← Chapters

ဝူယန်အကယ်ဒမီကကျောင်းသားများ

Vol. 11 Ch. 2.5

ဝူယန်အကယ်ဒမီကကျောင်းသားများ

Vol. 11 Ch. 2.5

ဝုန်းဝုန်းဝုန်းဝုန်း!

နောက်ဆုံးတွင် အကြိမ်ပေါင်းများစွာ ထိုးနှက်ပြီးနောက် ရွှေသံချပ် မီးဝံပုလွေသည် မခံနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်သည် တုန်ခါကာ "ဗုန်းခနဲ" မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူသေခါနီးအချိန်အထိ သူ့ထက်ငယ်တဲ့ ကလေးဆီက လက်ဗလာနဲ့ အရိုက်ခံရတာ ဒီလောက်အထိနာမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

မီးဝံပုလွေ မြေပြင်ပေါ်သို့ လဲကျသွားသည့် အချိန်တွင် လုရွှမ်သည် သားရဲ၏ လည်ပင်းမှ လက်များကို လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အနှံ့ အားနည်းသွားသည်ကို ခံစားလိုက်ရကာ ပြင်းပြင်းထန်ထန် မောဟိုက်သွား၏။

ခွန်အား၈၀၀၀ရှိသည့် သန်မာသော သားရဲတစ်ကောင်၏ တိုက်ပွဲသည် မျှော်လင့်ထားသည့်အတိုင်း ပြင်းထန်လွန်းလှသည်။ သားရဲက ဂိုဏ်းဆရာနယ်ပယ်၏ စွမ်းအားတစ်ဝက်လောက် ရောက်နေပြီမို့ သူသာ အတုတံဆိပ်နယ်ပယ် မရောက်ခဲ့ရင် တောင့်ခံနိုင်မည် မဟုတ်ချေ။

အသက်ရှုဝဝ ရှူနေရချိန် အရပ်ရှည်သော လူငယ်လေး၊ ဟန်ရွှယ်နှင့် အခြားသူများက သူ့ကို မယုံကြည်နိုင်မှု အပြည့်ဖြင့် ဘီလူးတစ်ကောင်လို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

အနည်းငယ် ပိန်လှီသော ကောင်လေးသည် ဤမျှအားကောင်းသော စွမ်းအားဖြင့် ပေါက်ကွဲ ထွက်လာနိုင်သည်ကို သူတို့မယုံနိုင်သည်မှာ ထင်ရှားပါသည်။

"ရွှေသံချပ် မီးဝံပုလွေသေပြီ.... အလောင်းကို ဘယ်လို ခွဲဝေရမလဲဆိုတာ ကြည့်ရအောင်!"

သားရဲအလောင်းကို ကြည့်ဖို့ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ လုရွှမ်ရဲ့ မျက်လုံးတွေက မီးတောက်နေ၏။

[သွေးချေဖျက်ပြီး အရိုးဖြေဖျောက်ခြင်း နည်းလမ်း]ကို လုပ်ဆောင်ရန် ၎င်း၏သွေးကို အသုံးပြုပါက သူ၏ဆင်သံချပ် ရွှေကိုယ်ထည်ကို ပိုမိုသန်မာလာစေမည် ဖြစ်သည်။

"မင်းက ဒီမီးဝံပုလွေကို သတ်လိုက်တာပါ... မင်းကြောင့်သာ မဟုတ်ရင် ငါတို့က ကံကောင်းမှာတောင် မဟုတ်ဘူး....ခွဲဝေယူဖို့ အသာထား မင်း အားလုံးကို ယူသွားနိုင်တယ်!"

အရပ်မြင့်မြင့်နဲ့ လူငယ်လေးက လုရွှမ်ကို သဘောကျမှု အပြည့်နဲ့ ကြည့်နေ၏။

သူ့စကားကြားပေမယ့် တခြားသူတွေ အမြင်မကြည်ကြတာမျိုး မရှိကြချေ။

သူတို့ရှေ့က လူငယ်လေးကြောင့်သာ မဟုတ်ရင် ဘယ်သူမှ မကျန်တော့ဘဲ သူတို့ကသာ အသတ်ခံရဖို့ ဖြစ်သွားနိုင်သည်။

"ကောင်းပြီ ဒါဆို ငါသိမ်းလိုက်မယ်!"

