← Chapters

အခန်း (၉၃၉)

Vol. 68 Ch. 939

အခန်း (၉၃၉)

Vol. 68 Ch. 939

“ဟားဟား၊ ကောင်းတယ်။ သူက ဝိညာဉ်ဓားကို ခံစားသွားရအောင် လုပ်နိုင်တာပဲ”

ခန္ဓာကိုယ်ကြံ့ခိုင်သော အင်မော်တယ်သခင်ဟူယွမ်က ကျယ်လောင်စွာရယ်မောလိုက်ပြီး လက်ဝါးကို လက်သီးဖြင့် ထိုးချသည်။

တခြားလူများ၏ မျက်လုံးများကလည်း တောက်ပသွားကြသည်။

“နောက်ဆုံးတော့ သင်္ချိုင်းအင်မော်တယ်မြို့တော်ရဲ့ စစ်ကူတွေက နည်းနည်း အစွမ်းအစရှိလာပြီ”

အင်မော်တယ်သခင်ထိုက်ဟယ်က တည်ငြိမ်သောမျက်နှာထားဖြင့် ဟန်မူယဲ့၏နောက်တွင်ရှိသော ဓားကျင့်ကြံသူများကို ကြည့်သည်။ သူ့အသံက အေးစက်နေသည်။

သူ့အသံက အေးစက်နေသော်လည်း တခြားလူများက ပြုံးလိုက်ကြသည်။

အင်မော်တယ်သခင်ထိုက်ဟယ်ကပင် အစွမ်းအစရှိသည်ဟု ပြောခဲ့သောကြောင့် ထိုဓားကျင့်ကြံသူများက အမှန်တကယ် အားကောင်းလိမ့်မည်။

“ဝိညာဉ်ဓား၊ အင်မော်တယ်သင်္ချိုင်းမြို့တော်က အရေးကြီးတယ်။ စစ်ကူတွေကို မနှောင့်ယှက်နဲ့”

ရှေ့တွင်ရပ်နေသော အင်မော်တယ်သခင် ယွီဟယ်က တည်ငြိမ်စွာပြောသည်။

လေဟာနယ်ထဲတွင် အင်မော်တယ်အလင်းများသည် လောကကို ဖိနှိပ်ထားသည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်၏ ဓားအလင်းက ပျောက်ကွယ်သွားသည်။

“ကောင်လေး၊ မင်းရဲ့ဓားချက်က ကောင်းတယ်။ နောက်ထပ်နှစ်လနေရင် တိုက်ခိုက်ဖို့ ငါ့ကို လာရှာပါ”

ဝိညာဉ်ဓားရွှေအင်မော်တယ်၏အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။

“ယွင်လန် သိပါပြီ”

သူက ခါးမတ်လိုက်ပြီး လက်မြှောက်သည်။ ကျောက်စိမ်းဓားအလင်းက ဖဲကြိုးအဖြစ် ပြောင်းလဲသွားပြီး သူ့ဆံပင်ကို ပြန်လည်စည်းနှောင်လိုက်သည်။

ဖဲကြိုး ပြန်ရောက်လာသောအခါ ဟန်မူယဲ့၏မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။

လွန်ခဲ့သောနှစ်တွင် စုစည်းထားခဲ့သော ဓားဆန္ဒက ပျောက်ကွယ်မသွားပဲ ပိုမိုအားကောင်းလာသည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်က သူ၏ ဓားဆန္ဒကို ကုန်ဆုံးမသွားစေပဲ ထပ်မံအားဖြည့်ပေးခဲ့သည်။

ဟန်မူယဲ့က ပြုံးသည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်က မျိုးဆက်သစ်များကို သင်ပြပေးနေသော ဓားတာအို၏ အကြီးအကဲတစ်ယောက်ပင် ဖြစ်သည်။

ဝိညာဉ်ဓား၏ စွမ်းအားသည် ဟန်မူယဲ့၏ နှစ်ဝက်စုဆောင်းမှုနှင့် တူညီသည်။

....

