ဘုရင်မင်းမြတ်နှင့်တွေ့မည်
Vol. 10 Ch. 143
ဓားနှလုံးသား စွမ်းအင်ကို ထုတ်လွှတ်နိုင်သည့် ပါရမီရှင် တစ်ဦးသည် အကယ်ဒမီ၏ အတွင်းခန်းထဲ၌ပင် ထိပ်တန်းရောက်ရှိ နေမည်မှာ သေချာလေသည်။
ဤကဲ့သို့သော ပါရမီရှင်ဂိုဏ်းထဲသို့ သူဝင်သည်နှင့် တပြိုင်နက် ထိုအဆင့်မြင့်သော စွမ်းအားရှင်များက ဝန်းရံလာတာနဲ့ သူ့လိုလက်ထောက် တစ်ဦးအလှည့်ကိုပင် မရောက်နိုင်မှာ စိုးရသည်။
ဒီတခေါက် ကျန်းဝူအင်ပါယာလို ဝေးလံခေါင်သီတဲ့ အရပ်ကို အပို့ခံလိုက်ရတော့ ခက်ခက်ခဲခဲ အလုပ်တစ်ခုလို့ ထင်ခဲ့ရပြီး အရည်အချင်းရှိတဲ့ ပါရမီရှင်တွေ မတွေ့နိုင်ဘူးဟုပင် ထင်မိသည်။
ကြမ်းတမ်းလှတဲ့ ကျောက်စိမ်းတုံးကြီး ကြီးကြီးမားမား ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။
အံ့သြမှုနဲ့အတူ ကြည့်နေစဥ် ဓားရှည်က မရပ်တန့်ဘဲ သူ့ဆီကို ရောက်လာနေပြီ။ မလှုပ်ရှားပါက သူဒုက္ခရောက်သွားနိုင်သည်။
သူက မျက်ခုံးပင့်ပြီး လက်ကိုဝေ့ယမ်းလိုက်သည်။
သူ၏ ခွန်အား၇၀ ရာခိုင်နှုန်းသည် လေထဲတွင် ကြည်လင်သော လက်ဖဝါးပုံနှိပ်ကို ဖန်တီးလိုက်ကာ ရှည်လျားသော ဓားရှည်နှင့် တိုက်မိသွားသည်။
ဝုန်း!
ရှည်လျားသော အသံနှင့်အတူ ဓားရှည်သည် မြေပြင်ပေါ်သို့ ချက်ချင်းထိုးကျသွားကာ လုရွှမ်သည် ယခင်ကကဲ့သို့ လွင့်ပျံသွားခဲ့သည်။
သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ ဆရာကြီးဟူယွင်ရဲ့ သက်ညှာမှုကြောင့်လား တခြားအကြောင်းတွေကြောင့်လား မသိပေမယ့် သူ လွင့်ပျံသွားရုံပဲ ဖြစ်ကာ ဒဏ်ရာမရခဲ့ချေ။
"ကောင်းပြီ! ကောင်းပြီ!"