လုရွှမ်က လုံးဝမငြင်းဘဲ လူအုပ်ကို လျစ်လျူရှုလိုက်ပြီး ရွှေသံချပ် မီးဝံပုလွေရဲ့ သားမွေးကို ဆွဲယူကာ တောနက်နက်ထဲကို ဆွဲထုတ်သွားလေသည်။

သူ့လှုပ်ရှားမှုတွေကို မြင်လိုက်ရတော့ လူတိုင်းရဲ့ ပါးစပ်ထောင့်တွေ တုန်လှုပ်သွားပြန်၏။

စစ်မှန်သော ဝိညာဥ်စွမ်းအင်ကို အသုံးမပြုဘဲ ကျင် တစ်သောင်းနီးပါး ရှိတဲ့သားရဲကို ဆွဲထုတ်သွားသည့် လုပ်ဆောင်ချက်မှ မြင်တွေ့နိုင်သည်မှာ ဤလူ၏ ခန္ဓာကိုယ်သည် ပြင်းထန်လွန်းလှပေ၏။

ဒီမကောင်းဆိုးဝါးလို လူက ဘယ်က ထွက်လာတာလဲ?

"ဒါက အနာကျက်စေတဲ့ အဂ္ဂိရတ်ဆေးပါ...တစ်ယောက်တစ်လုံးစီ ယူလိုက်...မင်းတို့ရဲ့ အသက်ရှုကို မြန်မြန်ညှိယူပြီးရင် ခွန်အားကို ပြန်လည် ရရှိစေလိမ့်မယ်!"

သူထွက်သွားတာကို မြင်တော့ အရပ်ရှည်တဲ့လူငယ်က သူ့ရင်ခွင်ထဲက ကျောက်စိမ်းပုလင်းကိုထုတ်ပြီး အထဲမှာ ဆေးလုံးများကို ခွဲဝေပေးလိုက်တယ်။

နောက်ဆုံးတွင် သူတို့သည် မီးဝံပုလွေကို ဆွဲဆောင်ရန်သာ တာဝန်ယူခဲ့ပြီး အလွန်အမင်း အားစိုက်ထုတ်ခြင်း မရှိသော်လည်း ယခင်က ခံစားရသော ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည်။ ယခု တိုက်ပွဲ ပြီးသွားသောအခါတွင် ငြိမ်သက်သွားပေမယ့် မျက်နှာများ ဖြူဖျော့လာခဲ့သည်။

ထိုကဲ့သို့ အန္တရာယ်ရှိသော သစ်တောသည် သူတို့၏ အင်အားသာ ပျက်စီးသွားပါက အလွန်အန္တရာယ်များပြီး တတ်နိုင်သမျှ စွမ်းအားများကို အမြန်ဆုံး ပြန်လည်ရယူရန် အကောင်းဆုံးဖြစ်သည်။

အသက်ရှူချိန်ကို အချိန်အတော်ကြာအောင် ချိန်ညှိပြီးနောက်တွင် သူတို့၏ ခွန်အား အနည်းငယ် ပြန်လည် သက်သာလာသည်ဟု ခံစားလိုက်ရသည်။ ကောင်လေးသည်လည်း မီးဝံပုလွေ အလောင်းကို စွန့်ပစ်ပြီးနောက် ပြန်ရောက်လာခဲ့သည်။

"မင်း ငါတို့အသက်ကို ကယ်ခဲ့တဲ့ ကြင်နာမှုကို ပြန်မဆပ်နိုင်သေးပေမယ့် ဒီကညီအစ်ကိုရဲ့ တောင်းဆိုချက်အတွက် ငါတို့ အတတ်နိုင်ဆုံး စွမ်းဆောင်ပေးပါ့မယ်!"

သူအနားရောက်လာတာကို မြင်တော့ အရပ်ရှည်ရှည်နဲ့ ကျန်တဲ့သူတွေက တစ်ချိန်တည်းမှာ ဂါဝရပြုလိုက်ကြသည်။

"အားနာနေပါပြီ!"

