အခင်းအကျင်းပညာရှင်အဖွဲ့
Vol. 11 Ch. 2.10
"မုယန်ဖုန်း...."
ဒါကိုတွေးမိပြီး လုရွှမ် မတ်တပ် ထရပ်လိုက်သည်။
မုယန်ဖုန်းသည် တံခါးတွင် စောင့်နေသော သူ့အစေခံဖြစ်ပြီး အော်သံကြားသောအခါ တံခါးကိုဖွင့်ကာ ဝင်လာခဲ့သည်။
"ဒီည လုပ်စရာပွဲကြီး ရှိတယ်....ပြင်းထန်တဲ့ တိုက်ပွဲလည်း ဖြစ်လာနိုင်တယ် အပြင်ထွက်ပြီး ငါနဲ့ပစ္စည်းတွေ ဝယ်ဖို့လိုက်ခဲ့!"
ထိုကျောင်းအုပ်ကြီးဟန်ဟာ တစ္ဆေအဖွဲ့ရဲ့ အဖွဲ့ဝင်ကို တကယ် သတ်ခဲ့မယ်ဆိုရင် သူ လှုပ်ရှားရမှာ သေချာပါသည်။ သို့သော်လည်း တစ်ဖက်လူက ပြီးပြည့်စုံပြီး သန်မာတဲ့ ဂိုဏ်းဆရာနယ်ပယ်က လူတစ်ယောက်ဖြစ်ပြီး ၎င်းရဲ့ ခွန်အားက သူ့ထက် အများကြီး ပိုပြင်းထန်ပါ၏။
အတင်းဝင်တိုးရင် ကျားပါးစပ်ထဲ ပြေးဝင်သလို ဖြစ်သွားနိုင်လို့ ကောင်းကောင်း ပြင်ဆင်ထားရမည်။
တစ်ဖက်လူက တစ္ဆေအဖွဲ့ဝင် တစ်ယောက်ဆိုရင် တော့ ကျိဝူရှင်း အကြောင်းမေးဖို့ အချိန်ကောင်းပဲ။ နှစ်၃၀၀ ကြာပြီးနောက် ဒီသူငယ်ချင်းဟောင်းက အသက်ရှင်နေသေးလား ဒါမှမဟုတ် သေသွားပြီလားဆိုတာ သိချင်မိသည်။
"ဟုတ်ကဲ့ သခင်ငယ်လေး!"
သခင်ငယ်လေးက ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်သည်ကို မုယန်ဖုန်း သိသောကြောင့် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး နောက်သို့ လိုက်သွားခဲ့သည်။
နှစ်ယောက်သား တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။
"လုရွှမ် အပြင်ထွက်မလို့လား"
မနီးမဝေးမှ ငွေခေါင်းလောင်းလို အသံတစ်ခု ထွက်ပေါ်လာသည်။
ဟန်ရွှယ်ပဲ ဆိုတာကို လှည့်ကြည့်ဖို့ပင် မလိုပေ။
"အင်း လမ်းလျှောက် ထွက်မလို့!" လုရွှမ် ခေါင်းညိတ်လိုက်သည်။
"ဟန်ယန်မြို့ကို ရောက်တာ ပထမဆုံးအကြိမ်ပဲမလား.... လမ်းပုံစံနဲ့ သိပ်မရင်းနှီးဘူးဆိုတော့ ငါအားနေတာနဲ့ အတော်ပဲ လိုက်ပြပေးမယ်လေ" ဟန်ရွှယ်က ပြုံးလိုက်သည်။
"သခင်မလေးဟန်ရွှယ် အလုပ်ပိုစရာ မလိုပါဘူး...." လုရွှမ်ငြင်းလိုက်သည်။
မငြင်းလို့က မဖြစ်ဘူးလေ။ သူသွားမှာက သူမအဘိုးကိုသတ်ဖို့ တစ်ခုခုဝယ်ဖို့ ကြံစည်ထားတာ။ သူမနောက်က လိုက်လာရင် ဘယ်လိုဝယ်မလဲ?
