လေပြင်းလက်ဝါးတံဆိပ်
Vol. 11 Ch. 2.1
အတုတံဆိပ်နယ်ပယ်တွင် စစ်မှန်သော ဝိညာဥ်ကို ထုတ်လွှတ်၍ အဝေးမှတိုက်လိုက်နိုင်စွမ်း ရှိသည့် အတုတံဆိပ်လက်ဝါးကို ဖန်တီးနိုင်သည်။
"အတုတံဆိပ်နယ်ပယ်မှာ ခွန်အားတိုးလာတာနဲ့ အမျှ စစ်မှန်တဲ့ ဝိညာဥ်ချီကို ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နိုင်မယ့် အကွာအဝေးကလည်း တိုးလာလိမ့်မယ်.... သာမန် အတုတံဆိပ်နယ်ပယ် တစ်ယောက်မှာ ခွန်အား ၁၀၀၀ရှိပြီး ဝိညာဥ်ချီကို ထုတ်လွှတ်နိုင်တဲ့ အကွာအဝေးက ၁၀မီတာ၊ အလယ်အလတ် အဆင့်မှာဆို ၂၀မီတာ၊ နှောင်းပိုင်းအဆင့်မှာ မီတာ၃၀နဲ့ ပြီးပြည့်စုံတဲ့ အဆင့်မှာ မီတာ၅၀ ပဲ..."
လေ့ကျင့်ခြင်း မပြုလုပ်မီ အတုတံဆိပ်နယ်ပယ်၏ အမျိုးမျိုးသော အသေးစိတ် အချက်များသည် သူ့စိတ်ထဲတွင် ပြေးလွှားနေ၏။
"လေမိုးကြိုးဂိုဏ်းမှာ ပြင်ပကထုတ်လွှတ်တဲ့ စစ်မှန်တဲ့ စွမ်းအင်တွေရဲ့ စွမ်းအားကို တိုးမြင့်ပေးနိုင်တဲ့ လေ့ကျင့်ရေး နည်းလမ်းရှိတယ်...စွမ်းအားကလည်း ကောင်းတယ် အတုတံဆိပ်နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်ရင် လေ့ကျင့်နိုင်ပြီ"
မူလဂိုဏ်းခြောက်ဂိုဏ်း အနက်မှ တစ်ခုဖြစ်သည့် လေမိုးကြိုးဂိုဏ်းသည် ရုပ်သေးပင်လယ်ဂိုဏ်း၏ ကျွမ်းကျင်လိမ္မာမှုနှင့် ဆင်သံချပ်ကာဂိုဏ်း၏ အစွမ်းထက်သော ကာကွယ်ရေးနှင့် ကွဲပြားပါသည်။
၎င်းသည် ကျင့်ကြံခြင်း ကျွမ်းကျင်မှုဖြစ်စေ ကိုယ်ခံပညာကို လေ့ကျင့်ရာတွင် ဖြစ်စေ တိုက်ခိုက်ရာတွင် ကောင်းမွန်ပြီး ၎င်း၏တိုက်စစ်အစွမ်းမှာ အံ့မခန်းဖြစ်သည်။
ဆင်သံချပ်ကာဂိုဏ်းသည် ဒိုင်းတစ်ခုဖြစ်လျှင် လေမိုးကြိုးဂိုဏ်းသည် လှံဖြစ်သည်။
နည်းလမ်းအားလုံးကို အင်အားတစ်ခုတည်းဖြင့် ဖြတ်ကျော်နိုင်သည်။
ကျင့်စဥ်အမည်မှာ [လေပြင်းလက်ဝါးတံဆိပ်] ဟုခေါ်သည်။
၎င်းသည် လေမိုးကြိုးဂိုဏ်း၏ ထူးခြားသော ကျင့်စဥ်တစ်ခုဖြစ်ပြီး အလွန်အမင်း အာရုံစိုင် လေ့ကျင့်ပါက ကမ္ဘာကြီးကိုပင် တုန်လှုပ်ပျက်စီးစေမည့် ကြီးမားသော လက်ဝါးတံဆိပ်ကြီးကို အလွယ်တကူ ဖန်တီးအသုံးပြုနိုင်မှာ ဖြစ်သည်။
သူအရင်က မလေ့ကျင့်ဖူးခဲ့ချေ။ အကြောင်းမှာ ဒီသိုင်းပညာကို စတင်ဖို့အတွက် အနိမ့်ဆုံးလိုအပ်ချက်က အတုတံဆိပ်နယ်ပယ်ပဲ ဖြစ်လေသည်။
"အရင်ဆုံး ထိုးဖောက်ကြည့်ရအောင်!"
