← Chapters

ချင်ဟွာ

Vol. 11 Ch. 2.7

ချင်ဟွာ

Vol. 11 Ch. 2.7

"သခင်ငယ်လေး... မနေ့ကတည်းက လူတော်တော်များများက သခင်ငယ်လေးကို သူငယ်ချင်းလို့ ပြောပြီး လိုက်ရှာနေတယ်....တံခါးပိတ် ကျင့်ကြံနေတယ်လို့ ပြောတော့ သူတို့ အနှောင့်အယှက် မပေးဘဲ ထွက်သွားကြတယ်!"

မုယန်ဖုန်းက ရှင်းပြသည်။

"သွားကြည့်ရအောင်!"

လုရွှမ် ခေါင်းညိတ်ပြကာ မီးဝံပုလွေနဲ့ ရန်ပွဲဖြစ်ခဲ့ရာနေရာသို့ လျှောက်သွားလိုက်သည်။ ခဏအကြာတွင် မီးတောက်လောင်နေသော မီးဝိုင်းနံဘေးတွင် ဟွာချောင်နှင့် အခြားလူများကို တွေ့ရလေ၏။

"အမ်း? သူတို့ အများကြီး တိုးတက်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး!"

လူငါးယောက်ကို ကြည့်လိုက်ပြီး လုရွှမ် မျက်ခုံးပင့်သွားသည်။

လွန်ခဲ့သည့် သုံးရက်အတွင်း သူနှင့် မုယန်ဖုန်းတို့ တိုးတက်အောင်မြင်ခဲ့သည် သာမက ၎င်းတို့ရှေ့မှ လူငါးဦးသည်လည်း အသက်ရှုချိန်မှာ ပုံမှန်ပြန်ဖြစ်ကာ ဒဏ်ရာများ မကျန်တော့ဘဲ ၎င်းတို့၏ ကြံ့ခိုင်မှုမှာလည်း များစွာ တိုးတက်လာခဲ့သည်။

အသက်ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ လေ့ကျင့်မှုသည် လူများကို အကောင်းဆုံး တိုးတက်စေနိုင်သည်။ ရွှေသံချပ် မီးဝံပုလွေနှင့် တိုက်ပွဲတွင် ၎င်းတို့၏ ခန္ဓာကိုယ်တွင်းရှိ ခွန်အားများ ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ လွတ်မြောက်ခဲ့ကြသောကြောင့် ၎င်းတို့သည် သဘာဝကျကျ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

လူအုပ်ကြားတွင် သြဇာအရှိဆုံးဖြစ်သည့် ဟွာချောင်သည် အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဟန်ရွှယ်နှင့် အခြားသူများသည် အစောပိုင်းအဆင့်မှ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ကျင့်ကြံလို့ ပြီးသွားပြီလား?"

ခြေသံကြားတော့ လူတိုင်းက ခေါင်းကို လှည့်ကြည့်လာပြီး သူ့ကိုမြင်တော့ အားလုံးက ပြုံးလိုက်ကြသည်။

"အင်း....ငါထွက်လာပြီ နှစ်ရက် နောက်ကျသွားတဲ့အတွက် ငါတကယ် တောင်းပန်ပါတယ်!"

"ညီအစ်ကိုလုက ယဉ်ကျေးနေပါပြီ... တကယ်တော့ ငါတို့ ဒီရက်ပိုင်းတွေမှာ ဘာမှ အလုပ်မရှိတာနဲ့ မီးဝံပုလွေနဲ့ တိုက်ပွဲအတွေ့အကြုံကို အခြေခံပြီး ကျင့်ကြံလိုက်တာ ရလဒ်က လူတိုင်းရဲ့ ကျင့်ကြံမှုတွေ တိုးတက်လာတယ်လေ...ပြီးခဲ့တဲ့လက ရခဲ့တဲ့ ဒဏ်ရာတွေက တန်ပါတယ် "

ဟွာချောင်က ရယ်လျက်ဆို၏။

"ဟုတ်တယ်....ငါတို့ဒီတစ်ခါတော့ ထွက်မပြေးနိုင်တော့ဘူးလို့ ထင်ထားတာ ဒါပေမဲ့ ညီအစ်ကိုလုနဲ့ တွေ့ပြီး လွတ်မြောက်ရုံတင်မကဘူး ခွန်အားတွေလည်း တိုးလာခဲ့တယ်...ပြန်ရောက်ရင်တော့ ကျောင်းအုပ်ဟန်ရောင် သေချာပေါက် အံ့သြသွားလိမ့်မယ်"

"ဟုတ်တယ်!"

