လုရွှမ်လှုပ်ရှားရပြီ
Vol. 11 Ch. 2.3
မလှုပ်ရှားလို့က မဖြစ်တော့ချေ။ မုယန်ဖုန်းဟာ အရေးကြီးတဲ့ အချိန်ကာကကို ရောက်နေတာမို့ အနှောင့်အယှက် ဝင်လို့မဖြစ်ချေ။ ဒီရွှေသံချပ် မီးဝံပုလွေက လူငါးဦးကို သတ်လိုက်ပြီး ဝိညာဥ်စွမ်းအင် အတက်အကျကို ခံစားမိလိုက်တာနဲ့ မကြာခင် သူတို့ကို တွေ့သွားလိမ့်မည်။
အဲဒီအချိန်ရောက်ရင် ဒီလောက် ရက်စက်တဲ့ကောင်ကို သူတစ်ယောက်တည်း တားချင်ရင်တောင် သေချာပေါက် လုပ်နိုင်မှာ မဟုတ်ပေ။
သိရမည်မှာ မုယန်ဖုန်းသာ ထိုးဖောက်မှုကို ရှုံးနိမ့်ပြီး မိစ္ဆာစိတ်ဝင်သွားရင် ကျင့်ကြံမှုအဆင့်က သုညဖြစ်သွားမှာပဲ ဖြစ်သည်။
အဆင်မပြေရင် သူတို့နှစ်ယောက်စလုံး ဒီမှာ အရှင်းခံရလိမ့်မည်။
သူ့ရှေ့က လူငါးယောက် ဒဏ်ရာရသွားပေမယ့် သူတို့မှာ တိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေ ရှိနေတုန်းပဲ။ သူတို့နဲ့ ပေါင်းစည်းနိုင်ရင် ဒီကောင်ကြီးကို သတ်ပစ်နိုင်မှာ သေချာသည်။
ဒါကိုတွေးမိပြီး သိပ်ပြီးမစဉ်းစားနေတော့ဘဲ ရှည်လျားတဲ့ ခန္ဓာကိုယ်နဲ့ ပုန်းနေတဲ့နေရာကနေ ထွက်လာခဲ့လိုက်သည်။
"အားလုံး.... မင်းတို့ ငါ့အကူအညီလိုလား?"
“လိုတယ်…”
အရပ်ရှည်တဲ့ လူငယ်သည် တစ်စုံတစ်ယောက် ပေါ်လာသည်ကို ကြားလိုက်ရသောအခါတွင် သူ့မျက်လုံးများ တောက်ပလာကာ ထိတ်လန့်သွားသော်လည်း ခေါင်းကို လှည့်ကြည့်ပြီး ခဏအတွင်းပင် ခေါင်းယမ်းလိုက်သည်။
သူတင်မကဘဲ တခြားလူတွေ အားလုံးကလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သူ့ရှေ့က ကောင်လေးက အရမ်းငယ်လွန်းသည်လေ။
အသက် ဆယ့်ခြောက်နှစ်၊ ခုနစ်နှစ်။ သူ့မှာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ခွန်အား ဘယ်လောက် ရှိနိုင်မှာလဲ။
သူတို့ရှေ့က လူငယ်က လူကောင်ကြီးပေမယ့် အတုတံဆိပ်နယ်ပယ် စွမ်းအားရှင်ငါးယောက် ဖြစ်တဲ့ သူတို့နဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ?
"မောင်လေး.... ဒါက ရွှေသံချပ် မီးဝံပုလွေပဲ ခြေလှမ်းတဝက်တည်းနဲ့ ဂိုဏ်းဆရာနယ်ပယ်ကို ယှဉ်နိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ ဝံပုလွေ....အမြန်ပြေးတော့ မင်းအသက်ကို အချည်းနှီး မဆုံးရှုံးစေနဲ့..."
