အခန်း (၉၄၈)
Vol. 68 Ch. 948
“အေးခဲစမ်း ....”
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ငွေရောင်ချပ်ဝတ်နှင့် နတ်ဘုရားကလန်သားတစ်ယောက်က စစ်တပ်ဝင်္ကပါ၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူက လက်မြှောက်ပြီး ရွှေရောင်နတ်ဘုရားအလင်းကို ထုတ်ဖော်သည်။
အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
အင်မော်တယ်သခင်တစ်ပါးကသာ ကောင်းကင်ဖျက်ဆီးဒူးလေး ၁,၂၀၀၏ စွမ်းအားကို တားဆီးနိုင်လိမ့်မည်။
မြားတံ ၁,၂၀၀က မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားကလန်၏ ကျွမ်းကျင်သူနှင့် ရင်ဆိုင်သည်။ လေဟာနယ်က တစ်လက်မချင်းစီ ပျက်စီးသွားသည်။
စစ်တပ်ဝင်္ကပါက မြားတံများနှင့် ရင်မဆိုင်ခဲ့ရသော်လည်း စွမ်းအင်လှိုင်းသက်ရောက်မှုကြောင့် ဖရိုဖရဲဖြစ်နေသည်။
“ဒါက ရူးသွပ်နေတာပဲ”
မြို့တံတိုင်းပေါ်တွင်ရှိသော လူများက မနေနိုင်တော့ပဲ ဖရိုဖရဲဖြစ်သွားသော စစ်တပ်ဝင်္ကပါကို ကြည့်နေပြီး ရေရွတ်လိုက်ကြသည်။ နတ်ဘုရားကလန်၏ ကျွမ်းကျင်သူကလည်း မြားတံများ၏ တိုက်ခိုက်မှုအောက်တွင် ရုန်းကန်နေရသည်။
အင်မော်တယ်သခင်ကို ကောင်းကင်ဖျက်ဆီးဒူးလေး၏ မြားတံများဖြင့် ဖိနှိပ်ခဲ့သည်။ ထိုဖြစ်ရပ်မျိုးကို ကိုယ်တိုင်မမြင်ခဲ့ရလျှင် ယုံနိုင်မည်မဟုတ်ပေ။
ယခု မြင်တွေ့နေရသော်လည်း အတုအယောင်ဟု ခံစားရသည်။
“ပိုးကောင်လေးတွေ သေချင်နေတာပဲ”
မြားတံများကို တားဆီးထားသော နတ်ဘုရားကလန်၏ ကျွမ်းကျင်သူက အံကြိတ်လိုက်ပြီး ခပ်အုပ်အုပ် အော်ဟစ်သည်။ နတ်ဘုရားအလင်းသည် သူ့နောက်တွင် ပေါ်ထွက်လာပြီး လေဟာနယ်ကို ထိုးခွဲသည်။
ထိုလေဟာနယ်ထဲတွင် တခြားကမ္ဘာတစ်ခု ရှိနေသည်။
သို့သော် နတ်ဘုရားကလန်၏ ကျွမ်းကျင်သူက ထိုကမ္ဘာ၏စွမ်းအားကို အသုံးပြုရန် မလွယ်ကူခဲ့ပေ။
ထိုကမ္ဘာသည် ဤနေရာနှင့် အလွန်ဝေးကွာသည်။
သို့သော် ထိုစွမ်းအား ရောက်လာခဲ့လျှင် သူ၏ ခွန်အားက နှစ်ဆတိုးသွားလိမ့်မည်။
