ထူးဆန်းတဲ့ရတနာ
Vol. 10 Ch. 136
"ဘာပဲဖြစ်ဖြစ် မင်းက ဘာမှမပြောချင်ဘူးလေ...အဲ့တော့ ပြဿနာ ရှင်းသွားအောင် လွှတ်ထားလိုက်တာက ပိုကောင်းပါတယ် ဘာပဲဖြစ်ဖြစ် ကျီးကန်းတွေ တစ်ချိန်လုံး သောက်နေတာ မကောင်းပါဘူး!"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
"မကောင်းဘူး....ဘာကို မကောင်းတာလဲ? ငါက ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ရွှေကျီးကန်းပဲ... ဒီလိုမြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ အရက်မသောက်ရရင် ဘယ်လိုလုပ်ရမလဲ?" ကျီးကန်းက စိုးရိမ်တကြီးနဲ့ ခေါင်းကုတ်လိုက်သည်။
သူ့ကို အရက်မသောက်ခိုင်းတာက သတ်တာထက် ပိုဆိုးတယ်။
ဘေးတွင်ရပ်နေသော ကျီးကန်းကို လျစ်လျူရှုကာ လုရွှမ်သည် မျက်လုံးများကိုမှိတ်ကာ ဆက်လက်လေ့ကျင့်ခဲ့သည်။
ခဏကြာတော့ ကျီးကန်းဟာ တကယ်ကို မကူညီနိုင်တော့ဘဲ
"ကောင်းပြီ...ငါပြောပြလို့ရတယ် ဒါပေမဲ့.. ငါ့မှာ အခြေအနေ တစ်ခုရှိတယ်!"
"ပြောပါဦး?"
သူမှန်ကန်သော အလောင်းအစား ပြုလုပ်ခဲ့ကြောင်း ကြားတော့ လုရွှမ်သည် အနည်းငယ် ပြုံးပြီး လှမ်းကြည့်လိုက်သည်။
"မင်း ဂိုဏ်းဆရာနယ်ပယ်ကို ရောက်ပြီးရင် ယွမ်ယန်ကျင့်စဥ်ကိုလည်း ဒုတိယအဆင့်အထိ လေ့ကျင့်ပြီးနိုင်လောက်ပြီ....အဲဒီအခါ ကျောက်စိမ်းပြားရဲ့ နေရာလွတ်ကို ဖွင့်ပြီး အပြင်ထွက်ခွင့်ညပေးရမယ် ငါအပြင်မှာ အေးဆေးနေချင်တယ်....ငါ့ကိုဒီထဲမှာပဲ သော့ခတ်မထားရဘူး!"
ကျီးကန်းက ပြောသည်။
လုရွှမ်သည် အရာဝတ္ထုများကို ထည့်နိုင်ပြီး သူကိုယ်တိုင် ဝင်ထွက်သွားလာနိုင်သော်လည်း ကျီးကန်းမှာတော့ မြေကြီးပေါ်တွင် ကပ်နေသော စတီးလ်ကဲ့သို့ ဤနေရာကို မထွက်ခွာနိုင်ပေ။
ယွမ်ယန်ကျင့်စဥ်၏ ဒုတိယအဆင့်သည် သူ့အား ဤနေရာမှာ ထွက်သွားနိုင်သည်ဟု ပြောသည်မှာ အမှန်တကယ် ဖြစ်နိုင်သည်။
"ကောင်းပြီ!" လုရွှမ်က မဆိုင်းမတွ ခေါင်းညိတ် သဘောတူလိုက်သည်။
ကျောက်စိမ်းပြားက သူ့စိတ်ထဲမှာ ရှိနေပြီး ကျီးကန်းက အပြင်ထွက်ရင်တောင် အကြာကြီး မထွက်နိုင်ဘူး။ ၎င်းမပြောမဆိုနဲ့ ထွက်သွားမှာကိုလည်း စိုးရိမ်စရာ မလိုချေ။
"မင်းကတိပေးတာ ရိုးရှင်းလိုက်တာ...ဂိုဏ်းဆရာနယ်ပယ်ဆီကို မြန်မြန် အဆင့်တက်နိုင်မယ့် နည်းလမ်းကို ငါပြောပြမယ်.... မင်း ကောင်းကောင်းလုပ်ရင် ပိုမြင့်တဲ့အဆင့်ကို ရောက်နိုင်တယ်!"