ဟန်ရွှယ်အမည်ရှိ မိန်းကလေးက တစ်ချက်ကြည့်လိုက်ပြီး အလျင်စလို အော်ပြောလိုက်သည်။
သူတို့ မလွတ်မြောက်နိုင်ဘူးဆိုတာ သေချာနေပြီး အခြားအပြစ်မဲ့သူ တစ်ယောက်ကို မြှူဆွယ်တာဟာ မကောင်းပေဘူး။
သူမ၏အမြင်အရ ဤလူငယ်သည် ဧရာမဝံပုလွေကို မသိနိုင်တာကြောင့် မည်မျှ အစွမ်းထက်သည် ဆိုသည်ကို မသိဘဲ ကြောက်ရွံ့ခြင်းမရှိ ရှေ့သို့ တိုးလာခဲ့ခြင်း ဖြစ်မည်။
"ဟုတ်တယ် မြန်မြန် သွားတော့.... ငါတို့ တားလို့ရသေးတယ်...ဒီကောင်က မင်းနဲ့ ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး!"
အရပ်ရှည်သော လူငယ်လေးကလည်း လှမ်းအော်သည်။
သူတို့ မလွတ်မြောက်နိုင်မှန်း လူတိုင်းသိထားပေမယ့် သူ့ကို ထွက်ပြေးခိုင်းနေရာ လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ပြောရမယ်ဆိုရင် ဒီလူတွေက အရေးကြီးတဲ့အချိန်တွေမှာ တော်တော်လေး သစ္စာရှိကြပါ၏။
"မလိုဘူး.... အဲဒါ ရွှေသံချပ် မီးဝံပုလွေတစ်ကောင်ပဲလေ ငါတို့ အတူတူ တိုက်ရင်... သေချာပေါက် သတ်ပစ်နိုင်လိမ့်မယ်!"
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းပြီး သူ့နှုတ်ခမ်းတွေကို သပ်လိုက်ကာ သူ့မျက်လုံးတွေကလည်း တိုက်ခိုက်ရေး စိတ်ဓာတ်တွေနဲ့ ပြည့်နေသည်။
အဆင့်တက်လာပြီးနောက် သူသည် ကျင့်ကြံရန် နေရာမရှိတော့မည်ကို စိုးရိမ်သဖြင့် တိုက်ပွဲများမှတစ်ဆင့် သူ၏ လေ့ကျင့်မှုကို အားကောင်းစေသည့် နည်းလမ်းဖြင့် လေ့ကျင့်မည်ဟု ယူဆထားစဥ် ဤအကောင်က ပေါ်လာ၏။
"မင်း……"
"လူငယ်လေး.... မင်း မာနကြီးပြီး ရူးနေပေမယ့် ရူးသွပ်မှုက အသုံးမဝင်ဘူး.... မင်းမှာ ခွန်အားရှိရမယ်ကွ!"
သူ့စကားကြားတော့ အားလုံးက ခါးသက်စွာ ပြုံးလိုက်ကြသည်။
သူတို့သေသွားရတက လုံလောက်ပြီဆိုတာ သိပေမယ့် ဒီလူဟာ ခုခံနိုင်စွမ်းမရှိသလို အပြစ်မဲ့သူပင်။ ထို့နောက် သားရဲကြီးဟာ လူသာလွန်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတာကြောင့် သူ့ကို လုံးဝ အနိုင်မယူနိုင်လောက်ချေ။
ကယ်တင်တဲ့သူတွေ လာမယ်လို့ ထင်ခဲ့ပေမယ့် နောက်ဆုံးတော့ ဘယ်က ငတုံးရောက်လာမှန်း မသိတော့ပေ။
ဝူ.....
