← Chapters

လျိုကျိုက်မင်

Vol. 10 Ch. 138

လျိုကျိုက်မင်

Vol. 10 Ch. 138

တပည့်များ ရွေးချယ်မှု ပြီးသွားသောအခါ ရွှင်မြူးနေသူများက ရွှင်မြူးနေပြီး တိမ်မည်းများလို အုံ့မှိုင်းနေသူကလည်း အုံ့မှိုင်းနေပါသည်။

အနည်းဆုံး သုံးနေရာ အောင်နိုင်ရမည်ဟု ယုံကြည်ထားသော အန်းဝူအကယ်ဒမီသည် ပြိုင်ပွဲဝင် တစ်ယောက်သာ ကျန်တော့ပြီး ကန့်ရှင်းအကယ်ဒမီက နှစ်နေရာ ရခဲ့သည်။ လုံချင်းအကယ်ဒမီသာလျှင် ကံကောင်းပြီး လူ ၃ ယောက် စာရင်းဝင်သွားခဲ့သည်။

ကျန်းဝူအကယ်ဒမီ၏ ခန်းမကြီးထဲ၌ အခမ်းအနားအား ကျင်းပခဲ့သည်။ ရွေးချယ်ခံထားရသော ကျောင်းသားများသည် ယင်းယန်အကယ်ဒမီသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ကြပြီ။ ငါးကြင်းသည် နဂါးတံခါးဝမှ ခုန်ကျော်သွားသလိုပင် ဂုဏ်ပြုထိုက်ပေ၏။

လုရွှမ် နှင့် လျောက်ချင်းတို့ ခန်းမထဲသို့ ရောက်သောအခါ အခမ်းအနားသည် အချိန်တစ်ဝက်ကျော်ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ခန်းမဆောင်ထဲသို့ လျှောက်ဝင််သွားသောအခါ မျက်လုံးများစွာက ၎င်းတို့ကို ချက်ချင်း အာရုံစူးစိုက်လာခဲ့သည်။

"ကြည့်စမ်း၊....အဲဒါ လုရွှမ်ပဲ!"

"သူက ဆရာဟူယွင်ဆီကနေ မျက်နှာသာပေး ခံရတဲ့ ကံကောင်းသူလား?"

"ငါ သူ့ပွဲတွေကို ကြည့်ပြီးပြီ...အန်းရွှိထောင်းနဲ့ ယန်ယီးကို နိုင်ခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုက ဒီအတိုင်း သာမန်ပဲ!"

"ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်...သူက အရိုင်းဆန်တဲ့ ကြံ့ခိုင်မှု တိုက်ကွက်တွေကိုပဲ မှီခိုတာ.... "

"အဲဒါက သိပ်တော့ ပြောလို့မကောင်းဘူး.... ဆရာဟူယွင်ဆီ အသိအမှတ်ပြု တံဆိပ်ပြား ဆိုတာ လျိုကျိုက်မင်တောင် ရတာ မဟုတ်ဘူး!"

......

ထိုသူသည် အလိုမကျသော မျက်လုံးများဖြင့် ကြည့်ကာ သူ့လေသံမှာ ရွဲ့စောင်း လှောင်ပြောင်ခြင်းများဖြင့် ပြည့်နေသည်။

ပြိုင်ပွဲက မပြီးသေးတာကို သူ့ကို ချက်ချင်း တံဆိပ်ပြား ပေးအပ်လိုက်သည်။ သူ့ရဲ့ ခွန်အားက လူတိုင်းကို စိတ်ပျက်အားငယ်စေတယ် ဆိုရင် ပြဿနာမရှိပေမယ့် အဓိက ကတော့ တစ်ဖက်လူက ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သာ ရှိနေခြင်းပင်။

ဤအခြေအနေက ပါရမီရှင်များကို စိတ်ပျက်သွားစေသည်။ ထို့ကြောင့် ဒေါသများက လုရွှမ်အပေါ် သဘာဝကျကျ ရောက်လာ၏။

"မင်းက လုရွှမ်ဆိုတာလား?"

လူများဝိုင်းရံနေသော လူငယ်လေး တစ်ယောက် ထွက်လာ၍ သူ့ထက်သာလွန်သူဟု အဓိပ္ပာယ်ရှိသော သူ့ကို အေးစက်စွာ ကြည့်နေသည်။

သူ့အသွင်အပြင်ကို မြင်ရတော့ လုရွှမ်ဟာ ထုံးစံအတိုင်း မျက်မှောင်ကြုတ်ပြီး သူ့ကို လျစ်လျူရှုကာ သူ့ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။

လူတိုင်း၏ ထိုင်ခုံတွင် အမည်များကို ရေးထားသောကြောင့် ကျန်းဝူအကယ်ဒမီ အတွက် ဤတပည့်သစ်များသည် အလွန် အရေးကြီးကြောင်း ပြသနေသည်။

"ဘာလဲ? ထွက်ပြေးချင်တာလား?

