← Chapters

ဂိုဏ်းဆရာနှင့်တိုက်ပွဲ (ပထမပိုင်း)

Vol. 10 Ch. 141

ဂိုဏ်းဆရာနှင့်တိုက်ပွဲ (ပထမပိုင်း)

Vol. 10 Ch. 141

အတုတံဆိပ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သည် ကြီးမားသော ခွန်အား၅၀၀၀ ရှိသည်။ သို့သော် ဂိုဏ်းဆရာနယ်ပယ် ရောက်ဖို့အတွက်ဆို ခွန်အား၁၀၀၀၀ ရှိရမည်။ ကွာဟချက်မှာ အင်မတန် များပေ၏။

လုရွှမ်သည် လက်ရှိတွင် ခွန်အား ၃၁၃၀၏ အစွမ်းအစကို အစွမ်းကုန် ကြိုးစား၍ စွမ်းဆောင်နိုင်သည်။ ဤကဲ့သို့သော ခွန်အားဖြင့် သန်မာသော ဂိုဏ်းဆရာနယ်ပယ်နှင့် ယှဉ်ပြိုင်ရန် အိပ်မက်တစ်ခု မဟုတ်သည်မှာ သေချာပါသည်။

သို့သော် ရတနာ သို့မဟုတ် ယင်းယန်အကယ်ဒမီ၏ ခွဲတမ်းနေရာများထဲမှ တစ်ခုအား လက်လွှတ်မခံစေချင်ရင် သူတောင့်ခံထားရမည်။

"ဘာလက်နက်လိုလဲ"

ခန်းမအလယ်မှာ ရပ်နေတဲ့ ဆရာကြီး ဟူယွင်က သူ့ရှေ့ကခေါင်းမာတဲ့ လူငယ်ကို ကြည့်လိုက်သည်။

ဂုဏ်သရေရှိတဲ့ ဆရာက ကျောင်းသားတစ်ယောက်ကို လက်ဗလာနဲ့ တိုက်ခိုက်ခိုင်းမယ်ဆိုရင် အရမ်း ရက်စက်ရာကျမည်လေ။

"ကျွန်တော် စမ်းကြည့်ချင်တယ်....လက်နက်မလိုဘူး"

လုရွှမ်က ဆို၏။

"တော်တော်လေး ဟန်ဆောင်တာပဲ!"

"ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ? စမ်းကြည့်တာတောင် လက်နက်သုံးဖို့ မလိုဘူးတဲ့ လက်နက်ကို ဘယ်လိုသုံးရမလဲ မသိလို့ဖြစ်မှာပေါ့!"

"လက်နက်ကို ဘယ်လိုသုံးရမှန်းကို မသိပေမယ့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်လောက်တော့ မကောင်းပါဘူး....ဒီလူက ပြိုင်ပွဲမှာ လက်နက်ကို တစ်ခါမှ မသုံးဘူး... ဘယ်လိုသုံးရမယ်ဆိုတာ မသိတာ သေချာတယ်!"

"ဟုတ်တယ်... သက်ဆိုင်တဲ့ ကိုယ်ခံပညာ မရှိရင်... လက်နက်ရဲ့ အကျိုးသက်ရောက်မှုက လျော့သွားလိမ့်မယ်.... သူက ဟန်ဆောင်နေတာ မဟုတ်ရင် သူ့ကိုယ်သူ အရူးလုပ်နေတာပဲ ဖြစ်ရမယ်..."

……

လူတိုင်း ရယ်မောလိုက်ကြသည်။

ပွဲအစကတည်းက လုရွှမ်သည် မည်သည့် လက်နက်ကိုမှ မသုံးခဲ့ပေ။

လက်နက်များသည် လူတစ်ဦး၏ တိုက်ခိုက်ရေး အကွာအဝေးကို တိုးမြှင့်နိုင်သော်လည်း ၎င်းတို့တွင် လိုက်ဖက်သော ကိုယ်ခံပညာ စွမ်းရည်မရှိပါက ၎င်းတို့ကို အသုံးမပြုနိုင်ဘဲ အသုံးပြုခြင်းထက် အကျိုးသက်ရောက်မှုက ပိုဆိုးလေသည်။

"ကောင်းပြီ မင်းငါ့သိုင်းကွက်ကို ခုခံနိုင်မလား ကြည့်ရသေးတာပေါ့!"