နေရာတွင် ရပ်တန့်နေနိုင်သော လူငယ်ကို မြင်ရတော့ ဆရာကြီးဟူယွင် ပို၍ ကျေနပ်လာသည်။
သူသည် သက်ညှာလိုက်သည်ဟု အခြားသူများက ထင်ကောင်းထင်ကြသော်လည်း ထိုသို့မဟုတ်ကြောင်း သူသိသည်။
ယခုပင် လူငယ်သည် သူ၏ တိုက်ခိုက်စွမ်းအား အားလုံးကို ဆွဲဆောင်ရန် လူနှင့် ဓားကို ပေါင်းစပ်ရန် လှည့်ကွက်ကို အသုံးပြုခဲ့ပြီး သူ၏ လက်ဖဝါးကို မြှောက်လိုက်ပြီး နောက်မှသာ ရှည်လျားသော ဓားရှည်ကြီးကို ခုခံလိုက်နိုင်သည်။
သာမန်အားဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်များ စွန့်ပစ်ခြင်းသည် မိမိကိုယ်ကို သတ်သေခြင်း နှင့် တူညီသည်။
ယခုမူ ၎င်းသည် သဘောတူညီချက် တစ်ခုသာဖြစ်ပြီး နောက်ဆုံးလှုပ်ရှားမှုလည်း ဖြစ်သည်။ ရှည်လျားသော ဓားသည် တိုက်ခိုက်မှု စွမ်းအားအားလုံးကို ဆွဲဆောင်နိုင်ပြီး သူကိုယ်တိုင်လည်း လျင်မြန်စွာ ပြန်ဆုတ်သွားရကာ ဓားကိုခုခံရန် ခွန်အား 70% ကို သုံးခဲ့သည်။
တစ်ဖက်ကတော့ ထိခိုက်မှု လုံးဝမရှိပေ။
သူ့ရဲ့ကျွမ်းကျင်မှုကို သုံးပြီး မိမိ၏တိုက်ကွက် ၃ကွက်ကို ခုခံနိုင်ခဲ့တာကြောင့် ကောင်လေးသည် သူတို့နဲ့အတူ လိုက်ရန် မလိုတော့ချေ။
"မင်းက ငါ့ရဲ့တိုက်ကွက် ၃ကွက်ကို ခုခံနိုင်ခဲ့တယ်.... အခုကစပြီး ကျောင်းစမတက်ခင် အချိန်အထိ မင်းလုပ်ချင်တာ မှန်သမျှကို ငါအနှောင့်အယှက်ပေးမှာ မဟုတ်ဘူး.... ဒါပေမယ့် ကျောင်းမစခင် အကယ်ဒမီကို မင်းရောက်အောင်လာရမယ် ဆိုတာ သတိရပါ..."
ဆရာကြီးဟူယွင်က ပြုံးပြီး ခေါင်းညိတ်သည်။
တိုက်ကွက်သုံးကွက် အစီအစဉ်မှာ သူရှုံးသွားပေမယ့် စိတ်အနှောင့်အယှက် မဖြစ်ဘဲ ပျော်ရွှင်နေ၏။
ပါရမီရှင်တစ်ဦးသည် အခြားသူများနှင့် မတူဘဲ ကွဲပြားနေသင့်သည်။ သူသည် လူတိုင်းကဲ့သို့ နာခံမှုရှိနေလျှင် အခြားသူများကို ကျော်လွန်ပြီး မသေနိုင်သော ဒဏ္ဍာရီလာ ဖြစ်လာအောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း။
"သက်ညှာတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး!"
လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် လှုပ်ရှားမှု သုံးကွက်ကို ခုခံနိုင်သော်လည်း တစ်ဖက်က သက်ညှာပေးနေကြောင်း သူသိသည်။ သို့မဟုတ်ပါက တတိယလှုပ်ရှားမှုတွင် လှည့်ကွက်တစ်ခုကို အသုံးပြုခဲ့သော်လည်း ထိုဆရာကြီးသည် လျင်မြန်စွာ စီရင်ဆုံးဖြတ်ပြီး တိုက်ခိုက်မှု၏ ဦးတည်ချက်ကို ပြောင်းလဲနိုင်ဆဲဖြစ်ကြောင်း သူသိသည်။
"သူအနိုင်ရခဲ့တာလား?"
"ဘယ်လိုဖြစ်တာလဲ……"
.......