သူ၏ မထီမဲ့မြင်ပြုမှုနှင့် ဒေါသကို နားလည်ဟန်တူသော ရွှေသံချပ် မီးဝံပုလွေ၏ မျက်နှာသည် မည်းမှောင်သွားပြီး နီမြန်းသော မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်လာသည်။
သူကဒီတောင်ကြီးရဲ့ အုပ်စိုးရှင်ပဲ။ လူသေးသေးလေး တစ်ယောက်က အထင်သေးတဲ့ အကြည့်နဲ့ ကြည့်လာတဲ့အခါ သူ့ဒေါသဟာလည်း မထိန်းနိုင်တော့ပေ။
ဟိန်းဟောက်သံနှင့်အတူ ရွှေသံချပ် မီးဝံပုလွေသည် လုရွှမ်ဆီသို့ တည့်တည့် ပြေးဝင်လာသည်။
"ညီလေး မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.... ဒီကောင်က အရမ်း အားကြီးတယ် မင်းဟာ ငါတို့ရဲ့ရန်သူ မဟုတ်ဘူး.... ငါ အဲဒါကို အရင်ခုခံထားမှာမို့လို့ မင်းထွက်သွားဖို့ အခွင့်အရေးကို ရအောင်ယူလိုက်...!"
သတ္တိရှိဖို့ ကြိုးစားနေတာကို မြင်တော့ အရပ်ရှည်တဲ့ လူငယ်လေးဟာ မျက်မှောင်ကြုတ်ကာ မတ်တပ်ရပ်ဖို့ ကြိုးစားရင်း တစ်ချက်နှစ်ချက်လောက် တွန်းလှန်ဖို့ ကြိုးစားပေမယ့် သူရှေ့ကို မရောက်ခင်မှာ လူငယ်လေးရဲ့ ဝိညာဥ်စွမ်းအင်ဟာ မုန်တိုင်းကဲ့သို့ ပြင်းထန်စွာ မြင့်တက်လာတာကို တွေ့လိုက်ရသည်။
တစ်ဖက်လူ၏ ဝိညာဥ်စွမ်းအင်သည် သူ့ထက် ပျော့ညံ့နေသည် မဟုတ်ကြောင်း ခံစားလိုက်ရသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဆယ့်ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ တန်းလိနယ်ပယ် ဒါမှမဟုတ်ရင် နန်းတော်ပင်လယ် နယ်ပယ်တွင် ရှိခြင်းကပင် အတော်ကောင်းနေပြီဟု သူထင်ခဲ့သည်။
သို့သော် တစ်ဖက်လူသည် အတုတံဆိပ်နယ်ပယ်က ကျွမ်းကျင်သူ ဖြစ်နေ၏။
အတုတံဆိပ်နယ်ပယ်က လူတွေထက်တောင် ဝေးကွာပြီး ဂိုဏ်းဆရာနယ်ပယ်ရဲ့ တစ်ဝက်လောက်ပင် ရောက်နေတဲ့ စွမ်းအားရှိနေပြီ။
ဝှစ်
လုရွှမ်၏ ခွန်အားကို ခံစားလိုက်ရပြီး သူတို့ရှေ့မှ ရွှေသံချပ် မီးဝံပုလွေသည် ၎င်းကို မြင်လိုက်ကာ ရှုတ်ချမှုအပြည့်ဖြင့် ကျယ်လောင်စွာ အော်ဟစ်၍ ပြေးလာခဲ့သည်။
ဟူး ဟူး!
သူ့ဆီမရောက်ခင်မှာ ပြင်းထန်တဲ့လေက လုရွှမ်ဆီကို ဖြတ်ပြေးလာကာ သူ့အရေပြားကို ဓားနဲ့လှီးဖြတ်လိုက်သကဲ့သို့ တိုးဝင်လာ၏။
"ငါ့လက်ဝါးကို စမ်းကြည့်စမ်း!"
တစ်ဖက်က တိုက်ခိုက်မှုကို ရှောင်နေရန် ပျင်းလွန်းပါ၏။ လုရွှမ် မျက်ခုံးပင့်ကာ စွမ်းအားတွေကို ခြေဖဝါးမှ လက်ဝါးအထိ ထိုးတက်လာပြီး ရင်ဆိုင်တိုက်ခိုက်ရန် အရှေ့သို့ ရိုက်ချလိုက်သည်။
"နဂါးဆင်ရွှေလက်ဝါး အဆင့်၂...."