ဝိညာဉ်ဓားရွှေအင်မော်တယ်က ဟန်မူယဲ့နှင့် စစ်ကူများကို သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ဗဟိုချက်ဖြစ်လာအောင် လုပ်သွားခဲ့သည်။

ရှေ့ဆုံးတွင်တိုက်ခိုက်နေသော စစ်တပ်မှလွဲ၍ ကျန်နေရာများတွင် ဆွေးနွေးသံများဖြင့် ဆူညံနေသည်။

ယွင်လန်ဓားအင်မော်တယ်က ဝိညာဉ်ဓားရွှေအင်မော်တယ်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။ သူက သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် မည်မျှကြာအောင် ရှင်သန်မည်နည်း။

....

ဟန်မူယဲ့နှင့် ဓားဂိုဏ်း၏တပည့်များက မြို့ထဲသို့ ဝင်သွားပြီး သင်္ချိုင်းအင်မော်တယ်မြို့တော်ဟု အမည်ပေးထားသော အကြောင်းအရင်းကို နားလည်သွားသည်။

မြို့တော်သည် မှုန်မှိုင်းနေပြီး နံရံတံတိုင်းများတွင် အစိမ်းရောင်ကျောက်ပြားများကို ထည့်သွင်းထားသည်။

ထို‌ကျောက်ပြားပေါ်တွင် နာမည်များကို ရေးထိုးထားသည်။

“ကျောက်နံရံပေါ်မှာ မှတ်သားထားတဲ့ နာမည်တွေက သင်္ချိုင်းအင်မော်တယ်မြို့တော်မှာ နှစ်ပေါင်းများစွာကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဖူယွီအင်မော်တယ်ကမ္ဘာက ကျင့်ကြံသူတွေပဲ”

“သူတို့ထဲမှာ ၉၉%က သေဆုံးသွားကြပြီ”

ထိုစကားကြောင့် ဓားဂိုဏ်းမှ တပည့်အများစုက မျက်နှာထား ပြောင်းလဲသွားသည်။

၉၉%က သေဆုံးသွားသည်။ ထို့ကြောင့် သူတို့ လူနှစ်ထောင်ကျော်ထဲတွင် လူတစ်ဒါဇင်ခန့်သာ ရှင်သန်နိုင်လိမ့်မည်။

ဟန်မူယဲ့တို့ကို လမ်းပြနေ‌သော တာအိုတန်ခိုးရှင်က အပြုံးတစ်ခုနှင့်အတူ ရှေ့သို့ ညွှန်ပြလိုက်ပြီး ပြောသည်။

“ဒီနာမည်တွေကြောင့် ကမ္ဘာခြားသားရဲတွေနဲ့ နတ်ဘုရားလောကရဲ့ ကျွမ်းကျင်သူတွေက သင်္ချိုင်းအင်မော်တယ်မြို့တော်ကို ထိုးဖောက်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာကို ဝင်မလာနိုင်ခဲ့ဘူး”

“မင်းတို့ရဲ့နာမည်ကို ရေးထိုးလိုက်ပါ”

“ဒါက ဒီမြို့မှာ ကျန်နေခဲ့မယ့် တစ်ခုတည်းသောအရာ ဖြစ်နိုင်တယ်”

ထို့နောက် သူက ရပ်တန့်လိုက်ပြီး ညင်သာစွာပြောသည်။

“ဒါက ဂုဏ်ကျက်သရေတစ်ခုလည်း ဖြစ်တယ်”

သင်္ချိုင်းအင်မော်တယ်မြို့တော်၏ နံရံတံတိုင်းများတွင် နာမည်ချန်ထားနိုင်ခြင်းသည် ဂုဏ်ယူစရာတစ်ခု ဖြစ်သည်။

