ရွှေသံချပ် မီးဝံပုလွေ
Vol. 11 Ch. 2.2
"အရေးကြီးနေချိန်မှာ အနှောင့်အယှက် ဝင်သွားရင် အရင်က ကြိုးစားခဲ့တာတွေ အားလုံး သဲထဲရေသွန်ဖြစ်ပြီး ကံမကောင်းရင် မိစ္ဆာစိတ် ဝင်သွားလိမ့်မယ်.... "
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
ဘယ်သူပဲဖြစ်ပါစေ ဒီလိုအချိန်မှာ ရောက်လာတာက တကယ်ကို ကံဆိုးတာပဲ။ မုယန်ဖုန်းဟာ အစိုးရိမ်ရဆုံး အချိန်ကို ဖြတ်ကျော်နေရတာ ဖြစ်ပြီး သူစိတ်အနှောက်အယှက် ဖြစ်သွားရင် ကျရှုံးနိုင်ချေ များသွားပြီ။
"ရပ်ခိုင်းရမယ်!"
နှလုံးခုန်သံနှင့်အတူ လုရွှမ် မတ်တပ်ထရပ်ကာ ပေါ့ပေါ့ပါးပါး လှုပ်ရှား၍ အသံလာတဲ့ ဦးတည်ရာဆီသို့ လျှောက်သွားသည်။
အတုတံဆိပ်နယ်ပယ်ကို ရောက်သွားတော့ လူတစ်ကိုယ်လုံးဟာ မျောက်ဝံတစ်ကောင်လို မီတာရာနဲ့ချီ အကွာအဝေးကို မြန်မြန်ဆန်ဆန် ခုန်ထွက်သွားနိုင်၏။
မုယန်ဖုန်းရဲ့ လေ့ကျင့်မှု နေရာကနေ မီတာ ၅၀၀ လောက်အကွာမှာ လူအရိပ်တချို့ကို တွေ့ရလေသည်။
ယောက်ျားလေး ၄ယောက်နဲ့ မိန်းကလေး တစ်ယောက် ဖြစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိ၏။
ထိုအခိုက်အတန့်တွင် လူငါးဦးသည် အနည်းငယ် ရှက်ရွံ့နေပုံရပြီး တစ်ဦးစီက ဒဏ်ရာရထားကာ နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရထားသည်။
"ကျောင်းဟောက်! မင်းဟန်ရွှယ်ကို အရင်ခေါ်သွား ငါတို့သုံးယောက် အနောက်က လိုက်ခဲ့မယ်... "
ထိုအထဲမှာ အရပ်ရှည်တဲ့ လူငယ်တစ်ယောက်က အံကို ကိုက်ပြီး ပြောလိုက်သည်။
"မဟုတ်ဘူး....သေရင် ငါတို့အတူတူသေမယ်!" ဟန်ရွှယ် အမည်ရှိ အမျိုးသမီးက သူမ၏သွားများကို အံကြိတ်ရင်း ဆို၏။
ဟန်ရွှယ်ဟာ အလွန်လှပတယ်လို့ ပြောရလိမ့်မည်။ သူမရဲ့ နုနယ်တဲ့ မျက်နှာနေရာ အများစုဟာ သွေးတွေနဲ့ ဖုံးလွှမ်းနေပေမယ့် သူမရဲ့ အသွင်အပြင်နဲ့ အသားအရေက လန်ရော့ရှင်းထက် ပျော့ညံ့လွန်းတဲ့ အလှတရားတစ်ခု မဟုတ်ဘူးဆိုတာ သေချာပါ၏။
"ကျောင်းဟောက် မင်းငါပြောတာ မကြားဘူးလား! သူမကိုအရင်ခေါ်သွား!"
အမျိုးသမီးက ငြိမ်နေတာမြင်တော့ အရပ်ရှည်တဲ့ လူငယ်က မျက်မှောင်ကြုတ်ကာ ထပ်အော်လိုက်သည်။
"ဒါပေမဲ့..."