တခြားသူတွေကလည်း ရယ်မောလိုက်ကြသည်။

"ငါတို့တိုးတက်လာသလို ညီအစ်ကိုလုက ပိုတောင်သန်မာလာဦးမယ်... အရင်ရက်ပိုင်းက ဂိုဏ်းဆရာနယ်ပယ် အဆင့်တစ်ဝက်လောက် ရှိတဲ့ မီးဝံပုလွေကို လက်ဗလာနဲ့တောင် သတ်နိုင်ခဲ့တာ... ဧကန္တ အခုဂိုဏ်းဆရာ နယ်ပယ်ကို ထိုးဖောက်သွားပြီလား?"

လူအုပ်ထဲက ဝမ်ရန်က ရယ်မောရင်း မေးလိုက်သည်။

သူပြောတာကိုကြားတော့ တခြားသူတွေကလည်း စူးစမ်းချင်စိတ်တွေ အပြည့်နဲ့ သူတို့ရဲ့မျက်လုံးတွေကို လှည့်ကြည့်လာကြသည်။

လူငယ်လေးရဲ့ ခွန်အားက အားလုံး သိပြီးသားဖြစ်လို့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ သူတို့ တိုးတက်လာသလို လူငယ်လည်း တိုးတက်လာနိုင်သည်။

"ဂိုဏ်းဆရာနယ်ပယ်? အဲ့လောက် မလွယ်ပါဘူး!"

လုရွှမ် ခေါင်းယမ်းလိုက်သည်။

သူ၏စစ်မှန်သော ခွန်အားသည် အတုတံဆိပ်နယ်ပယ်၏ ကနဦး အစောပိုင်းအဆင့်တွင်သာ ရှိပြီး သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေး အတွေ့အကြုံက သူများထက်သာလွန်နေခြင်းပင်။

ဂိုဏ်းဆရာနယ်ပယ်နှင့် ဝေးကွာနေသေးသည်။

"တကယ်တော့ လောစရာမလိုပါဘူး...ညီလေးလုက ဒီနှစ်မှ အသက်၁၆ နှစ် လောက်ပဲ ရှိဦးမှာ...၁၇နှစ်တောင် မရောက်သေးဘူး ဒီလိုခွန်အားတွေ ရှိနေတာ....ဝူယန်အင်ပါယာရဲ့ နံပါတ်တစ်ချင်ဟွာတောင် အောင်အောင်မြင်မြင် မရောက်နိုင်ဘူးလေ!"

လျိုခိုင်က ပြောသည်။

"သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး.... ချင်ဟွာက သူ့အသက်၁၉နှစ်မှာ အတုတံဆိပ်နယ်ပယ်ကို ရောက်တယ်...ဒါပေမဲ့ ညီလေးလုက ဒီအသက်မှာတောင် ဒီလိုမျိုး ခွန်အားတွေ ရှိနေပြီ သူ့ထက် ၂နှစ်တောင် စောသေးတယ်"

"တကယ်တမ်း ပြောရရင် သူဘာလို့ဒီလောက်တောင် မာနကြီးနေလဲ ဆိုတာကို ငါ နားမလည်နိုင်ဘူး....သူက ပါရမီရှင် တစ်ယောက်ဆိုတာ မှန်ပါတယ်....ဒါပေမဲ့ ပါရမီရှင်ဆိုတာနဲ့ မာနထောင်လွှားနေစရာ လိုလို့လား? ညီလေးလုကိုပဲ ကြည့်လိုက်....ဘယ်လောက်ကောင်းလဲ?"

.......

အခြားလူ အများအပြားလည်း အသံထွက်လာကြသည်။

"ချင်ဟွာ?"

