← Chapters

ဝူယန်အင်ပါယာ?

Vol. 10 Ch. 137

ဝူယန်အင်ပါယာ?

Vol. 10 Ch. 137

"ဒါပေါ့!"

ကျီးကန်းက မိမိကိုယ်ကို ဂုဏ်ယူနေသည့်နှယ် မော့ကြည့်လိုက်သည်။

"ဒါက……"

လုရွှမ်သည် သူ့လက်သီးများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ထူးဆန်းတဲ့ ရတနာတစ်ခု ရှိရင် တိုးတက်ဖို့ အရမ်းကောင်းသွားပြီ။

ကီလိုမီတာ 10,000 အတွင်းကို သူ့လက်ရှိ ခွန်အားနဲ့ ထွက်သွားရင် တစ်လနီးပါး ကြာနိုင်သည်။

ထူးဆန်းသော ရတနာတစ်ခုနှင့် ခွန်အားရုတ်တရက် တိုးလာခြင်းသည် မလွှဲမရှောင်သာ ဖြစ်လာမည်ဖြစ်ပြီး သူသည် ဂိုဏ်းဆရာအဆင့်ကိုတင် မကဘဲ ပို၍ပင် မြင့်မားသွားနိုင်သည်။

"နေရာ အတိအကျ ဘယ်မှာလဲ"

လုရွှမ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"အတိအကျတော့ မသိဘူး... ကီလိုမီတာ ၇၀၀၀ လောက်အကွာက အရှေ့ဘက်မှာ ဆိုတာပဲ သိတယ်"

ကျီးကန်းက ပြောသည်။

"အရှေ့ဘက်မှာ ကီလိုမီတာ 7,000 ကျော်လား?" လုရွှမ် မှတ်ထားလိုက်သည်။

ကျန်းဝူအင်ပါယာ အနီးတဝိုက်က အခြေအနေတွေကိုလည်း သူသိပ်မသိသလို ကီလိုမီတာ 7,000 ဝေးတဲ့ နေရာကိုလည်း မသိပါဘူး။ ဒါပေမယ့် ကိစ္စမရှိပါ။ တစ်ယောက်ယောက်ကို မေးကြည့်တော့ သူနားလည်သွားပါလိမ့်မယ်။

"လေ့ကျင့်တာ တစ်ရက်ကျော်နေပြီ.... ပြိုင်ပွဲက ပြီးခါနီးပြီဆိုတော့ သွားကြည့်ဖို့ အချိန်ရောက်ပြီ!"

အနာဂတ် ကျင့်ကြံမှု လမ်းကြောင်းကို အတည်ပြုပြီးနောက် လုရွှမ်သည် စိတ်ကောင်းဝင်လာသည်။ ကျီးကန်းနှင့် စကားအနည်းငယ် ပြောကာ သူ့ခန္ဓာကိုယ်ကို လှုပ်ရှား၍ ကျောက်စိမ်းထဲမှ ထွက်လာခဲ့သည်။

လေ့ကျင့်နေတာ ဘယ်နှစ်နာရီမှ မရှိသလိုနှင့် အချိန်က သိပ်မကြာဘူးလို့ ထင်ရပေမယ့် တကယ်တော့ တစ်ညလုံးထက်တောင် ပိုကြာသွားသည်။

အကယ်ဒမီ လေးခုအတွက် မနေ့က ရွေးချယ်ထားတဲ့ လူဦးရေပြိုင်ပွဲကို ဒီနေ့ ဆက်လက်ကျင်းပတော့မှာ ဖြစ်ပါသည်။ နေကိုမော့ကြည့်လိုက်တော့ မွန်းတည့်ချိန်နီးနေပြီ။ ထိပ်ဆုံးဆယ်ယောက်ကို ရွေးချယ်လို့ ပြီးသွားမှာကို အနည်းငယ် စိုးရိမ်မိသည်။

သို့သော် သူ့အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိချေ။

ယမန်နေ့က ဆရာဟူယွင်သည် သူ့အား ယင်းယန်အကယ်ဒမီ၏ အပြင်စည်း တပည့် တံဆိပ်ပြား ပေးအပ်ခြင်းက ကြိုတင်ရွေးချယ်ခြင်း ခံရကြောင်း ညွှန်ပြပြီး ဤပြိုင်ပွဲတွင် သူပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ကိစ္စမရှိပါ။

လုရွှမ်သည် တောအုပ်ထဲမှ ထွက်လာပြီး မကြာမီ လူနှစ်ယောက်က သူ့ကိုလာရောက် နှုတ်ဆက်ကြသည်။

"သခင်လေး!"