ကျောင်းဟောက်ဆိုတဲ့ လူငယ်လေးကလည်း စိုးရိမ်စိတ်တွေ အပြည့်နဲ့
"ငါတို့ငါးယောက် အတူတူရှိနေရင် လက်တွဲပြီး တိုက်ခိုက်နိုင်သေးတယ်...ငါတို့ ထွက်သွားရင် မင်းတို့ဘယ်လို လုပ်မှာလဲ"
"ငါတို့ အတူတူပူးပေါင်းပြီး ခုခံထားနိုင်ပေမယ့် မကြာခင်မှာ ငါတို့ ရှုံးပြီး ပြိုင်ဘက်ရဲ့ သတ်တာကို ခံရလိမ့်မယ်... အဲဒါအစား မင်းတို့ချက်ချင်း ထွက်သွားတာက ပိုကောင်းတယ်...ကျောင်းအုပ်ဟန်ရောင် ငါတို့ရှာတွေ့ရင် ငါတို့ကယ်တင်ခံရနိုင်တယ်!"
အရပ်ရှည်သော လူငယ်လေး၏ မျက်လုံးများ မှိတ်လိုက်ပြီး
"မြန်မြန်!! နှောင့်နှေးမနေနဲ့ မဟုတ်ရင် ငါတို့ ငါးယောက်လုံး ဒီမှာ သေသွားလိမ့်မယ်!"
"ငါ……"
တစ်ဖက်လူ ပြောသည့်စကား မှန်ကန်ကြောင်း သဘောပေါက်တာကြောင့် ကျောင်းဟောက်နှင့် ဟန်ရွှယ်တို့က သူတို့ငါးဦးသည် အတူတူ ပေါင်းတိုက်ရင်တောင် တားနိုင်ရုံမျှသာ ဖြစ်ကြောင်း နားလည် သဘောပေါက်ခဲ့ကြသည်။
၎င်းတို့ထွက်သွားသည်နှင့် ၎င်းတို့သုံးဦးသည် မကြာမီ အသတ်ခံရတော့မည် ဖြစ်ကာ လွတ်မြောက်ရန် ခက်ခဲသွားမည် ဖြစ်သည်။
နှစ်ယောက်သား ထွက်သွားလိုက်တာက နားထောင်လို့ ကောင်းပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အသက်ကို စွန့်လွှတ်လိုက်တာနဲ့ ညီမျှပါ၏။
မျက်လုံးများ နီရဲလာပြီး နှစ်ယောက်သား လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။
သို့သော် အချိန်ဟာ သူတို့ကို တုံ့ဆိုင်းရန် အချိန်များစွာကို မပေးနိုင်ခဲ့ပေ။ အရှေ့ရှိ တောအုပ်ထဲတွင် ခြေသံများ ထွက်ပေါ်လာပြီး ကြီးမားသော သားရဲကြီး တစ်ကောင်သည် ဖြည်းညှင်းစွာ ဖြတ်လျှောက်လာလေ၏။
ဤသားရဲကြီး၏ အရှည်မှာ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာ ရှည်လျားသည်။ ၎င်းသည် ပြင်းထန်သော ရောင်ဝါများ ထုတ်လွှတ်လျက်ရှိပြီး ၎င်း၏ ချွန်ထက်သော သွားများသည် လူတို့ကို အချိန်မရွေး ဆွဲဖြဲထုတ်နိုင်သည့် ထက်ရှသော ဓားနှင့်တူသည်။
"နှစ်ပေါင်းများစွာ အသက်ရှင်နိုင်တဲ့ အဆင့်၇ သားရဲကြီး... ရွှေသံချပ် မီးဝံပုလွေ?"
