← Chapters

ကျိဝူရှင်း

Vol. 11 Ch. 2.9

ကျိဝူရှင်း

Vol. 11 Ch. 2.9

"ညီလေးလု....ကျောင်းအုပ်ကြီးက မင်းကို ဝင်ခွင့်ပြုလိုက်တယ်!"

စာဖတ်ခန်း အပြင်သို့ ရောက်လာသောအခါ ဟန်ရွှယ်နှင့် အခြားသူများက အရင်ဝင်သွားကြသည်။ လုရွှမ် ခဏစောင့်ပြီးနောက် ဟွာချောင်သည် အပြုံးဖြင့် ထွက်လာခဲ့သည်။

လုရွှမ် နဲ့ မုယန်ဖုန်းက အနောက်ကနေ လိုက်သွားခဲ့၏။

အခန်းသည် အလွန်ကျစ်ကျစ် လျစ်လျစ်ဖြစ်ပြီး ဟန်ရွှယ်နှင့် အခြားသူများမှာ တစ်ဖက်တွင်ရပ်နေကာ အလယ်တွင် အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဘုန်းအာနုဘော် အပြည့်ကို ထုတ်လွှတ်၍ ထိုင်နေ၏။

"ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်?"

ဒီလူကိုမြင်တော့ လုရွှမ် တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

ဝူယန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည် မျှော်မှန်းထားသည့်အတိုင်း သူ၏ကိုယ်ပိုင် ကျင့်ကြံမှုသည် ဂိုဏ်းဆရာတစ်ဦး၏ ပြီးပြည့်စုံမှု အဆင့်သို့ ရောက်ရှိထားပြီး သူသည် ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဒါပေါ့ အဲဒီခြေတစ်လှမ်းကလည်း ဖြတ်ကျော်ဖို့ သိပ်မလွယ်ဘူးလေ။

"ကျွန်တော်က လုရွှမ်ပါ....ကျောင်းအုပ်ကြီးကို တွေ့ရတာ ဝမ်းသာပါတယ်..." လုရွှမ်က သူ့လက်သီးတွေကို ဆုပ်၍ နှုတ်ဆက်လိုက်သည်။

"ငယ်ငယ်ရွယ်ရွယ်နဲ့ အတုတံဆိပ်နယ်ပယ်ကို ရောက်နေတဲ့အပြင် ရွှေသံချပ် မီးဝံပုလွေကို လက်ဗလာနဲ့ သတ်နိုင်ခဲ့တယ်....ရွှယ်အာ၊ ဟွာချောင်နဲ့ တခြားသူတွေသာ အသေးစိတ် မရှင်းပြခဲ့ရင် ငါ ယုံမှာမဟုတ်ဘူး"

ကျောင်းအုပ်ကြီးဟန်က သူ့မုတ်ဆိတ်မွေးကို ပွတ်ရင်း ရယ်လိုက်သည်။

"မီဝံပုလွေကို သတ်ဖို့ လူတိုင်းအတူတူ လုပ်ဆောင်ခဲ့တာပါ.... ကျွန်တော် တစ်ယောက်တည်း ဆိုရင် ရလဒ်က သေချာပေါက် ပြောင်းလဲမှာပါ" လို့ လုရွှမ်ကလည်း ဆိုပါ၏။

ထိုအချိန်တွင် သူ၏အင်အားမှာ စွမ်းအားပေါင်း ၄၀၀၀ကျော်သာ ရှိသေးသည်။ အကယ်၍ သူသည် မီးဝံပုလွေကို တစ်ယောက်တည်း တိုက်ခိုက်ပါက လဲကျသွားနိုင်သည်။

အကြောင်းမှာ ဟန်ရွှယ်သည် ပြိုင်ဘက်၏ဖင်ကို ဓားဖြင့်ထိုးနေချိန် သူသည် ရန်သူ၏ဦးခေါင်းဆီသို့ ခုန်တက်သွားနိုင်သောကြောင့် ထိုးသတ်နိုင်ခဲ့တာ ဖြစ်သည်။

"အောင်ပွဲခံနိုင်ပေမယ့် မာနမကြီးဘူး.... မဆိုးဘူး မဆိုးဘူး!"