ကျီးကန်းသည် ဂုဏ်ယူသော မျက်နှာဖြင့် ပြောလိုက်သည်။
"အိုး?" လုရွှမ်လည်း စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
ဝူအဆင့်၈ဟာ ဂိုဏ်းဆရာနယ်ပယ် ဆိုလျှင် ထိုထက်အဆင့်မြင့်သော ဝူအဆင့်၉ဟာ အဓိပတိနယ်ပယ် ဖြစ်သည်။
အဓိပတိနယ်ပယ်သို့ ရောက်ပြီးနောက် လူ့ခန္ဓာကိုယ်၏ ဘဝပုံစံသည် အသွင်ပြောင်းသွားလိမ့်မည်။ အကယ်၍ ဤကဲ့သို့သော အစွမ်းသတ္တိမျိုး အမှန်တကယ် ရရှိနိုင်ပါက နောက်ကွယ်ရှိ လက်မည်းသည် အမှန်တကယ် တိုက်ခိုက်လာပါက ကြောက်စရာ မလိုတော့ပေ။
"တကယ်တော့ ရိုးရှင်းပါတယ်....ထူးဆန်းတဲ့ ရတနာကို ရှာဖွေပြီး ဒုတိယအဆင့် နန်းတော်ပင်လယ်ကို ဖွင့်လိုက်!"
ကျီးကန်းက ပြောသည်။
"ထူးဆန်းတဲ့ရတနာကို ရှာရမယ်?"
ပထမတော့ သူတော်တော် စိတ်လှုပ်ရှားနေပေမယ့် ဒါကိုကြားတော့ လုရွှမ် မတတ်နိုင်ဘဲ ဒေါသတကြီး မဲ့ပြုံးပြုံးကာ ခေါင်းယမ်းလိုက်သည်။
သူ့အရင်ဘဝက တိမ်ပင်လယ် နယ်မြေမှာ သြဇာအရှိဆုံးလူတွေထဲက တစ်ယောက်အနေနဲ့ ထူးဆန်းရတနာကို သဘာဝကျကျ သိလေသည်။
တိမ်ပင်လယ်နယ်မြေ စတင်လာကတည်းက တည်ရှိနေတဲ့ ရတနာလို့ ဆိုကြပါ၏။ ကောင်းကင်နဲ့ မြေကြီးရဲ့ အထူးစွမ်းရည်နဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့ပြီး အလွန်အစွမ်းထက်သည်။
သို့သော် ဤအရာသည် အလွန်ရှားပါးပြီး တိမ်ပင်လယ် နယ်မြေတစ်ခုလုံးတွင် ၁၀ခုထက်ပင် မပိုချေ။
အရင်ဘဝက ခွန်အားတွေအတွက် အကြိမ်ရေ မရေမတွက်နိုင်အောင် ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ရပါဘူး။ အခုအခြေအနေနဲ့ ဆိုရင်တော့။
ထို့အပြင် အရေးကြီးဆုံး အချက်မှာ ထူးဆန်းသောရတနာ ယိပေါင်သည် ဆန်းပြားသော စွမ်းအားများ ပိုင်ဆိုင်ထားသောကြောင့် ၎င်းကို ကိုက်ညီစေရန် လေ့ကျင့်ခန်းများနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို သန့်စင်အောင် ပြုလုပ်ထားရမည်။
မဟုတ်ပါက တွေ့ရှိလျှင်ပင် ၎င်းသည် အသုံးမဝင်တော့ပေ။
မီးအမျိုးအစား ရတနာတစ်ခုလိုပင်။ သို့သော် သူလေ့ကျင့်နေတဲ့ အရာက ရေအမျိုးအစား ကျင့်စဥ်တစ်ခု ဖြစ်သည်။ အဲဒါကို သန့်စင်နိုင်ဖို့ နေနေသာသာ မသေရင်တောင် ကံကောင်းနေပြီ။
တိမ်ပင်လယ် နယ်မြေ တစ်ခုလုံးတွင် အရေအတွက်ကလည်း ဆယ်ဂဏန်းအောက်သာ ရှိသည်။ ရှာတွေ့ရင်တောင် သူနဲ့သင့်တော်သလား ဆိုတာ စဥ်းစားရဦးမည်ဖြစ်ရာ ကျီးကန်းရဲ့ နည်းလမ်းက သူ့ကိုယ်ပိုင်ထက်ပင် စိတ်ချမှု နည်းပါးလေသည်။
"ဘာလို့ မယုံတာလဲ?"