လူငယ်က သူ့ကို တိုက်ရိုက် လျစ်လျူရှုသွားဖို့ မမျှော်လင့်ထားရာ သူ့မျက်နှာက မည်းမှောင်သွားပြီး

"ဆရာကြီးဟူယွင်က မင်းကို အကယ်ဒမီရဲ့ တပည့်အဖြစ် တိုက်ရိုက် ရွေးချယ်ခဲ့တော့ မင်းက သူရဲကောင်း တစ်ယောက်လို့ ငါကထင်ခဲ့တာ.... သူရဲဘောကြောင်ပြီး ငါ့ကိုရင်ဆိုင်ဖို့တောင် သတ္တိမရှိတဲ့လူ ဖြစ်နေတာပဲ!"

"ဟားဟား!"

"စီနီယာ အဲ့လိုပြောလိုက်တော့ သူ့အပေါ် အားနာစရာကြီးတောင် ဖြစ်သွားတယ်"

"ပြိုင်ပွဲတောင် မပြီးခင်သေးဘူး သူ့ကို တပည့်အမှတ်အသား တစ်ခုပေးခဲ့တယ် ဆိုတော့ စဥ်းစား ကြည့်စရာ မလိုပါဘူး.... အဲဒါက နောက်တံခါးက ဝင်လာတာပဲ"

"သူ့ကိုယ်သူ စီနီယာရဲ့ ပြိုင်ဘက်မဟုတ်မှန်း သိလို့ စကားပြန်မပြောရဲတာ ဖြစ်မှာပေါ့"

......

ထိုလူငယ်၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ လူအားလုံးကို ရယ်မောစေခဲ့ပြီး ခန်းမအတွင်း ပတ်ဝန်းကျင်သည် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူတို့အမြင်အရတော့ သူတို့ဟာ အရမ်းသန်မာလွန်းတာကြောင့် အကယ်ဒမီ ဝင်ခွင့်အတွက် နောက်ဆုံး အခွင့်အရေးရရန် သန်မာဖို့ အများကြီးလို၏။

ထိုလူငယ်က ဖိရွှယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သာသာပဲလေ။ ဘာမလို့လဲ။

ရှည်ရှည်ဝေးဝေး စဥ်းစားစရာ မလိုအောင် ဆက်ဆံရေးကို အားကိုးပြီး နောက်တံခါးက ဖြတ်သွားတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ပြိုင်ပွဲမပြီးသေးခင်မှာ ဒုကျောင်းအုပ်နှစ်ယောက်က သူ့ကို ဘယ်လိုလုပ် ခေါ်သွားမှာလဲ?

အကြီးအကဲ ခြံဝန်းမှာ ဖြစ်ပျက်ခဲ့တာတွေကို အကယ်ဒမီက သတင်း ပိတ်ဆို့ထားပြီး တခြား အကယ်ဒမီကလူတွေ မပြောနဲ့ ကျန်းဝူအကယ်ဒမီထဲက လူတွေတောင် ဒီအကြောင်းကို ဘယ်သူမှ သိပ်မသိကြဘူး။

လုရွှမ်ကို ပြစ်ဒဏ်ခတ်ရန် ထိုနေရာသို့ ခေါ်ဆောင်သွားသည်ကို သူတို့မသိခဲ့ကြဘဲ ကျန်းဝူအကယ်ဒမီသည် ဆက်ဆံရေးမှ တစ်ခုကြောင့် သူ့ကို တိတ်တဆိတ် နေရာယူပေး ထားသည်ဟုသာ ထင်မြင်ကြသည်။

ထို့အတွက်ကြောင့် မျက်လုံးများသည် ရန်လိုမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။

လူတိုင်း၏ မညှာတာသော ကဲ့ရဲ့သံကို ကြားတော့ လုရွှမ်က မျက်မှောင်ကြုတ်ကာ လျောက်ချင်းဖက်ကို လှည့်ကြည့်၍

"အဲဒီအရူးက ဘယ်သူလဲ?"

သူ့အသံက ဘာဖုံးကွယ်မှုမှ မရှိဘဲ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားစေသည်။

"အရူး?"

"သူပြောတာက စီနီယာက အရူး?"

"ဒါက သေမင်းကို ရှာနေတာပဲကွ..."