အခုအများကြီး စဉ်းစားနေဖို့က အသုံးမဝင်မှန်းသိတာနဲ့ လုရွှမ် ငြိမ်သက်သွားပြီး စွမ်းအားကြီးတဲ့ ဝိညာဉ်စွမ်းအားတွေ စုပ်ယူလိုက်ပြီး ထူထဲတဲ့ စွမ်းအင်တွေက ဝိညာဥ်သွေးကြော တစ်လျှောက် မရပ်မနား တိုးလာနေ၏။
ဤလေ့ကျင့်စဥ် ကာလတွင် သူသည် နောက်ဆုံးတွင် သွေးကြောတစ်ခုတည်း၏ အကျိုးကျေးဇူးများကို သိရှိလာခဲ့သည်။
အခြားသူများသည် ခန္ဓာကိုယ်အနှံ့ ဝိညာဥ်ချီများ လှည့်ပတ်ရန်အတွက် သွေးကြောငါးခု သို့မဟုတ် ထို့ထက်ပို၍ လိုအပ်သော်လည်း သူကတော့ တစ်ခုတည်းဖြင့် အောင်မြင်အောင် လုပ်နိုင်သည်။
လေထဲက ဝိညာဥ်ချီများကို စုပ်ယူသည့်အခါ အချိန်ကုန်သက်သာစေ၏။
အခြားသူများသည် သွေးကြောတစ်ခုထဲ စွမ်းအင်လည်ပတ်ရန် အသက်ရှူချိန် ဆယ်ကြိမ်ထက်မက လိုအပ်သော်လည်း သူကတော့ ၎င်းကို နှစ်ကြိမ်ဖြင့် ပြီးအောင်ပြုလုပ်နိုင်သည်။
စစ်မှန်သော စွမ်းအင် လည်ပတ်မှု အရှိန်သည် လျင်မြန်ပြီး ကျင့်ကြံမှု အရှိန်သည်လည်း သဘာဝကျကျ တိုးလာသည်။ ဝမ့်ဖုန်းချိုင့်ဝှမ်း၏ ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး သူ့တွင် ဝိညာဉ်အရည်များလည်း ရှိသေးသည်။
ထုံးရွှမ်နယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်ထဲသို့ ဝင်ရောက်ရန် ခုနစ်ရက် သို့မဟုတ် ရှစ်ရက်သာ အချိန်ယူရသည်။ အခုဆိုရင် အတုတံဆိပ်နယ်ပယ်ကိုတောင် ဝင်ရောက်လာနေပြီ ဖြစ်သည်။
မီးပုံဘေးမှာ ငြိမ်သက်စွာ ထိုင်နေခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ မသိ။
ဗုန်း!
သူ့စိတ်ထဲတွင် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် မုန်တိုင်းတစ်ခုနှယ် သူ့ဆီသို့ စုရုံးလာကာ သူ့ဒန်တီယန် အတွင်းရှိ နန်းတော်ပင်လယ် နယ်ပယ်သည်လည်း တခဏချင်းပင် ဆက်လက် ကျယ်ပြန့်လာသည်။
ကျင့်ကြံမှု စွမ်းအားများ တိုးလာသည်နှင့်အမျှ နန်းတော်ပင်လယ်၏ အရွယ်အစားက ဆက်လက်ကြီးထွားလာမည် ဖြစ်သည်။ သို့သော် အနာဂတ် အောင်မြင်မှုများကို အဆုံးအဖြတ်ပေးသည့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်သည် နိမ့်ပါးနေပါသည်။
ရေကန်သည် မည်မျှကြီးမားသည်ဖြစ်စေ ၎င်းသည် ရေလှောင်ကန် ဖြစ်နေသေးသဖြင့် ၎င်းကို ရေကန်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
ရေလှောင်ကန်က ဘယ်လောက်ပဲကြီးကျယ် ရေကန်နဲ့ မယှဉ်နိုင်သေးပါ။
လုရွှမ်၏ နန်းတော်ပင်လယ် နယ်ပယ်သည် အဆုံးမရှိသော သမုဒ္ဒရာတစ်ခုလို ပထမအဆင့်ကို ဖွင့်လိုက်သောအခါ စွမ်းအင်များက အံ့သြစရာကောင်းလောက်အောင် တိုးလာခဲ့သည်။ ယခု ကျင့်ကြံမှု ထပ်တိုးလာတဲ့အခါ နန်းတော်ပင်လယ် နယ်ပယ်က ပိုမိုကျယ်ပြန့်လာ၏။
အရင်က ဝိညာဥ်ချီ၁၀၀၀မက စုပ်ယူထားလို့ ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အဆက်မပြတ် ကျင့်ကြံမှုကြောင့် စွမ်းအင် ၃၀၀၀နီးပါး စုပ်ယူပြီးပြီဖြစ်သည်။
သာမန် အဆင့်၅ နန်းတော်ပင်လယ် နယ်ပယ့များသည် တူညီသောအဆင့်တွင် စွမ်းအင် ၅၀၀ ခန့်သာ ထားရှိနိုင်သည်။
သူက တခြားလူများထက် ခြောက်ဆ ပိုများလေ၏။
ဟူ!