ထိုနာမည်ကို ကြားတော့ လုရွှမ် ခဏလောက် အေးခဲသွားပြီး ရုတ်တရက် သတိရသွား၏။

ဆူးယာက အဲဒီလူအတွက် "အဖော်" ဖြစ်သွားတာ မဟုတ်ဘူးလား။

"မင်းတို့က အဲဒီချင်ဟွာကို သိလား? ငါ့ကို အဲဒီအကြောင်း ပြောပြပေးနိုင်မလား"

ဆူးယာသည် မူလပိုင်ရှင်၏ ခံစားချက်များကို ပစ်ပယ်ပြီး တစ်ဖက်လူဆီကို ပြေးဝင်သွားခဲ့သည်။ သူမက မူလပိုင်ရှင်အပေါ် အားနာစိတ်ကလေး နည်းနည်းပင် မရှိခဲ့ချေ။

"အဲဒီချင်ဟွာက ဝူယန်အင်ပါယာမှာ နှစ်ထောင်ပေါင်းများစွာ ကြာပြီးမှ ပထမဆုံး ပေါ်ထွက်လာတဲ့ ပါရမီရှင်လို့ လူသိများတယ်.... သူ့မှာလည်း ဒီအရည်အချင်းတွေ ရှိပါတယ်။ သူ အသက် ၁၉ နှစ်မှာ အတုတံဆိပ်နယ်ပယ်ကို ရောက်ရှိခဲ့တယ်။ အခုဆို အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်....သူက အတုတံဆိပ်နယ်ပယ် ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး ဂိုဏ်းဆရာနယ်ပယ်ထဲ ဝင်ရောက်သွားပြီ"

ဟွာချောင်က ပြော၏။

တစ်ဖက်သားက ဂိုဏ်းဆရာနယ်ပယ် ဖြစ်ပေမဲ့ သူ့လေသံက အထင်ကြီးပုံ မပေါ်ချေ။

"ဂိုဏ်းဆရာနယ်ပယ်?"

လုရွှမ် မျက်ခုံးပင့်လိုက်သည်။

မူလက တစ်ဖက်လူသည် နေရာတိုင်းတွင် "လေ့ကျင့်ဖော်များ" ကို ရှာဖွေနေသည့် မျက်နှာများသူ တစ်ယောက်သာဟု ထင်ခဲ့သော်လည်း ဤမျှ အစွမ်းထက်သော ပါရမီရှင်ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အသက်၂၃နှစ်တွင် ဂိုဏ်းဆရာနယ်ပယ်က သခင်ဖြစ်နေပြီ ဆိုတော့ ပါရမီရှင်တစ်ဦးဟု အမှန်ပင် ယူဆပါသည်။

"ဒါတင်မကဘဲ ဓားနဲ့ပတ်သက်တဲ့ ထူးထူးခြားခြား နားလည်မှုလည်း ရှိတယ်....ဓားသိုင်းပညာကို အဆင့်ငါးဆင့် ခွဲခြားထားတယ် လှုပ်ရှားခြင်းနယ်ပယ်၊ လှုပ်ရှားမှုမရှိခြင်းနယ်ပယ်၊ ဓားနှလုံးသား မွေးဖွားခြင်း၊ လူနဲ့ဓားပေါင်းစပ်ခြင်း နယ်ပယ်၊ အသွင်ကူးပြောင်းရေးနယ်ပယ်.... ဂိုဏ်းဆရာနယ်ပယ်မှာ လူတော်တော်များများက မထိုးဖောက်နိုင်ဘဲ လှုပ်ရှားမှုမရှိခြင်း နယ်ပယ်မှာ ပိတ်မိနေတတ်တယ်... ဒါပေမဲ့ သူကတော့ ဓားနှလုံးသားမွေးဖွားခြင်း အလတ်အလတ်အဆင့်ကို ရောက်နေပြီ... "

မကျေမနပ် ဖြစ်သော်ငြားလည်း ၎င်း၏ အစွမ်းသတ္တိကြောင့် ချီးကျူးခံရသေးသည်။

"ဓားနှလုံးသားရဲ့ အလယ်အလတ် အဆင့်ကို ရောက်နေပြီ? တော်တာပဲ!"