သူ့အမူအရာကို မြင်တော့ ကျီးကန်းက မယုံဘူးထင်ပြီး စိုးရိမ်တကြီး ကြည့်လာသည်။
"မယုံတာတော့ မဟုတ်ပါဘူး... ထူးဆန်းတဲ့ ရတနာကို ရှာမတွေ့နိုင်ဘူး....ကိုယ့်အရည်အချင်းတွေ မကိုက်ညီတာကို ရှာတွေ့ခဲ့ရင် ဘာမှ အသုံးမဝင်ဘူး!"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
"ဟားဟား မင်းက သိပ်နားမလည်ပါရောလား!"
ကျီးကန်းသည် သူ့ကိုယ်ပေါ်ရှိ အနက်ရောင် အမွေးများကို ပွတ်သပ်ကာ ဂုဏ်ယူသော မျက်နှာဖြင့်
"မင်း ယွမ်ယန်ကျင့်စဥ်ကို လေ့ကျင့်နေတာ ကြာပါပြီ.....မတူတဲ့ ကွာခြားချက်ကို သတိမထားမိဘူးလား?"
"မတူတဲ့နေရာ?" လုရွှမ် ခေါင်းခါလိုက်သည်။
အားကောင်းပြီး လျင်မြန်တာကလွဲရင် ဘာမှထူးခြားမှု မရှိဘူးလို့ သူထင်ပါ၏။
"ငတုံး!"
သူ့ပုံစံကိုမြင်တော့ ကျီးကန်းဟာ မထိန်းချုပ်နိုင်စွာ အော်ဟစ်လိုက်သည်။
"မင်းက ယွမ်ယန်ကျင့်စဥ်ရဲ့ ဆက်ခံသူဖြစ်ပြီး ဒီလိုအစွမ်းထက်တဲ့ နည်းလမ်းကိုတောင် မသိဘူးလား..."
"ယွမ်ယန်ကျင့်စဥ်ရဲ့ ယေဘူယျ စာကြောင်း ပထမဝါကျကို စဉ်းစားကြည့်...."
"ပထမစာကြောင်း?"
လုရွှမ်၏စိတ်သည် ပြေးလွှားနေပြီး ပထမစာကြောင်းကို ချက်ချင်း သတိရသွားသည်။
"ယွမ်... အရာခပ်သိမ်း၏အစ၊ ယန်.... ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်ခြင်း၊ ယွမ်ယန် ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်စွာ စုရုံးခြင်းသည် အရာခပ်သိမ်း၏ အစုအရုံး ဖြစ်သည်"
"အရာခပ်သိမ်း၏ အစုအရုံး?"
လုရွှမ်သည် သံသယစိတ်ဖြင့် ပြန်ကြည့်လိုက်သည်။
"မှန်တယ်.... ယွမ်ယန်ကျင့်စဥ်ရဲ့ ယွမ်က အရာခပ်သိမ်းရဲ့အစလို့ လူသိများတယ်....အဲဒါက ပေါက်ကရ စကားတွေ မဟုတ်ဘူး!"
ကျီးကန်းက အော်ပြောလိုက်သည်။
"မင်းကျင့်ကြံနေတဲ့ ယွမ်ယန်ကျင့်စဥ်က ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဂုဏ်သတ္တိတွေရဲ့ စွမ်းအားကိုမဆို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်တယ်....ဘယ်ဝိညာဥ်စွမ်းအင်ကို မဆို စုပ်ယူနိုင်တယ်.... အလုံးစုံသော ဂုဏ်သတ္တိတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ အစုအရုံးလို့ ခေါ်တာ!"