သူ့စိတ်ထဲတွင် ဟိန်းဟောက်သံနှင့်အတူ ယွမ်ယန်၏ ဝိညာဥ်ချီသည် သွေးကြောတစ်လျှောက် ပွက်ပွက်ဆူလာပြီး ရုပ်ခန္ဓာသည် ဝိညာဥ်ချီနှင့် ပေါင်းစပ်ကာ အင်အား၅၀၀၀ အပြည့်နှင့် ပြင်းထန်စွာ ပြေးထွက်သွားသည်။
"မြန်မြန်ရှောင်!! သူ့ကို မထိုးဖောက်နိုင်ဘူး!"
"အဲဒီကောင်က ခံနိုင်ရည်ကောင်းပြီး ခုခံနိုင်စွမ်းရှိတယ်.... မင်းသူနဲ့ ထိပ်တိုက်တွေ့ရင် ဒုက္ခရောက်လိမ့်မယ်!"
.......
လုရွှမ်က မရှောင်တိမ်းဘဲ ရွှေသံချပ် မီးဝံပုလွေကို ထိပ်တိုက်တွေ့တာကို တွေ့လိုက်ရတော့ အားလုံး လန့်သွားပြီး မူးလဲလုနီးပါး ဖြစ်သွားကြသည်။
ဒီကလေးက ရဲရင့်လွန်းတယ်။
ဒါပေမဲ့ သေကြောင်းရှာနေတာနဲ့ မတူဘူးလား။
သို့သော်လည်း အော်သံများ မပြီးသေးခင်မှာ တစ်ယောက်ပြီး တစ်ယောက် ပါးစပ်ဖွင့်လျက်ဖြင့် အသံတွေ လည်ချောင်းထဲမှာ ရပ်တန့်သွားပြီး ရူးလုမတတ် ဖြစ်သွားကြသည်။
သူတို့ရှေ့မှာ ရှောင်မပြေးတဲ့ လူငယ်က ရွှေသံချပ် မီးဝံပုလွေကို လက်ဖဝါးနဲ့ ရိုက်ချလိုက်ပေပြီ။
သူတို့မှန်းဆထားသည့်အတိုင်း လူငယ်သည် ခုနစ်လှမ်း ရှစ်လှမ်းခန့် ဆက်တိုက် နောက်ပြန်ဆုတ်သွားကာ မျက်နှာနီမြန်းသွားသည်။
သို့ပေမဲ့ သူတို့ ထိတ်လန့်သွားစေတာက သူတို့ရှေ့က ရွှေသံချပ် မီးဝံပုလွေဟာ ကီလိုထောင်ပေါင်းများစွာမှာ ရှိတဲ့ ကြီးမားထူထဲတဲ့ သစ်ပင်ရဲ့ ပင်စည်ကို တစ်ဝက်လောက် ချိုးချပစ်တဲ့အထိ လွင့်သွားလေခြင်းပင်။
ဒါ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အခုနက အဲဒီကောင်ကြီးနဲ့ တိုက်ခိုက်ခဲ့ကြတုန်းက လက်နက်တွေ သုံးထားတာတောင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒီကလေးက သူ့ကို လက်ဖဝါးနဲ့ တစ်ချက်တည်းနဲ့ ရိုက်ချပစ်တယ်??
"ဒါက... အတုတံဆိပ်နယ်ပယ်ရဲ့ အထွတ်အထိပ် စွမ်းအားပဲ!"