"ညီမလေးဟန်ရွှယ်.... မင်းအပြင် သွားချင်လို့လား ကိုယ့်ကို မင်းနဲ့လိုက်ခဲ့စေချင်လား!"
စကားပြောနေစဥ် မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခုပေါ်လာသည်။
"မလိုပါဘူး လုရွှမ်နဲ့ ချိန်းထားပြီးပြီ...အတူတူ သွားမလို့....နှုတ်ဆက်ပါတယ်!"
သူပေါ်လာတာကိုမြင်တော့ ဟန်ရွှယ်က မျက်မှောင်ကြုတ်ပြီး လုရွှမ်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး တည့်တည့်ထွက်လာခဲ့လိုက်သည်။
ထိုအချိန်မှပင် လုရွှမ်သည် သူမဟာ သူ့အားရိုးရိုးသားသား မြို့ထဲလိုက်ပြချင်တာကြောင့် မဟုတ်ဘဲ ရွံစရာကောင်းသော ချင်ဟွာနှင့် အတူမနေချင်သောကြောင့် သူ့ကို အကာအရံအဖြစ် အသုံးပြုရန် ကြံစည်ထားခြင်း ဖြစ်နေသည်။
မထင်မှတ်ပဲ ဟန်ရွှယ်က တိုက်ရိုက်ငြင်းဆန်ပြီး တခြားလူနဲ့ အပြင်ထွက်ချင်နေတာကို မြင်ရတော့ ချင်ဟွာရဲ့ မျက်လုံးတွေက မကျေနပ်မှုအရိပ်အယောင်တွေ ပြနေပေမယ့် သူ့မျက်နှာမှာ ပေါ်မလာခဲ့ပါဘူး။ အဲဒီအစား လုရွှမ်ကို ပြုံးပြီးကြည့်နေ၏။
"ဒီသူငယ်ချင်းရဲ့ မျက်နှာလေးက ချိုမြိန်လွန်းတယ်... ငါတို့ အကယ်ဒမီက လာတာလား? မင်းကို တစ်ခါမှ မမြင်ဖူးသလိုပဲ ဘယ်လိုခေါ်ရမှန်း မသိဘူး"
သူ့အပြုံးထဲက ဒေါသကို မြင်လိုက်ရသည်နှင့် လုရွှမ်သည် ပြန်ပြောရန် စိတ်မ၀င်စားဘဲ လက်ကိုဝှေ့ယမ်းကာ ဟန်ရွှယ်နှင့်အတူ ထွက်လာခဲ့ရာ မျက်လုံးတစ်မှိတ် အတွင်းမှာပင် မျက်စိမှိတ်ပျောက်ကွယ်သွားသည်။
"စိတ်ပျက်စရာပဲ!"
သူ့မျက်နှာပေါ်တွင် အတင်းအကြပ် လုပ်ယူထားရသည့် အပြုံးများ မရှိတော့ဘဲ ချင်ဟွာ၏ မျက်လုံးများသည် လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်လာခဲ့သည်။
ဟန်ရွှယ်က သူရည်ရွယ်ထားတဲ့ သူ့မိန်းမဖြစ်ပြီး တခြားဘယ်သူမှ ပါ၀င်ခွင့်မရှိဘူး။ ဒါက အကယ်ဒမီ တစ်ခုလုံးသိတဲ့ အရာပဲါ ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ? ဟန်ရွှယ်နဲ့ ချိန်းဆိုဖို့ သတ္တိရှိရုံသာမက သူ့မေးခွန်းတွေကိုလည်း ဖြေဖို့ ငြင်းဆန်ရဲနေတယ်။
တကယ် သေချင်နေတာပဲ!
"သခင်လေးချင်...."
ကျောင်းသားလေးတစ်ယောက် ရှေ့ကို ပြေးလာသည်။
"လုရွှမ်လို့ခေါ်တဲ့ အဲဒီလူအကြောင်းကို သေချာစုံစမ်းလိုက်.... သူက ဘယ်ကလာတာလဲ? ဟန်ရွှယ်နဲ့ သူ့ဆက်ဆံရေးက ဘယ်လိုလဲဆိုတာရော"
ချင်ဟွာသည် စိတ်ဆိုးသော်လည်း မဆင်မခြင် မလုပ်ပေ။
"ဟုတ်!"
