← Chapters

အခန်း (၉၅၂)

Vol. 68 Ch. 952

အခန်း (၉၅၂)

Vol. 68 Ch. 952

“ကျေးဇူးပါပဲ။ ကျေးဇူးပါပဲ”

လူငယ်က လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး လေးနက်သောမျက်နှာထားဖြင့် ကျေးဇူးတင်နေသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ခွန်အားပြောင်းလဲမှုကို အာရုံခံကြည့်သည်။

သူက ထိုစွမ်းအားကို တခြားနည်းလမ်းဖြင့် အသုံးချနိုင်သည်။

သူက လျင်မြန်စွာ ရှေ့တက်သွားသည်။ နတ်စွမ်းအားက လျင်မြန်စွာ ဖြာထွက်လာသည်။

နတ်စွမ်းအားများ ဖြာထွက်သွားသောအချိန်တွင် ပေလွှာတစ်ခုသည် သူ့ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။

သူက နတ်စွမ်းအားဖြင့် ဝိညာဉ်စွမ်းအားကို စုစည်ပြီး နတ်ဘုရားအမည်စာရင်းကို ရက်လုပ်ခဲ့သည်။

ထိုသို့ဖြင့် နတ်ဘုရားအမည်စာရင်းသည် နတ်ဘုရားကမ္ဘာတွင် ပထမဆုံးအကြိမ် ပေါ်လာခဲ့သည်။

ဟန်မူယဲ့က လူသားကမ္ဘာတွင် ယုံကြည်မှုစွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ နတ်ဘုရားအမည်စာရင်းကို ရက်လုပ်ခဲ့သည်။

ထို့နောက် အင်မော်တယ်ကမ္ဘာတွင် ယွင်ထန့်တောရိုင်းမြေ၏ အငြိုးအတေးစွမ်းအားကို အသုံးပြုပြီး နတ်ဘုရားအမည်စာရင်းကို ဖန်တီးခဲ့သည်။

ယခုအချိန်တွင် နတ်ဘုရားကမ္ဘာ၏ နတ်စွမ်းအားကို အသုံးပြု၍ နတ်ဘုရားအမည်စာရင်းကို အသက်သွင်းသည်။

နတ်ဘုရားအမည်စာရင်း ပေါ်လာ‌သောအခါတွင် မီးလောင်ခံရတော့မည့် ဒါဇင်ချီနေသော နတ်ဘုရားကလန်သားများ၏ အငွေ့အသက်က စုပ်ယူခံလိုက်ရသည်။

ထိုကလန်သားများက ဖြူဖျော့နေသောမျက်နှာထားဖြင့် နတ်ဘုရားအမည်စာရင်းကို မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ဦးညွတ်ကြသည်။

သူတို့၏ခန္ဓာကိုယ်ထဲမှ ထုတ်ယူလိုက်သော နတ်ဘုရားစွမ်းအား အမျှင်တန်းတစ်ခုနှင့်အတူ ဝိညာဉ်စွမ်းအားလည်း ပါဝင်နေသည်။

အနာဂတ်တွင် သူတို့က နတ်ဘုရားအမည်စာရင်းကို အနည်းငယ် အာရုံခံနိုင်ကြလိမ့်မည်။

ဉာဏ်အလင်းဖွင့်ပွဲ ပြီးဆုံးသွားသောအခါတွင် နတ်ဘုရားအမည်စာရင်းက ပျောက်ကွယ်သွားသည်။

ထိုထူးခြားသောရတနာ၏ တည်နေရာကို မည်သူမှ မသိကြပေ။

ယဇ်ပလ္လင်၏ အပြင်ဘက်တွင်ရှိသော လူများကလည်း ထိုရတနာ၏ တည်ရှိမှုကို သတိမထားမိကြပေ။

နတ်ဘုရားအမည်စာရင်း၏ ကယ်တင်ခြင်းကို ခံလိုက်ရသော နတ်ဘုရားကလန်သားများကသာ အာရုံခံကြည့်နိုင်သည်။