လူငယ်က ပထမတုံ့ပြန်လိုက်ပြီး သူ့သူအိမ်ငယ်များလည်း ကျဥ်းမြောင်းသွားသည်။
ဤမျှကြီးမားသော ရွှေသံချပ် မီးဝံပုလွေကြီးကို လက်ဖဝါး တစ်ချက်တည်းဖြင့် လေထဲသို့ ရိုက်ထုတိနိုင်ခဲ့တဲ့ လူငယ်၏ ခွန်အားသည် ၄၀၀၀ ကျော်ရှိလေသည်။
ဆိုလိုတာက ဒီလူဟာ ငယ်ရွယ်ပေမယ့် အတုတံဆိပ်နယ်ပယ် အထွတ်အထိပ်က စွမ်းအားရှင်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါ၏။
လူတွေကို သူတို့ရဲ့ အသွင်အပြင်နဲ့ အကဲမဖြတ်သင့်ဘူး။ သူ့ကိုတကယ် လျှော့တွက်မိသွားတာပဲ။
"ဘာ?? အတုတံဆိပ်နယ်ပယ် အထွတ်အထိပ်အဆင့်??"
"ဒါက ဘယ်လိုဖြစ်ရတာလဲ?"
"သူက ငါတို့ထက် အများကြီး ငယ်တာကို ဘယ်လိုလုပ် ဒီလိုခွန်အားတွေ ရှိနိုင်မှာလဲ"
.......
ထိုလူငယ်၏ စကားကြားတော့ အခြားသူများမှာ မယုံနိုင်လောက်အောင် အေးခဲသွားကြသည်။
အခုနကပဲ ထွက်သွားဖို့ ပြောခဲ့တဲ့ ကောင်လေးက တကယ်တော့ အတုတံဆိပ်နယ်ပယ် အထွက်အထိပ်အဆင့် ဖြစ်နေတာလား? တကယ်ကြီးလား?
သူတို့ဟာ ပါရမီရှင်တွေလို့ အမြဲသိထားပြီး သူတို့နေရာအရပ်မှ ကျော်ကြားကြသည်။ သူတို့ကို ကျော်လွန်တဲ့လူ ဘယ်သူမှ မရှိနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် တောအုပ်ထဲက ကျပန်းထွက်လာတဲ့ လူငယ်တစ်ဦးက ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး။
လုရွှမိ၏ လက်ဖဝါးဖြင့် ထိမိထားသော ရွှေသံချပ် မီးဝံပုလွေသည် နောက်ဆုံးတွင် သူ့ရှေ့မှ လူငယ်၏ အစွမ်းသတ္တိကို သိရှိပြီး မုန်းတီးမှု အပြည့်ဖြင့် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် မတ်တပ်ထရပ်လိုက်သည်။
နဂါးဆင်ရွှေလက်ဝါးသည် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုနှင့် ပေါင်းစပ် အားကောင်းသော်လည်း ခွန်အား ၄၅၀၀ ခန့်သာ ရှိသည်။ မီးဝံပုလွေကို ဒဏ်ရာအပြင်းအထန် လုံးဝမရစေဘဲ လေထဲသို့ လွှင့်ပစ်လိုက်ရုံသာ ရှိသည်။
"အကာအကွယ်ကတော့ တကယ် ကြောက်စရာကောင်းတာပဲ!"
တစ်ဖက်မှာ ဒဏ်ရာလုံးဝမရှိဘဲ အသက်ရှင်နေသေးသည်ကို မြင်လိုက်ရသဖြင့် လုရွှမ်၏ မျက်နှာမှာ မည်းမှောင်သွားသည်။
သူ့အတွေးက ရိုးရိုးရှင်းရှင်းလေး ဖြစ်နေတာပဲ။ ဒီရွှေသံချပ် မီးဝံပုလွေက သူထင်ထားတာထက် ပိုကြောက်စရာကောင်းတယ်။
အတုတံဆိပ်နယ်ပယ်က လူငါးယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ အံ့သြစရာ မရှိပါဘူး။
"ဘာလုပ်နေတာလဲ?? မြန်မြန် မကူညီသေးဘူးလား"
သူအနိုင်ရဖို့ ခက်ခဲမယ်ဆိုတာ သိလိုက်ရတော့ လုရွှမ်က လူအုပ်ကို ကြည့်ဖို့ ခေါင်းကို လှည့်ပြီး ကျယ်လောင်စွာ အော်လိုက်လေ၏။