← Chapters

ဓားနှစ်လတ်စီးဆင်းမှု

Vol. 11 Ch. 2.14

ဓားနှစ်လတ်စီးဆင်းမှု

Vol. 11 Ch. 2.14

ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော လုရွှမ်သည် သူ့စိတ်ကို ငြိမ်သက်သွားစေရန်အတွက် ပထမဦးစွာ သူ့အသက်ရှူမှုကို ချိန်ညှိလိုက်သည်။

သူ၏လက်ရှိ ဝိညာဉ်စွမ်းအားသည် 0.8 သာရှိပြီး ၎င်းသည် အဆင့်၆ အခင်းအကျင်းပညာရှင် ၏ အကောင်းဆုံးအဆင့် ဖြစ်သည်။ (အဂ္ဂိရတ်နှင့် အခင်းအကျင်းသည် လိုအပ်သော ဝိညာဥ်စွမ်းအား အတိုင်းအတာ တူညီကြသည်)။

အဆင့်၈ အခင်းအကျင်း တံဆိပ်ပြားကို ပြုပြင်ရန် အနည်းဆုံး အဆင့်၈ အခင်းအကျင်းပညာရှင် ဖြစ်နေဖို့ လိုအပ်သော်လည်း ပြုပြင်မှုအတွက် မြင့်မားသောနည်း အဆင့် မလိုအပ်ချေ။

ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၈ သည် အနည်းငယ် အားနည်းနေသေးသော်လည်း ၎င်းကို အောင်မြင်ရန် ခဲယဉ်းသည်။

ခဏကြာတော့ သူ့နှလုံးသားက တိတ်ဆိတ်သွားပြီး လူတစ်ကိုယ်လုံး ဝမ်းနည်းမှုမရှိ ပျော်ရွှင်မှုမရှိ စိတ်ခံစားချက်များ အားလုံး တည်ငြိမ်သွားလေပြီ။

ဒီမြင်ကွင်းကို တခြားသူတွေက မြင်ရင် တုန်လှုပ်ချောက်ချားကြမှာ သေချာပါသည်။ အဓိပတိနယ်ပယ် မြင့်မြတ်တဲ့ စွမ်းအားရှင်တွေတောင်မှ ဒီလို အကြွင်းမဲ့ ငြိမ်သက်တဲ့ အနေအထားမျိုး ရဖို့က အရမ်းခက်ခဲပါတယ်။

တကယ်ကို အံ့ဖွယ်ပါပဲ။

ဤအခြေအနေသည် လူတို့အား စိတ်ပိုင်းဆိုင်ရာပြဿနာများစွာကို ကျော်လွှားနိုင်စေကာ လူ့စိတ်ကို လုံးဝစိတ်တည်ငြိမ်စေရန၊ အပျက်သဘောဆောင်သော သက်ရောက်မှုများကို ဖယ်ရှားပေးပြီး အဂ္ဂိရတ်ပညာနှင့် လက်နက်သန့်စင်ခြင်း၏ အောင်မြင်မှုနှုန်းကို တိုးမြင့်စေနိုင်သည်။

ဟူ!

လက်တစ်ဖက်စီတွင် ဓားတစ်လက်စီကိုင်ဆောင်ထားသည့် အခင်းအကျင်း တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။

အခင်းအကျင်း ဖွဲ့စည်းခြင်း တံဆိပ်ပြားသည် ကျဉ်းမြောင်းသော အရာဝတ္တု တစ်ခုတွင် ရှုပ်ထွေးသော ဖွဲ့စည်းမှု ပုံစံကို ဖော်ပြထားတာဖြစ်ပြီး စူးစူးစိုက်စိုက် အာရုံစိုက်၍ စွမ်းအားကို အသုံးပြုခြင်းဖြင့် ပြုပြင်ရန် ဖြစ်သည်။

ဖွဲ့စည်းမှုမှာ ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သည်။ သူမကြိုက်သော ပဉ္စမအဆင့် ဖွဲ့စည်းမှုပင်လျှင် လိုင်းထောင်ပေါင်းများစွာ ရှိပြီး သူ့ရှေ့က တံဆိပ်ပြားပေါ်တွင်တော့ လိုင်းပေါင်း ထောင်သောင်းမက ရှိနေသည်။