မုယန်ဖုန်း နှင့် လျောက်ချင်းတို့ ဖြစ်သည်။

မနေ့ညက ဖြစ်ပျက်သွားပြီး နောက်မှာတော့ လုရွှမ်သည် သူတို့က စိတ်ရင်းနဲ့ ဆက်ဆံတယ်ဆိုတာ သိလို့ သူတို့နှစ်ယောက်ကို အသိအမှတ်ပြုပြီးသား ဖြစ်သည်။

"ဒီနေ့ပွဲက ဘယ်လိုလဲ"

လျောက်ချင်းကို ကြည့်လိုက်ပြီး လုရွှမ် မေးလိုက်သည်။

"သခင်လေးကို တင်ပြပါတယ်....ဒီနေ့ပြိုင်ပွဲမှာ ကျွန်တော် အနိုင်ရပြီး နေရာတစ်နေရာ ရခဲ့ပါတယ်!" လျောက်ချင်းက ကပျာကယာ ပြောလိုက်သည်။

မနေ့ညက လုရွှမ်ရဲ့ အကူအညီကြောင့် ထုံးရွှမ်နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ဖြတ်ကျော်ခဲ့ပြီး ထိပ်တန်း၁၀ယောက်ထဲ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ခဲ့သည်။

လုရွှမ်အပြင် ကျန်းဝူအကယ်ဒမီတွင် ယခုတစ်ကြိမ် ယင်းယန်အကယ်ဒမီအတွက် စာရင်းဝင်သူ စုစုပေါင်း နှစ်ဦးရှိသည်။ ၎င်းတို့သည် အဓိက အကယ်ဒမီ လေးခုတွင် ထိပ်တန်း မဟုတ်သော်လည်း ယခုလို အလျင်အမြန် ရလဒ် ထွက်ပေါ်လာခြင်းမှာ မဆိုးလှပေ။

"နှစ်ယောက်မဟုတ်ဘူး...လေးယောက်!"

လုရွှမ် တွေးနေတာကို မြင်တော့ လျောက်ချင်းကပြုံး၍ နားလည်စွာ ရှင်းပြလိုက်သည်။

"လေးယောက်?"

"ဟုတ်ပါတယ်... ကျန်းဝူအကယ်ဒမီက သခင်လေးနဲ့ ကျွန်တော် အပါအဝင် ယင်းယန်အကယ်ဒမီကို ဝင်ခွင့်ရသူက စုစုပေါင်း လေးယောက်ပါ...."

"လေးယောက်? ဘယ်လိုလုပ် လေးယောက်ဖြစ်နေတာလဲ? ကျန်တဲ့နှစ်ယောက်က ဘယ်သူတွေလဲ?"

လုရွှမ် အံ့သြသွားသည်။

လူဆယ်ယောက်ပဲ ခေါ်ယူတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ သူတို့နှစ်ယောက်က ထိပ်ဆုံးဆယ်ယောက်ထဲသာ ဝင်ခဲ့တာဆိုရင် နောက်ထပ်နှစ်ယောက်က ဘယ်ကလာတာလဲ။

"စီနီယာတန်းက မင်းသမီးလော့ရုံ နဲ့ အဂ္ဂိရတ်ပညာ ပါရမီရှင် လင်ရှောင်းရှောင်းပါ!"

လျောက်ချင်းက ရှင်းပြသည်။

"သူတို့လား?"

