← Chapters

အခန်း (၉၅၁)

Vol. 68 Ch. 951

အခန်း (၉၅၁)

Vol. 68 Ch. 951

ဟန်မူယဲ့တို့က အင်မော်တယ်ကမ္ဘာတွင် ရတနာရှာပေးရန် တက်ကြွနေသော တခြားလူများ၏ လှုပ်ရှားမှုကို မသိခဲ့ပေ။

ဟန်မူယဲ့က တဲအိမ်သို့ ပြန်ရောက်လာပြီး ကျင့်ကြံလိုက်သည်။

သူက ဝိညာဉ်ဓားရွှေအင်မော်တယ်ဆီမှ မြင်ခဲ့ရသော မြင်ကွင်းများကို သုံးသပ်ကြည့်နေသည်။ ထို့နောက် အသစ်ယူလာသော အင်မော်တယ်ရတနာဓားကို သန့်စင်လိုက်သည်။

ထိုဓားသည် အရည်အသွေးမဆိုးပေ။ အနာဂတ်တွင် သူ့အတွက် ဓားကောင်းတစ်လက် ဖြစ်လာနိုင်သည်။ နောက်ပိုင်းတွင် အစိမ်းရောင်ကံကြမ္မာဓားနှင့် ပေါင်းစပ်ပြီး ဓား၏ အရည်အသွေးကို မြှင့်တင်နိုင်လိမ့်မည်။

ဟန်မူယဲ့က ရတနာနှင့် မှတ်ဉာဏ်များကို စီစဉ်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ ထို့နောက် သူက လေးနက်သောမျက်နှာထားဖြင့် မျက်လုံးမှိတ်လိုက်သည်။

ဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ပေါ်တွင် လှုပ်ရှားလာသည်။

အဆုံးမရှိသော နတ်ဘုရားကမ္ဘာတွင် မီးခိုးရောင်မြူခိုးထုက ရုတ်တရက် ကွဲထွက်သွားသည်။

သတ်ဖြတ်ခြင်းဓား ဖြစ်သည်။

“ဒါက နတ်ဘုရားကမ္ဘာပဲ”

ကျင့်ကြံသူများအားလုံးသည် နတ်ဘုရားကမ္ဘာကို တမ်းတကြသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် လောက၏ အဆုံးသတ်ဖြစ်ပြီး စွမ်းအားများအားလုံး၏ အထွတ်အထိပ် ဖြစ်သည်။

ဟန်မူယဲ့က ရွှေအလင်းများဖြင့်ပြည့်နှက်နေသော လောကတွင် ရပ်နေခဲ့သည်။ သူက ပတ်ဝန်းကျင်တွင် သွယ်ယှက်နေသော နတ်စွမ်းအားကို ခံစားကြည့်နိုင်သည်။

ဤနေရာတွင် ကျင့်ကြံလျှင် လူသားကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာထက် ပိုသာလိမ့်မည်။ ဤကမ္ဘာ၏ စွမ်းအားက ပိုမိုအဆင့်မြင့်သည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ အန္တရာယ်နယ်မြေသုံးခုတွင် အင်အားစုများကို စုစည်းပြီး နတ်ဘုရားကမ္ဘာကို ခုခံနေရသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

နတ်ဘုရားကမ္ဘာအတွက် အင်မော်တယ်ကမ္ဘာများသည် လက်အောက်ခံဖြစ်ပြီး လေ့ကျင့်ရန်အတွက် အမဲလိုက်ကွင်းပြင် ဖြစ်သည်။

အလဲအလှယ်အနေဖြင့် နတ်ဘုရားကမ္ဘာသည် အင်မော်တယ်ကမ္ဘာရှိ ကျင့်ကြံသူများကို နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်လာရန် အခွင့်အရေးပေးလိမ့်မည်။