လုရွှမ်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

"ငါတို့ကျင့်ကြံသူတွေက နှလုံးသားနဲ့ အာရုံစိုက်ကြရပါတယ်.... ကြင်နာမှုဆိုတာ ကြင်နာမှုပါပဲ ဒီကအစ်ကို့နာမည်ကို သိခွင့်ရမလား...ဒါမှ နောင်မှာ ပြန်ဆပ်နိုင်မှာပါ" လို့ အရပ်ရှည်တဲ့ လူငယ်က မေးပါ၏။

"လုရွှမ်!"

တစ်ဖက်လူက လေးနက်စွာ မေးနေတာကို မြင်တော့ လုရွှမ်လည်း ပြောလိုက်သည်။

"ဟွာချောင်းလို့ ခေါ်ပါတယ်!"

အရပ်ရှည်သော လူငယ်က ခေါင်းညိတ်ကာ သူ့ကိုယ်သူ မိတ်ဆက်ကာ အခြားသူများကိုလည်း မိတ်ဆက်ပေးသည်။

"ဒါက ဝမ်ယန်၊ လျိုခိုင်၊ ကျောင်းဟောက်နဲ့ ဟန်ရွှယ်... ငါတို့ငါးယောက်က ဝူယန်အကယ်ဒမီရဲ့ အတွင်းပိုင်းက ကျောင်းသားတွေပါ!"

"ဝူယန်အကယ်ဒမီ?? ဒါက ကျန်းဝူအင်ပါယာရဲ့ နယ်နိမိတ် မဟုတ်ဘူးလား?"

လုရွှမ် ထူးဆန်းသလို ပြန်ကြည့်လိုက်သည်။

ဝူယန်အကယ်ဒမီမှ လူများသည် ဤနေရာတွင် မည်သို့ပေါ်လာနိုင်သနည်း။ ပြောရရင် ကျန်းဝူအင်ပါယာရဲ့ နယ်နိမိတ်စည်းထဲကနေ ထွက်မလာရသေးဘူးမလား?

"ဒါက ဝူယန်အင်ပါယာရဲ့ နယ်ပယ်ထဲမှာ ရှိနေပြီ!" အရပ်ရှည်တဲ့ လူငယ် ဟွာချောင်က ပြုံး၍ ပြော၏။

"အာ?" လုရွှမ် ခေါင်းကုတ်လိုက်သည်။

ဒီရက်တွေမှာ သူနဲ့ မုယန်ဖုန်းတို့ဟာ တိုက်ပွဲဝင်တာနဲ့ လမ်းပေါ်ထွက်ခဲ့တာက လွဲလို့ ဘယ်လောက်ဝေးဝေး ခရီးထွက်ခဲ့ကြတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဝူယန်အင်ပါယာထဲကို ရောက်ဖို့ ရက်အနည်းငယ် ကြာမယ်လို့ ထင်ခဲ့ပေမယ့် ရုတ်တရက် ရောက်သွားမယ်လို့တော့ မမျှော်လင့်ထားခဲ့ချေ။

သို့ရာတွင် အင်ပါယာ၏ နယ်ပယ်သို့ ဝင်ရောက်လာပြီ ဆိုသော်လည်း ရှားပါးရတနာ ရှိသည့်နေရာသို့ ရောက်ရှိရန် ဝေးကွာနေသေးသည်။

"ငါတို့လူအနည်းစုက ဆရာနဲ့ လေ့ကျင့်ဖို့ ထွက်လာတာ.... ဒီကောင်ကြီးနဲ့ ငါတို့တွေ့မယ်လို့ ဘယ်သူကသိမှာလဲ!"