ကျောင်းအုပ်ကြီးဟန်က ကျေနပ်အားရစွာ ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများက ချီးမွမ်းမှုအပြည့်ဖြင့် ကြည့်နေသည်။

"ကျောင်းအုပ်ကြီးက မြှောက်ပင့်နေပါပြီ!"

လုရွှမ်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်ရကာ မျက်မှောင်ကြုတ်လိုက်သော်လည်း သူဘာမှ ပြန်မပြောခဲ့ပေ။

စကားအနည်းငယ် ပြောပြီးသည်နှင့် သူသည် ဟွာချောင် အခြားသူများနှင့်အတူ အခန်းအပြင်သို့ လိုက်ကြသည်။

ကျောင်းအုပ်ကြီးဟန်နဲ့ အခုမှ တွေ့ဖူးတာ ဆိုပေမယ့် နှစ်ယောက်သားရဲ့ သရုပ်မှန်က လမ်းကြောင်းတွေ များနေတာ ခံစားမိသည်။

"ညီလေးလု.... မရောက်သေးတဲ့ အစမ်းကျောင်းသား အနည်းငယ် ရှိသေးတယ်... မတော်တဆမှု မရှိရင် မနက်ဖြန် ငါတို့ ထွက်ကြမယ်....ဒီနေ့တော့ ဒီမှာပဲ အနားယူရလိမ့်မယ်!"

စာဖတ်ခန်းထဲက လမ်းလျှောက် ထွက်လာပြီးသော် လုရွှမ်ကို သီးသန့်ခန်းတစ်ခုဆီ ခေါ်ဆောင်သွားကာ ဟွာချောင်က ပြုံးလိုက်သည်။

"အဆင်ပြေပါတယ်" လုရွှမ်က ပြော၏။

အခန်းက မကြီးပေမယ့် အရမ်းသန့်၏။ တစ်စုံတစ်ယောက်က ကြိုပြီးရှင်းထားပုံရသည်။

အေးအေးဆေးဆေး လေ့ကျင့်နိုင်သရွေ့ သူနေထိုင်တဲ့ နေရာအတွက် လိုအပ်ချက်တွေ အများကြီး မရှိပါဘူး။

"ဒီညပွဲတက်ဖို့ မမေ့နဲ့နော် မင်းတစ်ခုခု လိုအပ်ရင် ငါ့ကိုရှာခိုင်းလိုက်!"

ဟွာချောင်က ပြောပြီးတာနဲ့ ထွက်သွားဖို့ ပြင်လိုက်သည်။

ညပိုင်းတွင် အခမ်းအနား ပွဲတစ်ခု ကျင်းပမှာဖြစ်ပြီး ကျောင်းအုပ်ကြီးဟန်မှ လုရွှမ်အား ဖိတ်ကြားခဲ့သည်။

"စကားမစပ် ကျောင်းအုပ်ကြီးဟန် ဝတ်ထားတဲ့ ဆွဲသီးက အရမ်းကြည့်ကောင်းတာကို အခုနက တွေ့လိုက်တယ်.... အဲဒါက ဘယ်လိုတိရိစ္ဆာန်မျိုးက ရခဲ့တာလဲ? ဘယ်မှာဝယ်လို့ရလဲ မသိဘူး အပျော်ဖြစ်ဖြစ် ဝယ်ချင်လို့"