ဝိညာဉ်စွမ်းအင်စုပ်ယူမှု အရှိန်ရပ်တန့်သွားကာ နန်းတော်ပင်လယ် နယ်ပယ်သည် ကန့်သတ်ချက်သို့ ရောက်သွားပြီး ထပ်မတိုးနိုင်တော့ပေ။
"အတုတံဆိပ်နယ်ပယ်! နောက်ဆုံးတော့ အတုတံဆိပ်နယ်ပယ်ကို ရောက်ပြီ!"
သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရင်း လုရွှမ်ရဲ့ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်သွားသည်။
ထုံးရွှမ်နယ်ပယ်သည် ကျန်းဝူအင်ပါယာတွင် ထိပ်တန်းအဆင့်ဟု ယူဆနိုင်သော်လည်း အတုတံဆိပ်နယ်ပယ်ကို မရောက်ထားပါက အဝေးမှ မတိုက်ခိုက်နိုင်သော ချို့ယွင်းချက် တစ်ခု ဖြစ်လာနိုင်သည်။
ကိုယ့်ထက် အဆင့်မြင့်သူနှင့် တွေ့သောအခါတွင်သာ ပြေးရုံသာ တတ်နိုင်လိမ့်မည်။
"ငါ့ခန္ဓာကိုယ်ထဲမှာ ဝိညာဥ် စွမ်းအင်တွေ အများကြီး ထပ်ပြီး တိုးလာပြန်ပြီ!"
စစ်မှန်သော ဝိညာဥ်ချီသည် သွေးကြောတစ်လျှောက် စီးဆင်းနေပြီး ခွန်အားသည် တစ်ဖန် အများကြီး တိုးလာကြောင်းလည်း ချက်ချင်း သဘောပေါက်သွားသည်။
အရင်ကတော့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင် တစ်ခုတည်းရဲ့ စွမ်းအားဟာ ၃၁၃၀ လောက်သာရှိပေမယ့် အခုတော့ စွမ်းအား၄၀၀၀ ပြည့်သွားပါပြီ။
သူရောက်ရှိနေတဲ့ အတုတံဆိပ်နယ်ပယ် အစောပိုင်းအဆင့်ရဲ့ စွမ်းအင်၄၀၀၀ ဟာ တခြားသူများ၏ အတုတံဆိပ်နယ်ပယ် အထွတ်အထိပ် အဆင့်နှင့် ညီမျှလေ၏။ ဒီလိုအဆင့်မျိုးဟာ ကျန်းဝူအင်ပါယာ မပြောနှင့် ပေရွှီးအင်ပါယာရဲ့ ယင်းယန်အကယ်ဒမီမှာတောင် မရှိမှာ စိုးရသည်။
သူ၏ ကျင့်ကြံမှုများ တိုးလာသည်နှင့် အခိုက် လုရွှမ်သည် ခေါင်းကိုလှည့်၍ ဂိုဏ်းဆရာနယ်ပယ်ကို ထိုးဖောက်နေတဲ့ မုယန်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်း ပင် လျစ်လျူရှုပြီး သူ၏ လေ့ကျင့်မှုကို ဆက်စုစည်းရန် တင်ပျဉ်ခွေထိုင်လိုက်သည်။
နှစ်နာရီကြာပြီးနောက် သူ၏ လေ့ကျင့်မှုများကို လုံးလုံးလျားလျား ပေါင်းစည်းနိုင်ခဲ့သည်။
"လေမိုးကြိုးဂိုဏ်းရဲ့ လေပြင်းလက်ဝါးကို လေ့ကျင့်ဖို့ အချိန်တန်ပြီ!"