တစ်ယောက်နဲ့တစ်ယောက် နာမည်တွေ မပြောခင်မှာပဲ သေခြင်းရှင်ရေး ကိစ္စကိုအတူတွဲပြီး ရင်ဆိုင်ခဲ့တာကြောင့် လူတိုင်းဟာ ရုတ်တရက် ရင်းနှီးသွားသလို ခံစားလိုက်ရသည်။

သူတို့နှင့် ခဏ စကားပြောပြီးနောက် လုရွှမ်သည် နောက်ဆုံးတွင် နားလည်လာသည်။

ဤလူအနည်းစုသည် ကျောင်းသားများကြားတွင် အထူးချွန်ဆုံး ကျောင်းသားများ ဖြစ်ကြသည့် ဝူယန်အကယ်ဒမီမှာ အထွတ်အထိပ်၌ ရပ်တည်နေကြသော ကျောင်းသားများ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ကျောင်းအုပ်ဟန်ရောင်က အဖွဲ့ကို ဦးဆောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ယင်းယန်အကယ်ဒမီ၏ အစမ်းစာမေးပွဲကို ကျော်ဖြတ်ဖို့ ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် အတွေ့အကြုံ လာယူကြခြင်း ဖြစ်သည်။

ယင်းယန်အကယ်ဒမီသည် ကျန်းဝူအင်ပါယာကဲ့သို့ အဆင့်နိမ့်သော နိုင်ငံများတွင် တပည့်များကို စုဆောင်းနိုင်သလို သဘာဝကျကျ ဝူယန်အကယ်ဒမီက ကျောင်းသားများကိုလည်း စုဆောင်းလျက်ရှိသည်။

စမ်းသပ်မှုအတွင်း ရတနာတစ်ခုကို ရှာဖွေခြင်းဖြင့် စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ရတနာကို ရရှိခဲ့သော်လည်း အဆုံးတွင် ရွှေသံချပ် မီးဝံပုလွေကို စွဲဆောင်မိသွားခဲ့သည်။ လုရွှမ်၏ လုပ်ရပ်ကြောင့် မဟုတ်ပါက ၎င်းတို့သည် အသက်ရှင်လျက် ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။

"အစ်ကိုလု... မင်းက ဘယ်အင်ပါယာကလဲ? မင်းဘာလို့ ဒီကိုရောက်နေတာလဲ? မဟုတ်မှ အကဲဖြတ်စမ်းသပ်မှု တစ်ခုကြောင့်လား?"

အခြားသူများ စကားပြီးသောအခါတွင် ဟွာချောင်သည် စူးစူးစိုက်စိုက် ကြည့်၍ မေး၏။

သူတင်မကဘဲ တခြားလူတွေကလည်း ဒီလို အစွမ်းထက်တဲ့ ကောင်လေးကို ဘယ်လိုနေရာမျိုးက ပြုစုပျိုးထောင် ပေးခဲ့တာလဲ ဆိုတာကို သိချင်နေကြသည်။

အင်ပါယာတွင် သူတို့နောက်ကွယ်ရှိ မိသားစုများသည် အားနည်းကြသည် မဟုတ်ဘဲ ကျောင်းတွင်လည်း သူတို့အားလုံးသည် အဓိကကျသည့် ကျင့်ကြံမှု ပစ်မှတ်များ ဖြစ်ကြသည်။

သို့သော် သူတို့သည် အသက်နှစ်ဆယ်ကျော် ရှိသော်လည်း အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနှစ်နှစ်ရှိ လူငယ်ကဲ့သို့ မီးဝံပုလွေကို လက်ဗလာနှင့် မသတ်နိုင်ချေ။

အင်အားကြီးတဲ့ မိသားစုက ထွက်လာတဲ့ သားမဟုတ်ဘူးလို့ သူတို့ မယုံခဲ့နိုင်ဘူး။

"ငါက ကျန်းဝူအင်ပါယာကလူပါ....ဝူယန်အင်ပါယာက ဧကရာဇ်မြို့တော်ကို သွားမလို့!"

လုရွှမ်ဟာ ထိုအကြောင်းကို ဖုံးကွယ်ထားဖို့ ပျင်းလွန်းတာကြောင့် ပြောပြလိုက်ပေ၏။

ကျန်းဝူအင်ပါယာက မထွက်ခွာမီတွင် ရတနာသည် ဝူယန်အင်ပါယာ ဧကရာဇ်မြို့တော်၏ တည်နေရာ ဖြစ်နိုင်သည့် အရှေ့စူးစူး ကီလိုမီတာ ၇၀၀၀ ခန့်အကွာတွင် ရှိနေကြောင်း သိရှိထားပြီးဖြစ်သည်။

"ကျန်းဝူအင်ပါယာက လူလား?"