ထိုကမ္ဘာ၏စွမ်းအားကြောင့် သင်္ချိုင်းအင်မော်တယ်မြို့တွင်ရှိသော အင်မော်တယ်သခင်များက သူနှင့် ယှဉ်နိုင်တော့မည်မဟုတ်ပေ။
ယခင်က နတ်ဘုရားကလန်၏ အင်မော်တယ်သခင်အနည်းငယ်ကသာ ထိုအဆင့်အထိ တွန်းအားပေးခံရသည်။
သူတို့က ကိုယ်ပိုင်ကမ္ဘာ၏စွမ်းအားကို အလွန်ဝေးကွာသောနေရာမှ ဆင့်ခေါ်ရသောကြောင့် မခံစားနိုင်သော တန်ဖိုးတစ်ခုကို ပေးဆပ်ရသည်။
သို့သော် ထိုအဆင့်အထိ ရောက်လာသောကြောင့် နတ်ဘုရားစစ်သူကြီးသည် အစွမ်းကုန်ထုတ်သုံးလိမ့်မည်။
အကယ်၍ သူက လှုပ်ရှားလိုက်ပြီး မြို့ပြင်ဘက်သို့ ထွက်လာသော ဟန်မူယဲ့နှင့် ဓားကျင့်ကြံသူများကို မသတ်နိုင်လျှင် နတ်ဘုရားကလန်၏ ဂုဏ်သိက္ခာသည် ကျဆင်းသွားလိမ့်မည်။
“သတ်”
နတ်ဘုရားစစ်သူကြီးက မြားတံများ၏ခွန်အားကို အပြည့်အဝ တားဆီးထားသည်။
ထို့နောက် သူက ထိုမြားတံများကို ချေဖျက်ပြီး ဟန်မူယဲ့တို့ကို သတ်ဖြတ်မည်။
ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိနေသော ဓားကျင့်ကြံသူတစ်ယောက်သည် အင်မော်တယ်သခင်၏ရှေ့တွင် အရေးမပါပေ။
မြို့တံတိုင်းပေါ်တွင် ရုတ်တရက်ရောက်လာသော အင်မော်တယ်သခင်ကျီယုက ဓားရိုးကို ဆုပ်ကိုင်ထားသည်။
အင်မော်တယ်သခင်ဟူယွမ်၏ မျက်နှာထားကလည်း လေးနက်နေသည်။
လေဟာနယ်ထဲတွင် အင်မော်တယ်သခင်တစ်ယောက်ထက်ပို၍ ရှိနေသည်။
သူတို့က ကမ္ဘာငယ်၏စွမ်းအားကို အသုံးပြုထားသော နတ်ဘုရားစစ်သူကြီးနှင့် တခြားအင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်။
“ဒီကလေးက ငါတို့ကို တကယ်ပြဿနာပေးနေတာပဲ ....”
အင်မော်တယ်သခင်ဟူယွမ်က ခေါင်းခါလိုက်ပြီး အငွေ့အသက်ကို ဖြည်းဖြည်းချင်း စုစည်းသည်။
သူက တိုက်ခိုက်မည်ဆိုလျှင် အစွမ်းကုန်ထုတ်သုံးပြီး အမှားအယွင်းဖြစ်အောင် လုပ်မည်မဟုတ်ပေ။
အင်မော်တယ်သခင်ကျီယုက စကားမပြောပေ။ သို့သော် သူ့လက်ထဲတွင်ရှိသော ဓားအလင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
အဝေးတစ်နေရာတွင် ဝိညာဉ်ဓားရွှေအင်မော်တယ်၏ မျက်လုံးများက တောက်ပနေပြီး ဓားအလင်းကို စုစည်းသည်။
“တိုက်”
ထိုအချိန်တွင် ဟန်မူယဲ့၏အသံ ပေါ်ထွက်လာပြန်သည်။
