← Chapters

အခန်း (၉၄၇)

Vol. 68 Ch. 947

အခန်း (၉၄၇)

Vol. 68 Ch. 947

ကြံ့ခိုင်သော အင်မော်တယ်သတ်ဖြတ်ခြင်း တမန်တော်နှင့် အမှောင်မိစ္ဆာသားရဲများက မြို့တံတိုင်းဆီသို့ ပြေးဝင်လာကြသည်။

နတ်ဘုရားအလင်းသည် အနက်ရောင်ချပ်ဝတ် စစ်သည်ဝင်္ကပါဆီမှ ကောင်းကင်အထိ မြင့်တက်လာသည်။

“အဲဒါက နတ်ဘုရားကလန်ရဲ့ ဝင်္ကပါပဲ။ ဂရုစိုက်ကြ”

“ငါတို့ အင်မော်တယ်ကမ္ဘာရဲ့ စစ်တပ်ဝင်္ကပါက သူတို့ရဲ့ဝင်္ကပါကို မတားနိုင်ဘူး။ ငါတို့ ခုခံရုံပဲ တတ်နိုင်တယ်”

မြို့တံတိုင်းပေါ်တွင် သတိပေးသံများဖြင့် ဆူညံသွားသည်။

ဟန်မူယဲ့က နတ်ဘုရားကလန်၏ဝင်္ကပါကို ကြည့်လိုက်ပြီး ဓားကို ဆွဲထုတ်သည်။

သူ့နောက်တွင် လူတိုင်း၏မျက်လုံးများက တောက်ပလာကြသည်။

“မြို့ထဲကနေ ထွက်မယ်”

ဟန်မူယဲ့၏အမိန့်ကြောင့် အံ့အားသင့်နေသော အော်ဟစ်သံများကြားတွင် ဓားကျင့်ကြံသူ တစ်ထောင်ကျော်က မြို့အပြင်ဘက်သို့ ထွက်သွားကြသည်။

ယွင်လန်ဓားအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ရောက်လာသော ဒုတိယမြောက်နေ့တွင် မြို့တံတိုင်း၏အပြင်ဘက်သို့ နောက်တစ်ကြိမ်ထွက်ပြီး နတ်ဘုရားကလန်၏ဝင်္ကပါနှင့် ရင်ဆိုင်ခဲ့သည်။

“သွားပြီ”

မြို့တံတိုင်းပေါ်တွင် စုတ်ပြတ်နေသောချပ်ဝတ်နှင့် ဆံပင်ဖြူနေသော လူအိုကြီးတစ်ယောက်က မျှော်လင့်ချက်မဲ့နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

သူသာမက တခြားလူများကလည်း နောင်တရနေကြသည်။

မနေ့က ယွင်လန်ဓားအင်မော်တယ်သည် မြို့အပြင်ဘက်သို့ ထွက်ပြီး သင်္ချိုင်းအင်မော်တယ်မြို့တော်ကို စိတ်ဓာတ်မြှင့်တင်ပေးခဲ့သည်။

အကယ်၍ ယနေ့တိုက်ပွဲက ပြင်းထန်မည်ဆိုလျှင်ပင် မြို့တံတိုင်းကို ကာကွယ်ထားနိုင်သ၍ ပြဿနာမရှိပေ။

သို့သော် ယခုအချိန်တွင် ယွင်လန်ဓားအင်မော်တယ်က ဓားကျင့်ကြံသူတစ်ထောင်ကျော်ကို ဦးဆောင်ပြီး မြို့အပြင်ဘက်သို့ ထွက်သွားသည်။

အကယ်၍ သူတို့အားလုံး သေဆုံးသွားခဲ့လျှင် သင်္ချိုင်းအင်မော်တယ်မြို့တော်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေလိမ့်မည်။

‘ယွင်လန်ဓားအင်မော်တယ်က အရမ်းသန်မာခဲ့တယ်။ ဒါပေမဲ့သူက တစ်ရက်ပဲ အသက်ရှင်လိုက်တယ်’

ယွင်လန်ဓားအင်မော်တယ် သေဆုံးသွားခဲ့လျှင် လူတိုင်းက စိတ်ဓာတ်ကျနေပြီး မြို့တံတိုင်းပေါ်တွင် သေဆုံးမှုများ ဆက်ဖြစ်လာလိမ့်မည်။

“ဒီကလေးက ငါတို့ကို ငြိမ်းငြိမ်းချမ်းချမ်း မနေခိုင်းဘူးပဲ ....”

သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ဗဟိုခန်းဆောင်တွင်ရှိသော အင်မော်တယ်သခင်ဟူယွမ်က အင်မော်တယ်သခင်ကျီယုကို လှမ်းကြည့်သည်။

‘ပြိုင်ဘက်ကင်းဟန်က သူ့ဂိုဏ်းရဲ့ မျိုးဆက်သစ်ပဲ။ သူက ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူးမလား’

“လူအိုကြီးစွန်း၊ အဲဒီကလေးက နည်းနည်း အရိုင်းဆန်တယ်။ မင်းကိုယ်မင်း ပြန်ပြီး သတိမရဘူးလား”

မြို့တံတိုင်း၏နောက်တွင် ဝိညာဉ်ဓားရွှေအင်မော်တယ်က ရေရွတ်လိုက်ပြီး ဟန်မူယဲ့တို့ကို လှမ်းကြည့်သည်။

“ဘုန်း”

ဓားအလင်း ၁,၂၀၀က မြို့တံတိုင်းအား ဝိုင်းရံထားသော ပုံရိပ်များကို ဖျက်ဆီးပစ်လိုက်ပြီး မြေပြင်ပေါ်သို့ ရောက်သွားသည်။

ဓားအလင်းခြောက်ခုသည် လေထုထဲတွင် လွင့်မျောလျက် ရှိနေသည်။

ဓားအလင်းသည် ဝင်္ကပါဖွဲ့စည်းလိုက်ပြီး တိုက်ပွဲအလံနှင့်တူသော သွေးရောင်ဓားတစ်လက်ကို ဖန်တီးသည်။

ထိုဓားရှည်သည် လေထုထဲတွင် အသံပေးလိုက်ပြီး နတ်ဘုရားကလန်ကို စိန်ခေါ်နေပုံရသည်။

“ဂါး ...”

မြို့တံတိုင်း၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များက ဟိန်းဟောက်လိုက်ပြီး ဓားဝင်္ကပါဆီသို့ ပြေးဝင်လာကြသည်။

ရှေ့တွင်ရှိနေသော နတ်ဘုရားကလန်၏ ဝင်္ကပါက ဦးတည်ချက်ပြောင်းလိုက်ပြီး ဓားဝင်္ကပါကို ဖိနှိပ်ရန် ကြိုးစားသည်။

သူတို့၏ အရှိန်အဟုန်က ရေလှိုင်းများသဖွယ် ရှေ့တက်လာပြီး အဆုံးမရှိသော ဖိအားကို ဖန်တီးသည်။

ဓားရှည်ကိုင်ထားသော ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေသည်။

သူ့နောက်တွင် ဓားအင်မော်တယ်ငါးယောက်က အသင့်ရှိနေသည်။

မနေ့က တိုက်ပွဲသည် သူတို့၏ ကြောက်ရွံ့စိတ်ကို ဖယ်ရှားခဲ့သည်။

အောက်တွင် ဓားကျင့်ကြံသူ တစ်ထောင်ကျော်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ကောင်းကင်ကို ထိုးခွဲသွားသော သွေးရောင်ဓားရှည်ကသာ ဆက်လက်လှုပ်ရှားနေသည်။

ပေတစ်သောင်း ....

ပေငါးထောင် ....

ပေတစ်ထောင် ....

ရှေ့ဆုံးတွင်ပြေးဝင်လာသော အမှောင်မိစ္ဆာသားရဲက ဓားဝင်္ကပါနှင့် ပေတစ်ထောင်အကွာသို့ ရောက်လာသည်။

သို့သော် ဓားကျင့်ကြံသူများက မလှုပ်ရှားကြသေးပေ။

မြို့တံတိုင်း၏ အပြင်ဘက်တွင် တိုက်ပွဲ၏လေထုက အလွန်ထူးဆန်းနေပြီး လူတိုင်းကို ရင်ထိတ်သွားစေနိုင်သည်။

‘ဓားကျင့်ကြံသူ ၁,၂၀၀က ဒီလိုအခြေအနေမျိုးမှာတောင် ဘာဖြစ်လို့ တည်ငြိမ်နေသေးတာလဲ’

‘သူတို့က သေသွားမှာ မကြောက်ဘူးလား’