အနာဂတ်တွင် သူတို့က တခြားနေရာသို့ ရောက်သွားပြီး ဉာဏ်အလင်းဖွင့်ပွဲနှင့် ကြုံတွေ့လာလျှင် နတ်ဘုရားအမည်စာရင်းကို ဆင့်ခေါ်ပြီး အသွင်ပြောင်းသွားတော့မည့်လူများကို ကယ်တင်ပေးနိုင်သည်။

“နတ်ဘုရားအမည်စာရင်း၊ ဒါက ငါတို့နတ်ဘုရားကလန်ရဲ့ နတ်ဘုရားပစ္စည်းတစ်ခုပဲ”

အသက်သုံးဆယ်အရွယ် လူငယ်က ရိုသေလေးစားသောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

သူတင်မကပဲ နတ်ဘုရားအမည်စာရင်းကြောင့် ဉာဏ်အလင်းဖွင့်ပွဲကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်သော နတ်ဘုရားကလန်သားများ၏ မျက်နှာထားကလည်း ရိုသေလေးစားနေသည်။

သူတို့က နတ်ဘုရားအမည်စာရင်းကို နတ်ဘုရားလောက၏ နေရာအသီးသီးသို့ ယူဆောင်သွားကြလိမ့်မည်။

ထိုအချိန်တွင် ကြယ်ကမ္ဘာမှ ထွက်လာသော ဟန်မူယဲ့က စာလိပ်တစ်ခုကို ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားသည်။

သူက နေရာတစ်ခု ရှာလိုက်ပြီး ကမ္ဘာငယ်ကို ထုတ်ယူသည်။

ကမ္ဘာငယ်သည် ပုံရိပ်ယောင်ကမ္ဘာအဖြစ် ပြောင်းလဲနေသည်။ အထဲတွင်ရှိသော ဓားက ဖြည်းဖြည်းချင်း တုန်ခါနေသည်။

နတ်ဘုရားအမည်စာရင်းသည် ကောင်းကင်ထက်တွင်ရှိနေပြီး နတ်စွမ်းအားကို ထုတ်လွှတ်ပေးသည်။

ထိုအရာသည် ယခုအချိန်တွင် ဟန်မူယဲ့က ကမ္ဘာငယ်ပုံစံ ဖြစ်သည်။

နတ်ဘုရားအမည်စာရင်းသည် ဤနေရာတွင် ထင်မှတ်မထားသော အကျိုးသက်ရောက်မှုကို ပေးနိုင်လိမ့်မည်။

ကမ္ဘာငယ်ကို နေရာချပြီးသောအခါတွင် သူ့ဝိညာဉ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

သင်္ချိုင်းအင်မော်တယ်မြို့တွင် ဟန်မူယဲ့က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

တဲအိမ်၏ အပြင်ဘက်တွင် ဓားဂိုဏ်း၏တပည့်များ စုဝေးနေကြသည်။

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး တဲအိမ်ထဲမှ ထွက်လာသည်။

“မနေ့က မတိုက်ခိုက်ခဲ့ရတဲ့ ညီအစ်ကိုတို့ ငါနဲ့အတူ မြို့တံတိုင်းကို သွားကြမယ်”

ခဏအကြာတွင် ဓားအလင်းများ ပျံသန်းသွားပြီး ပေါက်ကွဲသံများကို ကြားရသည်။

“အဲဒါက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းရဲ့ ဓားကျင့်ကြံသူတွေမဟုတ်လား”

“သူတို့က မြို့တံတိုင်းကို သွားပြန်ပြီလား”

“သူတို့က ဒီနေ့လည်း နတ်ဘုရားတွေကို သတ်ဖြတ်မှာလား”

မရေမတွက်နိုင်သော ဆွေးနွေးသံများ ပေါ်ထွက်လာသည်။ ပုံရိပ်အများအပြားက မြို့တံတိုင်းဆီသို့ လိုက်ပါသွားကြသည်။

အလွန်အန္တရာယ်များခဲ့သော မြို့တံတိုင်းသည် ယခုအချိန်တွင် ကျင့်ကြံသူများ၏စုရပ် ဖြစ်လာခဲ့သည်။