လူတိုင်းက ဒီမြင်ကွင်းကို မျက်စိထဲမှာ မြင်ရပေမယ့် မယုံနိုင်ကြဘူး။
ဂိုဏ်းဆရာအဆင့်ရှိ လူကြီးတစ်ဦးကို အကယ်ဒမီသို့ မဝင်ရသေးသော လူငယ်တစ်ယောက်သည် အမှန်တကယ် အနိုင်ရခဲ့သည်တဲ့။
ဒါက အရင်ကလုံးဝ မထင်မှတ်ထားတဲ့ အရာပဲ။
ယခင်အချိန်က လူငယ်လေးအား ကြည့်နေသော လူတိုင်း၏ အကြည့်များသည် မထီမဲ့မြင်ပြုခြင်း မရှိတော့ဘဲ လေးစားမှုများ ပြည့်နှက်လာသည်။
ပြိုင်ဘက်ဖြစ်စေ မဖြစ်စေ ထိုကဲ့သို့သော လူငယ်သည် ၎င်းတို့၏ လေးစားမှုကို ခံထိုက်ပေသည်။
.......
တစ်ဖက်လူရဲ့ သဘောတူချက်ကို ကြားတော့ လုရွှမ်က သက်ပြင်းတစ်ချက်ချကာ ထိုင်ခုံနေရာသို့ ပြန်သွားပြီးမှပဲ သူ့တစ်ကိုယ်လုံး ပြိုလဲသွားသလို ခံစားလိုက်ရသည်။ သူ့ဒဏ်ရာတွေကို ပြန်လည်ကောင်းမွန်စေဖို့အတွက် ဆေးလုံးတစ်လုံး သောက်လိုက်ပြီးမှ ပိုသက်တောင့်သက်သာ ခံစားလာရသည်။
"သခင်လေး...သခင်လေး ဘယ်သွားမလို့လဲ? ကျွန်တော် လိုက်ခဲ့မယ်..." လျောက်ချင်းကပြောသည်။
သူသည် အကဲဖြတ်ခြင်းကိုလည်း အောင်မြင်ခဲ့ပြီး ယင်းယန်အကယ်ဒမီ၏ တပည့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရလို့ လူတိုင်းနှင့် သေချာပေါက် ထွက်ခွာသွားတော့မည် ဖြစ်သော်လည်း ယခုလုရွှမ်သည် အတူတူ မရှိသောကြောင့် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
"မဟုတ်ဘူး.... ငါ့မှာ အရေးကြီးတာတွေ လုပ်စရာရှိတယ်... မင်းရဲ့ လက်ရှိ ခွန်အားက ငါ့ကို အများကြီး မကူညီနိုင်ဘူး.... ဆရာကြီးဟူယွင်ရဲ့နောက်ကို လိုက်သွားပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ....ပြီးတော့ တစ်လတ်စတည်း ယင်းယန်အကယ်ဒမီရဲ့ အခြေအနေအကြောင်း စုံစမ်းထားပေး!! ငါရောက်လာတဲ့အချိန် လိုက်လျောညီထွေ ဖြစ်အောင်လို့"
လုရွှမ် ခေါင်းယမ်းရင်း ရှင်းပြလိုက်သည်။
လျောက်ချင်းသည် သူ့ကဲ့သို့ပင် ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သာ ဖြစ်သည်။ အရင်အချိန်ကဆို သူ့ကိုများစွာ ကူညီပေးနိုင်သော်လည်း အခုတော့ လုံလောက်အောင် မကူညီပေးနိုင်တော့ချေ။
အနားမှာထားဖို့ ဆရာကြီးဟူယွင်ကို တောင်းဆိုမယ့်အစား သူ့ကိုယ်သူ တိုးတက်လာစေဖို့ ယင်းယန်အကယ်ဒမီကို သွားခွင့်ပြုလိုက်တာက ပိုကောင်းပါ၏။ ဒါကသူ့အတွက်လည်း အကူအညီ ဖြစ်လာနိုင်သည်။
"ကောင်းပါပြီ!"
လျောက်ချင်းသည် သူ၏ ကြံ့ခိုင်မှု လုံလောက်မှု မရှိသည်ကို သိသောကြောင့် ထပ်မပြောတော့ပေ။
"စိတ်မပူပါနဲ့.....မုယန်ဖုန်း ငါ့အနားမှာ ရှိမှာမလို့ ပြဿနာ ကြီးကြီးမားမား ရှိမှာမဟုတ်ဘူး!"