ကျောင်းသားက နောက်ပြန်ဆုတ်သွားပြီး မကြာခင်မှာပဲ သူ့ဆီပြန်လာခဲ့သည်။
"သခင်လေးချင်ကို သတင်းပို့ပါတယ်....အဲဒီလုရွှမ်က သခင်မလေးနဲ့ တခြားသူတွေကို တောအုပ်ထဲမှာ ကယ်ခဲ့ရင်း သိကျွမ်းခဲ့တာတဲ့.... သူက ကျန်းဝူအကယ်ဒမီကလို့ ပြောတယ်..."
"ကျန်းဝူအကယ်ဒမီက လူလား? ငါက အဆင့်မြင့်တဲ့ နေရာက လူတစ်ယောက်လို့ ထင်ခဲ့တာ.... ဒါပေမယ့် သူက သေးငယ်တဲ့ နိုင်ငံတစ်ခုရဲ့ သူသေးသေးလေးကိုး...."
သူ့လက်အောက် ငယ်သားများထံမှ သတင်းကိုကြားတော့ ချင်ဟွာက ရယ်မောလိုက်သည်။
ကျန်းဝူအင်ပါယာသည် သေးငယ်ပြီး ယုတ်ညံ့သော နိုင်ငံတစ်ခုမျှသာ ဖြစ်ပြီး ဖော်ပြရန်မထိုက်တန်ပါ။
…………………………………
"ကောင်းပြီ...သခင်မလေးဟန်ရွှယ် တားသင့်တဲ့လူကိုလည်း တားပြီးပြီ....အခုလှမ်းတောင် မမြင်ရတော့ဘူး မင်းငါ့ကို လွှတ်သင့်ပြီမဟုတ်လား?"
ဟန်ယန်မြို့ရှိ ဝူယန်အကယ်ဒမီ၏ အစမ်းခန့် ဌာနခွဲမှ လမ်းလျှောက်ထွက်လာရင်း လုရွှအ်သည် ရပ်လိုက်ပြီး သူ့လက်မောင်းကို ဆွဲကိုင်ထားသည့် မိန်းကလေးကို အားကိုးရာမဲ့ ကြည့်နေလေသည်။
"တောင်းပန်ပါတယ်"
ထိုမှသာ ဟန်ရွှယ်သည် အသိစိတ်ဝင်လာပြီး သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာဖြင့် လက်များကို အမြန်ရုတ်သိမ်းလိုက်သည်။
"အဲဒီချင်ဟွာက တကယ်ကို အမြင်ကတ်စရာ ကောင်းတယ်.... ငါတကယ်ငြင်းလို့ နည်းလမ်းရှာမရတာနဲ့ မင်းကို ဒုက္ခမပေးမိတာပါ စိတ်မရှိဖို့ မျှော်လင့်ပါတယ်!"
"အရမ်း ဒုက္ခပေးနေပါပြီ.... ဘာမှမရှိရင် ကျွန်တော် အရင်သွားလိုက်ပါဦးမယ်!"
လုရွှမ်သည် မုယန်ဖုန်းကို ခေါ်ကာ အရှေ့သို့ လျှောက်သွားလိုက်သည်။
အခြားသူများအတွက် ၎င်းသည် ချင်ဟွာကို စိတ်ထိခိုက်စေနိုင်ပြီး မရေမတွက်နိုင်သော ပြဿနာများကို ဖြစ်စေကာ ဝူယန်အင်ပါယာတွင် ရှေ့ဆက်သွားရန် ခက်ခဲစေမည်ဖြစ်သော်လည်း သူ့အတွက်မူ ၎င်းသည် ဘာမှမဟုတ်ပေ။
သူသည် သူ့မိသားစုကို အားကိုးတကြီးဖြင့် နှာဘူးထနေသော လူငယ်လေးသာသာပဲ ဖြစ်သည်။ သူ့ကို ဒုက္ခရောက်အောင် လုပ်ဖို့ သတ္တိရှိရင်တော့ သူ့အမေကိုတောင် မမှတ်မိတော့တဲ့ အထိ ရိုက်နှက်မိမှာ သေချာပါ၏။
"ဟူး...... ဒီကောင်လေးတော့!"