လုရွှမ်သည် အနည်းငယ်ပြုံးကာ ဤသိုင်းပညာ၏ လေ့ကျင့်ရေး နည်းလမ်းကို ပြန်ပြောင်းစဥ်းစားလိုက်သည်။
လေပြင်းလက်ဝါးတံဆိပ်သည် ဝိညာဥ်စွမ်းအင်ဖြင့် အဝေးတိုက်ခိုက်မှုများ အတွက် ဖန်တီးထားသည့် သိုင်းစွမ်းအင် တစ်ခုဖြစ်သည်။ ၎င်းကို အသုံးပြုနိုင်ရင် ဝိညာဥ်စွမ်းအင် အမြောက်အများ လိုအပ်သည်။
သာမန်နန်းတော်ပင်လယ် အဆင့်၅က လူတစ်ယောက်ဟာ အကြိမ်အနည်းငယ် အသုံးပြုလိုက်တာနဲ့ ဝိညာဥ်စွမ်းအင်တွေ လုံးလုံးလျားလျား ကုန်ခမ်းသွားနိုင်၏။
လုရွှမ်သည် ပထမအဆင့် နန်းတော်ပင်လယ် နယ်ပယိကို ဖွင့်လှစ်ခဲ့ပြီး အံ့ဩစရာကောင်းလောက်အောင် စစ်မှန်သော စွမ်းအင်အသိုက်အဝန်းဖြင့် ဖွင့်လှစ်ထားရာ ဤအလွန်အားကောင်းသော လက်ဝါးတံဆိပ်သည် သူ့အတွက် အံဝင်ခွင်ကျ ဖြစ်ပေသည်။
သူ့အရင်ဘဝက ဒီလှည့်ကွက်ကိုလည်း လေ့ကျင့်ခဲ့ဖူးပေမယ့် စွမ်းအင် အလွန်အကျွံ သုံးစွဲရတဲ့အတွက် ပေါ့ပေါ့တန်တန် မသုံးဝံ့ခဲ့ပေ။
"အမှန်အမှား စိတ်အာရုံ....ဝိညာဥ်လေထု လှုပ်ရှားမှုရဲ့...လေပြင်းလက်ဝါးတံဆိပ်!"
အချိန်အနည်းငယ် ကြာပြီးနောက် လုရွှမ်သည် မျက်ခုံးပင့်ကာ လက်ဖဝါးဖြင့် ပုံရိပ်တစ်ခုကို ရှေ့သို့ ပစ်ရိုက်လိုက်သည်။
ဗုန်း!
မုန်တိုင်းတစ်ခု ဖြတ်ကျော်ဝင်ရောက် သွားခဲ့သလို ကြီးမားသော လက်ရာကြီးတစ်ခုသည် လေထုထဲမှ ထွက်ပေါ်လာပြီး ရှေ့တည့်တည့်သို့ ပြေးသွားခဲ့သည်။
ဝုန်း!
မီတာနှစ်ဆယ် အကွာအဝေးရှိ သစ်ပင်ကြီးတစ်ပင်သည် ထိမှန်ကာ နေရာ၌ပင် နှစ်ပိုင်းကျိုးသွားကာ ဖုန်မှုန့်များ ရုန်းကြွလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
"အံ့သြစရာပဲ!" လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။
နေ့တစ်ဝက် လေ့ကျင့်ပြီးနောက် လေပြင်းလက်ဝါးတံဆိပ်သည် နောက်ဆုံးတွင် တံခါးဖွင့်အဆင့်(ဝင်ခွင့်အဆင့်)ကို စတင်ခဲ့သည်။ ဤအဆင့်သည် အခြေခံမျှသာ ရှိသေးသော်လည်း အတုတံဆိပ်နယ်ပယ် ကနဦးအဆင့်တွင် လက်ရှိ လေ့ကျင့်မှု အဆင့်ဖြင့် မီတာ၂၀ အကွာအဝေးထိ ပစ်နိုင်နေပြီ။
ဤအားပြင်းသော တိုက်ခိုက်ရေး အကွာအဝေးသည် အလယ်အလတ် အဆင့်နဲ့ တူညီလေသည်။
"လေပြင်းလက်ဝါးကို လေ့ကျင့်နိုင်ရင် စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်ကို မီတာ ၃၀ အကွာအဝေး အထိ လွယ်လွယ်လေး ထုတ်လွှတ်နိုင်လောက်တယ်!"