ဆရာကြီးဟူယွင်သည် လက်ဖဝါးကို ပေါ့ပါးစွာ မြှောက်ကာ သူ့ဆီကို တိုက်ရိုက် ပစ်ခွင်းလိုက်သည်။

ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်သော်လည်း သူရဲ့အင်အား ၂၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့သည်။

"ခွန်အား ၃၀၀၀ ကျော်လား?"

လုရွှမ်သည် လက်ဖဝါး၏ စွမ်းအားကို ချက်ချင်း ထိုးဖောက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဆရာဟူယွင်၏ လက်ဝါးအားသည် အတုတံဆိပ်နယ်ပယ်က ကျန်းရွှင်း၏ တိုက်ခိုက်မှုနှင့် လုံးဝကွဲပြားပါသည်။

ကျန်းရွှင်း နှင့် အခြားသူများ၏ တိုက်ခိုက်ခြင်းသည် စွန်ပလွံသီးများကို ပစ်ပေါက်ခြင်းကဲ့သို့ပင်။ ကြိုတင် ပြင်ဆင်ထားသရွေ့ ၎င်းတို့ကို လုံးဝ ရှောင်ရှားနိုင်သော်လည်း သခင်များကြား ခြားနားချက်မှာ လက်ဖဝါးပုံများသည် သူ့တို့အတွေးအတိုင်း လမ်းကြောင်း ပြောင်းသွားနိုင်သည်။

သူတို့ကို ရှောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

"နဂါးဆင် ရွှေလက်ဝါး ဒုတိယအဆင့်.... ဆင်သံချပ် ရွှေကိုယ်ထည် ဒုတိယအဆင့်!"

သူ မရှောင်နိုင်မှန်းသိသဖြင့် လုရွှမ်သည် ရှောင်တိမ်းရန် စိတ်မ၀င်စားတော့ပေ။ သူသည် ခြေနှစ်ဘက်လုံးဖြင့် မာကျောသော မြေပြင်ပေါ်သို့ နင်းကာ မျက်ခုံးပင့်၍ လှိုင်းလုံးကြီးကဲ့သို့ သူ၏လက်ဖဝါးပေါ်မှ စွမ်းအားများကို ချက်ချင်း ပစ်လွှတ်လိုက်လေသည်။

ဗုန်း!

လက်ဖဝါး ပုံရိပ်များသည် လုရွှမ်၏ လက်မောင်းကို ထိသွား၏။

ဖျောက် ဖျောက် ဖျောက် ဖျောက်!

သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်ချီနှင့် သွေးများ တုန်ခါသွားသဖြင့် လုရွှမ်သည် ခုနစ်လှမ်း ရှစ်လှမ်း ဆက်တိုက် နောက်ပြန်ဆုတ်သွားပြီး နောက်မှသာ အနည်းငယ် သက်တောင့်သက်သာ ခံစားရလေသည်။

ကျန်းရွှင်း၏ လက်ဖဝါးပုံနှိပ်အား ရိုင်းစိုင်းသော စွမ်းအားဖြင့် ဖြိုဖျက်နိုင်သော်လည်း ဆရာဟူယွင်၏ စွမ်းအားကို ခုခံနိုင်စွမ်းမှာ အနည်းငယ်မှ မရှိပေ။

အကြောင်းမှာ ၎င်း၏ ဝိညာဥ်စွမ်းအင် အစစ်အမှန်မှာ ပိုထူပြီး လက်ဖဝါးပုံနှိပ်ခြင်းသည် ပိုမိုခိုင်မာသောကြောင့် ဖြစ်သည်။

ကျောက်တုံးကို ချည်နဲ့ရိုက်သလိုမျိုး အရင်တုန်းကထက် ပိုနာကျင်တာ သိသာလေ၏။

ဆရာကြီးဟူယွင်၏ လက်ဖဝါးပုံများသည် ကျောက်တုံးများနှင့် တူပြီး ကျန်းရွှင်းသည် ချည်ကဲ့သို့ပင် ဖြစ်သည်။ တူညီသော စွမ်းအားရှိသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ လုံးဝကွဲပြားပါသည်။