ဒါကိုကြားတော့ ခန်းမကြီး ရုတ်တရက် တိတ်ဆိတ်သွားပြီး အားလုံးက ထိတ်လန့်သွားကြသည်။

"သခင်လေးကို တင်ပြပါတယ်"

လုရွှမ်၏စကားကို ကြားတော့ လျောက်ချင်းက ပြုံးကာ

"အဲဒီအရူးကို လျိုကျိုက်မင်လို့ ခေါ်ပါတယ်.... သူက ကန့်ရှင်းအကယ်ဒမီကပါ... ဒီနေ့ပြိုင်ပွဲမှာ အန်းဝူအကယ်ဒမီက ချန်ကျားရှန့်နဲ ယှဥ်ပြိုင်ပြီး ထုံးရွှမ်နယ်ပယ်ကနေ အတုတံဆိပ်နယ်ပယ်ကို ဖြတ်ကျော်သွားတဲ့....ဓားသိုင်းပညာ ကျွမ်းကျင်တဲ့ ဓားပါရမီရှင် တစ်ဦးပါ...."

သခင်လေးသည် အတုတံဆိပ်နယ်ပယ်က လူအိုကြီး သုံးယောက်ကို တစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တာကြောင့် မကြာသေးခင်ကမှ အတုတံဆိပ်နယ်ပယ်ကို အဆင့်တက်လာတဲ့ လူငယ်လေးကို ကြောက်နေမည် မဟုတ်ချေ။

"သေချင်နေတာပဲ!"

လုရွှမ်ကို လှောင်ပြောင်ခဲ့သော လျိုကျိုက်မင်သည် ထိုနှစ်ယောက်က သူ့အား အရူးလို့ပဲ ခေါ်နေပုံကြောင့် သူ့မျက်နှာမှာ ဒေါသထွက်ကာ နီရဲလာ၏။

သူသည် ပြိုင်ပွဲတွင် အောင်မြင်စွာ ဖြတ်ကျော်ပြီး အတုတံဆိပ်နယ်ပယ်က သန်မာသူတစ်ဦး ဖြစ်လာခဲ့သည်။ ဓားသိုင်းပညာ ထက်မြက်သူဖြစ်ပြီး သပ်ရပ်သော ဓားဖြင့် ကျွမ်းကျင်မှုလည်းရှိသည်။

သူဟာ ဒဏ္ဍာရီဆန်ဆန် ပါရမီရှင် ဖြစ်လာမည်ဟု သူထင်ခဲ့သော်လည်း ဆရာကြီးဟူယွင်သည် ဖိရွှယန်ပယ် အခြေအနေတွင်သာ ရှိသော ကလေးတစ်ဦးကို ရွေးချယ်မည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးပေ။

လုရွှမ် အခန်းထဲဝင်လာတာ တွေ့တော့ တမင်ထွက်လာပြီး သူ့ကိုအရှက်ခွဲကာ နံပါတ်တစ်နေရာက သူဖြစ်ကြောင်း အတည်ပြု ပြသချင်ခဲ့သည်။

သို့သော် တစ်ဖက်လူက သူ့ကို အရူးလို့ တိုက်ရိုက် ကြိမ်းမောင်းလာမယ်လို့ ဘယ်သူက ထင်မှာလဲ။

ဒီအခြေအနေကို သည်းခံနေမယ်ဆိုရင် သူ့ရဲ့ပထမနေရာဟာ တခြားသူတွေရဲ့ ရယ်မောစရာဖြစ်သွားလိမ့်မယ်။

"ကောင်လေး မင်းက မာနကြီးသားပဲ....မင်းငါနဲ့ တစ်ပွဲလောက် ပြိုင်ရဲ့လား? တကယ်လို့ ဒီလူတွေ အားလုံးရှေ့မှာ မင်းငါ့ကို ရှုံးသွားရင် ဒူးထောက်ပြီး စောစောက စကားအတွက် တောင်းပန်ရမယ်"

လျိုကျိုက်မင် အံကြိတ်ရင်း လက်သီးကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်လျက် သူ့မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်ချင်စိတ်များ ကိန်းအောင်းလျက် ရှေ့သို့ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်။

"ပြိုင်မယ်?"

လုရွှမ်သည် အာရုံစိုက်ရန် စိတ်မ၀င်စားဘဲ လှည့်ကာ သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

တစ်ဖက်လူသည် မကြာသေးခင်ကမှ အတုတံဆိပ်နယ်ပယ်ကို ဖြတ်ကျော်လာသူပင်။ သူ့မှာ ခွန်အားရှိပေမယ့် ပြင်းထန်ခြင်းမရှိ ဖော်ပြဖို့ပင် မထိုက်တန်ချေ။

ဘာကို ပါရမီရှင်လဲ။ လာနောက်နေတာလား။

အရင်ဘဝတုန်းက သူဆိုတဲ့ အရူးဧကရာဇ်ဟာ ကမ္ဘာပေါ်မှာ ဓားရေး အသန်မားဆုံးဖြစ်ပြီး တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးမှာ နံပါတ်တစ်လို့ လူသိများခဲ့သည်။ ဒီလိုလူသေးသေးလေးနဲ့ ယှဉ်ပြိုင်ဖို့ ကြီးကျယ်ခမ်းနားတဲ့ အရူးဧကရာဇ်က တန်ဖိုး ဘယ်ရှိတော့မလဲ။

"မင်း ဘာသဘောလဲ? ပြိုင်မှာလား မပြိုင်ဘူးလား?"