ဟန်မူယဲ့တို့က မြို့အပြင်ဘက်တွင် ဆင်းသက်လိုက်ပြီး နယ်မြေတစ်ခုကို စောင့်ကြပ်ခဲ့သည်။ သူတို့၏နောက်တွင် သောင်းချီသော ကျင့်ကြံသူများ လိုက်လာကြသည်။

မြို့အပြင်ဘက်တွင် ပြန့်ကျဲနေသော အမှောင်မိစ္ဆာသားရဲများ ရှိကြသည်။ အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များ သိပ်မရှိတော့ပေ။

သူတို့က သနားစရာကောင်းကြသည်။ ဉာဏ်အလင်းဖွင့်ခြင်းကို မကျော်ဖြတ်နိုင်ပဲ အဆင့်နိမ့်ကျွန်သားရဲများ ဖြစ်လာကြသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။

ဓားဂိုဏ်း၏တပည့်များကတော့ စိတ်အားထက်သန်နေကြသည်။ သူတို့က ဓားဝင်္ကပါကို ဖွဲ့စည်းပြီး ပတ်ဝန်းကျင်တွင် တိုက်ခိုက်၍ ပြန်လာကြသည်။

သူတို့က ခေါက်တုံ့ခေါက်ပြန်သွားပြီး တိုက်ခိုက်နေသောကြောင့် တခြားကျင့်ကြံသူများက မနေနိုင်တော့ပဲ မြို့အပြင်သို့ ထွက်လာကြသည်။

“ငါက သင်္ချိုင်းအင်မော်တယ်မြို့မှာ နှစ်ပေါင်း နှစ်သောင်းသုံးထောင်ကျော် နေထိုင်ခဲ့တယ်။ ဒီနေ့မှာတော့ ငါ တုချန်ကုန်းက မြို့တံတိုင်းအပြင်ဘက်ကို ခြေချနိုင်ခဲ့ပြီ”

အဖြူရောင်မုတ်ဆိတ်နှင့် အကြီးအကဲတစ်ယောက်က သွေးချီများကို ထုတ်လွှတ်၍ ဟိန်းဟောက်လိုက်သည်။

တခြားကျင့်ကြံသူများကလည်း ထိုသို့ပင် ဖြစ်ကြသည်။ သူတို့က မြို့အပြင်ဘက်သို့ ရောက်လာပြီး တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်လျက် မောက်မာစွာ ဟစ်ကြွေးနေကြသည်။

သူတို့၏နှလုံးသားထဲတွင်ရှိသော ရူးသွပ်မှု ဖြစ်သည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖိနှိပ်ခံထားရသောကြောင့် ပြန်ကန်ထွက်လာသည့်ခွန်အား ဖြစ်သည်။

ထိုအရာသည် ဆန့်ကျင်ခြင်း၏ အဖူးအညွန့် ဖြစ်သည်။

ဟန်မူယဲ့က ကျယ်လောင်စွာအော်ဟစ်နေသော ကျင့်ကြံသူများကို ကြည့်လိုက်ပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းသည်။

“ကောင်းကင်ဖျက်ဆီးဒူးလေးတချို့ကို ပြင်ထားလိုက်။ ပြီးတော့ မသုံးရသေးတဲ့ မိစ္ဆာချိပ်ပိတ်ရွှေဓားတွေကို သူတို့ဆီ ပေးလိုက်ပါ”

အဝေးတစ်နေရာတွင် နတ်ဘုရားကလန်သားများ ပေါ်လာကြသည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ရန်စနေသောအပြုအမူကြောင့် နတ်ဘုရားကလန်က စောင့်မနေနိုင်တော့ပေ။

“ဝီ”

ကောင်းကင်ဖျက်ဆီးဒူးလေးများသည် မြို့တံတိုင်းတွင် ပေါ်လာကြသည်။ ဒူးလေး၏ မြားတံများက အေးစက်စွာ တောက်ပနေကြသည်။

ဓားဂိုဏ်း၏ တပည့်များက ပျံသန်းလာပြီး အနည်းငယ်ထိတ်လန့်နေသော ကျင့်ကြံသူများကို ပေတစ်ရာရှည်လျားသော ရွှေရောင်ဓားရှည်များ ပေးလိုက်ကြသည်။

ထိုလူများက ဓားရှည်ကို ပျော်ရွှင်စွာလက်ခံပြီး ထိန်းချုပ်ကြည့်ရန် ကြိုးစားနေကြသည်။

“ဝူ ....”