ဥပမာအနေဖြင့် လက်ရွေးစင်စည်းဝေးပွဲသည် ထိုအခွင့်အရေးမျိုး ဖြစ်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက လက်ရွေးစင်စည်းဝေးပွဲ၏ အဆင့်သတ်မှတ်ချက်တွင် ပါဝင်နိုင်ရန် ကြိုးစားကြသည်။

သတ်ဖြတ်ခြင်းဓားက ပေါက်ကွဲသွားပြီး မီးခိုးရောင်မြူခိုးများကို ဖယ်ရှားသည်။

ထိုမြူခိုးသည် သူဝါးမြိုခဲ့သော ကမ္ဘာငယ်၏စွမ်းအားဖြစ်ပြီး အနာဂတ်တွင် သူ၏ ကမ္ဘာငယ်အတွက် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။

နတ်ဘုရားကမ္ဘာ၏ ကမ္ဘာငယ်ထက် ပိုမိုသန်မာသော ကျင့်ကြံခြင်း မရှိနိုင်ပေ။

အနာဂတ်တွင် သူ၏ သတ်ဖြတ်ခြင်းဓားက နတ်ဘုရားကမ္ဘာ၏ ကောင်းကင်စက်ဝန်းတွင် နေထိုင်ပြီး ကမ္ဘာငယ်နှင့်အတူ ကျင့်ကြံလိမ့်မည်။

သတ်ဖြတ်ခြင်းဓားက အင်မော်တယ်ကမ္ဘာတွင် ပေါ်မလာနိုင်သောကြောင့် နတ်ဘုရားကမ္ဘာတွင် အလုပ်လုပ်နေလျှင် ပိုကောင်းသည်။

မြူခိုးများ လှုပ်ရှားနေပြီး မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ဆင်းသက်လာကြသည်။

ကမ္ဘာသစ်တစ်ခု ပေါ်လာသည်။

“ဝှစ် ....”

လေဟာနယ်ထဲတွင် စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် သားရဲတစ်ကောင် ပေါ်လာခဲ့သည်။ ထိုသားရဲက အသစ်ဖြစ်ပေါ်လာသော ကမ္ဘာဆီသို့ ပျံသန်းလာသည်။

အကယ်၍ သူက ကမ္ဘာငယ်ကို ထိန်းချုပ်ပြီး ပိုင်ရှင်ဖြစ်လာနိုင်လျှင် အဆပေါင်းတစ်ရာခန့် ခွန်အားတိုးသွားလိမ့်မည်။

သို့သော် ထိုကမ္ဘာသည် ပိုင်ရှင်မဲ့ ဖြစ်နေရမည်။

ကံဆိုးစွာဖြင့် ထိုကမ္ဘာတွင် ပိုင်ရှင်ရှိနေခဲ့သည်။

“ခလွမ် ....”

ဓားအလင်းသည် ဖျတ်ခနဲပေါ်ထွက်လာသည်။ ပေတစ်ရာကြီးမားသော သားရဲက နှစ်ပိုင်းပြတ်သွားသည်။ ပြင်းထန်သောသွေးအလင်းသည် ပတ်ဝန်းကျင်ကို နီရဲသွားစေခဲ့သည်။

“ကောင်းပြီ။ ဒီသွေးကိုအသုံးပြုပြီး ကမ္ဘာငယ်ကို အားဖြည့်ပေးလိုက်မယ်။ ဒီကမ္ဘာက သတ်ဖြတ်ခြင်းစွမ်းအားနဲ့ ပြည့်နေတယ်”

ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်သည်။ သတ်ဖြတ်ခြင်းဓားက သူ့ပုံစံအဖြစ် အသွင်ပြောင်းသွားသည်။