ဓားကျင့်ကြံသူ ၁,၂၀၀က လက်မြှောက်လိုက်ကြသည်။
ကောင်းကင်ဖျက်ဆီးဒူးလေးက အင်မော်တယ်အလင်းဖြင့် တောက်ပလာပြန်သည်။
အင်မော်တယ်အလင်းသည် ပတ်ဝန်းကျင်ကို ချုပ်နှောင်ချင်သည့်အလား ဖြာထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည့် မြှားတံများက နောက်တစ်ကြိမ် ပေါ်လာသည်။
‘မြားတွေ ထပ်ရှိသေးတယ်’
သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ဒူးလေးများတွင် မြားတံ တစ်ချောင်း၊ နှစ်ချောင်းခန့်သာ ရှိသည်။ ယခုအချိန်တွင် ဓားကျင့်ကြံသူများက မြားတံ ၁,၂၀၀ကို ထပ်မံထုတ်သုံးလိုက်သည်။
“ဘုန်း”
မြားတံ ၁,၂၀၀က ပျံသန်းထွက်လာသည်။
သူတို့၏ ပစ်မှတ်က စစ်တပ်ဝင်္ကပါ ဖြစ်သည်။
နတ်ဘုရားစစ်သူကြီးက ထိုမြားတံများကို မတားဆီးနိုင်တော့ပေ။
ပထမမြားတံများကို ရင်ဆိုင်နေသော အင်မော်တယ်သခင်က ဟိန်းဟောက်လိုက်ပြီး နောက်ဆုတ်သွားသည်။
သူက ဒုတိယမြောက် မြားတံများကို မခုခံနိုင်ပေ။
ဤအခြေအနေတွင် မည်သည့် အင်မော်တယ်သခင်ကမှ ထိုမြားတံများကို ခုခံနိုင်ကြမည်မဟုတ်ပေ။
“နတ်ဘုရားစစ်သူကြီးဖူကျီ၊ ကျေးဇူးပြုပြီး နောက်ဆုတ်လိုက်ပါ။ နောက်ကျရင် ငါကပဲ စစ်တပ်ဝင်္ကပါကို ကာကွယ်လိုက်မယ်”
အသံတစ်သံနှင့်အတူ လှံတစ်ချောင်းကိုင်ထားသော ငွေရောင်ချပ်ဝတ်နှင့် နတ်ဘုရားစစ်သူကြီးတစ်ပါး ပေါ်ထွက်လာသည်။
သူ၏လှံသည် အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြားတံများကို ရိုက်ထုတ်သည်။
“ပြိုင်ဘက်ကင်းဟန်က နတ်ဘုရားကိုသတ်ဖြတ်ဖို့အတွက် အကြီးအကဲဝိညာဉ်ဓားကို အကူအညီတောင်းပါတယ်”
ထိုအချိန်တွင် ဟန်မူယဲ့က ကျယ်လောင်စွာအော်လိုက်သည်။
သူက လက်မြှောက်လိုက်သောအခါတွင် ပြေးထွက်သွားသော မြားတံများက လမ်းကြောင်းပြောင်းပြီး ပထမနတ်ဘုရားစစ်သူကြီးဆီသို့ တိုးဝင်သွားကြသည်။
မြားတံ ၂,၄၀၀သည် ပေါင်းစပ်သွားသည်။
အစမှအဆုံးအထိ ဟန်မူယဲ့၏ ရည်ရွယ်ချက်သည် စစ်တပ်ဝင်္ကပါ မဟုတ်ခဲ့ပေ။
အင်မော်တယ်သခင်အဆင့် နတ်ဘုရားစစ်သူကြီး ဖြစ်သည်။
“မင်းက သေချင်နေတာပဲ ....”