သို့သော် နဂါးဆင်ရွှေလက်ဝါး၏ ဒုတိယအဆင့်နှင့် ဆင်သံချပ် ရွှေကိုယ်ထည်၏ ဒုတိယအဆင့်ကို မှီခိုနေရပြီး စွမ်းအား၃၀၀၀က ကြောက်စရာကောင်းသော်လည်း အနည်းငယ် ခုခံနိုင်ဆဲဖြစ်သည်။

"သူ ခုခံနိုင်သွားတာလား?"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါသာ ကန့်ရှင်းဓား၁၃ကွက်ကို သုံးရင်တောင် ဒီလက်ဖဝါးပုံနှိပ်က တားလို့မရဘူး....သူက ကာယခွန်အားတစ်ခုတည်းနဲ့ တွန်းလှန်နိုင်တယ်??"

လျိုကျိုက်မင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာ ကြည့်ရင်း ဘေးတွင် ထိုင်နေခဲ့ရာ ဆရာကြီးဟူယွင်သည် ထိုကဲ့သို့ အစွမ်းထက်သော လက်ဖဝါးရိုက်နှိပ်မှုကို မြင်လိုက်ရပြီး ကောင်လေးမှာ သွေးအန်သွားလိမ့်မည်ဟု ထင်ကာ ခုခံရန်လည်း ခက်ခဲမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။

အောင်အောင်မြင်မြင် ခုခံထားနိုင်ခဲ့ပြီး သူတို့အားလုံး တုန်လှုပ်ချောက်ချား သွားစေသည့် အဆိုပါအသုံးအနှုန်းသည် မယုံနိုင်ခြင်းများနှင့် ပြည့်နေ၏။

အထူးသဖြင့် လျိုကျိုက်မင်သည် အတုတံဆိပ်နယ်ပယ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သော်လည်း ဓားကျွမ်းကျင်မှုကို အားကိုး၍ပင် ခွန်အား၁၀၀၀၏ အစွမ်းသတ္တိကိုသာ ပြသနိုင်ခဲ့သည်။

အစွမ်းထက်တဲ့ လက်ဖဝါးနှိပ်တဲ့ ကျွမ်းကျင်မှုကို ခဏလောက် ခုခံနိုင်ရင်တောင် ဒဏ်ရာ ရသွားလိမ့်မည်။ ဒါပေမဲ့ ဒီလူငယ်က ရုတ်တရတ် ပိတ်ဆို့လိုက်သည်။

ဖြစ်နိုင်ပါ့မလား? ထိုသူက သူ့ထက် တကယ်ကို သန်မာနေတာလား?

မဖြစ်သင့်ဘူးလေ!

ငါက အကယ်ဒမီလေးခု ပြိုင်ပွဲမှာ နံပါတ်တစ်ပဲ!

"သူတကယ် အင်အားကြီးတယ် ဆိုရင် အခုနက ဘာလို့မတိုက်ခိုက် ရဲရတာလဲ? သူက ငါ့ပြိုင်ဘက် မဟုတ်ဘူးလို့ ခံစားနေရတာပဲကို...လက်ဖဝါးပုံနှိပ်ကို တားဆီးနိုင်ဖို့က အရေးကြီးတဲ့ အခိုက်အတန့်ပဲ..ဆရာဟူယွင်က သူ့အပေါ် သက်ညှာနေတာပဲ ဖြစ်ရမယ်"

လျိုကျိုက်မင် တိတ်တဆိတ် တွေးနေလိုက်သည်။

လုရွှမ်သည် သူခုခံနိုင်စွမ်း မရှိသော တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဟု သူ မယုံခဲ့သေးပေ။

ဒီလူက ဒီလိုမျိုး ခွန်အားတွေ တကယ်ရှိတယ်ဆိုရင် အခုနက တိုက်ဖို့ စိန်ခေါ်ထားတဲ့ သူ့ကို ဘာကြောင့် သဘောမတူခဲ့တာလဲ?