ကောင်လေးက သူ့ကို လျစ်လျူရှုပြီး တိုက်ရိုက်ထိုင်နေတာကို မြင်လိုက်ရတော့ လျိုကျိုက်မင်မှာ သူ့ရင်ထဲ ဒေါသမီးတွေ တဟုန်းဟုန်းတောက်လောင်လာပြီး မျက်လုံးတွေက နှင်းတွေလို အေးစက်သွားသည်။

"စီနီယာ.... သူစီနီယာကို ပြိုင်ဝံ့မယ် မထင်ဘူး!"

"ဟုတ်တယ်.... သူက ဖိရွှယ်နယ်ပယ်က ကလေးတစ်ယောက်ပဲ....ဆက်ဆံရေးကို အားကိုးပြီး တပည့်ဖြစ်လာခဲ့တာလေ သူ့ရဲ့ တကယ့်အစွမ်းသတ္တိက ပြောဖို့တောင် မထိုက်တန်ဘူး!"

"ယန်ယီး....အန်းရွှိထောင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဥ်တွေကို ကျွန်တော် ကြည့်ပြီးပါပြီ..... အားလုံးက သူ့ရဲ့ ကြိုတင်ပြင်ဆင်မှု မရှိဘဲ အနိုင်ယူဖို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တာကြောင့်ပဲ!"

"သူရဲဘောကြောင်တဲ့ကောင်!"

"သူ့ကိုယ်သူသိလို့ စီနီယာနဲ့ မပြိုင်ရဲတာ သေချာတယ်... အဲဒါကြောင့် သူသဘောမတူရဲတာလေ"

.......

လျိုကျိုက်မင်၏ စိန်ခေါ်မှုကို လျစ်လျူရှုကာ တိုက်ရိုက်ထိုင်နေတဲ့ ကောင်လေးကို မြင်လိုက်တိုင်း လူတိုင်း အထင်အမြင် သေးသွားကြသည်။

စိန်ခေါ်မှုကို လက်ခံခြင်း သို့မဟုတ် သဘောတူခြင်း မရှိပါက သူသည် သူရဲဘောကြောင်ပြီး ကြောက်လန့်နေတာ သေချာပါသည်။

အရင်ကတော့ အားလုံးက လုရွှမ်ကို အနောက်တံခါးက ဖြတ်သွားတယ်လို့ ထင်ပြီး ကြည့်နေကြသည်။ ဒီမြင်ကွင်းကို မြင်တော့ သူတို့ရဲ့ ခန့်မှန်းချက်ကို ပိုပိုပြီး အတည်ပြုလိုက်ကြလေ၏။

"ဒီနေ့က ဂုဏ်ပြုပွဲနေ့မို့ ဆရာကြီးဟူယွင်ကို မနှောက်ယှက်ချင်ဘူး.....အဲဒါကြောင့် ငါမင်းကို ဒီတစ်ခေါက် လွှတ်ပေးလိုက်မယ်....နောက်တစ်ခါ စကားကောင်းကောင်း မပြောရင် လွယ်တော့မှာ မဟုတ်ဘူး... စည်းကမ်း နဲ့ ကျင့်ဝတ်တွေက ဘာတွေလဲဆိုတာ သိအောင် သင်ပေးလိုက်မယ်...."

ဒီနေ့ အောင်ပွဲခံတဲ့ပွဲဆိုတာ အမှတ်လိုက်ရတော့ လျိုကျိုက်မင်မှာ စိတ်ဆိုးပေမယ့် ဆရာဟူယွင်ကို စိတ်မပျက်စေချင်လို့ လုရွှမ်ကို စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။

"တကယ့် အရူးပဲ!"

သူ့ခြိမ်းခြောက်သံကို ကြားတော့ လုရွှမ် ခေါင်းခါလိုက်သည်။

သူ့ကို ဂရုမစိုက်တာ ပျင်းလွန်းလို့ ဆိုတာကို မသိမှတော့ အရူးမဟုတ်လို့ ဘာဖြစ်မှာလဲ?။

"မင်း……"

လျိုကျိုက်မင်သည် ရှက်ရွံ့ကာ ဒေါသဖြစ်လုဆဲဆဲတွင် အသံတစ်ခုကို ကြားလိုက်ရပြီး ခြေသံတစ်သံ ကြားလိုက်ရသည်ါ

"လူတိုင်း ဒီကိုရောက်နေပုံရတယ်.... အရမ်း စည်ကားနေတာပဲ!"

All Chapters