ထွက်ခွာခြင်း
Vol. 10 Ch. 144
မင်းသမီးလော့ရုံက လမ်းကို ဦးဆောင်သွားသဖြင့် နန်းတော်ထဲသို့ ဝင်ရန် ပိုမိုလွယ်ကူသွားသည်။
"ညီလေးလုရွှမ်... မင်းရောက်လာပြီ!"
နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် အကျွမ်းတဝင်ရှိသော အသွင်အပြင်သည် လုရွှမ်အား အပြုံးဖြင့် လှမ်းကြည့်လာသည်။
မတိုင်ခင်က ဖန်းရှစ်မှာ တွေ့ခဲ့တဲ့ လုံဟိုင်ပဲ ဖြစ်သည်။ ကျန်းဝူဘုရင် လော့လင်၏ မွေးရပ်ဇာတိမှာ လုံဟိုင်တောင်တန်းမှ ဖြစ်ပေ၏။
"အကူအညီအတွက် ဘုရင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်....မဟုတ်ရင် ကျုပ်မနေ့ညက ထုံးရွှမ်နယ်ပယ်ကို အဆင့်တက်ဖို့တောင် ရှင်သန်နိုင်မှာ မဟုတ်ဘူး...."
လုရွှမ်သည် သူ့လက်သီးများကို ဆုပ်လျက် ဂါဝရပြုလိုက်သည်။
ကျေးဇူးတရားသည် ကြင်နာခြင်း၊ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး ကြင်နာမှုဖြင့် သူ့အပေါ် ကျေးဇူးပြုခဲ့သူကို မည်သည့်အခါမျှ ငြင်းပယ်မည် မဟုတ်ပေ။
"တကယ်တော့ ကျုပ်အကူအညီ မပါဘဲလည်း ညီငယ်လုရွှမ်က အန္တရာယ်ကို ကိုယ့်ဘာသာသူ ဖြေရှင်းနိုင်မှာပါ....ဒီလိုစကားက နည်းနည်းတော့ မလိုအပ်ဘူးထင်တယ်!"
လော့လင်က ပြုံးပြီးဆို၏။
"ဒီအကြောင်း မပြောတော့ဘူး...အစကတည်းက မင်းနဲ့တွေ့ဖို့ စီစဉ်ထားတာ... မင်း ယင်းယန်အကယ်ဒမီကို မသွားဘဲ ဝူယန်အင်ပါယာကို သွားမယ်လို့ ကြားတယ်....အတော်ပဲ ဝူယန်ဘုရင်မင်းမြတ်နဲ့ ငါက အသိအကျွမ်း ဟောင်းတွေပါ..... ဒါက ငါ့ကိုကိုယ်စားပြုတဲ့ နဂါးတံဆိပ်ပြားပဲ.... မင်းယူသွားလိုက်... မင်း အဲဒီကို ရောက်လာတဲ့အခါ အခက်အခဲတွေ ကြုံလာရင် ဘုရင်မင်းမြတ်ဆီ တိုက်ရိုက်သွားပြီး အကူအညီ တောင်းလို့ရတယ်"
သူစကားပြောနေစဉ်တွင် လော့လင်သည် တန်ခိုးအာနုဘော်ကြီးသော နဂါးရုပ်ကြီးကို ရေးထွင်းထားသည့် ကျောက်စိမ်းပြား တစ်ပြားကို ပေးအပ်လိုက်သည်။
ဤအရာသည် ရိုးရှင်းသည် မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံနဲ့ သိနိုင်သည်။
"အရှင့်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးပါပဲ"
ဝူယန်အင်ပါယာ ရတနာက ဘယ်မှာရှိမှန်း မသိပေမယ့် ဒီအရာက သူ့အတွက် အဆင်ပြေစေမယ့် အရာပဲမို့ လုရွှမ် ဟန်ဆောင်မနေဘဲ ချက်ချင်းယူလိုက်သည်။
"ဘုရင်မင်းမြတ်က အတုတံဆိပ်နယ်ပယ်မှာ ပိတ်မိနေပြီး မဖြတ်ကျော်နိုင်ဘူးလို့ ကြားမိတယ်.....ကျုပ်မှာ ပစ္စည်းတစ်ခု ရှိတယ် ဘုရင်မင်းမြတ်ကို ကူညီနိုင်လိမ့်မယ် ထင်ပါတယ်"
သူ့ရင်ခွင်ထဲက ဆေးလုံးတစ်လုံးကို ထုတ်ပြီး ကမ်းပေးလိုက်သည်။
ဝိညာဥ်ချီဆေး။
ဘာပဲဖြစ်ဖြစ် သူ့မှာ ဒီဆေးလုံးသုံးလုံးရှိပြီး မုယန်ဖုန်းအတွက် တစ်ခုဆို လုံလောက်ပါပြီ။
"ဒါက... ဝိညာဥ်ချီဆေး?"
