← Chapters

အခန်း (၉၄၉)

Vol. 68 Ch. 949

အခန်း (၉၄၉)

Vol. 68 Ch. 949

ယွင်လန်ဓားအင်မော်တယ်က ဝိညာဉ်ဓားရွှေအင်မော်တယ်ကို ဆင့်ခေါ်ခဲ့ခြင်းသည် ထိုသို့ ဆောင်ရွက်ရန် ဖြစ်သည်။

သူက ဝိညာဉ်ဓားရွှေအင်မော်တယ်၏ ခွန်အားကို အသုံးပြုပြီး နတ်ဘုရားကလန်၏ အင်မော်တယ်သခင်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်။

မြို့တံတိုင်းသည် တိတ်ဆိတ်သွားသည်။

ဓားရိုးပေါ်တွင် လက်တင်ထားသော အင်မော်တယ်သခင် ကျီယုကပင် စိတ်ရှုပ်ထွေးနေသည်။

သူက ထိုဖြစ်ရပ်ကို တွေးမထားခဲ့ပေ။

အင်မော်တယ်သခင်တစ်ပါးသည် မြို့အပြင်ဘက်တွင် ထိုသို့ သေသွားခဲ့သည်။

ထိုသေဆုံးမှုက အလွန်ရှင်းလင်းနေသောကြောင့် အစစ်အမှန်မဟုတ်ဟု ခံစားရသည်။

“ဘုန်း”

မြားတံများဖြင့် ဖိနှိပ်ခံထားရသော အင်မော်တယ်သခင်က တောင့်မခံနိုင်တော့ပဲ ခန္ဓာကိုယ်ပျက်စီးသွားသည်။

သူဆွဲယူထားသော ကမ္ဘာငယ်ကလည်း ပြိုကျလာသည်။

နတ်ဘုရားကလန်မှ အင်မော်တယ်သခင်တစ်ပါး၏ ကမ္ဘာငယ် ဖြစ်သည်။

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာပြီး ပျံသန်းသွားသည်။

သူက ယခုအချိန်အထိ ကိုယ်ပိုင်ကမ္ဘာငယ်ကို မဖွဲ့စည်းရသေးပေ။

အကယ်၍ နတ်ဘုရားကမ္ဘာ၏ ကမ္ဘာငယ်ကို သန့်စင်နိုင်လျှင် အကူအညီဖြစ်လိမ့်မည်။

“ဒီကလေးက အရမ်းအံ့ဩဖို့ကောင်းတာပဲ”

အင်မော်တယ်သခင်ကျီယုက ရေရွတ်လိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။

သူက ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့၏ရှေ့သို့ ရောက်သွားပြီး တိတ်ဆိတ်စွာပေါ်လာသော နတ်ဘုရားကလန်မှ ကျွမ်းကျင်သူကို တားဆီးသည်။

ဟန်မူယဲ့က ထိုကျွမ်းကျင်သူကို အာရုံခံမိပုံပေါ်ပြီး ကမ္ဘာငယ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

သူက ကမ္ဘာငယ်ထဲသို့ ရောက်သွားသောအချိန်တွင် တစ်ကိုယ်လုံး ချုပ်နှောင်ခံရသည်ဟု ခံစားလိုက်ရသည်။

သူကိုင်ထားသောဓားက လှုပ်ရှားလိုက်ပြီး အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ဖြစ်သွားသည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်က ဟန်မူယဲ့ကို လေးနက်စွာ ကြည့်လိုက်ပြီး ပြောသည်။

“စန်ယွင်က မင်းကို ရွေးချယ်ခဲ့တာလား”

