အခန်း (၉၅၀)
Vol. 68 Ch. 950
မြို့တံတိုင်းပေါ်တွင်ရှိနေသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်များက အင်မော်တယ်အလင်းဖြင့် တောက်ပနေပြီး ခွန်အားတိုးလာပုံပေါ်သည်။
“ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်က တကယ်ကို ပြိုင်ဘက်ကင်းတာပဲ”
အချိန်အတော်ကြာသွားသောအခါ မြို့တံတိုင်းတွင် လူတစ်ယောက်က ရေရွတ်လိုက်သည်။
မည်သူမှ စကားမပြောကြတော့ပေ။
တိတ်ဆိတ်မှု ဆက်ရှိနေသည်။
ထိုအရာသည် အစစ်အမှန် ပြိုင်ဘက်ကင်းခြင်း ဖြစ်သည်။
အင်မော်တယ်သခင်များကို အမဲလိုက်ရန်အတွက် မြို့ထဲမှ ထွက်သွားခဲ့သည်။
ထိုသို့ မည်သူက လုပ်ရဲမည်နည်း။
အရေးအကြီးဆုံးအနေဖြင့် ယနေ့တိုက်ပွဲတွင် နတ်ဘုရားကလန်မှ အင်မော်တယ်သခင်နှစ်ပါး သေဆုံးသွားပြီး ကမ္ဘာငယ်တစ်ခုကို ဝါးမြိုနိုင်ခဲ့သည်။
ထိုအရာသည် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ နှစ်တစ်သန်းလျှင်တစ်ကြိမ် အောင်မြင်မှုမျိုး ဖြစ်သည်။
ထိုတိုက်ပွဲသည် တိုတောင်းပုံပေါ်သော်လည်း တစ်နေ့နီးပါး ကုန်ဆုံးသွားခဲ့သည်။
ဟန်မူယဲ့၏နောက်သို့ လိုက်လာသော ဓားကျင့်ကြံသူများ၏ အရှိန်အဝါက အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။
သူတို့က ဝင်္ကပါကို အသုံးပြု၍ ကောင်းကင်ဖျက်ဆီးဒူးလေးများဖြင့် အင်မော်တယ်သခင်တစ်ပါးကို သတ်ဖြတ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်နိုင်ခဲ့သောကြောင့် သူတို့က မည်သည့်အရာကို ကြောက်ရွံ့နေရမည်နည်း။
အင်မော်တယ်သခင်တစ်ပါးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများက မည်သည့်အရာကို ကြောက်ရွံ့နေမည်နည်း။
“အရင်ဆုံး အကျိုးပြုရမှတ်တွေ လဲကြရအောင်”
ဟန်မူယဲ့က လက်မြှောက်ပြီး လူတိုင်းကို မြို့ထဲတွင်ရှိသော ခန်းဆောင်ဆီသို့ ခေါ်သွားသည်။
ဤတစ်ကြိမ်တွင် မရေမတွက်နိုင်သော နတ်အာရုံများက သူဆီသို့ ရောက်လာကြသည်။
“အဲဒါက စစ်ကူရောက်လာတဲ့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက တပည့်တွေပဲ။ သူတို့က တကယ် အထင်ကြီးစရာကောင်းတယ်”
“နတ်ဘုရားနဲ့ အင်မော်တယ်သခင်တွေကို သတ်ဖြတ်ခဲ့ကြတယ်။ ဒီနေ့ခေတ်လူငယ်တွေက ဒီလောက်တောင် အားကောင်းနေကြပြီလား”
“ငါက အိုနေပြီပဲ။ အင်မော်တယ်ကမ္ဘာကို ပြန်သွားပြီး အနားယူချင်တယ်”
....