လုရွှမ် သက်ပြင်းချလိုက်သည်။

အင်ပါယာအတွင်း သတ်မှတ်ထားသော ဓားကျွမ်းကျင်မှု အဆင့်ငါးဆင့်ရှိပြီး အဆင့်တစ်ခုစီကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ဟူ၍ ခွဲခြားထားသည်။

လှုပ်ရှားခြင်းနယ်ပယ် အဆင့်သည် အလွန်ရိုးရှင်းသည်။ ၎င်းသည် ဓားလှုပ်ရှားမှုနှင့် အကျွမ်းတဝင် ဖြစ်အောင် လေ့ကျင့်ရန်ဖြစ်ပြီး တိုက်ပွဲတွင် လှုပ်ရှားမှုများကို အားကိုးနိုင်သည်။

လှုပ်ရှားမှုမရှိခြင်း နယ်ပယ်သည် ရွေ့လျားခြင်း၏ ချည်နှောင်ခြင်းမှ လွတ်မြောက်ပြီး လှုပ်ရှားခြင်း နယ်ပယ်ထက် ပြင်းထန်သော အဆင့်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားပါသည်။

ပြီးရင်တော့ ဓားနှလုံးသား မွေးဖွားခြင်း နယ်ပယ်ပင်။

ဓားကျွမ်းကျင်မှုတွင် လှုပ်ရှားမှု မရှိသော်လည်း နေရာတိုင်းတွင် ရွေ့လျားမှု ရှိနေသကဲ့သို့ နှလုံးသားနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဤအဆင့်သို့ ဝင်ရောက်ခြင်းသည် အမှန်တကယ် ဓားသိုင်းပညာကို နားလည်ပြီး စိန်ခေါ်မှုများကို ခုန်ကျော်နိုင်သည်ဟု ဆိုလိုသည်။

ဤနယ်ပယ်သည် မရေတွက်နိုင်သော ဓားသမားတို့၏ အိပ်မက်ဖြစ်သည်။

ကန့်ရှင်းအကယ်ဒမီမှ ဓားသိုင်းလေ့ကျင့်ရေး ပါရမီရှင် လျိုကျိုက်မင်သည် လှုပ်ရှားမှုမရှိခြင်း နယ်ပယ်၏ မြင့်မားသော အဆင့်သို့သာ ရောက်ရှိခဲ့ပြီး ဓားနှလုံးသားအဆင့်ကို မရောက်မီ သွားရမည့် ခရီးမှာ အလှမ်းဝေးနေသေးသည်။

ဓားနှလုံးသား မွေးဖွားခြင်း နယ်ပယ်သည် ဂိုဏ်းဆရာနယ်ပယ် မပြောနှင့် အဓိပတိနယ်ပယ်က လူတွေပင် ရောက်ရှိရန် ခက်ခဲလှသည်။ ထိုချင်ဟွာသည် ဂိုဏ်းဆရာနယ်ပယ်ကို စတင်ထိတွေ့နေသည့် အခြေအနေပဲ ရှိနေပေမယ့် ဓားနှလုံးသား အဆင့်ကို ရောက်နေပြီဆိုတော့ ဓားပါရမီရှင်ဟု အမှန်တကယ် ခေါ်ထိုက်ပေ၏။

"သူဒီလောက် ပါရမီအားကောင်းတာကို မင်းတို့ သူ့ကို ဘာလို့ အထင်ကြီးပုံ မပေါ်တာလဲ"

လုရွှမ် အံ့သြသွားသည်။

ခွန်အားကြီးသူကို လူတိုင်း ကိုးကွယ်ကြသည် မဟုတ်လော။

သူကိုယ်တိုင်လိုပင်။ ရွှေသံချပ် မီးဝံပုလွေကိုသတ်ဖို့ ခွန်အားမပြခဲ့ဘူးဆိုရင် ဒီလူတွေက သူနဲ့စကားပြောမှာ မဟုတ်ဘူး သူငယ်ချင်း ဖြစ်လာမှာ မဟုတ်ဘူးလေ။