ကောင်လေးက ပြောပြီးတာနဲ့ ခဏကြာတော့ သူမမျက်လုံးရှေ့မှာ ပျောက်သွားတာကို မြင်တော့ ဟန်ရွှယ် သူ့ခြေထောက်တွေကို စောင့်လိုက်ပေသည်။
သူမသည် ဝူယန်အကယ်ဒမီ၏ နံပါတ်တစ် အလှဆုံးဖြစ်ပြီး ယောက်ျားလေးများစွာက သူမနှင့် အပြင်ထွက်ကာ သူမနှင့် စကားများများပြောရန် မျှော်လင့်နေကြသည်။ ဒီကလေးက သူနဲ့ တွဲသွားချင်တယ်လို့ ပြောပေမယ့် တိုက်ရိုက်ငြင်းဆိုသွားခဲ့သည်။
သူမရဲ့ ဆွဲဆောင်မှုက လျော့သွားလို့လား? မဟုတ်ဘူး! လုံးဝမဟုတ်ဘူး!
"ရွှေသံချပ် မီးဝံပုလွေကို သူဘယ်လောက်သတ္တိရှိရှိ သတ်ခဲ့လဲ ကြည့်ကြည့်....ငါကတော့ သူက သတ္တိရှိတဲ့လူတစ်ယောက်လို့ ထင်ခဲ့တာ.... ဒါပေမဲ့ သူရဲဘောကြောင်မယ်လို့ မမျှော်လင့်ထားဘူး!" လို့ ဟစ်အော်ရင်း ဟန်ရွှယ် ခေါင်းယမ်းလိုက်တော့သည်။
သူမ၏ ဆွဲဆောင်မှု လျော့ပါးသွားခြင်း မဟုတ်ဘဲ သူသည် အခြားသူများကဲ့သို့ ချင်ဟွာကို သဘာဝအတိုင်း ကြောက်နေတာ ဖြစ်လိမ့်မည်။
ချင်ဟွာရဲ့ ခြိမ်းခြောက်မှု ထွက်လာပြီးနောက် နေ့တိုင်း သူ့အနီးနားရှိ လူများအားလုံး ခြေရာရာမရှိ ပျောက်ကွယ်သွားခဲ့သည်။
သူ့ရှေ့မှာ ဒီကောင်လည်း အဲဒီလိုပဲ ဖြစ်ရမယ်။
အရင်ကတော့ လုရွှမ်က သူတို့ကို သတ္တိရှိရှိ ကယ်တင်ပြီး ရွှေသံချပ် မီးဝံပုလွေကို လက်ဗလာနဲ့ သတ်ပစ်ခဲ့ရာ သူမကို အရမ်းတုန်လှုပ်သွားစေခဲ့ပါသည်။ သူဟာ သန်မာတဲ့လူလို့ ထင်ခဲ့ပေမယ့် အခုတော့ သူမ မြင်လိုက်ရတာက တခြားသူတွေနဲ့ မထူးမခြားနား ဖြစ်နေပေ၏။
"ထားလိုက်ပါတော့...."
လုရွှမ်၏ "အကျင့်စရိုက်" သည် သူ့အတွက် ချစ်ခင်တွယ်တာမှု တစ်စွန်းတစ်စမျှသာ ရှိကြောင်း သိလိုက်ရသဖြင့် ဟန်ရွှယ်သည် နောက်လှည့်၍ မြို့လယ်ရှိ လူစည်ကားသော နေရာဆီသို့ လျှောက်သွားခဲ့သည်။
…………………………………
ဟန်ရွှယ်၏ ထင်မြင်ချက်ကို မသိသော်လည်း လုရွှမ်သည် ဂရုမစိုက်မည် မဟုတ်ပေ။
သူ့ကိုသိတဲ့သူတွေက အမြဲသိနိုင်ပြီး မသိရင်တော့ ထပ်ရှင်းပြဖို့က အသုံးမဝင်ဘူး။
ဒီပုံစံကြောင့် တခြားသူတွေက သူ့ကို မာနကြီးတယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ ဒုက္ခအများကြီး သက်သာတာပေါ့။
လမ်းမပေါ် ခဏလောက် လမ်းလျှောက်ပြီး မကြာခင် အထပ်မြင့် အဆောက်အအုံ တစ်ခုဆီ ရောက်လာခဲ့သည်။
"အလယ်အလတ်အဆင့် နိုင်ငံ ဖြစ်ထိုက်ပါတယ်.... တကယ်ဖွဲ့စည်းထားတဲ့ အခင်းအကျင်း ဂိုဏ်းတစ်ခု ရှိနေတာပဲ!"