အနည်းဆုံး သူတို့က ဤနေရာသို့ ရောက်လာခဲ့သည်ဟု ပြောနိုင်သည်။

သူတို့က ဤနေရာတွင် ရှိနေခဲ့သည်။

ဟန်မူယဲ့က ရှေ့တိုးသွားပြီး နံရံတွင်ရှိနေသော စာလုံးများကို ကြည့်သည်။

“ဖူယွီအင်မော်တယ်ပြက္ခဒိန်ရဲ့ နှစ်ပေါင်း ၃၅သိန်း။ တိမ်တိုက်ကြိုးကြာတာအိုဂိုဏ်းရဲ့ ကျူးကွမ်ရှို့”

“ဖူယွီအင်မော်တယ်ပြက္ခဒိန်ရဲ့ ၄၅,၈၆၀နှစ်၊ သွေးစစ်ပွဲဂိုဏ်းရဲ့ လင်းထုံ”

“ဖူယွီအင်မော်တယ်ပြက္ခဒိန်ရဲ့ ၅၅,၃၄၁နှစ်၊ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျင်းဟောင်”

....

ဟန်မူယဲ့က လက်မြှောက်ပြီး ထိုနာမည်များကို ထိတွေ့ကြည့်သည်။

မှုန်ဝါးနေသော ထိုနာမည်များသည် အလေးချိန်တစ်ခုကို ထုတ်လွှတ်နေသည်။

ဂုဏ်သိက္ခာ ဖြစ်သည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် နာမည်ရေးထိုးနိုင်ခြင်းသည် ဂုဏ်သိက္ခာတစ်ခု ဖြစ်သည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် အသက်စွန့်ပြီး ဂုဏ်ကျက်သရေကို ရရှိခဲ့သည်။

သူ့လက်ချောင်းတွင် အစိမ်းရောင်ဓားအလင်းတစ်ခု ပေါ်လာပြီး နံရံတွင် စာလုံးများကို ချန်ထားခဲ့သည်။

“ဖူယွီအင်မော်တယ်ပြက္ခဒိန်ရဲ့ ၆၄,၃၆၁နှစ်၊ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ဟန်မူယဲ့”

သူ့နောက်တွင် လက်ရွေးစင်တပည့်များက ရှေ့တက်လာပြီး နာမည်ကို ရေးထိုးလိုက်ကြသည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ စုကျန်း ....

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ပိုင်ထူ ....

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ချန်စစ်ရွှေ ....

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ယွီရှုလင် ....

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ခူရှု ....

....

ကျောက်ချန်က တုံ့ဆိုင်းစွာ ရှေ့တက်လာပြီး ဟန်မူယဲ့ကို တီးတိုးပြောသည်။

“အစ်ကိုကြီး၊ ကျွန်တော့်နာမည်ကို ချန်ထားခဲ့ရမလား”

“မင်းသဘောပဲ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ကျောက်ချန်က တုံ့ဆိုင်းနေပြီး နောက်ပြန်ဆုတ်သည်။

“ထားလိုက်ပါတော့။ ကျွန်တော်က စီးပွားရေးလုပ်ဖို့ ရောက်လာတာ”

သူတို့ကို လမ်းပြနေသော တာအိုတန်ခိုးရှင်က ရှေ့ဆက်သွားလိုက်ပြီး ရှင်းပြနေသည်။

“သင်္ချိုင်းအင်မော်တယ်မြို့တော်ကို သင်္ချိုင်းနတ်ဘုရားမြို့တော်လို့ ခေါ်သင့်တယ်”

“ငါတို့က အဲဒီလို ခေါ်ပေမဲ့ အပြင်လူတွေကတော့ မသိကြဘူး”

တာအိုတန်ခိုးရှင်က ဂုဏ်ယူနေသောအသံဖြင့်‌ ပြောသည်။

“နတ်ဘုရားကမ္ဘာရဲ့ ကျူးကျော်သူတွေကို ခုခံဖို့အတွက် ဒီမြို့ကို တည်ဆောက်ထားတယ်’

“ဒီနေရာမှာ ကျူးကျော်သူတွေကို မြှုပ်နှံထားခဲ့တယ်”