"ဘာ? ဘယ်ဂုဏ်သတ္တိရဲ့ ဝိညာဥ်စွမ်းအင်ကိုမဆို စုပ်ယူနိုင်တယ်?"
လုရွှမ် အံ့အားသင့်သွားသည်။
စစ်မှန်တဲ့ ဝိညာဥ် ချီစွမ်းအင်ကို အမျိုးအစားတွေ ခွဲခြားထားပါ၏။ အရည်အချင်းတွေက ကွဲပြားပြီး ကိုယ့်ရဲ့စွမ်းအင်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေရင် ကျင့်ကြံလို့ မရပါ။
ယွမ်ယန်ကျင့်စဥ်က ဝိညာဥ်ချီ အားလုံးကို စုပ်ယူနိုင်တယ် ဆိုရင် ဒါက ကောင်းကင်ဘုံကို အံတုနိုင်လွန်းနေပြီ မဟုတ်ပါလား။
ဤသို့ဆိုလျှင် သူသည် ဂုဏ်သတ္တိ မတူညီသော မည်သည့် ကိုယ်ခံပညာကိုမဆို လေ့ကျင့်နိုင်ပြီး အမျိုးမျိုးသော လက်နက်များကို သန့်စင်နိုင်ပြီ မဟုတ်လား?
ဒါ... ဒါ...အမှန်ပဲလား?
"ဟုတ်တယ် ဒါအမှန်ပဲ!"
လူငယ်သည် အံ့ဩထိတ်လန့်နေသည့် မျက်နှာဖြင့် ငြိမ်သက်နေတာကို တွေ့လိုက်ရသောအခါ ကျီးကန်းက ကျေနပ်စွာ အော်လိုက်ပေ၏။
"မယုံမရှိနဲ့.... မင်းမသိရတဲ့ အကြောင်းရင်းက မင်းအခု ယွမ်ယန်ကျင့်စဥ်အပေါ် နားလည်ထားပုံက အရမ်းနိမ့်နေသေးလို့....အဲဒါကြောင့် ဒီအစွမ်းထက်တဲ့ ဒီလေ့ကျင့်ရေး နည်းလမ်းတွေကို အပြည့်အဝ အသုံးမချနိုင်သေးတာ!"
"ယွမ်ယန်ကျင့်စဥ်က အရည်အချင်း တစ်ခုခုကို အတုယူပြီး ထူးဆန်းတဲ့ ရတနာတွေကို ပြုပြင်နိုင်ရင်တောင်မှ ထူးဆန်းတဲ့ ရတနာတွေကို အရင်ရှာရမယ်.... ထူးဆန်းတဲ့ ရတနာတွေကို ရှာမတွေ့ရင် ဒါက အဓိပ္ပါယ်မရှိဘူး မဟုတ်လား"
ခဏကြာတော့ လုရွမ် ငြိမ်သက်သွားသည်။
ဘဲငန်းသား ပြုတ်ချင်တာပဲဖြစ်ဖြစ် စားချင်တာပဲဖြစ်ဖြစ် ငန်းအမွေးကို မမြင်ရဘဲ ဘယ်လိုစားရမလဲဆိုတာ တွေးနေရတာ ဟာသပဲ မဟုတ်ဘူးလား။
"ဟီးဟီး....ဒီအဖိုး ငါ့အပေါ်မှာ မူတည်တယ်လေ.... ငါဆိုတဲ့ ရွှေကျီးကန်းက ကီလိုမီတာ 10,000 အကွာအဝေး အတွင်း ရှိနေသရွေ့ လောကထဲက ရတနာတွေ အားလုံးကို ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါအာရုံခံနိုင်တယ်!"
ကျီးကန်းသည် မာန်မာန အပြည့်ဖြင့် ၎င်း၏အတောင်ပံများကို ဖြန့်ကာ အောင်ပွဲခံနေ၏။
"ကီလိုမီတာ 10,000 အတွင်း အာရုံခံနိုင်တယ်?"