ခရာသံ ပေါ်ထွက်လာသည်။ မြို့တံတိုင်း၏အပြင်ဘက်တွင်ရှိ‌နေသော ကျင့်ကြံသူများက ထိတ်လန့်လာကြသည်။ သို့သော် အားကောင်းသော ရွှေဓားများနှင့် မြို့တံတိုင်းပေါ်တွင်ရှိသော ကောင်းကင်ဖျက်ဆီးဒူးလေးများကြောင့် သူတို့၏ ဝင်္ကပါက ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။

မြူခိုးများနှင့်တူသော အမှောင်မိစ္ဆာသားရဲများက မြို့တံတိုင်းဆီသို့ ပြေးဝင်လာသောအခါတွင် ရွှေရောင်ဓားရှည်တစ်ချောင်းက အသက်ဝင်လာသည်။

“ဝှစ် ....”

ဓားရှည်က လှုပ်ရှားလိုက်ပြီး ဓားအလင်းကို ဖြာထွက်သွားစေသည်။ ပိုမိုများပြားသော ဓားအလင်းများက ပြန့်ကျဲထွက်သွားပြီး အချင်းချင်းသွယ်ယှက်၍ ပေတစ်ထောင်ကျယ်ဝန်းသော ပိုက်ကွန်တစ်ခု ဖြစ်သွားသည်။

ဓားရှည်တစ်ချောင်းသာရှိလျှင် အများအပြား အသုံးဝင်မည်မဟုတ်ပေ။ သို့သော် ဓားရှည်ဆယ်ချောင်းရှိနေပြီး ပေတစ်သိန်းပတ်ဝန်းကျင်ကို ကာကွယ်ထားသည်။

အမှောင်မိစ္ဆာသားရဲများက ဓားအလင်းကြောင့် ပျက်စီးသွားပြီး နတ်စွမ်းအင်ကို ထုတ်ပေးသည်။

“ဝီ”

မြို့တံတိုင်းပေါ်တွင်ရှိသော ဒူးလေးကလည်း အသက်ဝင်လာသည်။

ဤတစ်ကြိမ်တွင် တစ်ပြိုင်နက် မပစ်ခတ်ပဲ တစ်ကြိမ်လျှင် မြားတစ်‌ချောင်းသာ ပစ်ခတ်သည်။

နတ်ဘုရားကလန်၏ ဝင်္ကပါက မြားတစ်စင်းကို တားဆီးနိုင်သည်။ သို့သော် ရှေ့တက်မလာရဲတော့ပေ။

ခြောက်နာရီအကြာတွင် နတ်ဘုရားကလန်၏ စစ်တပ်က နောက်ဆုတ်သွားသည်။ ဒူးလေးများကလည်း ရပ်တန့်သွားသည်။ ‌ရွှေရောင်ဓားအလင်းကလည်း ပျောက်ကွယ်သွားသည်။

“ငါတို့ နိုင်သွားပြီ”

“ငါတို့ နိုင်သွားပြီ ....”

ရူးသွပ်မှု၊ ကြမ်းတမ်းမှု၊ မျက်ရည်များနှင့် ရောနှောနေသော မရေမတွက်နိုင်သည့် အော်သံများ ပေါ်ထွက်လာသည်။

အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရပြီး မရေမတွက်နိုင်သော နှစ်များအကြာတွင် ပထမဆုံးအကြိမ်အဖြစ် မြို့တံတိုင်း၏အပြင်ဘက်တွင် စစ်တပ်ဝင်္ကပါတစ်ခု ရှိနေခဲ့သည်။ သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ကျင့်ကြံသူများက နောက်ဆုတ်မသွားပဲ နတ်ဘုရားကလန်၏စစ်တပ်ကို ရင်ဆိုင်နိုင်ခဲ့ကြသည်။