သူထွက်သွားတော့မယ့် အချိန်မှာ လုရွှမ် မေးလိုက်သည်။

"သြော်! တခြားသူတွေကို မေးရင် မင်းမသိနိုင်ပေမယ့် ငါသိထားတာ တစ်ခုရှိတယ်! ဒီဆွဲသီးက ကျောင်းအုပ်ကြီးဟန် အကြိုက်ဆုံးပဲ.... ငယ်ငယ်တုန်းက ကမ္ဘာအနှံ့ ခရီးထွက်တုန်းက အကြီးအကဲတစ်ဦးက ပေးခဲ့တာလို့ ပြောကြတယ်...ဝူယန်အင်ပါယာ တစ်ခုလုံးမှာ တစ်လုံးကို အပျော်ဝယ်ချင်ရင် မတတ်နိုင်တော့မှာကို ကြောက်ရတယ်....ဟန်ရွှယ်လည်း အရမ်းကြိုက်လို့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပေမယ့် သူက ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါတယ်....ဘယ်တိရိစ္ဆာန်ဆီက ဆိုတာတော့ အတိအကျ မသိဘူး” ဟု ဟွာချောင်က ပြောသည်။

"သိပါပြီ... ကျေးဇူးတင်ပါတယ်!" လုရွှမ် ခေါင်းညိတ်ပြီး မေးတာကို ရပ်လိုက်သည်။

ဟွာချောင် ထွက်သွားပြီးနောက် လုရွှမ်သည် လေးလေးနက်နက် အတွေးထဲသို့ ရောက်သွားပြီး အဝေးက မှတ်ဥာဏ်တစ်ခုဟာ သူ့စိတ်ထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုအချိန်က သူသည် အရူးဧကရာဇ် တစ်ယောက်မဟုတ်သေးသလို သူသည် လောကတွင် တွန်းလှန်နိုင်စွမ်း မရှိခဲ့ပေ။

စွန့်စားခန်း တစ်ခုကြောင့် နောက်ပိုင်းတွင် ကမ္ဘာတစ်ဝှမ်းတွင် နာမည်ကြီးလာခဲ့သည့် ကျိဝူရှင်းကို ကယ်တင်ခဲ့သည်။

ကျိဝူရှင်းက သူ့ရဲ့အကောင်းဆုံး ညီအစ်ကိုများထဲမှ တစ်ယောက် ဖြစ်သည်။

ဤညီနောင်သည် ဧကရာဇ်ငါးပါး၏ ခွန်အားကို မရောက်သေးသော်လည်း ဂိုဏ်းကြီးခြောက်ခု၏ သခင်များနှင့် ယှဉ်နိုင်သော ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ သူသည် အချက်အလက် စုဆောင်းမှုနှင့် သူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်သူဖြစ်သည်။

တစ္ဆေအုပ်စု အဖွဲ့ကလည်း သူ့လက်ထဲမှာပဲ ဖြစ်သည်။

အဲဒီတုန်းက နတ်ဆိုးဧကရာဇ် ချုံလူကို အနိုင်ယူနိုင်ခဲ့တဲ့ အကြောင်းရင်းက တစ္ဆေအဖွဲ့မှ စုဆောင်းထားတဲ့ အချက်အလက်တွေကြောင့်ပဲ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့ခြင်း ဖြစ်သည်။

"ငါ သူနဲ့ အတူသောက်နေတုန်းပဲလို့ ထင်ရပေမယ့် တကယ်တော့... နှစ်ပေါင်းသုံးရာ ကြာသွားခဲ့ပြီပဲ"

တိတ်တဆိတ် သက်ပြင်းချမိသည်။

သူ့အမှတ်တရများထဲတွင် သူနှင့် ကျိဝူရှင်းတို့သည် နတ်ဆိုးဧကရာဇ် ချုံလူကို မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ဝိုင်တစ်ခွက်က ညီအစ်ကိုနှစ်ဦး၏ အနှစ်သုံးရာကျော် ကြာအောင် အချင်းချင်း နှုတ်ဆက်ရမည့် အရာဟု မသိခဲ့ကြပေ။

"သူငါ့ကို သစ္စာမဖောက်ခဲ့ဘူး!"