ဒုတိယမြောက် နတ်ဘုရားကလန်၏ အင်မော်တယ်သခင်က ပျံသန်းလာသည်။
“သတ်”
မြို့တံတိုင်းပေါ်တွင် ဝိညာဉ်ဓားရွှေအင်မော်တယ်က နတ်ဘုရားကလန်၏ ကျွမ်းကျင်သူကို ဓားဖြင့် ခုတ်ချသည်။
ထိုဓားချက်သည် အင်မော်တယ်သခင်တစ်ပါးကို မသတ်နိုင်ပေ။
သို့သော် ခဏတာ တားဆီးထားနိုင်သည်။
ထိုအချိန်ခဏသည် လုံလောက်သည်။
ထိုအချိန်အတွင်း၌ ပထမအင်မော်တယ်သခင် ဖူကျီက မြားတံများ၏ ပေါင်းစပ်စွမ်းအားကြောင့် သေဆုံးသွားလိမ့်မည်။
ရုတ်တရက် ပြောင်းလဲမှုကြောင့် မြို့တံတိုင်းပေါ်တွင်ရှိသော လူများက ကြောင်အသွားကြသည်။
ယွင်လန်ဓားအင်မော်တယ်က အလွန်လောဘကြီးလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူက အင်မော်တယ်သခင်အဆင့် နတ်ဘုရားစစ်သူကြီးကို သတ်ဖြတ်ချင်နေသည်။
အရေးအကြီးဆုံးအနေဖြင့် လက်ရှိအခြေအနေအရ သူက အောင်မြင်သွားနိုင်သည်။
မြို့တံတိုင်းပေါ်တွင် အင်မော်တယ်သခင်ဟူယွမ်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ကောင်းတယ်”
ထို့နောက် ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး လေဟာနယ်ကို လက်သီးဖြင့် ထိုးချသည်။
“ဘန်း”
သူ့ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် မျက်နှာထားတင်းမာနေသော နတ်ဘုရားကလန်သားတစ်ယောက် ပေါ်ထွက်လာသည်။ ထိုနတ်ဘုရားကလန်သားက သုံးမြှောင့်ခက်ရင်းခွဖြင့် အင်မော်တယ်သခင်ဟူယွမ်၏ လက်သီးချက်ကို တားဆီးသည်။
အင်မော်တယ်သခင်သုံးယောက်တွင် တစ်ယောက်ကို အင်မော်တယ်သခင်ဟူယွမ်က တားဆီးပြီး နောက်ထပ်တစ်ယောက်ကို ဝိညာဉ်ဓားရွှေအင်မော်တယ်က တားဆီးထားသည်။
အရင်ဆုံးထွက်ပေါ်လာသော အင်မော်တယ်သခင်က မြားတံ ၂,၄၀၀ကြောင့် ဖိနှိပ်ခံထားရပြီး သေဆုံးခြင်းကို စောင့်နေရုံသာ တတ်နိုင်မည်။
“နတ်ဘုရားကို သတ်ဖြတ်မယ်”
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး တီးတိုးပြောသည်။
သူ့အသံက ပြတ်သားနေသည်။
ထိုပြတ်သားမှုသည် လူတိုင်းကို ကူးစက်သွားသည်။
ချက်ချင်းဆိုသလိုပင် မြို့တံတိုင်းပေါ်တွင်ရှိသော မရေမတွက်နိုင်သည့်လူများက အော်ဟစ်လိုက်ကြသည်။
“နတ်ဘုရားကို သတ်ဖြတ်မယ်”
တိုက်ခိုက်ခြင်းဆန္ဒသည် ကောင်းကင်အထိ ထိုးတက်သွားသည်။ ရေမှင်စာပုံရိပ်သည် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ကောင်းကင်ထက်တွင် ပြန်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် မနေ့ကထက် ပိုမိုထင်ရှားသည်။
“သတ် ....”
ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး ဝိညာဉ်ဓားရွှေအင်မော်တယ်၏ ဓားရှည်ကို ဆုပ်ကိုင်သည်။
သူ့မျက်လုံးများက တိုက်ခိုက်ခြင်းဆန္ဒဖြင့် တောက်ပလာကြသည်။
အင်မော်တယ်သခင်တစ်ပါးကို ရင်ဆိုင်မည်။
ဓားကျင့်ကြံသူငါးယောက်က တုံ့ဆိုင်းခြင်းမရှိပဲ သူ့နောက်တွင် ရောက်လာကြသည်။
ယခုအချိန်တွင် ကောင်းကင်အင်မော်တယ်အဆင့် ဓားကျင့်ကြံသူခြောက်ယောက်က ကြောက်ရွံ့စိတ်မရှိပဲ ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် အင်မော်တယ်သခင်တစ်ယောက်ကို ရင်ဆိုင်ခဲ့သည်။
လောကကြီးသည် ရူးသွပ်နေပုံပေါ်သည်။
“သတ် ....”