ဤအကောင်ကြီး၏ အသွင်အပြင်ကို မြင်လိုက်ရတော့ လုရွှမ်သည် တခဏမျှ ထိတ်လန့်သွားသည်။
ရွှေသံချပ် မီးဝံပုလွေသည် အဆင့်ခုနစ်ဆင့်ရှိသော သားရဲများ၏ အထွတ်အထိပ်ဟု သတ်မှတ်ခံထားရသည်။ ၎င်း၏သားမွေးကာကွယ်ရေးသည် ရွှေရောင်ချပ်ဝတ်တန်ဆာကဲ့သို့ ပြင်းထန်သည်။
၎င်းတွင် ကြီးမားသော စွမ်းအား၅၀၀၀ ကျော် ပါရှိသည်။ အတုတံဆိပ်နယ်ပယ် ပြီးပြည့်စုံသော အဆင့်ရှိ သန်မာသော လူတစ်ဦးနှင့် တွေ့ပါက ထိပ်တိုက် ရင်မဆိုင်ရဲဘဲ ရှောင်သွားရလိမ့်မည်။
ဤကဲ့သို့သော သားရဲကို ဂိုဏ်းဆရာနယ်ပယ်က လူတွေသာ သတ်နိုင်လိမ့်မည်။
ဒီလူငါးယောက်ဟာ တောတွင်းဘုရင် တစ်ပါးကို တကယ်တွေ့ခဲ့တာ ဆိုတော့ တကယ် ကံမကောင်းတာပဲ။
သို့သော် ခေါင်းဖြတ်မခံရဘဲ ဤနေရာအထိ လွတ်မြောက်နိုင်မှုသည် လူငါးဦး၏ ခွန်အားသည် မပျော့ညံ့ကြောင်း ပြသရန် လုံလောက်ပေသည်။
"သူတို့အားလုံး အတုတံဆိပ်နယ်ပယ်က ကျွမ်းကျင်သူတွေပဲ.... ဒီလိုလူငယ်သခင်တွေ ဘယ်တုန်းက ပေါ်လာတာလဲ?"
ဒါကိုတွေးပြီး လုရွှမ်က သံသယတွေအပြည့်နဲ့ သူ့မျက်လုံးတွေကို ငြိမ်ငြိမ်ထား၍ စောင့်ကြည့်နေလိုက်တယ်။
ဤလူငါးဦးသည် အတုတံဆိပ်နယ်ပယ်တွင် အမှန်တကယ် အားကြီးပြီး အရပ်ရှည်သောလူငယ်သည် အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်ကိုပင် ရောက်နေလောက်ပြီ။
ကျန်းဝူအင်ပါယာတွင် အတုတံဆိပ်နယ်ပယ်ရှိ သန်မာသောလူသည် သေချာပေါက် ကျော်ကြားလိမ့်မည်။ သူတို့အားလုံးဟာ ငယ်ရွယ်သူများ ဖြစ်ကြပြီး အသက်၂၀ပင် မပြည့်ကြသေးရာ အတုတံဆိပ်နယ်ပယ်ကို ရောက်နေကြပြီဟု ဆိုတာကြောင့် သူ့ခမျာ မယုံနိုင်လောက်အောင် ဖြစ်နေသည်။
သူ၏ ထူးဆန်းသော တိုက်ခိုက်ရေး နည်းလမ်းဖြင့် ရွှေသံချပ် မီးဝံပုလွေသည် နီမြန်းသော မျက်လုံးများဖြင့် လူငါးယောက်ကို ဂရုမစိုက်ဘဲ သူတို့ထံသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။
၎င်း၏ မျက်လုံးထဲတွင် လူငါးယောက်သည် ပန်းကန်ပြားပေါ်က အစားအသောက် တစ်ခုကဲ့သို့ သူ့လက်က မလွတ်မြောက်နိုင်ပေ။
"မင်းတို့နှစ်ယောက် မြန်မြန်သွား!! ငါတို့ တားထားမယ်!"
အရပ်ရှည်သော လူငယ်သည် အံကြိတ်ကာ သူ့ရှေ့မှ ရွှေသံချပ် မီးဝံပုလွေဆီသို့ ပြေးသွားလေသည်။
သူ့လက်ဖဝါးကို လှန်လိုက်ကာ သူ့နောက်ကျောမှ ဓားကြီးတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး လေထဲတွင် ဝံပုလွေကို ခုတ်ထစ်လိုက်သည်။
သူ့ဘေးဘယ်ညာရှိ လူငယ်များသည်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းအလျင်စလို တက်လာကြပြီး လက်နက်များကို အသီးသီးထုတ်ကာ တိုက်ခိုက်ကြသည်။
ဝှစ်!