ကမ္ဘာပေါ်ရှိ လူတိုင်းက သူ့ကိုသစ္စာဖောက်ရင်တောင် ဒီကျိဝူရှင်းက သူ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ သူအရမ်း ယုံကြည်သည်။

ဤသေချာမှု၏ အကြောင်းရင်းကို အချက်သုံးချက်ဖြင့် ထောက်ခံထားနိုင်သည်။

ပထမအချက်မှာ ကျိဝူရှင်း နှင့် ဧကရာဇ်ကျိုးရန်သည် အဆက်အသွယ် မရှိပေ။ နောက်ပိုင်းတွင် သူသည် သူ့သူငယ်ချင်းဖြစ်ကြောင်းပင် မသိခဲ့ပေ။ အဆက်အသွယ် မရှိလျှင် ဧကရာဇ်ကျိုးရန်နှင့် ပူးပေါင်း၍ သစ္စာဖောက်ရန် သဘာဝအားဖြင့် မဖြစ်နိုင်ပေ။

ဒုတိယအနေနဲ့ ကျိဝူရှင်းက သူ့ကို သစ္စာဖောက်ချင်တယ် ဆိုရင်တော့ လုံးဝ အရေးတယူလုပ်ဖို့ မလိုအပ်ပါဘူး။ နတ်ဆိုးဧကရာဇ် ချုံလူထံမှ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေကို ပြုပြင်ဖို့ပဲ လိုအပ်ပြီး တိုက်ပွဲအတွင်းမှာ တစ်ခုခုတော့ ဖြစ်လာနိုင်သလို သူလည်း သေလူ ဖြစ်သွားနိုင်သည်။

တတိယအချက်ကတော့ သူတို့နှစ်ယောက်ဟာ သေခြင်းတရားနဲ့ အကြိမ်ပေါင်းများစွာ အတူ တွေ့ကြုံခဲ့ရပြီး တစ်ဖက်လူရှေ့မှာ မကြာခဏ အရက်မူးနေတာကြောင့် အကာအကွယ်မဲ့ နေခဲ့ဖူးလေသည်။

"သူငါ့ကိုသစ္စာမဖောက်ဘူး... အနှစ်သုံးရာရှိပြီ သူရော အဆင်ပြေပါ့မလား?"

လုရွှမ် တွေးတောလိုက်သည်။

အနှစ်သုံးရာ ကုန်သွားတော့ ဘေးဒုက္ခတွေကို အတူရင်ဆိုင်ခဲ့ပြီး အားကိုးလို့ရတဲ့ ဒီညီလေး ဘာဖြစ်သွားပြီလဲ မသိဘူး။

"ဒီလောက်စဉ်းစားဖို့က အသုံးမဝင်ဘူး.... သူအသက်ရှင်နေသေးတယ် ဆိုရင်တောင် ငါ့ရဲ့လက်ရှိ ကျင့်ကြံမှုတွေနဲ့ တခြားဘာမှမပြောနဲ့ ငါသူ့ဆီ သွားလို့မရဘူး!"

သူ့ခေါင်းကို ခါယမ်းလိုက်သည်နှင့် လုရွှမ်၏ မျက်နှာသည် ခါးသီးမှုများ ပြည့်နှက်သွားသည်။

အပြင်လူများ၏ အမြင်တွင် သူသည် အရှိန်အဟုန်ပြင်းစွာ တိုးတက်လာပြီး အလွန်အားကောင်းနေပါသည်။ သူသည် ပါရမီရှင်ဟုခေါ်ဆိုနိုင်သော်လည်း သူ၏ယခင်ဘဝနှင့် နှိုင်းယှဉ်ပါက ပို၍ဆိုးရွားနေ၏။

ဒီအချိန်မှာ ကျိဝူရှင်း သူ့ရှေ့မှာ ရပ်နေရင်တောင် သူတို့နှစ်ယောက်ဟာ အဆက်အသွယ် မရှိထားဘူး။ သူ့ရဲ့ အထောက်အထားကို ဝန်ခံရင်တောင် ပွဲချင်းပြီး သတ်သွားနိုင်သည်။

ပုရွက်ဆိတ်နဲ့ နဂါးတို့ မိတ်ဖွဲ့နေသလိုပင် ဖြစ်ကာ သေကြောင်းရှာတာပဲ မဟုတ်လား?