ဟန်မူယဲ့က ခေါင်းညိတ်ပြီး ပြေးထွက်သွားသည်။

အကယ်၍ တခြားတစ်ယောက်ဆိုလျှင် ကမ္ဘာငယ်၏ ရတနာပစ္စည်းများကို လုယူချင်လိမ့်မည်။

သို့သော် ဟန်မူယဲ့က ရူးသွပ်စွာ လှုပ်ရှားတော့မည်။

သူက ကမ္ဘာငယ်ကို သန့်စင်ချင်သည်။

သူက အစိမ်းရင့်ရောင်ဓားတစ်လက်ကို ဆင့်ခေါ်သည်။

သတ်ဖြတ်ခြင်းဓား ဖြစ်သည်။

ဟန်မူယဲ့၏ ချီစွမ်းအင်ကျင့်ကြံခြင်းနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များကို ပေါင်းစပ်ထားသော သတ်ဖြတ်ခြင်းဓားသည် ပထမဆုံးအကြိမ်အဖြစ် အင်မော်တယ်ကမ္ဘာတွင် ပေါ်လာခဲ့သည်။

မဟုတ်သေးပေ။ ဤနေရာသည် အင်မော်တယ်ကမ္ဘာ မဟုတ်ပေ။ နတ်ဘုရားကမ္ဘာမှ အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူ၏ ကမ္ဘာငယ် ဖြစ်သည်။

ဤနေရာသည် နတ်ဘုရားကမ္ဘာနှင့် သက်ဆိုင်သည်။

“ဘုန်း”

သတ်ဖြတ်ခြင်းဓား၏ အငွေ့အသက်သည် ကမ္ဘာတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။

သတ်ဖြတ်ခြင်းအငွေ့အသက်ကြောင့် ကမ္ဘာတစ်ခုလုံးက ရူးသွပ်သွားပုံပေါ်သည်။

“ဒီနည်းလမ်း ....”

ဝိညာဉ်ဓားရွှေအင်မော်တယ်၏ မျက်နှာထားက ရှုပ်ထွေးနေပြီး ညင်သာစွာ ရေရွတ်လိုက်သည်။

“သန့်စင်တဲ့စွမ်းအားမှာ အကောင်းအဆိုးမရှိဘူးလို့ အင်မော်တယ်ဘုရင်က ပြောခဲ့ဖူးတယ်”

“အဲဒါက အမှန်ပဲ။ လောကရဲ့ အကောင်းအဆိုးကို သန်မာတဲ့လူတွေကပဲ ဆုံးဖြတ်တယ်”

ဟန်မူယဲ့က ပြောလိုက်သည်။

သတ်ဖြတ်ခြင်းအငွေ့အသက်သည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ခုလုံးက မီးခိုးရောင်သန်းနေသည်။ သို့သော် ဤကမ္ဘာငယ်ကို သန့်စင်ရန် မဖြစ်နိုင်သေးပေ။

သူက ကမ္ဘာငယ်ကို သန့်စင်ရန်အတွက် လုံလောက်စွာ အချိန်မရှိပေ။

အင်မော်တယ်သခင် သေဆုံးသွားသည်မှာ မကြာသေးသော်လည်း ကမ္ဘာငယ်က အချိန်ကြာမြင့်စွာ ဆက်လက်တည်ရှိနေမည်မဟုတ်ပေ။

ထို့အပြင် သူတို့က စစ်ပွဲ၏အလယ်၌ ရှိနေကြသည်။

“တွေ့ပြီ”

ခပ်အုပ်အုပ်အော်သံနှင့်အတူ ဒုတိယမြောက် မူလဝိညာဉ်ဓား ပေါ်ထွက်လာသည်။

ထောင်ချောက်ဓား ဖြစ်သည်။

ထောင်ချောက်ဓားသည် အဆုံးမရှိသော ဓားအလင်းများအဖြစ် ပြောင်းလဲသွားပြီး ရိုးရှင်းသော ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို ဖွဲ့စည်း၍ ကမ္ဘာငယ်ကို ပိတ်လှောင်သည်။

ဓားချက်ကြောင့် ကမ္ဘာငယ်သည် ကျယ်လောင်စွာ အသံပေးလိုက်ပြီး စတင်ပြိုကျသွားသည်။

ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် ဤကမ္ဘာ၏ဝိညာဉ်ကို ဖျက်ဆီးခဲ့သည်။

ကမ္ဘာ၏ဝိညာဉ် ပျက်စီးသွားပြီး မရေမတွက်နိုင်သော နတ်စွမ်းအားအဖြစ် ပြန့်ကျဲသွားသောကြောင့် ကမ္ဘာငယ်က ပြိုလဲသွားသည်။