‘ယွင်လန်ဓားအင်မော်တယ်မှာ အစီအစဉ် ရှိနေတာလား’

“ဒီဓားကျင့်ကြံသူတစ်ထောင်ကျော်က ပြိုင်ဘက်ကင်းဟန်ရဲ့မောက်မာမှုကြောင့် သေသွားရင် သူက အပြစ်သားတစ်ယောက် ဖြစ်သွားလိမ့်မယ်”

မြို့တံတိုင်းပေါ်တွင် လူတစ်ယောက်က အံကြိတ်ထားပြီး ဝါးမြိုခံရတော့မည့် ဓားဝင်္ကပါကို ကြည့်သည်။

သူက ဓားကျင့်ကြံသူများကို ကယ်တင်ရန်အတွက် မြို့တံတိုင်း၏အပြင်ဘက်သို့ ထွက်မသွားရဲပေ။

မည်သူမှ ထွက်မသွားရဲကြပေ။

မနေ့က သူတို့အားလုံးသည် ယွင်လန်ဓားအင်မော်တယ်နှင့်အတူ တက်ကြွစွာ တိုက်ခိုက်ခဲ့ကြသည်။

ယနေ့တွင် နတ်ဘုရားကလန်၏ စစ်တပ်ဝင်္ကပါ ရှိနေသည်။ စစ်တပ်ဝင်္ကပါကို နတ်ဘုရားကလန်၏ စစ်သူကြီးတစ်ယောက်က ထိန်းချုပ်ထားလိမ့်မည်။ အင်မော်တယ်သခင်များကပင် မြို့ပြင်သို့ ထွက်သွားရဲမည်မဟုတ်ပေ။

ဤအခြေအနေတွင် သေဆုံးသွားတော့မည့် ဓားကျင့်ကြံသူများကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။

“ပြိုင်ဘက်ကင်းဟန်ဆိုတဲ့ နာမည်က အလကားမဟုတ်ပါစေနဲ့လို ဆုတောင်းတယ် ....”

လူအိုကြီးတစ်ယောက်က ဓားကိုင်ထားပြီး မြို့တံတိုင်းပေါ်တွင် ရပ်နေသည်။ သူ၏ ဓားက တုန်ခါနေခဲ့သည်။

သူက မြို့အပြင်ဘက်သို့ ထွက်မသွားရဲပေ။

သူက အပြင်ဘက်တွင်ရှိသော ဓားကျင့်ကြံသူများ၏စိတ်ဓာတ်ကို လေးစားသည်။ သူတို့ကို သေမသွားစေချင်ပေ။

သို့သော် ယခုအခြေအနေတွင် သူက အကူအညီမဲ့နေသည်။

“အဲဒီကလေးက လှုပ်ရှားနေပြီ”

လေဟာနယ်ထဲတွင် လူတစ်ယောက်က တီးတိုးပြောလိုက်ပုံပေါ်သည်။

လှုပ်ရှားနေသည်။

ဓားဝင်္ကပါ၏အထက်တွင် ဟန်မူယဲ့က ဓားဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။

“ဝင်္ကပါ”

သူက ရေရွတ်သည်။

သူ၏ စကားသံနှင့်အတူ ဆယ်ပေဝင်္ကပါပြားတစ်ခုစီသည် ဓားကျင့်ကြံသူ ၁,၂၀၀၏ ခြေထောက်အောက်တွင် ပေါ်လာသည်။

ကျောက်စိမ်းဝင်္ကပါပြားသည် မျက်စိကျိန်းလောက်သော အလင်းရောင်ကို ထုတ်လွှတ်ပြီး လူတိုင်းကို လွှမ်းခြုံလိုက်သည်။

“ဘန်း”

ပြေးဝင်လာသော အမှောင်မိစ္ဆာသားရဲက အလင်းလွှာနှင့် တိုက်မိပြီး ပေါက်ကွဲသွားသည်။

ဝင်္ကပါ ....