သူက ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် နတ်ဘုရားကလန်သားကို သတ်ဖြတ်ခဲ့သောအချိန်တွင် အကျိုးပြုအမှတ် ငါးထောင် ရခဲ့သည်။ ယနေ့တွင် သူက အင်မော်တယ်သခင်တစ်ပါးကို သတ်ဖြတ်ခဲ့သောကြောင့် အကျိုးပြုအမှတ် ရှစ်သောင်းဖြစ်သွားသည်။
သို့သော် တစ်ဝက်ကို ဝိညာဉ်ဓားရွှေအင်မော်တယ်ဆီသို့ ပေးလိုက်ရသည်။
သူက ဝိညာဉ်ဓားရွှေအင်မော်တယ်၏ ခွန်အားကို အသုံးပြု၍ အင်မော်တယ်သခင်ကို သတ်ဖြတ်ခဲ့သည်။
ဝိညာဉ်ဓားရွှေအင်မော်တယ် မရှိခဲ့လျှင် ဟန်မူယဲ့က နတ်ဘုရားကလန်၏ အင်မော်တယ်သခင်ကို သတ်ဖြတ်နိုင်မည်မဟုတ်ပေ။
ထိုသို့ဖြင့် အကျိုးပြုအမှတ် လေးသောင်းကျော် ရခဲ့သည်။
နောက်ထပ် အင်မော်တယ်သခင်တစ်ယောက်အား သတ်ဖြတ်ခဲ့သော အကျိုးပြုအမှတ်ကို ဓားကျင့်ကြံသူ ၁,၂၀၀က ခွဲယူလိုက်ကြသည်။ သူတို့က တစ်ယောက်လျှင် အမှတ်ခုနစ်ဆယ်စီ ရခဲ့ကြသည်။
“ငါတို့က အကျိုးပြုအမှတ်တစ်ဝက်ကို ရတနာပစ္စည်းတွေအတွက် ပေးချေသင့်တယ်”
ဘေးတွင်ရှိနေသော ကျောက်ချန်က အော်ဟစ်လိုက်သည်။
စာရင်းရှင်းမည်။
ယနေ့တိုက်ပွဲတွင် ကောင်းကင်ဖျက်ဆီးဒူးလေးများက အဓိကအကျိုးဆောင်ပေးခဲ့ကြသည်။
မြားတံ ၂,၄၀၀သည် အလွန်ဈေးကြီးသည်။
ထို့ကြောင့် ဓားဂိုဏ်း၏တပည့်များက အကျိုးပြုအမှတ် အနည်းငယ်ကိုသာ ထိန်းသိမ်းထားနိုင်လိမ့်မည်။
သို့သော် ထိုက်တန်သည်။
သူတို့က အင်မော်တယ်သခင်တစ်ပါးကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ကြသည်။ ထိုအတွေ့အကြုံမျိုးကို ရတနာပစ္စည်းများနှင့် မလဲလှယ်နိုင်ပေ။
ဟန်မူယဲ့က အကျိုးပြုရမှတ်လေးသောင်းကျော်ကို စုစည်းနိုင်ခဲ့ပြီး နှစ်တစ်သိန်းအမည်စာရင်း၌ နံပတ်တစ် ဖြစ်သွားသည်။
ပြိုင်ဘက်ကင်းဟန်ဆိုသော နာမည်သည် သင်္ချိုင်းအင်မော်တယ်မြို့တွင် ပျံ့နှံ့နေသည်။
“ပြိုင်ဘက်ကင်းဟန်က တကယ်ပြိုင်ဘက်ကင်းတာပဲ”
မြို့တံတိုင်းပေါ်တွင်ရှိသော အင်မော်တယ်ကျင့်ကြံသူများက ရမှတ်တံဆိပ်ပြားမှတစ်ဆင့် အမည်စာရင်းပြောင်းလဲမှုကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“သူက ရောက်လာခါစပဲရှိသေးတယ် အရမ်းရူးသွပ်နေပြီ။ သင်္ချိုင်းအင်မော်တယ်မြို့တော်က တကယ်ပဲ သင်္ချိုင်းနတ်ဘုရားမြို့တော် ဖြစ်သွားတော့မယ်”
လူတစ်ယောက်က ခပ်ဟဟရယ်လိုက်ပြီး စစ်မြေပြင်ကို လှမ်းကြည့်သည်။
အကျိုးပြုရမှတ်အများစုကို နတ်ဘုရားကမ္ဘာ၏ ရတနာများဖြင့် လဲလှယ်ပြီး ကျောက်ချန်ဆီသို့ ပေးလိုက်သည်။
ဟန်မူယဲ့က တခြားပစ္စည်းများကိုလည်း လဲလှယ်ခဲ့သည်။