လုရွှမ်ပြုံးလျက် ယုံကြည်မှု အပြည့်ရှိစွာ ဆိုလိုက်သည်။
ဆယ်မီတာ အကွာအဝေးကို လျှော့မတွက်လိုက်ပါနှင့်။ ၎င်းသည် တိုက်ပွဲတွင် မကြာခဏ ပါဝင်ရမည့် အခန်းကဏ္ဍတစ်ခု ဖြစ်နိုင်သည်။
ထို့အပြင် သူလေ့ကျင့်သည့် လေပြင်းလက်ဝါးတံဆိပ်သည် သာမန် အတုတံဆိပ်နယ်ပယ်က လူများသုံးသည့် လက်ဝါးတံဆိပ်ထက် များစွာ ပိုမိုအားကောင်းသည်။ တစ်ချက်တည်းဖြင့်ပင် အနိုင်ယူလို့ ရနိုင်၏။
လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် အကြီးအကဲ သုံးဦးကို ထပ်မံ တိုက်ခိုက်ပါက လှည့်ကွက် သို့မဟုတ် နည်းပရိယာယ် မပါဘဲ အလွယ်တကူ သတ်ဖြတ်နိုင်သည်။
"လေ့ကျင့်တာ လပိုင်းတောင် မရောက်သေးဘူး အတုတံဆိပ် နယ်ပယ်ကို ဖြတ်ကျော်ပြီး လေပြင်းလက်ဝါးကို လေ့ကျင့်နိုင်ဖို့ မမျှော်လင့်ထားပါဘူး.... ငါတို့နှစ်ယောက် ဒီမှာထိုင်နေတာ နှစ်ရက်ကျော်ပြီ!"
အချိန်နာရီကို ခံစားလိုက်ရသဖြင့် လုရွှမ် ခါးသက်စွာ ပြုံးလိုက်သည်။
မူလကတော့ အတုတံဆိပ်နယ်ပယ်ကို ဖြတ်ကျော်ပြီး လေပြင်းလက်ဝါးတံဆိပ်ကို လေ့ကျင့်ဖို့ အချိန်အများကြီး ယူရမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့သည်။ အခုတော့ သူတို့ထိုင်နေတာ ၂ရက်တောင် ကျော်သွားပြီဆိုတာ သိလိုက်ရသည်။
ဤအချိန်တွင် နေမင်းကြီး ဖွားမြင်စပြုလို့ နေရောင်ခြည်သည် အကိုင်းအခက်များနှင့် အရွက်များကို ဖြတ်၍ တောက်ပနေသဖြင့် သက်တောင့်သက်သာ ဖြစ်စေသည်။
လုရွှမ် နှင့် မုယန်ဖုန်း နှစ်ဦးစလုံးသည် တောင်များနှင့် သစ်တောများတွင် တစ်ညတာ ဖြတ်သန်းရသည့် အတွေ့အကြုံများ ရှိခဲ့ကြသည်။ သူတို့တွေ့ထားသော နေရာသည် အလွန်လုံခြုံပြီး လွန်ခဲ့သည့် နှစ်ရက်အတွင်း နှောက်ယှက်ရန် သားကောင်များ မတွေ့ရှိခဲ့ပေ။
"ကြည့်ရတာ မုယန်ဖုန်း အဆင့်တစ်ခုကို ထိုးဖောက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေပုံပဲ...."
ခေါင်းလှည့်၍ မုယန်ဖုန်းကို ကြည့်လိုက်တော့ မုယန်ဖုန်းမျက်နှာမှာ သူ့ခေါင်းပေါ်မှလည်း ချွေးသီးချွေးပေါက်များက ရေတံခွန်လို စီးကျနေသည်။
အရေးကြီးတဲ့ အခိုက်အတန့်ကို ဖြတ်ကျော်နေတယ် ဆိုတာ ထင်ရှားပါသည်။
ဂိုဏ်းဆရာနယ်ပယ်ကို ထိုးဖောက်ဖို့ ကိုယ့်ကိုယ်ကိုသာ အားကိုးရပါသည်။ ဒီနည်းနဲ့သာ မိမိရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကို ထိန်းချုပ်ပြီး ဂိုဏ်းဆရာနယ်ပယ်ကို အောင်မြင်အောင် လုပ်နိုင်မှာပဲ ဖြစ်သည်။
တခြားသူတွေရဲ့ အကူအညီနဲ့ ထိုးဖောက်ရင်တောင် မိမိစိတ်ကို ထိန်းချုပ်နိုင်ဖို့က လိုအပ်သေးသည်။
ထို့ကြောင့် လုရွှမ်သည် အန္တရာယ်ရှိမှန်းသိသောကြောင့် သူ မလှုပ်သေးဘဲ စောင့်ရန် ဘေးတွင် တိတ်တဆိတ် ရပ်နေလေသည်။
ရှပ် ရှပ်!
အဆိုးဆုံး အခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် ဤဘက်သို့ လျှောက်လာနေသကဲ့သို့ အဝေးမှ သစ်ကိုင်းခြောက်များကို နင်းမိသော ခြေသံက ရုတ်တရက် ထွက်ပေါ်လာသည်။