ဝင်္ကပါပြား တစ်ခုချင်းစီသည် အလွန်အားကောင်းသော အကာအကွယ်ရတနာ ဖြစ်သည်။

ယခုအချိန်တွင် ဝင်္ကပါပြားများအားလုံးက ပူးပေါင်းထားသောကြောင့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကပင် အကာအကွယ်ကို ချိုးဖျက်ရန် ခက်ခဲလိမ့်မည်။

သို့သော် ထိုဝင်္ကပါပြားများသည် တစ်ခုလျှင် ဝိညာဉ်ကျောက်တုံးသန်းချီ၍ တန်ဖိုးရှိသည်။

‘ဝင်္ကပါပြား ၁,၂၀၀ဆိုတော့ ဝိညာဉ်ကျောက်တုံး သန်း ၁,၂၀၀လား’

မြို့တံတိုင်းတွင်ရှိသော လူတိုင်းက ကြောင်အသွားကြသည်။

‘သူက ပိုက်ဆံတွေကို မီးရှို့ပစ်နေတာလား’

“ကျိုးပျက်စမ်း”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာပြန်သည်။

ဓားကျင့်ကြံသူ ၁,၂၀၀က မိုးကြိုးပုလဲလုံးများကို ကိုင်ထားကြသည်။

“သေစမ်း၊ အဲဒါက ကောင်းကင်တုန်ခါပုတီးစေ့တွေ မဟုတ်လား”

“အဲဒါ .... အဲဒါကို အဓိကတိုက်ပွဲကြီးတွေမှာပဲ သုံးတာမဟုတ်လား”

“ပုတီးစေ့တစ်ခုအတွက် ဝိညာဉ်ကျောက်တုံးသုံးသိန်း ကုန်ကျလိမ့်မယ်။ သူက ပိုက်ဆံတွေကို လွှင့်ပစ်နေတာလား”

မြို့တံတိုင်းထက်တွင် မရေမတွက်နိုင်သော အံ့အားသင့်နေသည့်အသံများ ပေါ်ထွက်လာသည်။

လူတိုင်း၏အကြည့်အောက်တွင် မိုးကြိုးပုတီးစေ့များကို ပစ်လွှတ်လိုက်ကြသည်။

“ဝီ”

ဖိနှိပ်ခံထားရသော လျှပ်စီးစွမ်းအင်သည် ပေါ်ထွက်လာသည်။

ပေတစ်သိန်းပတ်ဝန်းကျင်သည် ပြိုကျသွားသည်။

“ဘုန်း”

လောကကြီးတစ်ခုလုံး ပျက်စီးသွားသည်။

အဆုံးမရှိသော အနက်ရောင်လျှပ်စီးကြောင်းများသည် နေရာအနှံ့သို့ ဖြာထွက်သွားပြီး ရှေ့တွင်ရှိနေ‌သော အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များကို စုတ်ဖြဲပစ်လိုက်ကြသည်။

ရွှေ‌ရောင်နတ်စွမ်းအား ပေါ်ထွက်လာပြီး မြို့အပြင်ဘက်ကို ရွှေရောင်သန်းနေစေသည်။

ထိုတိုက်ခိုက်မှုသည် အနည်းဆုံး အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော် တစ်ရာခန့်ကို သတ်ဖြတ်ပစ်ခဲ့သည်။

အမှောင်မိစ္ဆာသားရဲ တစ်ထောင်ကျော်လည်း သေဆုံးသွားသည်။

ထိုဖြစ်ရပ်မျိုးကို အဓိကစစ်ပွဲကြီးများတွင်သာ တွေ့နိုင်သည်။

မြို့တံတိုင်းတွင်ရှိသော ကျင့်ကြံသူများက အသိစိတ်ပြန်ဝင်မလာခင် ဟန်မူယဲ့က အော်ဟစ်လိုက်သည်။

“တိုက်ခိုက်မယ်”

သူက စကားအဆုံးတွင် ရှေ့တက်သွားသည်။

သူတို့က ဝင်္ကပါကို ဖွဲ့စည်းသည်။

ဝင်္ကပါပြားများပေါ်တွင် ရပ်နေသော ဓားကျင့်ကြံသူ ၁,၂၀၀ကလည်း လှုပ်ရှားလိုက်သည်။

ထို့နောက် ဒူးလေးများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

“အကျိုးနည်း၊ ကောင်းကင်ဖျက်ဆီးဒူးလေးတွေ”

မြို့တံတိုင်းပေါ်တွင် ဝိညာဉ်ဓားရွှေအင်မော်တယ်က ရေရွတ်လိုက်သည်။

“ဒီကလေးက အစွမ်းကုန်ထုတ်သုံးနေတာလား”