လော့လင် လန့်သွားပြီး သူ၏ ခန္ဓာကိုယ်သည် အလိုအလျောက် တုန်လှုပ်သွားသည်။
ဤအရာသည် အတုတံဆိပ်နယ်ပယ်က လူတိုင်း အိပ်မက်မက်နေသော ရတနာဖြစ်သည်။ သူသည် ဘုရင်မင်းမြတ် ဖြစ်လျှင်ပင် ဝယ်မရနိုင်ပေ။ ထိုလူငယ်ကို မက်မောခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပေးလိုက်သည်။
ဒီအရာနဲ့ ယှဉ်လိုက်ရင် အရင်က သူပေးခဲ့တဲ့ ကြင်နာမှုဟာ သိပ်ကို သေးငယ်လွန်းတယ်။ ပြောမပြထိုက်ဘူး။
"ဒါ...ဒီအရာက အရမ်းတန်ဖိုး ရှိလွန်းတယ်! ငါမယူနိုင်ဘူး..."
ဘုရင်ကြီးလော့လင်က အလျင်စလို ငြင်းလိုက်သည်။
"အဂ္ဂိရတ်ဆေးလေး တစ်လုံးပါပဲ....ကျုပ်ခွန်အားတွေ တိုးလာရင် အနှေးနဲ့အမြန် သန့်စင်နိုင်မှာမလို့ အဖိုးမတန်ပါဘူး ယူထားပါ...."
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူပေးဖို့ ရည်ရွယ်ထားတဲ့ အရာကို ပြန်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ခဏကြာ စကားစမြည် ပြောပြီးနောက် လုရွှမ် နန်းတော်မှ ထွက်လာခဲ့သည်။
လော့လင်လည်း မတက်နိုင်ခဲ့။
သူ့ရှေ့က လူငယ်လေးဟာ နဂါးတစ်ကောင်ဖြစ်ကြောင်း သူသိလိုက်ပြီ။ မကြာခင်မှာပင် တိမ်တွေကို ဖြတ်ကျော်လို့ ကောင်းကင်ကို ပျံတက်ကာ စိတ်ကူးတောင် မယဉ်နိုင်သော နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်သွားလိမ့်မည်။
နန်းတော်မှထွက်ပြီး လုရွှမ်သည် ဖန်းရှစ်သို့သွားကာ ယွမ်ဟုန်ကို တွေ့ရှိပြီး ကတ်ထဲမှငွေအားလုံးကို ရွှေစအဖြစ်လဲလှယ်ကာ ကျောက်စိမ်းပြားထဲတွင် ထည့်ထားသည်။
ဖန်းရှစ်ရှိ အမြင့်ဆုံးကတ်ကို ကျန်းဝူအင်ပါယာတွင် အသုံးပြုနိုင်သော်လည်း အခြားအင်ပါယာများသို့ သွားပါက ရွှေစများကိုသာ အသုံးပြုနိုင်သည်။
အခု သူ့လက်ထဲမှာ ပိုက်ဆံရှိတော့ ပိုက်ဆံမရှိတဲ့ ဘဝမှာ မနေချင်တော့ဘူး။
ယွမ်ဟုန်ကို တစ်နာရီကျော်ကြာ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။ ၎င်း၏ အရည်အချင်းသည် အမှန်တကယ် ကောင်းမွန်ပါသည်။ သူ၏ လမ်းညွှန်မှုအောက်တွင် အဆင့်၅ ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
အဆင့်၅ ဆေးလုံးကို သန့်စင်နိုင်ခြင်းကြောင့် အဆင့်၅ အဂ္ဂိရတ်ပညာရှင် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
"မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားကို ဘယ်လိုထိန်းရမလဲဆိုတာနဲ့ အဂ္ဂိရတ်ပညာအတွက် ထိုးထွင်းသိမြင်မှုအချို့ကို အထောက်အကူ ဖြစ်စေမယ့် စာအုပ်ပဲ.... သေချာလေ့ကျင့်ကြည့်ပါ....သေချာပေါက် တိုးတက်လာမယ်လို့ အာမ မခံနိုင်ပေမယ့် အနည်းဆုံးတော့ မင်းရဲ့အဂ္ဂိရတ်ပညာအတွက် ကောင်းမွန်တဲ့ အကူအညီ ဖြစ်လိမ့်မယ်!"