အမှားလုပ်မိပါက ရလဒ်က ဆုံးရှုံးသွားမှာဖြစ်ပြီး အကျိုးသက်ရောက်မှု မရှိနိုင်တော့ပါ။ ထို့ကြောင့် ပြန်လည်ပြုပြင်ခြင်း ဖြစ်စေ သို့မဟုတ် အသွင်အပြင် ပုံဖော်သည်ဖြစ်စေ ကောင်းမွန်သော ထိန်းချုပ်မှု နှင့် စေ့စေ့စပ်စပ် လေ့လာကြည့်ရှုနိုင်မှု လိုအပ်ပါသည်။

"အခင်းအကျင်း တံဆိပ်ပြားကို ပြန်လည်ပြုပြင်ခြင်းက ပျက်စီးသွားတဲ့ လိုင်းတွေကို ပြန်လည်ရယူပြီး ရှေ့နောက်မညီတာတွေကိာ ပြန်လည်ချိတ်ဆက်ဖို့ပဲ"

တံဆိပ်ပြားပေါ်ရှိ လိုင်းများသည် အသုံးပြုနေသမျှ ကာလပတ်လုံး ဟောင်းနွမ်းသွားလိမ့်မည်။ ၎င်းတို့ ပျောက်ကွယ်သွားသည် သို့မဟုတ် ကျိုးပြဆ်သွားပါက အခင်းအကျင်း ဖွဲ့စည်းမှု၏ အကျိုးသက်ရောက်မှုကို ဆုံးရှုံးသွားမည်ဖြစ်သည်။

ပြုပြင်ခြင်းဟုခေါ်သည့် ကျိုးပြတ်သွားသော လိုင်းများကို အတူတကွ ချိတ်ဆက်နိုင်စေရန်အတွက် ဝိညာဥ်စွမ်းအားကို ထိန်းချုပ်၍ ပြန်လည်ချိတ်ဆက်ရန် ဖြစ်သည်။ .

သူ့စိတ်ထဲတွင် တွေးတောရင်း လုရွှမ်သည် သူ့လက်များကို ရွှေ့လိုက်ပြီး ဓားနှစ်ချောင်း ပုံရိပ်ကို တစ်ချိန်တည်း ပျံသန်းသွားစေသည်။

ဝုန်း ဝုန်း!

အခင်းအကျင်း တံဆိပ်ပြားပေါ်ရှိ သံချေးများ ပြုတ်ကျပြီး ဆံပင်ထက် ပါးလွှာသော လိုင်းများက သူ့မျက်လုံးရှေ့တွင် ဖြည်းညှင်းစွာ ပေါ်လာသည်။

လုရွှမ်၏ လက်ရှိလုပ်ရပ်ကို မည်သူမဆို မြင်ပါက သူတို့သည် နေရာတွင်ပင် ထိတ်လန့်ကြောက်ရွံ့နေမည်မှာ သေချာပါသည်။

ပုံသဏ္ဍာန်များကို ပြုပြင်ခြင်းသည် ပုံဖော်ခြင်းထက် ပိုခက်ခဲသည်။ အမှန်မှာ သရုပ်ဖော်ခြင်းမှာ ဖန်တီးမှု ဖြစ်သည်။ ပုံဖော်ခြင်း နည်းလမ်းများကို နားလည်သဘောပေါက်ရန် လိုအပ် ပြုပြင်ခြင်းတွင် အမှားအယွင်း တစ်ခုလေးပင် ရှိလို့မဖြစ်ပေ။

ဤအဆင့်၏ အခင်းအကျင်း ဖွဲ့စည်းပုံ တံဆိပ်ပြားကို ပြုပြင်ရန်မှာ အဆင့်ရှစ် အခင်းအကျင်းပညာရှင် မပြောနှင့် အဆင့်၉ ပညာရှင်တစ်ဦးပင်လျှင် ဓားနှစ်စင်းဖြင့် ပျံသန်းပုံဖော်ရခြင်းကို အမှားလုပ်မိမည်ကို စိုးရိမ်သောကြောင့် ဂရုတစိုက် ထွင်းထုရန် လိုအပ်သည်။

သူ့လိုမျိုး ဓားနှစ်လတ်ကို အလွန်မြန်သော လက်အရှိန်ကို ကြားပင်ကြားဖူးကြမည် မဟုတ်။

ရွှမ်....