အင်အားကြီး အတုတံဆိပ်နယ်ပယ် သုံးယောက်က ပူးပေါင်း တိုက်ခိုက်လာတဲ့အခါ စစ်မှန်သော ဝိညာဥ်စွမ်းအင် လှိုင်းလုံးကြီးများသည် လေပြင်းများကဲ့သို့ တိုက်ခတ်သွားကာ ပတ်ဝန်းကျင်ရှိ အပင်များကို မြေပြင်ပေါ်သို့ ဖိလိုက်ကာ ထွက်လာသည့် ရောင်ဝါသည် ကျောက်တုံးများကိုပင် ကွဲအက်သွားစေသည်။
စွမ်းအားက ကြီးမားသော်လည်း ဤအဆင့်၇ရှိ တောဘုရင်ကဲ့သို့ သားရဲ၏ ရှေ့တွင် အနည်းငယ် အားနည်းပါသည်။
သူတို့၏တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ရွှေသံချပ် မီးဝံပုလွေသည် များစွာ မရှောင်တိမ်းဘဲ ထူထဲသော ခြေသည်းများနှင့်အတူ မြေပြင်ပေါ်နင်းကာ ရှေ့တည့်တည့်သို့ ပြေးသွားခဲ့သည်။
ဝုန်း!
လူသုံးဦးရဲ့ တိုက်ခိုက်မှုအားလုံးက ထိမှန်သွားခဲ့ပြီး သားရဲရဲ့ အကာအကွယ်ကိုတောင် မချိုးဖျက်နိုင်ခဲ့ဘဲ ပြင်းထန်တဲ့ သက်ရောက်မှုကို ခံရကာ သွေးတွေသာ ထွက်လာခဲ့၏။
နှစ်ဖက်စလုံးက တူညီတဲ့ အဆင့်မှာ မရှိဘူးတာမို့ နှိုင်းယှဉ်စရာ လုံးဝမရှိချေ။
သူတို့ သုံးယောက်ကို လေထဲသို့ တွန်းလိုက်ရင်း မီးဝံပုလွေသည် ကျောင်းဟောက် နှင့် ဟန်ရွှယ် ဆီသို့ တည့်တည့် လျှောက်သွားပြီး ခွာများနှင့် ခြေသည်းများကို မြှောက်ကာ တိုက်ခိုက်လိုက်သည်။
နှစ်ယောက်သား လွတ်မြောက်ဖို့ အချိန်မရလိုက်ခင်မှာ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး တစ်ချိန်တည်းမှာ အကြိမ်ပေါင်းများစွာ လူးလိမ့်ခံလိုက်ရသည်။ သွေးအစက်အပြောက် များစွာက သူတို့ရဲ့ခန္ဓာကိုယ်မှာ ထွက်ပေါ်လာပြီး မျက်နှာတွေလည်း ဖြူဖျော့လာခဲ့၏။
လှုပ်ရှားမှု နှစ်ချက်တည်းဖြင့် လူငါးဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
"သန်မာလွန်းတယ်!"
ဒီမြင်ကွင်းကို သူ့မျက်လုံးထဲမှာ မြင်လိုက်ရတော့ လုရွှမ်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်တော့သည်။
ရွှေသံချပ် မီးဝံပုလွေ ဆိုတဲ့အတိုင်း ပြင်းထန်ပေ၏။
ဒီငါးယောက်ရဲ့ ကံကောင်းမှုက တော်တော်လေး ဆိုးဝါးတာပဲ။
"ဟေး ဟုတ်သားပဲ၊ သွေးချေဖျက်ပြီး အရိုးဖြေဖျောက်စေတဲ့ နည်းလမ်း..."
လူငါးဦးသည် မုယန်ဖုန်း၏ ကျင့်ကြံမှုကို မနှောင့်ယှက်သလို လုရွှမ်သည်လည်း လူကောင်းတစ်ယောက် ဖြစ်ရန် အလေ့အထ မရှိသောချေ။ အစက ထွက်သွားချင်ပေမယ့် ရုတ်တရက် စိတ်ထဲသို့ တစ်စုံတစ်ခု ဝင်ရောက်လာသောအခါတွင် သူ့အား အလိုအလျောက် ခေါင်းကို လှည့်လိုက်မိသည်။
"ဒီနည်းလမ်းကို ငါဘယ်လိုလုပ် မေ့သွားတာလဲ! ရွှေသံချပ် မီးဝံပုလွေရဲ့ ကာကွယ်မှုက အံ့မခန်းပဲ.... သူ့ရဲ့သွေးနဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကို တစ်ကိုယ်လုံး လိမ်းကျံလိုက်ပြီး သွေးချေဖျက်ပြီး အရိုးဖြေဖျောက်တဲ့ နည်းလမ်းကို အသုံးပြုနိုင်ရင် ဆင်သံချပ် ရွှေကိုယ်ထည်ရဲ့ အရှိန်ကို လုံးဝမြှင့်နိုင်ပြီ! အနည်းဆုံးတော့ ဆင်သံချပ် ရွှေကိုယ်ထည် ဒုတိယအဆင့်ကို အကြီးစား အောင်မြင်မှုအထိ ရောက်သွားနိုင်တယ်... ကံကောင်းရင် ပြီးပြည့်စုံတဲ့ နယ်ပယ်ကို ရောက်သွားနိုင်တယ်!"