ဟန်မူယဲ့၏ ဓားအလင်းက ကမ္ဘာငယ်၏ မိုင်ထောင်ချီပတ်ဝန်းကျင်ကို လွှမ်းခြုံပြီး တိုက်ရိုက် ဝါးမြိုပစ်ခဲ့သည်။

ကမ္ဘာငယ်၏ ကျန်ရှိနေသော အပိုင်းအစများသည် အပြင်ဘက်သို့ ကျဆင်းသွားတော့မည်။

“အကြီးအကဲဝိညာဉ်ဓား၊ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို ဆင့်ခေါ်နိုင်တယ်မဟုတ်လား။ ကြီးကြီးမားမား လုပ်ကြရအောင်”

ဟန်မူယဲ့က ရူးသွပ်နေသော မျက်လုံးတစ်စုံဖြင့် တစ်ဖက်သို့ လှည့်ကြည့်သည်။

‘ကြီးကြီးမားမား လုပ်မှာလား’

ဝိညာဉ်ဓားက တစ်ကိုယ်လုံးတုန်ခါနေပြီး ပြိုကျနေသောကမ္ဘာငယ်ကိုကြည့်၍ မျက်နှာထားပြောင်းလဲသွားသည်။

“မင်းက ....”

“ဒီကမ္ဘာကို နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ဆီ စတေးလိုက်ရင် ဘယ်လိုလဲ”

စတေးမည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ လျှို့ဝှက်ချက်ကို သိနေသည်။

ဟန်မူယဲ့က သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ကိုင်ဆောင်ခဲ့သောအချိန်တွင် မြင်ကွင်းများကို မြင်ခဲ့ရသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် နတ်ဘုရားကမ္ဘာနှင့် ဆက်သွယ်နေသည်။ ထိုအရာသည် အင်မော်တယ်သခင်စန်ယွင်၏ အစီအစဉ် ဖြစ်သည်။

နောက်ကွယ်တွင် အင်မော်တယ်သခင်နှင့်ပတ်သတ်သော အင်အားစုတစ်ခု ရှိသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ စွမ်းအားသည် စတေးမှုမှတစ်ဆင့် ဖြစ်ပေါ်လာသည်။

နတ်စွမ်းအားများကို စတေးပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ စွမ်းအားဖြင့် လဲလှယ်သည်။ ထို့နောက် နတ်ဘုရားကမ္ဘာ၏ အင်အားစုနှင့် ဆက်သွယ်ပြီး အမျိုးမျိုးသော ရတနာများကို ရယူသည်။

ထိုအရာသည် အရောင်းအဝယ်ပြုလုပ်ခြင်းသာ ဖြစ်သည်။

ရုပ်သေးရုပ်သည် အဓိကအကျဆုံးအရာဖြစ်ပြီး တခြားလူများ၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။

သူက စတေးမှုကိုသာ လက်ခံသည်။

အင်မော်တယ်သခင်စန်ယွင်က သေဆုံးသွားသောအချိန်တွင် ရုပ်သေးရုပ်၏ ထိန်းချုပ်မှုကို ပြောင်းလဲခဲ့သည်။

ရုပ်သေးရုပ်က တခြားလူများ၏ ထိန်းချုပ်မှုကို လက်ခံမည်မဟုတ်ပေ။ ညီမျှသော အလဲအလှယ်ကိုသာ လက်ခံသည်။

သူနှင့်ဆက်သွယ်နိုင်သော လူသည် ဝိညာဉ်ဓားရွှေအင်မော်တယ်ပင် ဖြစ်သည်။

“ကောင်းပြီ”

ဝိညာဉ်ဓားရွှေအင်မော်တယ်က ရေရွတ်လိုက်ပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။

“ဘုန်း ....”