လုရွှမ် အံ့အားသင့်သွားသည်။

ရှင်းရှင်းပြောရရင် ဒီလူနှစ်ယောက် စာမေးပွဲ အောင်မယ်လို့ မမျှော်လင့်ထားဘူး။

"မင်းသမီးလော့ရုံက အဆင့်၃ လက်မှုပညာရှင်ဖြစ်ပြီး လင်ရှောင်းရှောင်းက အဆင့်၂ အဂ္ဂိရတ်ပညာရှင်... ယင်းယန်အကယ်ဒမီက တိုက်ခိုက်ရေးတင် မကဘူး တခြားစွမ်းရည် ရှိသူတွေကိုလည်း စုဆောင်းတာ"

လျောက်ချင်းက ထပ်မံရှင်းပြခဲ့ပြီး သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက် လုရွှမ်သည် နောက်ဆုံးတွင် နားလည်သွားသည်။

ဤအလှလေး နှစ်ပါးသည် လျောက်ချင်းလောက် အစွမ်းမထက်လှသော်လည်း ၎င်းတို့သည် လက်နက်နှင့် အဂ္ဂိရတ်ပညာအတွက် ထူးခြားသော စွမ်းရည်များရှိပြီး ဤစွမ်းရည်ကို ဆရာဟူယွင်က နှစ်သက် သဘောကျသွားခဲ့သည်။

ကျန်းဝူအကယ်ဒမီမှ ချက်ချင်းထွက်သွားပြီးလျှင် ဤလူနှစ်ယောက်နှင့် ဘာမှမဆိုင်တော့ဘူးဟု ထင်မိသော်လည်း မမျှော်လင့်ဘဲ ယင်းယန်အကယ်ဒမီမှာ အတန်းဖော်များ ဖြစ်လာပြန်သည်။

"စကားမစပ်....အရှေ့စူးစူးနဲ့ ကီလိုမီတာ ခုနှစ်ထောင်ဝေးတဲ့ နေရာက ဘယ်မှာလဲ?"

ခဏကြာ စကားစမြည် ပြောပြီးနောက် လုရွှမ်သည် ကျီးကန်းပြောသည်ကို ရုတ်တရက် သတိရသွားသည်။

ကျီးကန်းပြောသော ရှားပါးရတနာ၏ တည်နေရာကို တွေးကာ မတတ်နိုင်ဘဲ ထုတ်မေးလိုက်သည်။

"အရှေ့ဘက် ကီလိုမီတာ ခုနစ်ထောင်?"

မုယန်ဖန်းမှ ပြန်မေး၏။

သူသည် အသက်ကြီးပြီး ကျန်းဝူအင်ပါယာမှ ထွက်ခွာဖူးရာ ပတ်ဝန်းကျင် ပထဝီဝင် ပတ်ဝန်းကျင် အကြောင်းများစွာ သိထားသည်။

"ကျန်းဝူအင်ပါယာက ထွက်ခွာရင် အဲဒါက ဝူယန်အင်ပါယာပဲ!"

ခဏ စဉ်းစားပြီးနောက် မုယန်ဖုန်းက ပြောပါ၏။

"ဝူယန်အင်ပါယာ?"

ဤနေရာသည် မူလပိုင်ရှင်၏ ငယ်ချစ်သူ ဆူးယာ ထွက်သွားသည့်နေရာ မဟုတ်လော။

"ဝူယန်အင်ပါယာက အလယ်အလတ်တန်းစား နိုင်ငံဖြစ်ပြီး ကျွန်တော်တို့ ကျန်းဝူအင်ပါယာထက် များစွာကြီးမားပြီး တန်ခိုးသြဇာလည်း ကြီးတယ်.... ဘုရင်မင်းမြတ်က အလွန်အစွမ်းထက်တဲ့ အဓိကတိနယ်ပယ်က သန်မာသူလို့ ဆိုကြတယ်"

သူမသိဘူးဟု ထင်ကာ မုယန်ဖုန်းက ရှင်းပြသည်။

"အဓိပတိနယ်ပယ်?"