ခဏအကြာတွင် ဓားနှစ်ချောင်းသည် အခင်းအကျင်း၏ နောက်ဆုံးအပိုင်းသို့ ရောက်လာပြီး နောက်ဆုံးမျဥ်းကြောင်းကို ဓားဖျားမှ ဆွဲယူလိုက်ရာ အခင်းအကျင်းမှ အလင်းတန်းများ ရုတ်တရက် လင်းလက်တောက်ပလာကာ တိတ်ဆိတ်နေသော အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။

"ဟူး... အဆင်ပြေသားပဲ!"

သူ့နဖူးမှ ချွေးများကို သုတ်ရင်း လုရွှမ် သက်ပြင်းချလိုက်သည်။

အချိန်သိပ် မကြာပေမယ့် သူ့စိတ်ဝိဥာဉ်က အာရုံစူးစိုက်မှု အားကောင်းပြီး ဓားနှစ်ချောင်းအပေါ် ထိန်းချုပ် ပြင်းပြင်းထန်ထန် သုံးစွဲနေခဲ့လို့သာ မဟုတ်ရင် ဒီလောက်ကံကောင်းလိမ့်မည် မဟုတ်ပေ။

"အကြီးအကဲ အိုးယန်ရဲ့ ဓားနှစ်လတ်စီးဆင်းမှုက ဝိညာဥ်စွမ်းအားကို အလွန်အကျွံ ကုန်ခမ်းစေပေမယ့် အကျိုးရှိတယ်... မကြာခဏ သုံးပေးမယ်ဆိုရင်တော့ ဝိညာဥ်စွမ်းအင် ထပ်တိုးလာနိုင်တယ်"

ဓားနှစ်ချောင်းဖြင့် အခင်းအကျင်းကို ပြုပြင်ခြင်းသည် လုရွှမ်မှ ဖန်တီးထားသော မူရင်းနည်းလမ်း မဟုတ်သော်လည်း တိမ်ပင်လယ် နယ်မြေသမိုင်းတွင် နံပါတ်တစ် သူတော်စင်အဆင့် အခင်းအကျင်း မှော်ဆရာကြီး အိုးယန်မော်ထျန်း၏ လက်ရာဖြစ်လေသည်။

အိုးယန်မော်ထျန်းသည် လျင်မြန်ပြီး ဝိညာဉ်စွမ်းအား များစွာကို စားသုံးသည့် ဓားနှစ်ချောင်းဖြင့် ထွင်းထုခြင်းကို ဖန်တီးခဲ့သည်။ အများအားဖြင့် အခင်းအကျင်း တံဆိပ်ပြားတစ်ခုအား ပြုငြ်ခြင်းမပြီးမီတွင် ဝိညာဉ်စွမ်းအားကို လုံးလုံးလျားလျား သုံးစွဲသွားရမည် ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအား လုံးလုံးလျားလျား ကုန်ဆုံးသွားပါက မေ့မြောသွားခြင်း သို့မဟုတ် ဆုံးရှုံးမှုဖြစ်ပေါ်ရန် လွယ်ကူသော်လည်း ဓားနှစ်လတ် စီးဆင်းမှုပုံစံ၏ လိုက်ဖက်သော နည်းလမ်းကို အသုံးပြုခြင်းဖြင့် အားနည်းချက်များကို အားသာချက်များ အဖြစ်သို့ ပြောင်းလဲစေပြီး စိတ်ဝိညာဥ်စွမ်းအား အတိုင်းအတာကို လျင်မြန်စွာ တိုးမြင့်စေနိုင်သည်။