ဟန်မူယဲ့က ဓားကျင့်ကြံသူများကို ဦးဆောင်၍ တိုက်ခိုက်ခဲ့သော မနေ့ကတိုက်ပွဲနှင့် မတူပေ။ ဤတိုက်ပွဲတွင် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ကျင့်ကြံသူများက နတ်ဘုရားကလန်၏စစ်တပ်ကို ကိုယ်တိုင် ခုခံခဲ့ကြသည်။

နတ်ဘုရားကလန်၏ ပြိုင်ဘက်ကင်းဂုဏ်သတင်းသည် ပျက်စီးသွားခဲ့သည်။

ယနေ့တိုက်ပွဲအပြီးတွင် နတ်ဘုရားကလန်က ပြိုင်ဘက်ကင်းမဟုတ်‌တော့ပေ။

အောင်ပွဲခံနေသော အင်မော်တယ်ကျင့်ကြံသူများက စစ်မြေပြင်ကို ရှင်းလင်းလိုက်ကြသည်။ သူတို့က ပြန့်ကျဲနေသော နတ်စွမ်းအားနှင့် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းအမျိုးမျိုးကို ပြန်ယူလာကြသည်။

ဒူးလေး၏ မြားတံအကြွင်းအကျန်ကိုပင် ပြန်ယူလာကြသည်။

အင်မော်တယ်ကျင့်ကြံသူများက မြို့တံတိုင်းပေါ်သို့ လျှောက်လာပြီး ကောက်ယူလာသော ပစ္စည်းများကို ပုံထားလိုက်သည်။

နတ်စွမ်းအားပုတီးစေ့ နှစ်ထောင်ခန့်နှင့် အမျိုးမျိုးသော ပစ္စည်းများ ရှိနေကြသည်။

နတ်စွမ်းအားများသည် တန်ဖိုးရှိသော်လည်း ယနေ့တိုက်ပွဲ၏ ကုန်ကျစရိတ်ကို ဖာထေးမပေးနိုင်ပေ။

“ငါတို့က တစ်ဝက်ယူမယ်။ မင်းတို့က တစ်ဝက်ယူ”

ဟန်မူယဲ့က နတ်စွမ်းအားများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ပိုင်ထူနှင့် တခြားလူများက ရှေ့တက်သွားပြီး နတ်စွမ်းအားတစ်ဝက်ကို သိမ်းယူလိုက်ကြသည်။ ထို့နောက် လူတိုင်းက ဓားပျံကို စီးနင်းပြီး ပြန်လာကြသည်။

မြို့တံတိုင်း‌ပေါ်တွင် အင်မော်တယ်ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဟန်မူယဲ့တို့ချန်ထားခဲ့သော နတ်စွမ်းအားများကို ယူဆောင်၍ အကျိုးပြုရမှတ်ဖြင့် လဲလှယ်ရန် စီစဉ်လိုက်ကြသည်။

“အစ်ကိုကြီး၊ ဒါက ဆုံးရှုံးမှုပဲ”

သူတို့က စခန်းသို့ ပြန်ရောက်လာသောအခါတွင် ကျောက်ချန်က တွက်ချက်ကြည့်လိုက်ပြီး တီးတိုးပြောသည်။

အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်းငါးရာ ဆုံးရှုံးခဲ့သည်။

“ဘာလို့လဲ။ အဆုံးရှုံးမခံနိုင်ဘူးလား”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ မေးသည်။

ကျောက်ချန်က ကြောင်အသွားပြီး ပြုံးသည်။

“ဒါက အဆင်ပြေပါတယ်။ ဒီလိုမျိုး ဆုံးရှုံးမှုလေးကို ၂နှစ် သုံးနှစ်လောက် ဆက်ထိန်းထားနိုင်တယ်”

သူက ထိုသို့ပြောလိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

နောက်တွင်ရပ်နေသော စုကျန်းက ပြောလိုက်သည်။

“တကယ်လို့ သင်္ချိုင်းအင်မော်တယ်မြို့တော်က ဒီလိုအောင်ပွဲမျိုးကို ၂နှစ်သုံးနှစ်လောက် ဆက်ရနေရင် စုစည်းလာတဲ့ တိုက်ပွဲဆန္ဒက အရမ်းသန်မာနေလိမ့်မယ်။ တစ်ဖက်မှာရှိတဲ့ နတ်ဘုရားကလန်သားတွေက ထိတ်လန့်သွားကြလိမ့်မယ်”