အဆောက်အဦးရှေ့က ကမ္ပည်းပြားကို မြင်တော့ လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။
အခင်းအကျင်း ပညာရှင်သည် အဆင့်အတန်းရှိ အဂ္ဂိရတ်ပညာရှင် တစ်ယောက်ကဲ့သို့ မကောင်းသော်လည်း ၎င်းသည် အမှန်တကယ်တော့ ကျင့်ကြံသူများစွာ ဆည်းကပ်နိုင်သည့် ပညာရပ်တစ်ခု ဖြစ်သည်။
အခင်းအကျင်း ပညာရှင်များသည် အစီအရင် အခင်းအကျင်းများနှင့် အခင်းအကျင်း တံဆိပ်ပြားများကို စီစဉ်ပေးနိုင်သည်။ ၎င်းတို့တွင် အဆင့်မြင့် အခင်းအကျင်းတံဆိပ်ပြား တစ်ခုရှိသည်နှင့် နည်းလမ်းကို ရှာဖွေကာ အဆင့်နိမ့်သူသည် မြင့်မားသော ဝူအဆင့်များကိုပင် သတ်ရန် အလွန်ဖြစ်နိုင်သည်။
ဖွဲ့စည်းမှု အခင်းအကျင်းပုံစံသည် လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်းသည် တောင်များနှင့် မြစ်များ၏ အပူချိန်၊ မြေပြင်အခြေအနေ၊ အချိန်နှင့် အပူချိန်တို့အရ အဆက်မပြတ် ပြောင်းလဲနေသည်။ တံခါးဖွင့်အဆင့်ကို စတင်ရန် လွယ်ကူသော်လည်း ၎င်းကို ကျွမ်းကျင်ရန် အလွန်ခက်ခဲပါသည်။
ထို့အတွက်ကြောင့် ဤလုပ်ငန်းသည် အဂ္ဂိရတ်ဆရာများထက်ပင် ရှားပါးပေသည်။ ကျန်းဝူမြို့တော်တွင်ပင် အဂ္ဂိရတ်ပညာရှင် အဖွဲ့နှင့် လက်နက်သန့်စင်ရေး အဖွဲ့များသာရှိပြီး အခင်းအကျင်း ပညာရှင်အဖွဲ့တော့ မရှိပေ။
မမျှော်လင့်ဘဲ ဤဟန်ယန်မြို့သည် ဝူယန်အင်ပါယာ၏ နယ်စပ်မြို့တစ်ခုသာ ဖြစ်သော်လည်း ထိုသို့သော အဖွဲ့အစည်းမျိုး ရှိနေသည်။
အလယ်အလတ်တန်းစား နိုင်ငံက အလယ်အလတ်နိုင်ငံပါပဲ။ နောက်ခံ သို့မဟုတ် အမျိုးမျိုးသော အရင်းအမြစ်များပင် ဖြစ်စေ အောက်နိုင်ငံထက် များစွာ အားကောင်းနေပုံရသည်။
"သင့်တော်တဲ့ အခင်းအကျင်း တံဆိပ်ပြားတွေကို ရှာတွေ့နိုင်မလား ကြည့်ရအောင်!"
လုရွှမ်သည် သူ့ရင်တွင်းမှ ညည်းညူသံဖြင့် ခြေထောက်ကို မြှောက်ကာ ဝင်လာခဲ့သည်။