ကမ္ဘာငယ်က ပြိုကျသွားသည်။

ခမ်းနားသောကမ္ဘာတစ်ခုသည် အပြင်ဘက်တွင် ပေါ်ထွက်လာသည်။

နှစ်သန်းချီအကြာတွင် ထိုကမ္ဘာသည် အစစ်အမှန်ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။

ထိုသို့ဖြင့် ကောင်းကင်စက်ဝန်းကမ္ဘာများ ဖြစ်ပေါ်လာခဲ့သည်။

“ဝီ”

ပုံရိပ်များ ပြေးဝင်လာကြသည်။

အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

နတ်ဘုရားကမ္ဘာမှ ကျွမ်းကျင်သူကို တားဆီးနေသော အင်မော်တယ်သခင်ကျီယုဖြစ်စေ အင်မော်တယ်သခင် ဟူယွမ်ဖြစ်စေ အားလုံးက ပျက်စီးနေသောကမ္ဘာဆီသို့ ပြေးဝင်လာကြသည်။

နတ်ဘုရားကမ္ဘာမှရောက်လာသော အရာအားလုံးကို ရတနာအဖြစ် သန့်စင်နိုင်သည်။

အင်မော်တယ်သခင်တစ်ပါး၏ ကမ္ဘာငယ်သည် ဤနေရာတွင် ပျက်စီးသွားခဲ့သည်။ သင်္ချိုင်းအင်မော်တယ်မြို့တော် တည်ထောင်ခဲ့သောအချိန်မှစ၍ ထိုဖြစ်ရပ်မျိုး သုံးကြိမ်သာ ဖြစ်ခဲ့သည်။

ထိုသုံးကြိမ်သည် ကမ္ဘာတုန်သွားစေနိုင်သော စစ်ပွဲများ ဖြစ်ကြသည်။

ယနေ့သည် လေးကြိမ်မြောက် ဖြစ်သည်။

“ဝီ”

သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ကောင်းကင်ထက်တွင် ရုပ်သေးရုပ်များ စုစည်းလာကြသည်။

မြို့ပေါ်တွင်လွင့်မျောနေသော ရေမှင်စာက အနက်ရောင်ချပ်ဝတ်နှင့် စစ်သူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

ထိုစစ်သူကြီးက လက်နှစ်ဖက်ဖြင့် ပြိုကွဲသွားသောကမ္ဘာကို ဖမ်းဆုပ်သည်။

“ဘုန်း”

မီးခိုးရောင်အလင်းက ကမ္ဘာငယ်ကို လွှမ်းခြုံလိုက်ပြီး ပျောက်ကွယ်သွားသည်။

ရေမှင်စာက ပြုံးလိုက်ပြီး လက်ကို ညင်သာစွာဝှေ့ယမ်းသည်။

“ထွက်သွားစမ်း။ ငါအိပ်နေတာကို မနှောင့်ယှက်နဲ့”

အဝေးတစ်နေရာတွင် ရွှေရောင်ချပ်ဝတ်နတ်ဘုရားက လွင့်ထွက်သွားခဲ့သည်။

“မဟာမိစ္ဆာဘုရင် ချီထျန်း ....”

ကြောက်ရွံ့စိတ်များနှင့် ပြည့်နှက်နေသော နတ်ဘုရားကလန်သား၏အသံသည် လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“ချီထျန်းတဲ့လား။ ဟားဟား ....”

ရေမှင်စာက တီးတိုးရေရွတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

သူက နောက်ဆုံးအချိန်တွင် ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ကောင်လေး၊ ငါက ဒီကမ္ဘာရဲ့စွမ်းအားကို ဖြည်းဖြည်းချင်း ချေဖျက်ဖို့လိုတယ်။ အဲဒီတော့ မင်းကို ပြန်ပေးမှာမဟုတ်ဘူး”

“မင်းရဲ့ အကျိုးပြုရမှတ်ကို ထည့်မတွက်ဘူး”

အကျိုးပြုရမှတ်ကို ထည့်မတွက်ဘူး ....