သင်္ချိုင်းအင်မော်တယ်မြို့တော်သည် အလွန်ကြီးမားပြီး ဒေသတစ်ခုထက် ပိုကျယ်သည်။ ဤနေရာသည် မြို့တစ်မြို့ထက် စစ်တပ်စခန်းနှင့် တူသည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ သက်ရှိသန်းသုံးထောင်က စစ်တပ်ဝင်္ကပါကို ဖွဲ့စည်းပြီး ဤမြို့တွင် နေထိုင်ကြသည်။ သူတို့က ကိုယ်ပိုင်ခွန်အားဖြင့် မြို့စောင့်ဝင်္ကပါကို အရင်းအမြစ် ထောက်ပံ့‌ပေးသည်။

ထိုအရင်းအမြစ်ကို ကိုယ်တိုင်အမဲလိုက်ပြီး သိမ်းယူရန် လိုအပ်သည်။

လမ်းပြပေးနေသော တာအိုတန်ခိုးရှင်ဝူကျိက ရှင်းပြသည်။ သူက လက်မြှောက်ပြီး ရွှေရောင်နတ်စွမ်းအားကို ထုတ်ဖော်သည်။

“ဒီဟာပဲ”

နတ်ဘုရားရင်းမြစ်ချီ ဖြစ်သည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်၏ တစ်ဝက်ကို နတ်ဘုရားကမ္ဘာ၏ ကောင်းကင်စက်ဝန်းအက်ကွဲကြောင်းအတွင်း၌ တည်ဆောက်ထားသည်။ ထို့ကြောင့် နတ်ဘုရားစွမ်းအားကို စုပ်ယူနိုင်သည်။

ကျောက်ချန်က တောက်ပနေသော မျက်လုံးများဖြင့် နတ်စွမ်းအားကို ကြည့်နေသည်။

ထိုပစ္စည်းကို ဖူယွီအင်မော်တယ်ကမ္ဘာသို့ ပြန်ပို့နိုင်လျှင် အလွန်အမြတ်ရလိမ့်မည်။

အင်အားစုများက ထိုပစ္စည်းအတွက် ပြင်းထန်စွာ ယှဉ်ပြိုင်ကြလိမ့်မည်။

သူတို့က မိုင်ထောင်ချီအကွာအထိ ရှေ့ဆက်လာခဲ့သော်လည်း အဆုံးမရှိသော အဆောက်အအုံများကို မြင်နေရသည်။ သို့သော် ပျက်စီးနေသော အရိပ်အယောင်ကိုလည်း ထင်ရှားစွာ မြင်လိုက်ရသည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်၏ လူဦးရေအနည်းငယ်ကသာ ခုခံကာကွယ်ရန်အတွက် ရောက်လာသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ကျွမ်းကျင်သူအများစုသည် မြို့ထဲတွင် နေထိုင်ပြီး အမွေအနှစ်ကို လက်ဆင့်ကမ်းပေးရန် ရွေးချယ်ခဲ့ကြသည်။

တာအိုတန်ခိုးရှင်ဝူကျိ၏ စကားအရ သင်္ချိုင်းအင်မော်တယ်မြို့တော်ကို စောင့်ကြပ်ပြီး ထွက်သွားခဲ့သော ကျွမ်းကျင်သူများသည် ကျင့်ကြံခြင်းလမ်းစဉ် အဆုံးသတ်သွားသောအခါ ဤနေရာတွင် သေဆုံးရန် ပြန်ရောက်လာကြသည်။

ထိုအကြောင်းပြချက်ကြောင့်လည်း သင်္ချိုင်းအင်မော်တယ်မြို့တော်ဟု အမည်တွင်လာခဲ့သည်။

“သွေးစွန်းခံပြီး ကာကွယ်ခဲ့ရတဲ့နေရာကို ဘယ်သူက လက်လွှတ်ခံနိုင်မှာလဲ”