ယခင်က သင်္ချိုင်းအင်မော်တယ်မြို့တော်သည် ဖိနှိပ်ခံထားရသည်။ နှစ်ပေါင်းများစွာကြာလာသောအခါတွင် လူတိုင်းက ထိုဖြစ်ရပ်နှင့် အသားကျနေပြီး မြို့ထဲမှ ထွက်သွားလျှင် သေချာပေါက် သေဆုံးရလိမ့်မည်ဟု ထင်နေကြသည်။

သူတို့က မြို့တံတိုင်းပေါ်သို့ ရောက်လာလျှင် သေဆုံးရန် အသင့်ပြင်ပြီးသား ဖြစ်နေသည်။

ဟန်မူယဲ့ရောက်လာပြီး သုံးရက်အတွင်း၌ တိုက်ပွဲသုံးခုလုံးကို အောင်မြင်ခဲ့သည်။ မြို့တော်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

အကယ်၍ လူတိုင်းက တိုက်ခိုက်ရဲလျှင် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ခွန်အားက အဆပေါင်းများစွာ တိုးလာလိမ့်မည်။

ထို့အပြင် လုံလောက်သော နတ်စွမ်းအားဖြင့် လူတိုင်းက ကျင့်ကြံရန် အရင်းအမြစ်များကို လဲလှယ်နိုင်မည်။ သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ဝင်္ကပါနှင့် ရုပ်သေးရုပ်များကလည်း အားကောင်းလာကြလိမ့်မည်။

“နတ်ဘုရားကလန်က ဒီလိုမျိုး တောင့်ခံထားနိုင်မလား ကြည့်ရအောင်”

ဟန်မူယဲ့က မြို့တံတိုင်းကို လှည့်ကြည့်လိုက်ပြီး တီးတိုးပြောသည်။

နောက်ရက်များတွင် သူ၊ စုကျန်းနှင့် တခြားလူများက ဓားကျင့်ကြံသူတစ်ဝက်ကို ဦးဆောင်ပြီး မြို့တံတိုင်းဆီသို့ သွားခဲ့ကြသည်။

သူတို့ ရောက်လာသော အချိန်တိုင်းတွင် အားပေးသံများဖြင့် ဆူညံနေလိမ့်မည်။

မရေမတွက်နိုင်သော ပုံရိပ်များက မြို့တံတိုင်းဆီသို့ လိုက်လာကြသည်။

သူတို့က မြို့တံတိုင်းကို ကာကွယ်ရန် လက်နက်များကို ယူဆောင်ကြလိမ့်မည်။ ထို့နောက် လူတချို့က မြို့တံတိုင်း၏အပြင်ဘက်သို့ ထွက်ပြီး ဝင်္ကပါကို ဖွဲ့စည်းကြလိမ့်မည်။

နတ်ဘုရားကလန်က တိုက်ခိုက်လာသောအချိန်တွင် လက်နက်များကို အသက်သွင်းပြီး မြို့တံတိုင်းကို ကာကွယ်ကြလိမ့်မည်။

နတ်ဘုရားကလန်တွင် ကျွမ်းကျင်သူများ ရှိသည်။

သို့သော် အင်မော်တယ်သခင်တစ်ပါး လှုပ်ရှားလာသောအချိန်တွင် သင်္ချိုင်းအင်မော်တယ်မြို့၏ အင်မော်တယ်သခင်တစ်ပါးကလည်း လှုပ်ရှားလာလိမ့်မည်။

ထိုတိုက်ပွဲမျိုးတွင် အင်မော်တယ်ကမ္ဘာက လက်နက်များကို ဆုံးရှုံးရပြီး နတ်ဘုရားကလန်က အ‌ရေးမပါသော အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များကိုသာ ဆုံးရှုံးရသည်။

All Chapters