချီ ဆေးသုံးလုံးကို ထုတ်ယူကာ အကြီးအကဲ သုံးဦးကို အရေးယူပေးဖို့ တောင်းဆိုလာခဲ့သည်။
ပြဿနာ သုံးခုကို တစ်လအတွင်း ဖန်တီးခဲ့တဲ့ တစ်ဖက်လူဟာ သူ့ကို ဂိုဏ်းဆရာနယ်ပယ် အထိ ရောက်အောင် အသက်ရှင်နေထိုင်ခွင့် မပြုတော့မှာ သေချာပါ၏။
ထို့ကြောင့် လေ့ကျင့်ရေး နည်းလမ်းများကို ပြန်လည် ပြင်ဆင်ရမည်ဖြစ်ပြီး ဂိုဏ်းဆရာနယ်ပယ်သို့ ရောက်ရှိရန် အမြန်ဆုံး နည်းလမ်းကို ရှာဖွေရမည် ဖြစ်ပေသည်။
ဂိုဏ်းဆရာနယ်ပယ်ကို ဝင်ရောက်သွားရင် ကျင့်ကြံမှုကို အတွင်းစိတ်ထဲမှာပဲ လေ့ကျင့်နိုင်ပြီး အကျပ်အတည်း ပြဿနာတချို့ကိုလည်း ဖြေရှင်းနိုင်သည်။
"အတုတံဆိပ်နယ်ပယ်....ဝိညာဥ်စွမ်းအင်က ခန္ဓာကိုယ်ကနေ လက်ဝါးတံဆိပ်အဖြစ် ခွဲထုတ်နိုင်တယ် ငါ့အရင်ဘဝရဲ့ အတွေ့အကြုံ အရဆိုရင် အစောပိုင်းအဆင့်ကို ပြည့်စုံတဲ့အထိ လေ့ကျင့်ဖို့ အနည်းဆုံး လေးလလောက် ကြာလိမ့်မယ်....ဂိုဏ်းဆရာနယ်ပယ် ဆိုရင်တော့ လပေါင်းများစွာ ကြာလိမ့်မယ်....ပိုမြန်တဲ့ နည်းလမ်းကို တကယ်စဥ်းစားလို့ မရဘူး"
အတန်ကြာ စဉ်းစားပြီးနောက် လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ယခင်ဘဝတွင် ထုံးရွှမ်နယ်ပယ်မှ ဂိုဏ်းဆရာနယ်ပယ်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ရန် ၃နှစ်မျှ အချိန်ယူခဲ့သည်။
ဤဘဝတွင် ဖြတ်လမ်းအချို့နှင့် လိမ္မာပါးနပ်သော နည်းလမ်းများစွာ ရှိသော်လည်း ပထမဆုံးအဆင့်၏ အခက်အခဲကို ရောက်ရှိရန် အနည်းဆုံးတစ်နှစ် ကြာမည်ဖြစ်ပြီး အကောင်းဆုံး နည်းလမ်းဆိုရင်တောင် တစ်နှစ်ခွဲကျော် ကြာမည် ဖြစ်သည်။
တစ်နှစ်ခွဲ တစ်ဖက်လူရဲ့ အရူးအမူး သတ်ဖြတ်ချင်နေတဲ့ အသွင်အပြင်ကို မြင်ကြည့်ရရင် သူ တစ်နှစ်ခွဲလောက်တောင် အသက်ရှင်နိုင်ပါ့မလား။
ခက်ခဲလိုက်တာ!
"ဂိုဏ်းဆရာနယ်ပယ်ကို အမြန်ဆုံးနည်းနဲ့ ထိုးဖောက်ချင်နေတာမလား?"