ဟန်မူယဲ့၏ နှုတ်ခမ်းများက တွန့်သွားကြသည်။

အင်မော်တယ်သခင်တစ်ပါးအား သတ်ဖြတ်ခဲ့သော အကျိုးပြုအမှတ်ကို ထည့်မတွက်လျှင်ပင် ထိုကမ္ဘာ၏ အကျိုးပြုအမှတ်သည် အလွန်များပြားနေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ထည့်မတွက်တော့ပေ။

သူက အဆုံးမရှိသော ရင်းနှီးမြှုပ်နှံမှုများကို သယ်ဆောင်ထားသည်။ အဆုံးတွင် သူက ရွေးချယ်ခံရသော အလုပ်သမားတစ်ယောက်သာ ဖြစ်သည်။

“ငါက တခြားလူတွေကို သိပ်ပြီး အကြွေးမတင်ဘူး”

“ဒီတစ်ကြိမ်မှာတော့ မင်းကို အကြွေးတင်သွားပြီ”

ဝိညာဉ်ဓားရွှေအင်မော်တယ်က တီးတိုးပြောသည်။

“ခြေရာလက်ရာချန်မထားနဲ့”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူက သတ်ဖြတ်ခြင်းဓားနှင့် အင်မော်တယ်ဘုရင်၏ ကောင်းကင်စက်ဝန်းဝင်္ကပါကို ထုတ်သုံးခဲ့သည်။ ကမ္ဘာငယ်၏ တစ်စိတ်တစ်ပိုင်းကိုလည်း ဝါးမြိုထားသည်။

သူက ထိုကမ္ဘာငယ်ကို တခြားလူများ မခန့်မှန်းနိုင်သော နေရာတွင် သိမ်းထားခဲ့သည်။

“မြို့ကိုပြန်မယ်”

ဟန်မူယဲ့က အော်ဟစ်လိုက်သည်။

အောက်တွင် တိုက်ခိုက်နေသော စစ်ပွဲဝင်္ကပါက အမိန့်နာခံပြီး မြို့ဆီသို့ ပြန်လှည့်သွားသည်။

ပျက်စီးသွားသော နတ်ဘုရားကလန်၏ ဝင်္ကပါသည် ခုခံနိုင်စွမ်းမရှိတော့ပေ။ အများစုသည် အချိန်တိုအတွင်း၌ သေဆုံးသွားကြသည်။

အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များကြောင့် မဟုတ်လျှင် ဓားဝင်္ကပါက နတ်ဘုရားကလန်၏ စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။

စောင့်ကြပ်ပေးရန် အင်မော်တယ်သခင်များမရှိသော နတ်ဘုရားကလန်သည် သာမန်ပင်ဖြစ်သည်။

ဓားဝင်္ကပါက နောက်ပြန်လှည့်လာသည်။ အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များက သူတို့ကို မတားဆီးနိုင်ခဲ့ကြပေ။

ဓားကျင့်ကြံသူများက အကာအကွယ်ဝင်္ကပါ၊ ဓားအလင်းနှင့် အင်မော်တယ်အလင်းကို ဖြန့်ကျက်၍ မြို့ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။

ဟန်မူယဲ့က မြို့ထဲသို့မဝင်ခင် ‌ကျောက်စိမ်းအရိုးနှစ်ခုနှင့် ဓားကျိုးနှစ်လက်ကို ကောက်ယူလိုက်သည်။

တခြားလူများကလည်း ကျောက်စိမ်းအရိုးနှင့် လက်နက်များကို ကောက်ယူခဲ့ကြသည်။

ဟန်မူယဲ့နှင့်တခြားလူများ ပျောက်ကွယ်သွားသည်အထိ မြို့တံတိုင်းသည် တိတ်ဆိတ်နေခဲ့သည်။

အင်မော်တယ်သခင်ကျီယုနှင့် တခြားလူများကလည်း ထွက်ခွာသွားကြသည်။

မြို့အပြင်ဘက်တွင် ပြန့်ကျဲနေသော နတ်ဘုရားကလန်၏စစ်တပ်က ဖြည်းဖြည်းချင်း ပြန်လည်စုစည်းလိုက်သည်။ သို့သော် သူတို့က ထပ်မံမတိုက်ခိုက်ရဲတော့ပေ။

အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များကလည်း မြို့တံတိုင်းအနီးသို့ ချဉ်းကပ်မလာရဲကြပေ။

All Chapters