"ဒါ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"သေးငယ်တဲ့ နိုင်ငံက ဘယ်လိုလုပ် အစ်ကိုလုလိုလူကို မွေးထုတ်နိုင်တာလဲ?"

.......

ဟွာချောင်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။

ကောင်လေးသည် ပေရွှီးအင်ပါယာထဲက လူဟု ဆိုပါက သူတို့သည် သူ့ကို ကျိန်းသေယုံကြည်ကြလိမ့်မည်။ သို့သော် သူသည် ကျန်းဝူအင်ပါယာမှ ဖြစ်သည်ဟု ဆိုလိုက်သည်က ဘာပဲဖြစ်ဖြစ် မယုံနိုင်စရာပင်။

ကျန်းဝူအင်ပါယာက ဘာလဲ? အနိမ့်ဆုံးအဆင့် နိုင်ငံငယ် တစ်ခုမျှသာ ဖြစ်သည်။ ဤနေရာမျိုးတွင် ပါးလွှာသော ဝိညာဥ်ချီနှင့် ညံ့လွန်းသော အရင်းအမြစ်များသာ ရှိသည်။ ထိုကဲ့သို့သော အစွမ်းထက်သော ကောင်လေးကို မည်သို့ မွေးထုတ်နိုင်မည်နည်း။

"ငါတို့ စမ်းသပ်မှု ပြီးသွားပြီဆိုတော့ ဧကရာဇ်မြို့ကို ပြန်သွားရမှာ....ဒါမှမဟုတ် အတူတူ ခရီးထွက်ကြရင်ရော? ငါတို့မှာ ပျံသန်းသားရဲတွေ ပါလာတယ်.... ငါတို့အတူသွားရင် မြန်မြန်ရောက်နိုင်မယ်"

ခဏလောက် ထိတ်လန့်သွားပြီးနောက် ဟွာချောင်က ချက်ချင်း သဘောပေါက်သွားပြီး ကမန်းကတန်း ပြောလိုက်၏။

သူရဲကောင်းများသည် ၎င်းတို့၏ နောက်ခံကို ဂရုမစိုက် နေရာသေးသေးလေးကပင်လျှင် ပါရမီရှင်များကို မွေးထုတ်ပေးနိုင်သည်။

"ပျံသန်းသားရဲလား? ကောင်းတယ်!" လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။

သူတို့မှာ ပျံသန်းနေတဲ့ သားရဲတွေရှိတယ် ဆိုတော့ အချိန်မရှိမှာကို စိုးရိမ်စရာ မလိုတော့ဘူး။

"ငါ့မှာ ခက်ခဲတဲ့အဆင့်ကို ကျော်ဖြတ်နေရတဲ့ နောက်လိုက် တစ်ယောက်ရှိတယ် မင်းတို့ ငါ့ကို တစ်ရက်လောက် စောင့်ပေးနိုင်မလား?"

"ဒါပေါ့! ငါတို့အားလုံး ဒဏ်ရာတွေရခဲ့တော့ မထွက်ခွာခင် ပြန်ကောင်းလာဖို့ လိုတယ်... တစ်ရက်မပြောနဲ့ သုံးရက် ငါးရက်ဆိုလည်း ကိစ္စမရှိပါဘူး...."

ဟွာချောင်က ရယ်လျက်ဆိုလိုက်သည်။

"ကောင်းပြီ ငါ့နောက်လိုက်ကို သွားရှာလိုက်ဦးမယ်!"

လုရွှမ်လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီး မတ်တပ်ထရပ်ကာ မုယန်ဖုန်းရှိရာဘက်ကို လျှောက်သွားလိုက်သည်။

တိုက်ပွဲအတွင်း ဝိညာဥ်စွမ်းအင်များသည် ပြင်းထန်စွာ ရွေ့လျားသွားကာ ယခု ရပ်တန့်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ မုယန်ဖုန်း နောက်ဆုံး အခိုက်အတန့်ကို ကျော်ဖြတ်ပြီးပြီလားတောင် မသိဘူး။

All Chapters