ဒါကိုတွေးပြီး လုရွှမ်ရဲ့ မျက်လုံးတွေ တောက်ပလာ၏။
အဆင့်ဆင့် လေ့ကျင့်ခြင်းအပြင် ဆင်သဲချပ် ရွှေကိုယ်ထည်မှာလည်း လျင်မြန်သော လေ့ကျင့်ရေး နည်းလမ်းတစ်ခု ရှိသေးသည်။
ထိုအချိန်က ဆင်သံချပ်ဂိုဏ်း၏ သန်မာသူ အကြီးအကဲတစ်ယောက်သည် လေ့ကျင့်မှု အရှိန်ကို အရှိန်မြှင့်ရန်အတွက် လျင်မြန်စွာ တိုးတက်မှုဏေး အထူးနည်းလမ်းများစွာကို သုတေသန ပြုခဲ့သည်။
သွေးချေဖျက်အရိုးဖြေဖျောက်သည့် နည်းလမ်းသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ အင်မတန် ရိုးရှင်းပါ၏။ သားရဲတွေရဲ့ ကောင်းမွန်တဲ့ သွေးနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို သုံးပြီး ခုခံကာကွယ်နိုင်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်းကျံကာ စုပ်ယူခြင်းကနေ တစ်ဆင့် အရေပြား၊ ကြွက်သားနဲ့ အရိုးတွေကို ကြီးစွာသော တိုးတက်မှုကို ဖြစ်စေနိုင်သည်။
သားရဲကြီးသည် ၎င်း၏ခန္ဓာကိုယ်အတွင်း ခိုင်မာသော ခုခံနိုင်စွမ်း ရှိသောကြောင့် စွမ်းအားကိုစုပ်ယူခြင်းသည် ရုပ်ခန္ဓာ၏ လုပ်ဆောင်မှုကို တိုးစေပြီး ကြီးမားသော စွမ်းအားကို တိုးစေနိုင်သည်။
အောင်မြင်ပါက သူသည် ဆင်သံချပ် ရွှေကိုယ်ထည်ကို အပြည့်အဝ တိုးမြှင့်နိုင်ပြီး ဒုတိယအဆင့်၏ အကြီးစား အောင်မြင်မှုကို ထိုးဖောက်ကာ ပြီးပြည့်စုံသော နယ်ပယ်သို့ပင် ရောက်ရှိနိုင်သည်။
ပြီးပြည့်စုံခြင်း နယ်ပယ်ထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ကာကွယ်ရေး စွမ်းအားသည် အလွန်တိုးမြင့်လာပြီး စစ်မှန်သော ဟ
ဝိညာဥ်စွမ်းအင်၏ စွမ်းအားဖြင့် ပေါင်းစပ်လိုက်သောကြောင့် အဆင့်၈ ဂိုဏ်းဆရာနယ်ပယ်၏ အစောပိုင်းအဆင့်တွင် သန်မာသော လူတစ်ဦးအတွက် သူ့ကို သတ်ရန်မှာ မလွယ်ကူနိုင်ပေ။
"ငါ့ရဲ့ခွန်အား တစ်ခုတည်းနဲ့ ဒီရွှေသံချပ် မီးဝံပုလွေကို မသတ်နိုင်ဘူး.... သူတို့ငါးယောက် တားထားနိုင်ရင် ငါစမ်းကြည့်နိုင်တယ်...ဒါမှမဟုတ် တစ်ခါတည်း ငါသတ်ပစ်နိုင်တယ်!"
ခဏကြာတော့ လုရွှမ်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူ့စိတ်ထဲ တွေးတောရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
"ငလူး.....လှုပ်ရှားရတော့မယ်!"