ယခင်ဘဝတွင် လုရွှမ်သည် သူ၏စိတ်ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ တိုးမြှင့်ရန် ဤနည်းလမ်းကို အသုံးပြုခဲ့ပြီး ဤစွမ်းရည်သည် နှစ်တစ်ရာ အနည်းငယ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားလာခဲ့ပြီး ခွန်အား၊ အဂ္ဂိရတ်ပညာနှင့် အခင်းအကျင်း ဖွဲ့စည်းမှုများတွင် ကမ္ဘာ့ထိပ်တန်းစာရင်း ဝင်ခဲ့သည်။

ဒီလိုမှမဟုတ်ရင် ဝိညာဉ်စွမ်းအားကို စုဆောင်းတဲ့နည်းနဲ့ အဂ္ဂိရတ်အဆင့်ကို တက်ချင်တယ်ဆိုရင်တော့ အနှစ်တစ်ထောင် ကျော်သွားရင်တောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

အမှန်စင်စစ် ပြတ်ပြတ်သားသား ပြောရလျှင် ဓားနှစ်လတ် စီးဆင်းမှုနှင့် ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းလမ်း နှစ်ခုလုံးသည် အတူတူပင် ဖြစ်သည်။

လွန်ကဲစွာ ပြန်လည် ပြုပြင်နိုင်ခြင်းဟု ဆိုလိုသည်မှာ ဝိညာဥ်စွမ်းအား လုံးလုံး ကုန်ဆုံးသွားသည်နှင့် ပြန်လည် သက်သာလာပါက ယခင် အဆင့်ထက် ကျော်လွန်သွားပေလိမ့်မည်။ ခွန်အားကိုလည်း ဆက်လက်၍ ခိုင်ခံ့စေပြီး စိတ်ဝိညာဉ် စွမ်းအားသည် သဘာဝကျကျ လျင်မြန်စွာ တိုးလာမည်ဖြစ်သည်။

စိတ်စွမ်းအားများ ကုန်ခမ်းမှုကြောင့် ခံစားရသော ပင်ပန်းနွမ်းနယ်မှုကို လုရွှမ်သည် လျစ်လျူရှု၍ ဓားနှစ်လက်ဖြင့် နည်းလမ်းအတိုင်း ဆက်လက် လှုပ်ရှားနေခဲ့သည်။

ဗုန်း!

အချိန်ဘယ်လောက် ကြာသွားမှန်းမသိ စိတ်ထဲတွင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး လန်းဆန်းသွားကာ စိတ်ဝိညာဉ်သည် အဝေးကို ပို၍ရှင်းလင်းစွာ မြင်နိုင် ကြားနိုင်သလိုပင် အာရုံစူးစိုက်မှုလည်း လွန်ကဲလာသည်။

"စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက ၀.၉ ရောက်သွားပြီ! အဆင့်၈ အထွတ်အထိပ်အဆင့် တံဆိပ်ပြားကို ပြုပြင်လိုက်တာ ငါ့ဝိညာဉ်စွမ်းအား ဒီလောက်ထိ မြင့်လာမယ်လို့ မမျှော်လင့်ထားဘူး"

သူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ခံစားလိုက်ရသဖြင့် လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။

ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် အလွန်ခက်ခဲသည်။ အကြောင်းမှာ သူသည် ဝိညာဉ်စွမ်းအားအမှတ်ကို ဖွင့်ကာ ဓားနှစ်လတ်စီးဆင်းခြင်း နည်းလမ်း၏ အကူအညီဖြင့် တစ်ရှိန်ထိုးအောင်မြင်ခဲ့သည်။

"စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ ပိုမြင့်လေ....တိုးတက်ဖို့ ပိုခက်ခဲလေပဲ ဝိညာဉ်စွမ်းအားစကေး ၀.၉က အဆင့်၈ အဂ္ဂိရတ်ပညာရှင် အဆင့်နှင့် ညီမျှနေပြီ"

အရေပြားအရိုး နယ်ပယ်မှ တန်းလိနယ်ပယ်သို့ တက်ရန် လွယ်ကူသော်လည်း အတုတံဆိပ်နယ်ပယ်မှ ဂိုဏ်းဆရာနယ်ပယ်သို့ တက်ရန် ခက်ခဲပါသည်။