ကမ္ဘာငယ်ကို သူ၏ ဝိညာဉ်ထဲသို့ စုပ်ယူပြီး အားဖြည့်ပေးမည်။

တခြားလူများက ကမ္ဘာငယ်ကို ကောင်းကင်အင်မော်တယ်အဆင့်တွင် စတင်ပျိုးထောင်ကြသည်။

သို့သော် ဟန်မူယဲ့က တစ်ဆင့်ချင်းစီ ကျင့်ကြံလာခြင်း မဟုတ်ပေ။

သူက အင်မော်တယ်သခင်တစ်ပါး၏ ကမ္ဘာငယ်ကို တိုက်ရိုက်သန့်စင်မည်။

သူက ထိုကမ္ဘာငယ်ကို သန့်စင်ပြီးလျှင် သူ၏ ကျင့်ကြံဆင့်က လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တိုက်ရိုက်ဝင်ရောက်သွားပြီး ကမ္ဘာငယ်ကို သူနှင့်အတူ သယ်ဆောင်နိုင်လိမ့်မည်။

ဟန်မူယဲ့က ကမ္ဘာငယ်ကိုသိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်၍ ပြုံးသည်။

“နတ်ဘုရားကမ္ဘာကို ရောက်လာဖို့ မလွယ်ဘူး။ လျှောက်ကြည့်သင့်တယ်”

သူ၏ မူလဝိညာဉ်ဓားက အင်မော်တယ်ကမ္ဘာကို သယ်ဆောင်ထားသောကြောင့် နတ်ဘုရားကမ္ဘာတွင် အချိန်ကြာမြင့်စွာ နေနိုင်သည်။ သို့သော် သူ၏ ဝိညာဉ်က မနေနိုင်ပေ။

သူ့ဝိညာဉ်က အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်သွားလိမ့်မည်။

သူက အရပ်မျက်နှာတစ်ခုကို ရွေးချယ်လိုက်ပြီး ပျံသန်းသွားသည်။

နတ်ဘုရားကမ္ဘာသည် နတ်စွမ်းအားများ တည်ရှိနေခြင်းမှလွဲ၍ အင်မော်တယ်ကမ္ဘာနှင့် ကွာခြားမှုသိပ်မရှိပေ။

အသက်မဲ့နေသော ကြယ်များအပါအဝင် မရေမတွက်နိုင်သော ကြယ်များသည် နတ်ဘုရားအလင်းကို ထုတ်လွှတ်နေကြသည်။

သူက အားကောင်းပုံမရသော ကြယ်တစ်စင်းကို ရှာဖွေလိုက်ပြီး မူလဝိညာဉ်ဓား၏ အငွေ့အသက်ဖြင့် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်လိုက်ပြီး ဆင်းသက်သွားသည်။

ဤကြယ်က သူ့ကို မဆန့်ကျင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် မူလဝိညာဉ်ဓား သန့်စင်ထားသော ကမ္ဘာငယ်သည် နတ်ဘုရားကမ္ဘာနှင့် သက်ဆိုင်သည်။

သူက အပြင်လူတစ်ယောက်မဟုတ်ပဲ နတ်ဘုရားကမ္ဘာနှင့် လိုက်လျောညီထွေရှိသည်။

ဤကြယ်ပေါ်တွင်ရှိသော နတ်ဘုရားများသည် ဟန်မူယဲ့မြင်ခဲ့သော နတ်ဘုရားများနှင့် အတူတူပင်ဖြစ်သည်။ အများဆုံး အဝတ်အစားများ ကွဲပြားနေရုံသာ ဖြစ်သည်။

သို့သော် နတ်ဘုရားများ၏ ကျင့်ကြံခြင်းသည် လူသားလောကနှင့် အင်မော်တယ်လောကထက် ပိုမိုသန်မာသည်။ ဤကြယ်ပေါ်တွင်ရှိသော နတ်ဘုရားများသည် ကလေးဖြစ်နေလျှင်လည်း တည်ငြိမ်သောစွမ်းအားကို ပိုင်ဆိုင်ထားပြီး အနည်းဆုံး အခြေခံအုတ်မြစ်အဆင့်တွင် ရှိနေကြသည်။