မသွားခင် လုရွှမ်က ယွမ်ဟုန်ကို စာအုပ်တစ်အုပ် ပေးခဲ့သည်။
ဤကာလအတွင်း ယွမ်ဟုန်သည် သူ၏ "ဆရာသခင်" ကိုကြောက်ရခြင်း အကြောင်းများ ရှိသော်လည်း သူ့ကိုအမှန်တကယ် ကူညီပေးခဲ့တာကြောင့် လုရွှမ်စိတ်ထဲ မှတ်ထားလေသည်။
အကယ်ဒမီကို ပြန်ရောက်တော့ လော်ယန်ချင်းကို တွေ့ပြီး ဝိညာဥ်ချီဆေး တစ်လုံးကို ပေးခဲ့လိုက်သည်။
အိပ်ဆောင်ကို ပြန်သွားပြီး ယွမ်ချောင်နဲ့ ရန်းလင်းကိုလည်း နှုတ်ဆက်ခဲ့သည်။
ဤလူနှစ်ဦးသည် သူ၏ လေ့ကျင့်ရေး နည်းလမ်းတွေကိူ ရရှိပြီးနောက် တောက်ပသော အနာဂတ်ကို ရရှိလိမ့်မည် ဖြစ်သောကြောင့် ၎င်းတို့အတွက် စိတ်ပူစရာ မလိုပါ။
အားလုံး ပြင်ဆင်ပြီးသောအခါ လုရွှမ်သည် အဝတ်အစား၊ ဝိုင်ကောင်းကောင်းနှင့် အစားအသောက်များစွာကို ဝယ်ပြီး ကျောက်စိမ်းပြားထဲက နေရာတွင် ထည့်ထားလိုက်သည်။
"သတိထားသွားပါ... ဒါကငါ့ကို ကိုယ်စားပြုတဲ့ တံဆိပ်ပြားပဲ... ယင်းယန်အကယ်ဒမီကို ရောက်တဲ့အခါ မင်းငါ့ဆီ တိုက်ရိုက်လာနိုင်ပြီး မင်းအတွက် စာရင်းသွင်းတဲ့ လုပ်ငန်းစဉ်တွေကို ငါလုပ်ထားပေးမယ်... ဒါပေမဲ့ နှစ်လအတွင်း မင်းအဲဒီကိုရောက်အောင် သွားရမှာကိုတော့ သတိရပါ...."
ဆရာကြီး ဟူယွင်က ရှင်းပြသည်။
လုရွှမ်က ခေါင်းညိတ်ပြီး ဘာမှမပြောတော့ဘဲ လူတိုင်းကို နှုတ်ဆက်ပြီး မုယန်ဖုန်းနဲ့ အရှေ့ဖက်ကို တိတ်တဆိတ် ထွက်သွားလေသည်။
ဦးတည်ရာ အရပ်သည် ဝမ့်ဖုန်းချိုင့်ဝှမ်း ဖြစ်သည်။ ယခင်က ဤနေရာကို ရောက်ခဲ့စဥ်က တန်းလိနယ်ပယ်က ကလေးငယ်သာသယ ရှိသေးသော်လည်း ယခုမူ ထုံးရွှမ်နယ်ပယ်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းကိုတွေးတောခြင်းသည်ရှက်စရာကောင်းသည်။
"တကယ့်တိုက်ပွဲက စပြီ!"