"ဒါပေမဲ့... အမြင်မမှားဘူး ဆိုရင် ကျောင်းအုပ်ကြီးဟန် ဆောင်ထားတဲ့ ဆွဲသီးက [တစ္ဆေအုပ်စု] အဖွဲ့ဝင်တွေရဲ့ သင်္ကေတပဲ!"

လုရွှမ်သည် ကျိဝူရှင်း အကြောင်းကို ရိုင်းစိုင်းစွာတွေးတောနေသည် မဟုတ်သော်လည်း ယခုတင်တွေ့ထားသည့် ကျောင်းအုပ်ကြီးဟန် ဝတ်ထားသည့် ဆွဲသီးသည် တစ္ဆေအဖွဲ့၏ သင်္ကေတတစ်ခုဖြစ်ကြောင်း ထင်ရှားပါသည်။

ကျိဝူရှင်း ဖန်တီးထားတဲ့ အရိပ်တပ်သားများ ဖြစ်တဲ့ တစ္ဆေအုပ်စုက တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲ သူ့အမိန့်ကိုသာ နာခံကြသည်။

အစပိုင်းတွင် ထိုသူသည် ဤအဖွဲ့ကို သူ့ထံကို လွှဲပြောင်းပေးချင်သော်လည်း သူကိုယ်တိုင် လွတ်လွတ်လပ်လပ် နေချင်ပြီး အခြားသူများကို စီမံခန့်ခွဲရန် ပျင်းလွန်းသောကြောင့် ငြင်းဆန်ခဲ့သည်။

သို့သော်လည်း သူသည် ဤအဖွဲ့ကို ဘယ်တုန်းကမှ ဦးဆောင်ဖူးခြင်း မရှိသော်လည်း ဘယ်သူ့၏ သရုပ်မှန် မည်သို့ဖော်ထုတ်ရမည်နှင့် အမိန့်ထုတ်ပုံကို သူသိထားသည်။

ထိုအချိန်တွင် တစ္ဆေအုပ်စုသည် အဓိကဂိုဏ်းကြီးခြောက်ခုနှင့် တိမ်ပင်လယ် နယ်မြေများတွင်သာ တည်ရှိခဲ့သည်။ ထိုသို့သော မဖြစ်စလောက် ဝူယန်အင်ပါယာ၌ မည်သည့်အချိန်တွင် တည်ခဲ့သနည်း။

"ဒီအမှတ်အသားကိုရဖို့ ဖြစ်နိုင်ခြေ နှစ်ခုပဲရှိတယ်။ ပထမအချက်... ဒီကျောင်းအုပ်ကြီးဟန်က တစ္ဆေအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး သူ့ကိုယ်ပိုင် လက္ခဏာကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခု ပေးခဲ့တယ်.... ဒုတိယက သူက တစ္ဆေအဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးကို သတ်ပြီး ဒီအရာကို သိမ်းယူထားတာ....ဒီအရာရဲ့ လုပ်ဆောင်ချက်ကို မသိဘူး ဒါကြောင့် သူနဲ့အတူ သယ်ထားခဲ့တာ!”

"ဖြစ်နိုင်ခြေက ဘယ်လိုပဲရှိရှိ ငါမြင်ပြီးကတည်းက ဂရုစိုက်ရမှာပဲ...တကယ်လို့ တစ္ဆေအဖွဲ့ဝင် တစ်ယောက်ကို သတ်ပစ်ခဲ့ရင် ငါ့အသက်ကို စွန့်ရမယ်ဆိုရင်တောင် သတ်ပစ်ရမယ်!"

လုရွှမ်သည် မျက်ခုံးပင့်ကာ တင်းတင်းမာမာနှင့် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ သူ့မျက်လုံးများတွင် တောက်ပလာသည်။

ကျိဝူရှင်းသည် အဖွဲ့တစ်ဖွဲ့ကို ဖန်တီးရန် မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများကို သုံးစွဲခဲ့သည်။ ယခုမြင်လိုက်ရသည်ကို လျစ်လျူရှုထား၍ မရချေ။

All Chapters