တစ်နည်းပြောရလျှင် နတ်ဘုရားကလန်၏ အားအနည်းဆုံးလူသည် ကမ္ဘာမြေအဆင့်တွင် ရှိသည်။

ဟန်မူယဲ့က နတ်ဘုရားကလန်သားများကို ကြည့်လိုက်ပြီး ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်ကို ပိုမိုလေးစားလာသည်။

တခြားလူများက နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်လာချင်သောအချိန်တွင် သူက နတ်ဘုရားကမ္ဘာ၏ ချုပ်နှောင်မှုများကို ချိုးဖျက်ပြီး လူတိုင်းကို နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်လာနိုင်ရန် အခွင့်အရေးပေးခဲ့သည်။

“ဒေါင် ....”

လေထုထဲတွင် ခေါင်းလောင်းသံ ပေါ်ထွက်လာသည်။

“မြန်မြန်လေး၊ နတ်ဘုရားယဇ်ပလ္လင် ပွင့်လာတော့မယ်။ အသက်တစ်ရာနဲ့ နှစ်ရာကြားမှာ ရှိနေတဲ့လူတွေက နတ်ဘုရားဉာဏ်အလင်းဖွင့်ခြင်းကို လက်ခံရမယ်”

တောင်ဝှေးတစ်ချောင်းကိုင်ထားသော အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာပြောသည်။

ချက်ချင်းဆိုသလိုပင် နတ်ဘုရားများက တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားကြသည်။

သူတို့က အားကောင်းသော သွေးနှင့်ချီကို ပိုင်ဆိုင်ထားပြီး အခြေခံအားဖြင့် ကောင်းကင်အဆင့်တွင် ရှိနေကြသည်။

သူတို့က အသက်တစ်ရာနှင့် နှစ်ရာကြားတွင် ရှိနေသောကြောင့် ထိုကျင့်ကြံဆင့်သည် ပုံမှန်ပင်ဖြစ်သည်။

နတ်ဘုရားကလန်သားများသည် ကျင့်ကြံခြင်းတွင် အခက်အခဲများ သိပ်မတွေ့ရပေ။

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော ဧရာမယဇ်ပလ္လင်ကို ကြည့်သည်။

ကျောက်တုံးသုံးလွှာဖြင့် တည်ဆောက်ထားပြီး ထိပ်ဆုံးအလွှာတွင် သွယ်ယှက်နေသော နတ်ဘုရားအင်းကွက်များ ရှိသည်။

သူက ထိုနတ်ဘုရားအင်းကွက်များကို စိတ်ထဲတွင် မှတ်သားပြီး စစ်ဆေးကြည့်လိုက်သည်။ သူက ထိုအင်းကွက်များ၏ အလုပ်လုပ်ပုံကို ချက်ချင်းနားလည်သွားသည်။

“နတ်စွမ်းအားကို ထုတ်ယူတာလား”

“မဟုတ်ဘူး။ ထုတ်ယူရုံတင်မဟုတ်ပဲ အားဖြည့်ပေးတာလည်း ပါတယ်”

ရှေ့တွင် နတ်ဘုရားကလန်သားတစ်ယောက်က ယဇ်ပလ္လင်ပေါ်သို့ တက်သွားသည်။ နတ်ဘုရားအင်းကွက်များက တောက်ပလာပြီး သူ့ကို လွှမ်းခြုံလိုက်သည်။

သူက ရှေ့သို့ တစ်လှမ်းချင်းစီ တိုးသွားသည်။ သူ၏ နတ်ဘုရားအလင်းက ပိုမိုပြင်းထန်လာသည်။

“ထူကောက နတ်ဘုရားဉာဏ်အလင်းဖွင့်ခြင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီ”