ဤတစ်ကြိမ်တွင် သူက ဓားဆန္ဒအားလုံးနီးပါးကို ဓားရှည်ထဲသို့ ထည့်သွင်းခဲ့သည်။
မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။
ထိုမြင်ကွင်းများသည် ဓားကျင့်ကြံသူများ၏ တိုက်ပွဲဖြစ်ပြီး နတ်ဘုရားကလန်သားများလည်း ပါဝင်နေကြသည်။
အင်မော်တယ်သခင် လောယွင် ....
နတ်ဘုရားကလန်၏ အင်မော်တယ်သခင် ....
ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင် ....
ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်ပြီး ဓားဖြင့်ညွှန်ပြ၍ ရှေ့သို့တိုးသည်။
“ဓားတစ်သောင်းတို့အိမ်အပြန်”
ဆရာမော့ယွမ်၏ ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ် ဖြစ်သည်။ သို့သော် ယခင်က ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်နှင့် မတူညီတော့ပေ။
ဤဓားချက်တွင် နတ်ဘုရားကလန်၏ ဓားနည်းစနစ်၊ အင်မော်တယ်ကမ္ဘာ၏ ဓားနည်းစနစ်၊ လူသားကမ္ဘာ၏ ဓားနည်းစနစ်တို့ ပါဝင်နေကြသည်။
ထိုဓားသည် လူသားလောကနှင့် အင်မော်တယ်ကမ္ဘာ၏ လွတ်လပ်မှု၊ နတ်ဘုရားတစ်ပါး၏ ဂုဏ်ကျက်သရေတို့ကို သယ်ဆောင်ထားသည်။
ထိုဓားသည် ဟန်မူယဲ့၏ ဉာဏ်အလင်းများကို စုစည်းပြီး ယခင်က မသုံးဖူးသော ဓားနည်းစနစ် ဖြစ်သည်။ သူက ထိုဓားချက်ကို ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ ရှေ့တွင် ပြသချင်သည်။
ထိုဓားသည် ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ ကောင်းကင်စက်ဝန်းဝင်္ကပါစွမ်းအား အငွေ့အသက်ကိုပင် သယ်ဆောင်ထားသည်။
သို့သော် အလွန်နည်းပါးသောကြောင့် မည်သူမှ သတိထားမိမည်မဟုတ်ပေ။
“ဘုန်း”
ဓားအလင်းသည် ကျဆင်းလာသည်။ လှံကိုင်ထားသော နတ်ဘုရားကလန်သား၏ မျက်နှာထားက ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်တွင်ရှိသော လေဟာနယ်က အက်ကွဲသွားသည်။
နတ်ဘုရားကလန်သား၏ လှံရှည်က ပျက်စီးသွားသည်။
ခန္ဓာကိုယ်ကလည်း ပျက်စီးလာသည်။
သူက ထွက်သွားချင်သည်။
သူ၏ နတ်စွမ်းအားက ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ပျံသန်းသွားချင်သည်။ သို့သော် လေဟာနယ်ထဲတွင် လမ်းပျောက်သွားပြီး ဆက်မသွားနိုင်တော့ပေ။
ဟန်မူယဲ့၏ဓားအလင်းက လှံကျိုးနှင့် နတ်စွမ်းအားကို ရစ်ပတ်ပြီး ဆွဲယူလိုက်သည်။
သူက ရှေ့တွင်ရှိသော လေဟာနယ်ကို ကြည့်သည်။
နတ်ဘုရားကလန်၏ အင်မော်တယ်သခင်တစ်ယောက် သေဆုံးသွားသည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်၏ အပြင်ဘက်တွင် လူတိုင်း၏ရှေ့၌ နတ်ဘုရားကလန်မှ အင်မော်တယ်သခင်တစ်ပါး ကျဆုံးသွားခဲ့သည်။