သူ့မျက်လုံးထဲက စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသဖြင့် လုရွှမ် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
မုယန်ဖုန်းသည် ယခုအခါ အတုတံဆိပ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ၎င်းကို ကောင်းမွန်စွာ လေ့ကျင့်ပေးနေသရွေ့ ယခင် အတုတံဆိပ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။
သူ့လက်ထဲက ဝိညာဥ်ချီဆေးလုံးနှင့် ထပ်တိုး ပေါင်းစပ်လိုက်ရင် သူ့ထက်စောပြီး ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်ကျော်သွားနိုင် လိမ့်မည်။
သူ့ကာကွယ်မှု အောက်မှာဆို သူသည် ပို၍လုံခြုံလိမ့်မည်။
"အင်း!" လျောက်ချင်း ခေါင်းညိတ်လိုက်သည်။
လုရွှမ်ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားတဲ့အခု ပရိတ်သတ်များသည် မိမိကိုယ်ကို ထူးခြားတဲ့ ပါရမီရှင်တွေလို့ ထင်နေကြပြီး လုရွှမ်သည် လျိုကျိုက်မင်အားလည်း အနိုင်မယူနိုင်ဟု ထင်ထားသည်။
သို့သော် ဒီတိုက်ပွဲကို မြင်ပြီးသွားတဲ့ နောက်မှာတော့ သူတို့ သိလိုက်ကြသည်မှာ သူတို့နှင့် စစ်မှန်သော ပါရမီရှင်များကြားတွင် ဤတွင်းနက်ကြီးနှင့် တူသော ကွာဟချက် ရှိနေသေးသည် ဟူ၍ပင်။
ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဓာတ်များသည် တစ်ယောက်စီတိုင်း၏ နှလုံးသားတစ်ခုစီတွင် လောင်ကျွမ်းသွားသည်။
အထူးသဖြင့် အကြိမ်ကြိမ် မျက်နှာကို ဖြတ်ရိုက်ခံရသော လျိုကျိုက်မင်သည် သူ့ကို ယုံကြည်မှု မပျက်စေဘဲ အံကြိတ်လိုက်၍ တီးတိုးရွတ်ဆိုလိုက်၏။
"လုရွှမ်.... မင်းဘာပဲလုပ်လုပ် ကျောင်းမစခင် နှစ်လလောက်အလိုမှာ မင်းငါ့ကို အထင်ကြီးပြီး လေးစားလာစေရမယ်... ငါက စော်ကားလို့မရတဲ့ ပါရမီရှင်တစ်ယောက်ပဲ!"
......
မကြာခင်မှာပဲ ညစာစားပွဲ ပြီးသွားတော့ အားလုံးက ဆရာကြီးဟူယွင်ကို နှုတ်ဆက်ပြီး သွားဖို့ ပြင်ဆင်ကြလေသည်။
လုရွှမ်လည်း ခန်းမထဲမှ လှမ်းထွက်လာပြီး ပြန်ထွက်လာခဲ့သည်။သူ ခြေလှမ်းအနည်းငယ် မလှမ်းမီတွင် သူ့နောက်မှ လျင်မြန်သော ခြေသံများ ထွက်ပေါ်လာပြီး လေသံတစ်ခုနဲ့အတူ ဘေးတွင် လှပသော အသွင်အပြင်က သူ့ရှေ့တွင် ရပ်နေသည်။
"လုရွှမ်....ရှင်ကျွန်မကိုပြော! အဲဒီဆူးယာကိုရှာဖို့ ဝူယန်အင်ပါယာကို သွားချင်နေတာမလား?"