အောက်တွင်ရှိသော လူတစ်ယောက်က အားကျစွာ ပြောသည်။

ထူကောဟုအမည်ရသော နတ်ဘုရားကလန်သား၏ ကိုယ်ပေါ်တွင် နတ်ဘုရားအလင်းများက ရစ်ဝဲနေကြသည်။

သူက လူသားအင်မော်တယ်အဆင့်သို့ ရောက်သွားသည်။

နတ်ဘုရားဉာဏ်အလင်းဖွင့်ခြင်းသည် လူသားလောက၏ သန့်စင်ခြင်းနှင့် ဆင်တူသည်။

ထူကော၏ကိုယ်ပေါ်တွင်ရှိသော နတ်ဘုရားအလင်း ပျောက်ကွယ်သွားသောအခါ သူ့နဖူးတွင် ရွှေကြယ်အလင်းတစ်ခု ကျန်နေခဲ့သည်။

ယဇ်ပလ္လင်၏အောက်တွင် နတ်ဘုရားကလန်သားများက တစ်ယောက်ပြီးတစ်ယောက် အပေါ်တက်သွားပြီး ဉာဏ်အလင်းဖွင့်ခြင်းကို ခံယူနေကြသည်။

“အား”

အော်သံတစ်ခု ပေါ်ထွက်လာသည်။ အပြာရောင်ဝတ်စုံနှင့် နတ်ဘုရားကလန်သားက တစ်ကိုယ်လုံးတွင် အနက်ရောင်မီးတောက်များကို ထုတ်လွှတ်နေသည်။

မီးတောက်များကြောင့် သူ့ခန္ဓာကိုယ်က ပျက်စီးသွားသည်။

ခဏအကြာတွင် လူတစ်ကိုယ်လုံး ပျောက်ကွယ်သွားပြီး မှိန်ဖျော့နေသော အရိပ်တစ်ခုသာ ကျန်ခဲ့သည်။

အမှောင်မိစ္ဆာသားရဲ ဖြစ်သည်။

အမှောင်မိစ္ဆာသားရဲသည် နတ်ဘုရားကလန်သားမှ ဖြစ်ပေါ်လာသည်။

ထိုအရာကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းသည်။

“ဂါး ....”

နောက်ထပ်အော်သံတစ်ခု ပေါ်ထွက်လာသည်။ နတ်ဘုရားကလန်သား၏ ခန္ဓာကိုယ်က ဆက်တိုက်ကြီးမားလာပြီး ပေတစ်ရာအထိ အရပ်မြင့်သွားသည်။ သူက ကြမ်းတမ်းသောမျက်နှာထားနှင့် ထူထဲသောကြွက်သားများကို ပိုင်ဆိုင်ထားသည်။

အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော် ဖြစ်သည်။

“မင်းတို့ ဝိညာဉ်စွမ်းအားမလုံလောက်ရင် မလာကြနဲ့။ အခုတော့ အဆင့်နိမ့်ကျွန်သားရဲအဖြစ် ပြောင်းလဲသွားပြီ”

ဟန်မူယဲ့၏ဘေးတွင် အသက်သုံးဆယ်ခန့်ဟု ထင်ရသော လူငယ်တစ်ယောက်က ဟိန်းဟောက်နေသော အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်ကို ကြည့်လိုက်ပြီး လှောင်ပြောင်သည်။

နတ်ဘုရားကလန်က အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များကို မျိုးနွယ်တူအဖြစ် မယူဆပဲ ကျွန်သားရဲများအဖြစ် သတ်မှတ်ထားကြသည်။

ရွှေအလင်းဖြင့်တောက်ပနေသော ကြိုးနှစ်ချောင်းပေါ်လာပြီး ပုံရိပ်နှစ်ခုကို ယဇ်ပလ္လင်ပေါ်မှ ဆွဲချသွားသည်။

ဟန်မူယဲ့၏ဘေးတွင် လူတစ်ယောက်က ယဇ်ပလ္လင်ပေါ်သို့ လျင်မြန်စွာတက်သွားသည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်တွင်ရှိသော စကားသံများကို နားထောင်ကြည့်လိုက်ပြီး နတ်ဘုရားကလန်သားများက အသက်တစ်ရာပြည့်လျှင် အရွယ်ရောက်ပြီဟု သတ်မှတ်ထားကြောင်း သိလိုက်ရသည်။ ထို့နောက် ဉာဏ်အလင်းဖွင့်ပွဲတွင် ပါဝင်နိုင်သည်။