လုရွှမ် ဆွံ့အသွားသည်။

ကျန်းဝူအင်ပါယာတွင် ဂိုဏ်းဆရာနယ်ပယ်တောင် မရှိတာကို တစ်ဖက်အင်ပါယာရှိ ဘုရင်ကတော့ အဓိပတိနယ်ပယ်ပင် ဖြစ်နေပြီ။ နိုင်ငံနှစ်ခုကြား ကွာဟချက်မှာ ထင်ရှားလှသည်။

"မြင့်မြတ်တဲ့သူပဲဖြစ်ဖြစ် သန်မာတဲ့သူပဲဖြစ်ဖြစ်...ငါ အဲဒီနေရာကို သေချာပေါက်သွားပြီး ထူးဆန်းတဲ့ရတနာကို သေချာပေါက် ရှာတွေ့အောင် လုပ်ရမယ်"

စိတ်ထဲမှာ တိတ်တိတ်လေး ဆုံးဖြတ်ထားလိုက်သည်။

ထူးဆန်းသော ရတနာကို သူရှာတွေ့ပြီးသည်နှင့် သူ၏ ခွန်အားသည် ခုန်ပျံကျော်လွှားသွားလိမ့်မည်။

ဒီလိုမျိုး ကောင်းတဲ့ အခွင့်အရေးကို လက်လွတ်မခံသင့်ပေ။

ဝူယန်အင်ပါယာဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် သူ့ကို ရပ်တန့်စေဖို့ မဖြစ်နိုင်ပါဘူး။

"စကားမစပ် မင်းတို့ငါ့ကို သစ္စာစောင့်သိတဲ့အတွက် သဘာဝအတိုင်း မင်းတို့ကို ဒုက္ခမခံစေရဘူး....မင်းတို့ရဲ့ ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ လေ့ကျင့်ရေး နည်းလမ်းနှစ်စုံရှိတယ်.... အဲဒါတွေကို အလွတ်မှတ်ပြီးရင် ဖျက်ဆီးပစ်လိုက်တာ အကောင်းဆုံးပဲ....တခြားသူတွေ မတွေ့စေနဲ့...."

လုရွှမ်သည် မည်သည့်နေရာ ဖြစ်သည်ကို သိလိုက်သဖြင့် များများမပြောတော့ဘဲ စာအုပ်နှစ်အုပ်ကို ထုတ်ကာ လွှဲပေးလိုက်သည်။

မနေ့ညက သူ တိတ်တိတ်လေး ရေးခဲ့တဲ့ လေ့ကျင့်ရေး နည်းလမ်း၂စုံ ဖြစ်သည်။

ဒီလူနှစ်ယောက်က သူ့အပေါ် သစ္စာရှိကြသည်။ သူတို့အနေနဲ့ လုံလုံလောက်လောက် အားကောင်းဖို့ လိုသည်။ အရင်က လေ့ကျင့်ခဲ့တဲ့ ကျွမ်းကျင်မှုတွေက အရမ်းအားနည်းပြီး ပိုမြင့်တဲ့ အဆင့်ကို တက်ချင်တဲ့အခါ ခက်ခဲနိုင်၏။

အကောင်းဆုံး နည်းလမ်းမှာ အဆင့်မြင့် လေ့ကျင့်ရေး နည်းလမ်း ရှိဖို့ပင် ဖြစ်သည်။

သူ့စိတ်ထဲမှာ ဒီလိုလေ့ကျင့်ရေး နည်းလမ်းတွေ အများကြီး ရှိလေ၏။

"ကျေးဇူးတင်ပါတယ် သခင်လေး"

စာအုပ်ကိုဖွင့်ပြီး ကြည့်လိုက်ရုံဖြင့် သူတို့နှစ်ဦးသည် ယခင်လေ့ကျင့်ရေး နည်းလမ်းများထက် များစွာသာလွန်ကြောင်း သိလိုက်ကြသည်။ မုယန်ဖုန်းနှင့် လျောက်ချင်းတို့သည် စိတ်လှုပ်ရှားစွာ ဒူးထောက် ထိုင်ချလိုက်ကြသည်။

ဒီလိုအဆင့်မြင့် နည်းလမ်းမျိုးကို အပြင်မှာ ရှာရခက်ပေမယ့် သခင်ငယ်လေးက တိုက်ရိုက် ထုတ်ပေးတာကြောင့် သူတို့ကို အရမ်းစိတ်လှုပ်ရှားစေ၏။

"အားနာစရာ မလိုပါဘူး.... ဒီစာအုပ်ထဲကအတိုင်း လေ့ကျင့်.... အထူးသဖြင့် မုယန်ဖုန်း....မင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်.... တတ်နိုင်သမျှ ဂိုဏ်းဆရာနယ်ပယ် အဆင့်ရောက်မှ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ယူဆနိုင်မှာ!"