"အင်း မဆိုးဘူး!"

ဆရာကြီးဟူယွင်သည် မူလက သူ၏ အင်အား၏ 20% က လုရွှမ်ကို ထိခိုက်နိုင်သည်ဟု ထင်သောကြောင့် သူတို့အဖွဲ့က ထွက်ခွာရန် အစီအစဉ်ကို စွန့်လွှတ်ရလိမ့်မည်ဟု ထင်ထားသော်လည်း ခြေလှမ်း အနည်းငယ်သာ နောက်ပြန်ဆုတ်ကာ သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

ဒီလူငယ်က သူထင်ထားတာထက် ပိုအစွမ်းထက်ပုံပဲ။

ဒီလိုတွေးလိုက်မိတော့ သူ့မျက်နှာပေါ်က အထင်ကြီးမှုတွေက ပိုအားကောင်းလာခဲ့သည်။ ဒီလိုလူမျိုးကို သူတို့အကယ်ဒမီကို ခေါ်သွားရမည်။ လုံးဝ လက်လွှတ်လိုက်လို့ မဖြစ်ချေ။

"ငါ အခုနက ငါ့ရဲ့ အင်အားရဲ့ 20% ပဲ သုံးခဲ့တာ.... အခု ငါ ခွန်အားရဲ့ 50% ကို သုံးတော့မယ် မင်း ဆက်လုပ်ချင်တာ သေချာလား?"

ဆရာကြီးဟူယွင်က မေး၏။

"ဆက်လုပ်ပါ!"

လုရွှမ်သည် သူ့အသက်ရှူမှုကို ချိန်ညှိကာ ငြိမ်သက်စွာ ရပ်နေသည်။

"အင်း.... သတိထားပါ!"

ဆရာကြီးဟူယွင်သည် သူ၏ အင်အား ၅၀ ရာခိုင်နှုန်း သုံးမယ်လို့ ပြောပြီးတာတောင် တစ်ဖက်က ဆက်ခုခံမည်ကို မြင်လိုက်ရပြီး မျက်ခုံးပင့်ကာ နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

ဗုန်း!

စွမ်းအင်သည် တိမ်တိုက်ကဲ့သို့ ဖြစ်၍ လေသည် ထူထပ်သော ညှဉ်းဆဲမှုအောက်တွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာကာ လက်ဖဝါးပုံရိပ် ထွက်ပေါ်မလာခင် မြေကြီးပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်လာသည်။

ခွန်အား၇၅၀၀။ အတုတံဆိပ်နယ်ပယ်တွင် အတော်အတန် အားကောင်းပြီး ပြီးပြည့်စုံသော သူများသာ ပြသနိုင်သော စွမ်းအားများ ဖြစ်နေသည်။ လုရွှမ်သည် ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သာဖြစ်လို့ ကွာဟချက်မှာ အလွန်ကြီးမားပါသည်။

"နောက်ဆုတ်!"

ဒီလိုစွမ်းအားမျိုးကို သူ ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာ သိထားတဲ့ လုရွှမ်ဟာ မဆိုင်းမတွဘဲ သူ့ခြေဖဝါးကို နင်းပြီး နောက်ပြန်ပြေးသွားသည်။

"ပြန်သွား!"

တစ်ချိန်တည်းမှာပင် သူ၏ခြေဖဝါးနှင့် မြေပြင်ပေါ် စောင့်နင်းလိုက်သည်။

ဝုန်း!