ထိုပွဲတွင် သူတို့၏ခွန်အားက နှစ်ဆတိုးသွားနိုင်သလို အဆင့်နိမ့်သားရဲများအဖြစ်လည်း အသွင်ပြောင်းသွားနိုင်သည်။

ကျွန်သားရဲများကို စစ်မြေပြင်သို့ စေလွှတ်ပြီး ခွန်အားတိုးလာသော လူများက နတ်ဘုရားကမ္ဘာတွင် ကျင့်ကြံခွင့်ရသည်။

နတ်ဘုရားဉာဏ်အလင်းဖွင့်ခြင်းကို ကျော်ဖြတ်နိုင်မှ အစစ်အမှန်နတ်ဘုရားကလန်သားတစ်ယောက် ဖြစ်လာနိုင်မည်။

ဟန်မူယဲ့က သွယ်ယှက်နေသော နတ်ဘုရားအလင်းများကို ကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

ယဇ်ပလ္လင်များ ပွင့်လာသောအခါတွင် နတ်ဘုရားကလန်သားအများအပြားက ဉာဏ်အလင်းဖွင့်ခြင်းကို ခံယူကြလိမ့်မည်။

သို့သော် အများစုက အဆင့်နိမ့်ကျွန်သားရဲများအဖြစ် ပြောင်းလဲသွားကြသည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များ ရှိနေသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

နတ်ဘုရားကလန်က အသုံးမဝင်သော ကျွန်သားရဲများကို အသုံးပြု၍ ရန်သူများကို အလုပ်ပေးနေပုံပေါ်သည်။

“ဘယ်လိုလဲ။ မင်းကြောက်နေလား”

ဟန်မူယဲ့က မလှုပ်ရှားသောကြောင့် ဘေးတွင်ရှိနေသော အသက်သုံးဆယ်အရွယ်လူငယ်က အထင်သေးစွာ ပြောသည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ရှေ့တက်သွားသည်။

သူက နတ်ဘုရားဉာဏ်အလင်းဖွင့်ခြင်းကို စိတ်ဝင်စားနေသည်။

လူငယ်က လှောင်ပြောင်လိုက်ပြီး ယဇ်ပလ္လင်ပေါ်သို့ တက်သွားသည်။

နတ်ဘုရားအလင်းက သူ့ကို ချက်ချင်း လွှမ်းခြုံလိုက်သည်။

ဟန်မူယဲ့ကလည်း ယဇ်ပလ္လင်ပေါ်သို့ တက်လာသည်။

နတ်ဘုရားအလင်းက သူ့ကို လွှမ်းခြုံလိုက်သည်။ သူက ဆက်တိုက်စုစည်းလာသော စွမ်းအားကို ခံစားနိုင်ခဲ့သည်။

သို့သော် သူက ဝိညာဉ်ခန္ဓာကိုယ် ဖြစ်နေသည်။ သူစုစည်းထားသော စွမ်းအားကို ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားပြီး အများအပြားအသုံးချရန် မတတ်နိုင်ပေ။

“အား၊ ငါက ကျွန်သားရဲ ဖြစ်မသွားချင်ဘူး”

လူငယ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ မီးတောက်များ ထွက်လာသည်။

ဟန်မူယဲ့က နှလုံးခုန်နှုန်းမှားသွားပြီး လက်မြှောက်၍ လူငယ်၏ပခုံးကို ဖိချသည်။

နတ်စွမ်းအားတစ်မျှင်သည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။

လူငယ်၏ ခန္ဓာကိုယ်တွင်ရှိသော မီးတောက်များက စတင်ပျောက်ကွယ်သွားသည်။

All Chapters