လုရွှမ်က ရှင်းပြသည်။

သူတို့နှစ်ယောက်ကို မြန်မြန် လေ့ကျင့်စေချင်တဲ့ သူ့ကိုယ်ပိုင် အစီအစဉ်ရှိလေသည်။

သူသည် ဂိုဏ်းဆရာနယ်ပယ်ကို အမြန်ဆုံး အရောက်သွားရန် မဖြစ်နိုင်တော့ပေ။ မုယန်ဖုန်းသာ ထိုးဖောက်သွားနိုင်ရင် သူ့ကိုသတ်ချင်တဲ့ လူလတ်ပိုင်းအရွယ် ရောက်လာရင် တစ်ကြိမ် နှစ်ကြိမ်မျှ တားထားနိုင်လောက်သည်။

ကိုယ့်ကိုယ်ကို လုံခြုံအောင် ကာကွယ်ထားရမည်။

"ဟုတ်!"

နှစ်ယောက်သားသည် လေးစားမှုအပြည့်နဲ့ တစ်ချိန်တည်း ခေါင်းညိတ်ပြကြသည်။

အရင်က သူတို့နှစ်ဦး၏ ကရုဏာကို ကျေးဇူးဆပ်ခြင်းကြောင့် သခင်အဖြစ် အသိအမှတ် ပြုခဲ့သည်ဟု ဆိုရသော်လည်း ယခုတော့ လုံးလုံးယုံကြည်နေကြပြီ ဖြစ်သည်။

ဒီလိုအဆင့်မြင့်တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို လွယ်လွယ်ကူကူနဲ့ ဘယ်သူက ထုတ်ပေးနိုင်မှာလဲ?

ဒီလိုလူတစ်ယောက်ရဲ့ အစေခံ ဖြစ်လာတာက အနာဂတ်မှာ အရင်က စိတ်ကူးတောင် မယဉ်နိုင်ခဲ့တဲ့ နေရာတွေအထိ သွားရမှာကိုပင် စိတ်လှုပ်ရှားလာသည်။

"သေချာပေါက် သစ္စာရှိပြီး ဘယ်တော့မှ သစ္စာမဖောက်စေရဘူး!"

နှစ်ယောက်သား နှလုံးသားထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်တစ်ခု ချထားလိုက်သည်။

"လုရွှမ်....ဆရာမု၊ စီနီယာလျောက်ချင်း ခင်ဗျားတို့ ဒီမှာကိုး...."

သူတို့ သုံးယောက် စကားပြောနေစဥ် အရှိန်ပြင်းပြင်း ခြေလှမ်းသံများဖြင့် ရန်းလင်နှင့် ယွမ်ချောင်တို့ ရောက်လာကြသည်။

"ဘာဖြစ်လို့လဲ?"

နှစ်ယောက်သား စိုးရွံ့နေပုံရပြီး လုရွှမ်ကို အသည်းအသန် လိုက်ရှာနေရသည်။

"ယင်းယန်အကယ်ဒမီက ဆရာကြီးဟူယွင်ပါ....သူက မင်းနဲ့ စီနီယာလျောက်ချင်းကို တွေ့ချင်နေတာ တစ်ခုခု ပြောစရာရှိပုံပဲ.."

ယွမ်ချောင်က ကမန်းကတန်းနဲ့ ပြောလိုက်သည်။

"အင်း!" လုရွှမ်က ခေါင်းညိတ်ပြီး

"ကောင်းပြီ ငါတို့ အဲဒီကိုလာခဲ့မယ်!"

သူအခု ယင်းယန်အကယ်ဒမီရဲ့ တပည့်တစ်ယောက် ဖြစ်လာပြီဆိုတော့ ဆရာကြီးဟူယွင်ကို သေချာပေါက် သွားတွေ့ရတော့မှာပေါ့

All Chapters