သူက အကျိုးပြုရမှတ်တစ်ထောင်ကို အသုံးပြု၍ အင်မော်တယ်ရတနာဓားတစ်လက်ကို ယူခဲ့သည်။
သူက အကျိုးပြုရမှတ် တစ်သိန်းလိုအပ်သော အထွတ်အထိပ်အဆင့် ရတနာဓားတစ်လက်ကိုလည်း မြင်ခဲ့သည်။
ဟန်မူယဲ့က ဓားဆန္ဒကို အင်မော်တယ်ရတနာဓားထဲသို့ ထည့်သွင်းလိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။
ဤဓားသည် အမှန်တကယ်ပင် နတ်ဘုရားကမ္ဘာမှ ဖြစ်သည်။
ပိုင်ရှင်မရှိခဲ့သော အင်မော်တယ်ရတနာဓားသည် အတော်အသင့်အားကောင်းသော နတ်ဘုရားကမ္ဘာ၏ အင်အားစုတစ်ခုမှ ဆင်းသက်လာခဲ့သည်။ ထိုအင်အားစုသည် လက်နက်သန့်စင်ခြင်းကို အဓိကပြုလုပ်သည်။
ထိုအင်အားစုက အင်မော်တယ်ဘုရင်ကို လျှို့ဝှက်စွာ ထောက်ပံ့ပေးနေသည်။
ကျောက်ချန်က ရတနာများကို စုစည်းလိုက်ပြီး ပြုံးနေသည်။
“ဟူး၊ နှိမ့်နှိမ့်ချချနေပါလို့ ပြောခဲ့တယ်မဟုတ်လား။ အခုတော့ နှိမ့်နှိမ့်ချချနေဖို့ နည်းလမ်းမရှိတော့ဘူး ....”
သူ့စကားကြောင့် လူတိုင်းက ရယ်မောလိုက်ကြသည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါသည် အင်မော်တယ်အလင်းရောင်ဖြင့် တောက်ပလာသည်။ ဤတစ်ကြိမ်သည် မနေ့ကထက် အဆပေါင်းများစွာ ခမ်းနားသည်။
“ကောင်းကင်ဖျက်ဆီးဒူးလေးက မဆိုးဘူး။ ဒူးလေးနဲ့မြားတံတွေကို စုဆောင်းဖို့ ပြောလိုက်မယ်”
“သူတို့မှာ အသုံးမဝင်တဲ့ရတနာတွေ ရှိသေးတယ်လို့ ပြောတယ်။ ကောင်းကင်ဖျက်ဆီးဒူးလေးထက် အားကောင်းတယ်တဲ့။ အဲဒါက အမှန်လားမသိဘူး”
“အစ်ကိုကြီး၊ ကျွန်တော်တို့ တခြားတစ်ခု ကြိုးစားကြည့်လို့ရမလား”
သူတို့က ခန်းဆောင်ထဲမှ ထွက်လာသောအခါတွင် ကျောက်ချန်၏ မျက်လုံးများက တောက်ပသွားကြသည်။
သူက နတ်ဘုရားကမ္ဘာ၏ ရတနာပစ္စည်းများကို သာမန်အတိုင်း ပေးပို့ရုံဖြင့် သန်းပေါင်းများစွာရှိသော အကျိုးအမြတ်ကို ရနိုင်သည်။
အကယ်၍ သူက ယွင်လန်မြို့တွင် ဆက်ရှိနေခဲ့လျှင် ထိုကြွယ်ဝမှုမျိုးကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
သူ၏ စီးပွားရေးလုပ်ငန်းက အောင်မြင်နေသည်။
သူတို့က သင်္ချိုင်းအင်မော်တယ်မြို့၏ နေရာအနှံ့တွင်ရှိသော စကားသံများကို လျစ်လျူရှုထားပြီး စခန်းသို့ ပြန်ရောက်လာကြသည်။
ထိုအချိန်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင်က အင်မော်တယ်အလင်းဖြင့် တောက်ပလာသည်။
“အာ၊ ဒါက ဘာလဲ”
ခန်းဆောင်ထဲတွင် တာဝန်ကျနေသော ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
မနေ့တွင် ထိုဝင်္ကပါက တောက်ပလာပြီး မရေမတွက်နိုင်သော ရတနာများကို ပို့ပေးခဲ့သည်။