တာအိုတန်ခိုးရှင်ဝူကျိက ညင်သာစွာ သက်ပြင်းချလိုက်သည်။

ကောင်းကင်ထက်တွင် အလင်းစီးကြောင်းများကို မြင်နိုင်သည်။

နတ်ဘုရားအလင်းနှင့် အင်မော်တယ်အလင်းသည် လှုပ်ရှားနေသည်။

တိုက်ပွဲတစ်ခု ဖြစ်သည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်ကို ဖျက်ဆီးပစ်ချင်ပုံရသော ကောင်းကင်အား ထိုးခွဲလာသည့် နတ်ဘုရားအလင်းကို မြင်နိုင်သည်။

ကောင်းကင်ထက်တွင်ရှိသော အလင်းရောင်ကို မြင်လိုက်ရသောအခါတွင် လက်ရွေးစင်တပည့် အများစုက ဓားအလင်းကို ထုတ်လွှတ်လိုက်ကြသည်။

သို့သော် သူတို့က ရှေ့တန်းသို့ ချက်ချင်းမသွားခဲ့ကြပေ။

သူတို့အတွက် ပြင်ဆင်ရန် ဆယ်ရက်အချိန်ရှိသည်။

“တိုက်ပွဲက အန္တရာယ်များတယ်။ ဂရုစိုက်ကြပါ”

တာအိုတန်ခိုးရှင်ဝူကျိက ထွက်မသွားခင် လေးနက်သောမျက်နှာထားဖြင့် လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ပြောခဲ့သည်။

အန္တရာယ်များသည်။

လက်ရွေးစင်တပည့် နှစ်ထောင်ကျော်တွင် မည်မျှ ရှင်သန်နိုင်မည်နည်း။

တာအိုတန်ခိုးရှင်ဝူကျီ ထွက်သွားသောအခါတွင် ဟန်မူယဲ့တို့အုပ်စုက နေရာတွင် ကျန်နေခဲ့သည်။

သူတို့အားလုံးက သန်မာသော ဓားအင်မော်တယ်များ ဖြစ်ကြသော်လည်း ဤနေရာတွင်ရှိသော ကျွမ်းကျင်သူများ၏အမြင်တွင် သေဆုံးခြင်းဆီသို့ တွန်းပို့ခံလိုက်ရသော စတေးခံများထက် မပိုပေ။

နှစ်လအကြာတွင် သူတို့က တစ်ဝက်ခန့်သာ ကျန်လိမ့်မည်။

ဟန်မူယဲ့၏နောက်တွင် လက်ရွေးစင်တပည့်များ၏ မျက်နှာထားက လေးနက်နေသည်။

“ဆယ်ရက်လောက် အနားယူပြီးရင် ဒီနေရာမှာရှိတဲ့ စွမ်းအားနဲ့ အသားကျသွားမှာပါ”

ဟန်မူယဲ့နှင့် သိပ်မဝေးသောနေရာတွင် လူငယ်ဓားကျင့်ကြံသူတစ်ယောက်က တီးတိုးပြောသည်။

သူက ရွှင်းထျန်းခန်းဆောင်မှ လေဝိညာဉ်ဓားအင်မော်တယ် စုကျန်းဖြစ်သည်။ ဟန်မူယဲ့က ရွှင်းထျန်းခန်းဆောင်၏ အမွေဆက်ခံသူဖြစ်ကြောင်း သိထားသောကြောင့် သူတို့က ရင်းနှီးသည်။

ထို့အပြင် သူတို့က အုပ်စုဖွဲ့ထားသောကြောင့် တစ်ယောက်ကိုတစ်ယောက် ကောင်းမွန်စွာနားလည်ပြီး လွတ်လပ်စွာ ပြောဆိုနိုင်သည်။

စုကျန်း၏စကားကို ကြားလိုက်ရသောအခါတွင် တခြားလူများက ခေါင်းမော့ကြည့်သည်။

လွင့်မျောနေသော နတ်ဘုရားစွမ်းအင်သည် သူတို့အတွက် ရတနာတစ်ပါး ဖြစ်သည်။ သူတို့က ထိုစွမ်းအင်ကို စုပ်ယူပြီး အင်မော်တယ်စွမ်းအင်နှင့် ပေါင်းစပ်နိုင်သည်။ သူတို့၏ ရုပ်ခန္ဓာကို ပိုမိုကြံ့ခိုင်စေနိုင်သည်။