လုရွှမ် အံ့သြသွားသည်။
ဒီစွမ်းရည်က တကယ်ကို ကောင်းကင်နဲ့ ဆန့်ကျင်ဘက်ပဲနော်!
ကီလိုမီတာ 10,000 အတွင်း အာရုံခံနိုင်သည်ဟု ဆိုလိုခြင်းက ထိုအကွာအဝေးအတွင်း ရောက်ရှိနေသမျှ ကာလပတ်လုံး တည်နေရာ အတိအကျကို ရှာဖွေနိုင်ပြီး ထူးဆန်းသော ရတနာကို ရှာဖွေနိုင်လိမ့်မည်ဟု ပြောခြင်းမဟုတ်လား?
ဒါကိုတွေးပြီး သူ့မျက်လုံးများ တောက်ပလာတော့သည်။
ဤထူးဆန်းသော ရတနာသည် ယခင်ဘဝက လိုချင်တပ်မက်ခဲ့သော ရတနာတစ်ခုဖြစ်သော်လည်း မရနိုင်ခဲ့ပေ။ အကယ်၍ တစ်လုံးသာရှိလျှင်ပင် သူ၏ ခွန်အားကို တိုးပွားစေပြီး ကြီးထွားမှုကို အရှိန်မြှင့်ရန် လုံလောက်ပေလိမ့်မည်။
"ဒါပေါ့....ဒီအဖိုးက ဘယ်သူလဲဆိုတာ မသိသေးဘူးလား?"
ကျီးကန်းက ဂုဏ်ယူစွာ ခေါင်းညိတ်သည်။
"ကီလိုမီတာ 10,000 အကွာအဝေးမှာ အာရုံခံနိုင်ရင်တောင် အသုံးမဝင်ဘူး... ငါ့ရဲ့ ကျင့်ကြံမှုက နိမ့်လွန်းလို့ ပျံသန်းလို့ရရင်တောင် တိမ်ပင်လယ် နယ်မြေကြီးက အကျယ်ကြီးပဲ ငါရှာချင်ရင်တောင်မှ မတွေ့နိုင်ဘူး!"
လုရွှမ် ဝမ်းသာအားရဖြင့် ပြောပြီးမှ ဆက်လက်၍ မဲ့ပြုံးပြုံးလိုက်သည်။
တိမ်ပင်လယ်၏ နယ်မြေသည် အကန့်အသတ်မဲ့ဖြစ်ပြီး အနည်းဆုံး ကီလိုမီတာ သန်းရာနှင့်ချီ ကျယ်ဝန်းသည်။ သူသည် ယခု မပျံသန်းနိုင်တော့လို့ သူတစ်ယောက်တည်း လမ်းလျှောက်လျှင် ကီလိုမီတာ 10,000အတွင်း ရောက်သွားရင်တောင် ရှာတွေ့နိုင်ပါ့မလား?
အစွမ်းအစရှိလျှင်ပင် ကောက်ရိုးပုံတွင် အပ်တစ်ချောင်းရှာခြင်းနှင့် ဘာမှမကွာတော့ချေ။
"မင်းဆိုတဲ့ ငတုံးကတော့ တကယ်တုံးတာပဲ! ဒီအဖိုးက မင်းကိုတစ်လအတွင်း ဂိုဏ်းဆရာနယ်ပယ် ရောက်အောင် လုပ်ပေးမယ်လို့ မပြောထားဘူးလား?.... ငါအာရုံခံမိတာ ရှိလို့ပေါ့ကွ!"
ကျီးကန်းက အော်လိုက်သည်။
"ဘာ?? မင်းဆိုလိုတာက..."
လုရွှမ်က တစ်ခုခုကို တွေးပြီး သူ့မျက်တောင်များ ထပ်ခါထပ်ခါ လှုပ်ခတ်သွားသည်။
"ဒီကီလိုမီတာ တစ်သောင်းအတွင်းမှာ… ထူးဆန်းတဲ့ ရတနာတစ်ခု ရှိနေတာလား?"