ကုန်သည်များအားလုံးက ရတနာပစ္စည်းများကို ကြွယ်ဝမှုအဖြစ် ပြောင်းလဲနိုင်ရန်အတွက် နေရာအနှံ့တွင် ပြေးလွှားနေကြသည်။
ယခုအချိန်၌ ခန်းဆောင်ထဲတွင် တာဝန်ယူနိုင်သောလူများ မရှိကြပေ။
ဝင်္ကပါသည် မနေ့က ရတနာပစ္စည်းများကို ပေးပို့ထားသောကြောင့် တစ်နှစ်ခန့် ငြိမ်သက်နေလျှင်လည်း ပုံမှန်သာဖြစ်သည်။
ယနေ့တွင် ဝင်္ကပါက အသက်ဝင်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
“မြန်မြန်လေး၊ အကြီးအကဲကို အကြောင်းကြားလိုက်”
“တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက အသက်ဝင်နေတယ်လို့ ဆိုင်ရှင်ကို သတင်းပို့လိုက်”
“အကြီးအကဲရှုက ဘယ်မှာလဲ။ အကြီးအကဲရှု ဘယ်ရောက်နေလဲ”
ခန်းဆောင်က ရှုပ်ထွေးသွားသည်။
ဝင်္ကပါထဲတွင် ကျောက်စိမ်းပေလွှာနှင့် သိုလှောင်အိတ်တချို့ ပေါ်လာသော်လည်း မည်သူမှ စစ်ဆေးမကြည့်ရဲကြပေ။
“ဘာတွေလဲ”
အသံတစ်သံနှင့်အတူ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အကြီးအကဲဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ရောက်လာခဲ့သည်။ ဝင်္ကပါထဲတွင်ရှိသော ကျောက်စိမ်းပေလွှာနှင့် သိုလှောင်အိတ်များကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများက တုန်ခါသွားသည်။
သူက အစီအရင်တည်ဆောက်ခဲ့သော ရည်ရွယ်ချက်ကို သိသည်။
သူက ဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် အစီအရင်ကို အာရုံစိုက်ထားခဲ့သည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အကြီးအကဲများက မနေ့တွင် ရောက်လာသော ရတနာပစ္စည်းများအကြောင်းကို ဆွေးနွေးနေကြသည်။
ဂိုဏ်းချုပ်ကပင် ယွင်လန်ဓားအင်မော်တယ်ကို အစကောင်းသည်ဟု ချီးကျူးခဲ့သည်။
သို့သော် ယနေ့တွင် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက ထပ်မံအသက်ဝင်လာလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။
သူက လက်မြှောက်ပြီး ကျောက်စိမ်းပေလွှာကို ဆုပ်ကိုင်သည်။
“အကျိုးနည်း”
သူ့လက်က တုန်ခါနေပြီး ကျောက်စိမ်းပေလွှာက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူက ကျောက်စိမ်းပေလွှာကို သေချာကိုင်မထားနိုင်ခဲ့ပေ။
ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးက မျက်နှာထားပြောင်းလဲသွားပြီး ကျောက်စိမ်းပေလွှာကို ကောက်ယူ၍ လက်နှစ်ဖက်ဖြင့် အကြီးအကဲကို ပြန်ပေးလိုက်သည်။
သူက ပေးလိုက်သောအချိန်တွင် နတ်အာရုံဖြင့် ကျောက်စိမ်းပေလွှာကို တိတ်ဆိတ်စွာ ကြည့်ခဲ့သည်။
“အကြီးအကဲချီနဉ်၊ ဒီကျောက်စိမ်းပေလွှာ .... အကျိုးနည်း ...”