ထိုချင်ဟွာသည် ဂိုဏ်းဆရာနယ်ပယ်ကို ဝင်ရောက်ထားသည့် ဓားပါရမီရှင် တစ်ယောက် ဖြစ်၏။ လူတိုင်းက သူ့ကို အကြောင်းပြချက် အမျိုးမျိုးနဲ့ မြှောက်ပင့်သင့်တယ် မလား။ ဒီလူတွေရဲ့ အသံက ဘာကြောင့် ဒီလိုမျိုး မဟုတ်ဘူးရတာလဲ။

"သူ့ရဲ့ အရည်အချင်းနဲ့ ခွန်အားတွေက တကယ်ကို လေးစားစရာ ကောင်းပါတယ်...ဒါပေမယ့် သူ့စရိုက်က လုံးဝ မကောင်းဘူး! တဏှာကို တပ်မက်ပြီး ဖြောင့်မတ်မှု မရှိဘူး... တကယ့် လူဆိုးကောင် ပြီးတော့....."

ဟွာချောင်က ဒီလိုပြောတဲ့အခါ သူက အဝေးက ဟန်ရွှယ်ကို ကြည့်လိုက်ပြီး တစ်ခုခု ပြောချင်ပေမယ့် အဆုံးမှာတော့ မပြောခဲ့ချေ။

"ဘာဖြစ်လို့လဲ?"

သူစကားပြောဖို့ တုံ့ဆိုင်းနေတာကို မြင်တော့ ဘေးက မုယန်ဖုန်းဟာ အနည်းငယ် စပ်စုပြီး မမေးဘဲမနေနိုင် ဖြစ်သွားသည်။

"သူက အစ်မဟန်ရွှယ်ကို အရူးအမူး လိုက်ပိုးပန်းနေတာ.... သူကလွဲလို့ အစ်မဟန်ရွှယ်နဲ့ စကားပြောဝံ့တဲ့သူ ဘယ်သူမဆို ခြေထောက်ကို ကျိုးသွားစေရမယ်လို့လည်း ခြိမ်းခြောက်ခဲ့သေးတယ်.... ဒီအဖြစ်အပျက်ကြောင့် သူက အတွင်းခန်းက တပည့်၆ယောက်ကို တိုက်ခိုက်ခဲ့ပြီး သူတို့တွေ ခြေလက်တွေ ပြတ်သွားပြီး ဒဏ်ရာလည်း ပြင်းထန်ကုန်ကြတယ်!"

တစ်ဖက်မှ လျိုခိုင်က လှမ်းပြောသည်။

"ဒီလူက အရူးပဲ!"

တစ်ဖက်မှ ဟန်ရွှယ်သည် မျက်မှောင်ကြုတ်ကာ သူမ၏ အပြစ်ကင်းသော မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ်ဖြင့်

"ငါသေရင်တောင် သူ့ကို ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး!"

"တဏှာကို တပ်မတ်တယ်? လူကြမ်း...."

လုရွှမ် ခေါင်းခါလိုက်သည်။

ဒါက အနည်းနဲ့အများတော့ ယုံချင်စရာပါပဲ။ မဟုတ်ရင် အမျိုးသမီးတွေကို "လေ့ကျင့်ရေး အဖက်" အဖြစ် နေရာတိုင်းမှာ ရှာဖို့ မဖြစ်နိုင်ပါဘူးလေ။

"အကယ်ဒမီမှာ ဖြေရှင်းပေးမယ့်သူ တစ်ယောက်မှ မရှိဘူးလား?" လုရွှမ် အံ့သြသွား၏။

နေရာတိုင်းတွင် စည်းကမ်းများ ရှိပြီး အကယ်ဒမီသည်လည်း အတူတူပင် ဖြစ်သည်။ အသေးအဖွဲ့ ကိစ္စတစ်ခုအတွက် အကယ်ဒမီက ကျောင်းသားကို ထိခိုက်ဒဏ်ရာရစေသည့် စည်းမျဉ်းများကို ဆန့်ကျင်ပါသည်။

"သူက ဝူယန်အင်ပါယာရဲ့ အဓိက မိသားစုကြီး သုံးစုရဲ့ နောက်ခံရှိတယ်လေ ဘယ်သူက သူ့ကို ချုပ်ကိုင်ရဲမှာလဲ"

လျိုခိုင်က မကျေမနပ်ဖြင့် ဟစ်အော်လိုက်သည်။

All Chapters