အင်အားကြီးမားသော တွန်းအား၏ သက်ရောက်မှုအောက်တွင် ကျောက်ထွင်းကြမ်းပြင်မှ ကျောက်ပြားများ မြင့်တက်လာပြီး လက်ဖဝါးပုံများဆီသို့ ပျံသန်း ပြေးသွားကြသည်။

၎င်းသည် စွမ်းအား၇၅၀၀ လက်ဖဝါးပုံ တံဆိပ်ဖြစ်သော်လည်း သာမာန်တိုက်ပွဲများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် အားနည်းနေသေးသည်။ နောက်ဆုံးတွင် လက်ဖဝါးပုံရိပ်သည် အလွန်လျင်မြန်ပြီး ၎င်းကို ဖြည်းညှင်းစွာ ချေမှုန်းရန် မဖြစ်နိုင်ပေ။

ဆရာဟူယွင်ရဲ့ ရည်ရွယ်ချက်က သူ့ကို မတော်တဆ ထိခိုက်ဒဏ်ရာရအောင် မလုပ်ဘဲ လုံးလုံး အရှုံးပေးလိုက်ဖို့ပဲ ဖြစ်သည်။

"စိတ်ဝင်စားစရာပဲ!"

ကောင်လေးသည် လက်ဗလာဖြင့် မြေပြင်ပေါ်ရှိ ကျောက်ပြားများကို ပစ်လွတ်လိုက်ကာ သူ့တိုက်ကွက်ခွန်အားကို လျော့ပါးစေခဲ့သည်။ ဆရာကြီးဟူယွင်က အပြုံးဖြင့် ခေါင်းညိတ်ပြသော်လည်း သူ မရပ်တန့်သေးဘဲ လက်ဖဝါးပုံနှိပ်က ရှေ့သို့ ဆက်လက်ရွေ့လျားသွားသည်။

ဖောင်း! ဖောင်း! ဖောင်!

ကျောက်ပြားချပ်များသည် လက်ဖဝါးပုံရိပ်နှင့် ဆက်တိုက် ထိတွေ့ခဲ့သော်လည်း ရလဒ်ကောင်း လုံးဝမရှိဘဲ ၎င်းတို့အားလုံးသည် လေထဲက ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လက်ဝါးအရိပ်သည်သာ ရှေ့သို့ ဆက်လက်ရွေ့လျား သွားခဲ့သည်။

သို့သော်လည်း ကျောက်ပြား တစ်ဒါဇင်ကျော်ဖြင့် ဆီးတားထားခြင်းကြောင့် ကြံ့ခိုင်မှုမှာ သိသိသာသာ အားနည်းသွားသော်လည်း ခွန်အား၅၀၀၀ ကျော်က ကျန်ရှိ ခိုင်ခံ့နေဆဲဖြစ်သည်။

"ဖျက်!"

ဆုတ်ခွာရန် နည်းလမ်းမရှိမှန်း သိသဖြင့် လုရွှမ်သည် တုံ့ဆိုင်းမနေဘဲ နဂါးဆင် ရွှေလက်ဝါး၏ ဒုတိယအဆင့်ဖြင့် ရင်ဆိုင်လိုက်သည်။

ဗုန်း!

ပါးစပ်က သွေးတွေ ထွက်လာပြီး လူတစ်ကိုယ်လုံး မြေပြင်ကိုကျောဖြင့် ထိခတ်ပြီး မီတာဆယ်ချီ အဝေးအထိ ခုန်လွင့်သွားသည်။

"မင်းတို့နှစ်ယောက်.... သူ့ကိုကူညီပြီး ပြန်သက်သာလာဖို့အတွက် ရထားလုံးပေါ် တင်လိုက်ကြ!"

ထိုလူငယ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်လိုကိရတော့ ဆရာဟူယွင်က ခေါင်းယမ်းကာ အမိန့်ပေးလိုက်သည်။

အရည်အချင်းက အလွန်အားကောင်းပေမယ့် ခွန်အားက အားနည်းနေပါသေးသည်။

"မလိုဘူး……"

လုရွှမ်ကို သယ်ဖို့ လူနှစ်ယောက် ပြေးလာကြစဥ် ရှုံးနိမ့်မှုကို ဝန်ခံရန် ငြင်းဆန်သည့် လူငယ်၏ အသံက တစ်ဖန် ထွက်ပေါ်လာပြီး ချက်ချင်းပင် အနည်းငယ် ဖျော့တော့သော အသွင်က မတ်တပ်ရပ်ရန် ကြိုးစားလာတာ တွေ့ရ၏။

"ငါ တောင်ခံနိုင်သေးတယ်!"

All Chapters