သူ ငြိမ်သက်သွားတဲ့ အချိန်မှာ ကျောက်ပြားပေါ်က ကျီးကန်းက ရုတ်တရက် စကားထပြောလေ၏။
"မင်းမှာ နည်းလမ်းလို့ရှိလား"
လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။
"ဒီအဖိုး ငါက ဘယ်သူလဲဆိုတာတောင် မကြည့်တတ်ဘူးလား? မင်းကို တစ်လအတွင်း ဂိုဏ်းဆရာ အဆင့်ထိ ရောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်"
ကျီးကန်းသည် ၎င်း၏လည်ပင်းကို ဂုဏ်ယူစွာ မြှောက်၍ ဆို၏။
"အိုး? ဒီလိုမျိုး နည်းလမ်းကောင်းလေး ရှိတယ်လား.... ငါ့ကို သင်ပြပေးပါဦး!" လုရွှမ်က ကမန်းကတန်း ထရပ်လိုက်သည်။
အကယ်၍ တစ်လအတွင်း ဂိုဏ်းဆရာနယ်ပယ်ကို ထိုးဖောက်နိုင်ပါက သူ့ဆီလာမည့် အန္တရာယ်များအားလုံး ပြေလည်သွားမည် ဖြစ်သည်။
တစ်ဖက်လူရဲ့ လျှို့ဝှက်လှုပ်ရှားမှုတွေ လုပ်ခဲ့တာက မအောင်မြင်ခဲ့တာကြောင့် နောက်ပိုင်းမှာ သိသာထင်ရှားလာမှာ မဟုတ်ဘူး။ တစ်လအတွင်း သတိထားပြီး နေလိုက်ရင် ပြဿနာ ကြီးကြီးမားမားတော့ မဖြစ်နိုင်လောက်တော့ချေ။
တစ်လကြာပြီးနောက် ဂိုဏ်းဆရာနယ်ပယ်ကို ရောက်သွားခဲ့ရင် ပင်လယ်ပြင်တွင် ငါးတစ်ကောင်လို ပျော်ပျော်ပါးပါး ကူးခတ်နိုင်ပြီး ငှက်တစ်ကောင်ကို ကောင်းကင်တွင် ပျံသန်းနိုင်မည်ဖြစ်သည်။
"သင်ပေးရမယ်? ဟားဟား မင်းကငါ့ကို ဒီလောက် အရိုအသေမဲ့နေတာ ငါကဘာလို့ ပြောပြရမှာတုန်း!"
ကျီးကန်းသည် ပြုံးပြီး ဘာမှ ဆက်မပြော။
ကမ္ဘာပေါ်ရှိ ရွှေကျီးကန်းမှာ ထူးခြားသော စွမ်းအားရှင်ဟု ဆိုထားသော်လည်း သူ့ရှေ့မှ ကလေးငယ်သည် ၎င်းကို အမှန်တကယ် လျစ်လျူရှုပြီးရင် လျစ်လျူရှုကာ လေးစားမှုဟူသော အဓိပ္ပါယ်ကိုပင် မသိတာကြောင့် ခွင့်မလွှတ်နိုင်သော ရာဇ၀တ်မှုတစ်ခု ဖြစ်သည်။
"တစ်နေ့ကို အရက်တစ်အိုး!"
၎င်း၏ အဓိပ္ပါယ်မဲ့သော ပေါက်ကရတွေကို အာရုံစိုက်ရန် ပျင်းလွန်းသော လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"တစ်....တစ်အိုးတည်းနဲ့ ငါ့ကို ဝယ်ချင်တယ်ပေါ့? မရဘူး!"
ကျီးကန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီး သွားများကို ကိုက်ကာ ပြောလိုက်သည်။
"နှစ်အိုး!"
လုရွှမ် အရေအတွက်ကို ဆက်၍ တိုးလိုက်သည်။
"နှစ်အိုး? အလုပ်မဖြစ်ဘူး..." ကျီးကန်းက ခေါင်းယမ်းလိုက်ပြန်သည်။
"ကောင်းပြီ.... တစ်အိုးမှ မကျန်တော့ဘူး.... ငါလည်း မသောက်ဘူး ဒါကြောင့် မင်းကိုပါ တစ်လတ်စတည်း အငတ်ထားလိုက်တော့မယ်"
"မင်း...မင်း...ဘာလို့ဒီလို ဖြစ်နေရတာလဲ"
အရေအတွက် ထပ်မတိုးလာတော့တာကို တွေ့တော့ ကျီးကန်းမျက်နှာက ပြောင်းသွားပြီး ကမန်းကတန်း ကြိမ်းမောင်းတော့၏။