အကြီးအကဲချီနဉ်က ပြုံးလိုက်ပြီး ကျောက်စိမ်းပေလွှာကို ဆုပ်ကိုင်၍ စာသားများကို ဖော်ပြသည်။
“ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်က ဓားဂိုဏ်းရဲ့ လက်ရွေးစင်တပည့် တစ်ထောင်ကျော်ကို ဦးဆောင်ပြီး မြို့ထဲကနေ ထွက်သွားခဲ့တယ်။ သူတို့က အင်မော်တယ်သခင်နှစ်ပါးကို သတ်ဖြတ်ပြီး ကမ္ဘာငယ်တစ်ခုနဲ့အတူ ပြန်လာခဲ့တယ်”
“အကျိုးပြုရမှတ်နဲ့ ရတနာတွေကို လဲလှယ်ခဲ့တယ်”
“တာအိုရောင်းရင်းတွေက အားကောင်းတဲ့ အကာအကွယ်ရတနာတွေကို ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ယွင်လန်ဓားအင်မော်တယ် အောင်မြင်လာအောင် ကူညီပေးကြပါ”
ကျောက်ချန်က တိုက်ပွဲအောင်မြင်မှုအကြောင်းနှင့် ရတနာများကို ပြောပြပြီး အကူအညီတောင်းခဲ့သည်။
ကျောက်စိမ်းပေလွှာ၏ အကြောင်းအရာက ရိုးရှင်းသည်။
သို့သော် အင်မော်တယ်သခင်နှစ်ပါး၏အကြောင်း ပါနေသည်။
‘အင်မော်တယ်သခင်နှစ်ပါးက တကယ်ပဲ သေသွားတာလား’
အကြီးအကဲချီနင်က ပူးပေါင်းဆောင်ရွက်ထားသော စီးပွားရေးသမားများ၏ သဘောတူညီချက်အရ သိုလှောင်အိတ်ထဲတွင်ရှိသော ပစ္စည်းများကို အပြင်ဘက်သို့ ခါချလိုက်သည်။
နတ်ဘုရားအလင်းသည် ခန်းဆောင်ထဲတွင် တောက်ပလာသည်။ အမျိုးမျိုးသော ရတနာများက စုပုံနေကြသည်။
“အံ့အားသင့်စရာပဲ ....”
မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များသည် လေထဲတွင် လွင့်မျောနေကြသည်။
ဆိုင်ရှင်များက လျင်မြန်စွာ ပြန်ရောက်လာကြသည်။
ဓားဂိုဏ်း၏ အကြီးအကဲများကလည်း ပျံသန်းလာကြသည်။
ရတနာအများအပြားကြောင် စိုးရိမ်နေသော ကျင့်ကြံသူများ မရှိခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူတို့က စိုးရိမ်နေရသည်။
ဓားဂိုဏ်းသည် ယနေ့ကဲ့သို့ တောက်ပနေသော နတ်ဘုရားအလင်းများကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“အဟမ်း၊ ငါက ခက်ခက်ခဲခဲနေရတာကို အသားကျနေပြီ။ ဒါနဲ့ အသားမကျနိုင်ဘူး”
အကြီးအကဲချီနဉ်က ရေရွတ်လိုက်ပြီး ပျံသန်းလာသော ဓားဂိုဏ်း၏ အကြီးအကဲများကို ကြည့်သည်။
လူတိုင်းက ကျယ်လောင်စွာ ရယ်လိုက်ကြသည်။
“ငါတို့ဓားဂိုဏ်းမှာ အားကောင်းတဲ့ရတနာတွေ ရှိတယ်မဟုတ်လား”
အကြီးအကဲတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
“အကြီးအကဲချန်၊ ကောင်းကင်ခွဲဓားအကြောင်း ပြောနေတာလား”
“အဲဒါက တကယ်အားကောင်းပါတယ်။ ဒါပေမဲ့ ကုန်ကျ ....”
စကားပြောနေသောလူက ခန်းဆောင်ထဲတွင်ရှိသော မျက်စိကျိန်းလောက်သည့် ရတနာများကို လှည့်ကြည့်သည်။
‘ကုန်ကျစရိတ်လား’
‘အကုန်အကျများရင် ကောင်းတာပေါ့’
ပတ်ဝန်းကျင်တွင်ရှိသော ဆိုင်ရှင်များက ပြုံးနေကြသည်။
“မြန်မြန်လေး၊ မြန်မြန်လေး။ အားလုံးပဲ ရတနာတွေရှာလာခဲ့ကြပါ။ ငါတို့က ယွင်လန်ကို ထောက်ပံ့ပေးရမယ်”
“ပြိုင်ဘက်ကင်းဟန်ဆိုတဲ့နာမည်က သင်္ချိုင်းအင်မော်တယ်မြို့မှာ ပဲ့တင်ထပ်နေလိမ့်မယ်။ ငါတို့က သူ့ကို ဆွဲချလို့မဖြစ်ဘူး”
“ကောင်းကင်အလင်းဂိုဏ်းမှာ ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုး ရှိတယ်မဟုတ်လား။ ဝယ်လိုက်။ အဲဒါကို အင်မော်တယ်ဘုရင်တစ်ပါးကတောင် မမြင်ချင်လောက်ဘူး”