မင်းသမီးလော့ရုံသည် သူ့ကို အနီးကပ် စိုက်ကြည့်နေသည်။
အကြောင်းတစ်ခုခုကြောင့် ထိုလုလင်သည် ဆူးယာအတွက် အန္တရာယ်ထဲ ခုန်ဆင်းခဲ့သည်ဟု တွေးတောမိသော်လည်း ဆရာကြီးဟူယွင်၏ လက်သုံးချောင်းကို လက်ခံလိုက်သောအခါတွင် သူမသည် စကားမပြောနိုင်လောက်အောင် စိတ်မသက်မသာ ခံစားခဲ့ရသည်။
ဘာအကြောင်းကြောင့်လဲ ဆိုတာလည်း မပြောနိုင်ဘူး။
"ဆူးယာကို ရှာရမယ်? သူ့ကိုရှာပြီး ဘာလုပ်ရမှာလဲ?"
လုရွှမ် အံ့အားသင့်သွားသည်။
ဆူးယာက ဝူယန်အင်ပါယာမှာညရှိမှန်းသိပေမယ့် သူမကိုရှာဖို့ မလိုဘူးလေ။
ဤလူသည် သူ့ဘဝတွင် ဖြတ်သန်းသွားသူသာ ဖြစ်သည်။
"တကယ် မဟုတ်ဘူးလား?"
လူငယ်က မဟုတ်ဘူးလို့ ပြောတာကိုကြားတော့ အကြောင်းပြချက် မည်မည်ရရ မရှိပါဘဲ ကျေနပ်သွားကာ။
"မဟုတ်ဘူးဆို ဝူယန်အင်ပါယာကို ဘာသွားလုပ်မှာလဲ?"
"မင်းကို သတင်းပို့စရာ မလိုဘူး ထင်တယ်!"
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
ဒီကောင်မလေးက ဘာဖြစ်နေတာလဲ။ သူဘယ်သွားသွား သူမအပူပါလို့လား။
"ရှင်...."
မင်းသမီးလော့ရုံသည် သူမ၏ စိုးရိမ်မှုကို မမြင်ဘဲ တစ်ဖက်သား၏ သဘောထားမှာ ဒေါသထွက်စေတာကြောင့် သူမ၏ ငွေသွားများကို ကိုက်လိုက်သည်။
ဒီကောင်က တော်တော် ရက်စက်တာပဲ!
ဒီလိုလှပတဲ့ မိန်းကလေး တစ်ယောက်နဲ့ စကားပြောနေရတာကို သူ့ဦးနှောက်က ပျက်သွားတာလား ဒါမှမဟုတ် သံချေးတက်နေသလား။
"ကောင်းပါပြီ ဟိုကိုသွားပြီး ရှင်ဘာလုပ်ချင်လဲ ဂရုမစိုက်တော့ဘူး... သတိထား!"
မကြာမီ လမ်းခွဲတော့မည်ဟု တွေးတောရင်း မင်းသမီးလော့ရုံသည် ဒေါသကို ပြန်ထိန်းလိုက်သည်။
“အို ဟုတ်သားပဲ.... ကျွန်မခမည်းတော်က ရှင့်ကို တွေ့ချင်လွန်းလို့ နန်းတော်ထဲမှာ စောင့်နေတာ.. ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မတို့အင်ပါယာရဲ့ ကုန်းအဆင့်ပဲလေ....မထွက်ခွာခင် ဘုရင်မင်းမြတ်ကိုတော့ သွားတွေ့လိုက်ပေါ့!"
"သူငါ့ကိုတွေ့ချင်တယ်? အင်း! ဒါဆို ငါသွားတွေ့လိုက်မယ်!"
ဘုရင်မင်းမြတ်၏ ကယ်တင်ခြင်းအတွက် အလွန်ကျေးဇူးတင်ရှိ၍ တစ်ဖက်လူက သူ့ကို တွေ့ချင်သောကြောင့် မထွက်ခွာမီ လူချင်းတွေ့ပြီး နှုတ်ဆက်သင့်ပေသည်။