သို့သော် သူတို့အတွက် အသားကျနိုင်ရန် ခက်ခဲလိမ့်မည်။

ထို့ကြောင့် သူတို့က အစွမ်းကုန်ထုတ်သုံးနိုင်မည်မဟုတ်ပေ။

သူတို့က ပတ်ဝန်းကျင်တွင်ရှိသော ဖိအားကို ခံစားမိသည်။

သူတို့က ဆယ်ရက်အတွင်း၌ ဤနေရာတွင်ရှိသော စွမ်းအားနှင့် အသားကျသွားနိုင်သည်။ သို့သော် အစွမ်းကုန်ထုတ်သုံးနိုင်ရန်အတွက် တစ်နှစ်ခန့် အချိန်ယူရလိမ့်မည်။

သို့သော် တစ်နှစ်ကြာသည်အထိ လူမည်မျှ ရှင်သန်နိုင်မည်နည်း။

“အရင်ဆုံး စခန်းချရအောင်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ဤနေရာတွင် အိမ်အလွတ်များ ရှိသည်။ သူတို့က စိတ်ကြိုက်ရွေးချယ်၍ နေထိုင်နိုင်သည်။

သို့သော် ဤနေရာသည် စစ်မြေပြင်နှင့် နီးကပ်သောကြောင့် ကောင်းမွန်စွာ အနားယူရန် မဖြစ်နိုင်ပေ။

ဆယ်ရက်အတွင်း၌ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ပိုမိုလျော့ကျသွားနိုင်သည်။

သို့သော် ဟန်မူယဲ့က ရှေ့တွင်ရှိနေသော လူသူကင်းမဲ့နေသည့် စွန့်ပစ်မြေကို ညွှန်ပြလိုက်ပြီး ပြောသည်။

“ကျောက်ချန်၊ သူတို့ကို နေရာချပေးလိုက်ပါ”

သူတို့က စစ်တပ်တစ်ခု ဖြစ်သောကြောင့် ကိုယ်ပိုင်စခန်းကို လိုအပ်သည်။

ကျောက်ချန်က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ လက်ရွေးစင်တပည့်များ၏ နောက်တွင်ရှိသော ကျင့်ကြံသူများက ရှေ့တက်လာကြသည်။

သူတို့က ကျူကျင်းကုန်သည်အဖွဲ့၏ အစောင့်များနှင့် စစ်တပ်၏ သယ်ယူပို့ဆောင်ရေးကို တာဝန်ယူပေးသော တပ်သားများ ဖြစ်ကြသည်။

ထိုသို့မဟုတ်လျှင် သူတို့က သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ရောက်လာရန် အဆင့်မီမည်မဟုတ်ပေ။

အဝေးတစ်နေရာတွင် လူတစ်ယောက်က ချောင်းကြည့်နေပြီး နောက်ဆုတ်သွားသည်။

မြို့နံရံတွင်ရှိသော လူအုပ်စုက ဟန်မူယဲ့တို့ကို လှမ်းကြည့်နေသည်။

“အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ စစ်ကူတွေထဲမှာ ခေါင်းဆောင်ဖြစ်တဲ့ ဟန်မူယဲ့ကလွဲပြီး တခြားလူတွေက ဘာမှမသိတဲ့ပုံပဲ။ သူတို့အားလုံးက ဒီမှာ သေသွားလိမ့်မယ်”

လေးလံသောချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကျယ်လောင်စွာပြောသည်။

သူ့ဘေးတွင် အနီရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက် ရှိသည်။ ထိုလူငယ်၏ မျက်လုံးများက ဆိုးယုတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူက ‌ခေါင်းခါလိုက်ပြီး ပြောသည်။

“ဘာမှမသိတဲ့လူသစ်တွေကြောင့် ငါတို့က ဒုက္ခပိုရောက်တော့မယ်”

All Chapters