မြို့တံတိုင်းပေါ်သို့ရောက်လာသော အင်မော်တယ်သခင်ဟူယွမ်က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုပွတ်သပ်၍ တစ်ဖက်သို့ ကြည့်သည်။

ထိုနေရာတွင် စွမ်းအားတစ်ခု လှုပ်ရှားနေသည်။

မြို့တံတိုင်းပေါ်တွင်ရှိသော ကျင့်ကြံသူများက ဆွံ့အနေကြသည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်၏ မြို့တံတိုင်းတွင် ကောင်းကင်ဖျက်ဆီးဒူးလေးများ ရှိကြသည်။

အနည်းဆုံး တစ်သောင်းခန့် ရှိသည်။

သို့သော် မြို့တံတိုင်းတစ်ခုလုံးကို ကာကွယ်ရန် ဖြန့်ကျက်ထားသောကြောင့် မိုင်တစ်ရာပတ်ဝန်းကျင်တွင် အနည်းငယ်သာ ရှိသည်။

ထိုဒူးလေးသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ် တန်ဖိုးရှိသည်။

ထိုဒူးလေးများကို ဖန်တီးရန်ခက်ခဲပြီး အသုံးမများသောကြောင့် ရှားပါးသည်။ အင်မော်တယ်ကမ္ဘာတွင် အဓိကဂိုဏ်းကြီးတချို့ကသာ ထိုဒူးလေးကို ဖန်တီးနိုင်ကြသည်။

အန္တရာယ်နယ်မြေသုံးခုနှင့် မြို့ကြီးတချို့သည် ထိုဒူးလေးများကို နှစ်ရာချီလျှင်တစ်ကြိမ် ဝယ်ယူတတ်ကြသည်။

ထိုဒူးလေး၏ ရှားပါးမှုတွင် နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးသည်။ ဒူးလေး၏ မြားတံသည် ဝိညာဉ်ကျောက်တုံးတစ်သန်း ကုန်ကျသည်။

သို့သော် ဒူးလေး၏ ပစ်ခတ်မှုအကွာအဝေးသည် မိုင်တစ်ရာခန့်သာ ရှိသည်။ ထို့ကြောင့် မြို့တံတိုင်းတွင် တပ်ဆင်ထားလျှင် ရန်သူက အကြောင်းပြချက်မရှိပဲ ချဉ်းကပ်လာမည်မဟုတ်ပေ။

အကယ်၍ အသုံးပြုရန် ပြင်ဆင်နေလျှင်လည်း တစ်ဖက်ရန်သူက ကြိုမြင်နေပြီး ထွက်ပြေးသွားလိမ့်မည်။

ကောင်းကင်အဆင့် ကျင့်ကြံသူကပင် ထိုဒူးလေး အသက်ဝင်မလာခင် ထွက်ပြေးနိုင်သည်။ ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများဆိုလျှင် ပြောနေရန် မလိုတော့ပေ။

သို့သော် ယနေ့တိုက်ပွဲသည် မတူညီပေ။

ကောင်းကင်ဖျက်ဆီးဒူးလေး ၁,၂၀၀ရှိနေပြီး နတ်ဘုရားကလန်စစ်တပ်နှင့် ဆယ်မိုင်ခန့်သာ ကွာဝေးသည်။

သူတို့က ထိုဒူးလေးနှင့် နတ်ဘုရားကလန်၏ ဝင်္ကပါကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။

‘သူက တကယ်ပဲ ဒူးလေးနဲ့ ပစ်ခတ်မှာလား’

လူတိုင်းက တွေးမိကြသည်။

သို့သော် ထိုအတွေး အပြည့်အဝ ဖြစ်ပေါ်မလာခင် ကျယ်လောင်သောအသံနှင့်အတူ မြားတံကို ပစ်လွှတ်လိုက်သည်။

ကောင်းကင်ဖျက်ဆီးဒူးလေး ၁,၂၀၀သည် တုံ့ဆိုင်းမှုမရှိပဲ အသက်ဝင်လာခဲ့ကြသည်။

ပေတစ်ထောင်ရှည်လျားသော မြားတံသည် ကောင်းကင်ကိုထိုးခွဲပြီး နတ်ဘုရားကလန်၏ စစ်တပ်ဝင်္ကပါဆီသို့ ချက်ချင်းရောက်သွားကြသည်။

All Chapters