ဝမ့်ဖုန်းချိုင့်ဝှမ်းကြားရှိ မရေမတွက်နိုင်သော တောကောင်ကြီးများကို ကြည့်ရင်း လုရွှမ် ကျေနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
သန်မာသော သူသာလျှင် စစ်တိုက်ရာတွင် အနိုင်ရလိမ့်မည်။
ဓားတစ်ချောင်းဟာ အဆက်မပြတ် သွေးနေမှ ထက်လာသကဲ့သို့ တိုက်ပွဲတွင်လည်း မရပ်မနား လေ့ကျင့်နေမှသာ သန်မာခြင်းနှင့်အတူ အားကောင်းလာမည် ဖြစ်သည်။
…………………………………
ဗုန်း!
အဆင့်၇ တောရိုင်းသားရဲတစ်ကောင် အသက်မရှူနိုင်ဘဲ မြေပြင်ပေါ်တွင် လဲကျနေသည်။
"မဆိုးဘူး.... ဒီရက်အနည်းငယ် လေ့ကျင့်မှုက ငါ့ရဲ့လေ့ကျင့်မှုကို ပိုခိုင်မာလာစေတယ်.... အတုတံဆိပ်နယ်ပယ်ကို အချိန်မရွေး ဖြတ်ကျော်သွားနိုင်မှာကိုတောင် ကြောက်ရတယ်..."
မြေပြင်ပေါ်တွင် လဲလျောင်းနေသော အသေကောင် သားရဲကို ကြည့်ရင်း လုရွှမ် ပြုံးလိုက်သည်။
ဝမ့်ဖုန်းချိုင့်ဝှမ်းထဲသို့ သူဝင်လာခဲ့သည်မှာ ခုနစ်ရက် ရှိပြီ။
လွန်ခဲ့သည့် ခုနစ်ရက်အတွင်း ၎င်းတို့နှစ်ဦးသည် တောက်လျှောက် ရှေ့ကို တိုးလာခဲ့ကြသည်။ ချိုင့်ထဲသို့ ပိုနက်သထက် နက်လာသောအခါ သားရဲများ၏ ခွန်အားသည် ပိုမိုအားကောင်းလာပြီးရင်း အားကောင်းလာခဲ့သည်။
၎င်းတို့ရောက်ရှိချိန်တွင် တွေ့ဆုံရသော သားရဲများ အဆင့်၇ ဝန်းကျင်ရှိနေပြီဖြစ်သည်။
အဆင့်၇ သားရဲကြီးသည် အတုတံဆိပ်နယ်ပယ်ရှိ လူသားတစ်ဦးနှင့် ညီမျှသည်။ အနီးကပ်တိုက်ပွဲတွင် ၎င်းသည် အဆများစွာ အားကောင်းပေသည်။
လုရွှမ်သည် အစပိုင်းတွင် ၎င်းကို တိုက်ခိုက်ရန် အလွန်ခက်ခဲပါသည်။ ရက်ပေါင်းများစွာ ဆက်တိုက် လေ့ကျင့်ပြီးနောက်တွင် သူသည် ဤအဆင့်ရှိ သားရဲကြီးတစ်ကောင်ကို သူ့ဘာသာသူသတ်နိုင်နေပြီ ဖြစ်သည်။
သူ တိုးတက်လာရုံ သာမက မုယန်ဖုန်း၏ ခွန်အားလည်း များစွာ တိုးလာကာ လုရွှမ်မှ ညွှန်ကြားပေးသော လေ့ကျင့်ရေး နည်းလမ်းများကို သေချာစွာ လေ့ကျင့်ခဲ့သည်။
ပိုမိုအဆင့်မြင့်သော နည်းလမ်းတစ်ခုမှာ မျှော်လင့်ထားသည့် အတိုင်း စတင်သည်နှင့် တပြိုင်နက် သူ၏ခွန်အားသည် အတုတံဆိပ်နယ်ပယ်၏ အထွတ်အထိပ် အတားအဆီးများကို ဖြတ်ကျော်ကာ ပြီးပြည့်စုံသော အဆင့်သို့ တိုးမြှင့်သွားလေပြီ။
ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိရန် အချိန်၂ရက်မျှ ယူခဲ့ရသည်။
"ဒါက ဝိညာဉ်ချီဆေးပါ....ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်ကျော်ဖို့ ကျုပ်ပြောခဲ့တဲ့ နည်းလမ်းအတိုင်း အခုပဲ သုံးလိုက်ပါ...မတော်တဆမှု မရှိပါဘူး အနည်းဆုံး 70% အောင်မြင်ဖို့ အခွင့်အရေး ရှိတယ်!"
သားရဲတွေကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် သူတို့နှစ်ယောက်ဟာ ဝိုင်၊ အစာတွေနဲ့ ဗိုက်ပြည့်နေခဲ့သည်။ ထိုအချိန် လုရွှမ်က နောက်ဆုံး ဝိညာဥ်ချီဆေးကို ပေးလိုက်သည်။
မုယန်ဖုန်းတွင် သူ့ညွှန်ကြားချက်တွေကို ရှိပြီး ဝိညာဥ်ချီဆေး၏ အကူအညီဖြင့် ဤနှစ်အတွင်း လေ့ကျင့်လိုက်ရင် ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်ကျော်ဖို့ မခက်ခဲချေ။
သူ့စိတ်ဆန္ဒနှင့် နှလုံးသားပေါ်တွင် မူတည်ပါ၏။
"ကျေးဇူးတင်ပါတယ် သခင်လေး"
မုယန်ဖုန်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း သူ့အနေအထားကို ပြင်ကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
တစ်နာရီကြာသောအခါတွင် သူသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အထွတ်အထိပ်သို့ရောက်ရှိသွားသည်ဟု ခံစားလာရတော့မှ ပါးစပ်ကိုဖွင့်ကာ ဝိညာဥ်ချီ ဆေးလုံးကို မျိုချလိုက်သည်။
ဆေးလုံး သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားသည်နှင့် ရုန်းကြွနေသော စွမ်းအင်များက သူ့တစ်ကိုယ်လုံးကို ပြည့်စေပြီး အလွန် အစွမ်းထက်လာသည်ဟု ခံစားရစေသည်။
"ဒီဝိညာဥ်ချီဆေးက တကယ်ကို အစွမ်းထက်တာပဲ..."
မုယန်ဖုန်း၏ မျက်လုံးများ တောက်ပလာတဲ့ သူ့ခန္ဓာကိုယ် အတွင်းပိုင်းက ခွန်အားရော လေ့ကျင့်မှု စွမ်းအင်တွေပါ တိုးတက်လာခဲ့သလို ခံစားရလာ၏။
"ငါလည်း လေ့ကျင့်ရမယ်...အချိန်ဆွဲနေလို့ မရဘူး...."
သူဖြတ်သွားသည်ကို မြင်တော့ လုရွှမ်လည်း ပြုံးကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ဝူအဆင့်၇ အတုတံဆိပ်နယ်ပယ်ကို ဖြတ်ကျော်ဖို့ ပြင်ဆင်လိုက်ပေ၏။
ဘာသာပြန်သူ မှတ်ချက်....
Arc 1 ကဒီမှာ အဆုံးသတ်သွားပါပြီ။ မူရင်းအာသာက arc 4ခုခွဲထားတယ် Arc တစ်ခုဆုံးတိုင်း အပိုင်း၁ကနေ ပြန်စထားတဲ့အတွက် ဘာသာပြန်သူလည်း မူရင်းအာသာအတိုင်းပဲ အပိုင်းထိုးပါမယ်
ဥပမာ
arc (1) = 1 to 144
arc (2) = 1 to 94
arc (3) = 1 to 230
arc (4) = 1 to end
မူရင်းအာသာ အပိုင်းထိုးထားပုံတွေပါ