၀.၂ မှ ၀.၃ သို့ တိုးတက်ရန် လွယ်ကူသော်လည်း ၀.၈မှ ၀.၉ အထိ လူများစွာသည် တစ်သက်တာ အပြီးသတ် မလုပ်ဆောင်နိုင်ပါ။

အရည်အချင်း အားနည်းခြင်းကြောင့် မဟုတ်ဘဲ အဂ္ဂိရတ်ပညာရှင်မှ အဂ္ဂိရတ် ဆရာကြီးအဖြစ် ပြောင်းလဲခြင်းတွင် ပါ၀င်သည့် အဆင့်ကြောင့် ဖြစ်သည်။

၀.၈ ရှိသော စိတ်ဝိညာဥ်စွမ်းအား အတိုင်းအတာသည် အဆင့်၆ အဂ္ဂိရတ်ပညာရှင် တစ်ဦးသာဖြစ်သော်လည်း ၀.၉ သို့ရောက်ပါက အဂ္ဂိရတ်ပညာကို ကျွမ်းကျင်သရွေ့ အဆင့်၈ အဂ္ဂိရတ်ပညာရှင် ဖြစ်လာနိုင်သည်။

ထို့အပြင် အရေးကြီးဆုံး အချက်မှာ ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၉ သို့ရောက်သောအခါ လူများကို တိုက်ခိုက်ရန်အတွက် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နိုင်နေပြီဖြစ်သည်။

တိုက်ခိုက်ခြင်း အကျိုးသက်ရောက်မှုသည် စစ်မှန်သော ဝိညာဥ်စွမ်းအင်နှင့် ခန္ဓာကြံ့ခိုင်မှုတို့ ကဲ့သို့ မကောင်းသော်လည်း အနီးကပ် တိုက်ခိုက်မှုတွင် ဝိညာဉ်စွမ်းအင်သည် ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး လူများကို ချက်ချင်း တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ပြိုင်ဘက်များကို အရူးအဖြစ်သို့ ပြောင်းလဲကာ ချက်ခြင်း သေဆုံးသွားစေနိုင်သည်။

ဤကဲ့သို့သော တိုက်ခိုက်နည်းမျိုးသည် ခုခံရန် ခဲယဉ်းသည်။ ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့်က လူကိုတွေ့လျှင်ပင် တိုက်ရိုက်ဖမ်း၍ သတ်ပစ်နိုင်မည်။

ဝိညာဉ်စွမ်းအား အတိုင်းအတာသည် 0.9 အထိရောက်ရှိပြီး ဝိညာဉ်စွမ်းအား တစ်ခုတည်းဖြင့် တစ်ဦးတည်း ဂိုဏ်းဆရာနယ်ပယ်ကို တိုက်ခိုက်နိုင်စွမ်းရှိနေပြီဟု ဆိုနိုင်ပါသည်။

အကယ်၍ သင်သည် အဆင့်၈ အဂ္ဂိရတ်ပညာရှင် (အခင်းအကျင်းပညာရှင်) ၏ အထောက်အထားကို ပေါင်းထည့်ပါက ဂိုဏ်းဆရာနယ်ပယ်ရဲ့ လက်ထဲကနေ တတ်နိုင်သမျှ ထွက်ပြေး လွတ်မြောက်နိုင်မည် ဖြစ်သည်။

"ယုံကြည်မှုတစ်ခု ထပ်တိုးလာပြီ!"

ပြုပြင်ထားတဲ့ လျှိုဝှက်မှော်အခင်းအကျင်း တံဆိပ်ပြားနဲ့ ပတ်သတ်ပြီး ကျောင်းအုပ်ကြီးဟန်ရဲ့ ပြိုင်ဘက် မဟုတ်တော့တာမို့ ဒီအချိန်မှာ ယုံကြည်မှုတွေ ထပ်ပြီး တိုးလာခဲ့သည်။

အကယ်၍ မုယန်ဖန်း နှင့် ပူးပေါင်းလိုက်ပါက ယုံကြည်မှု 60% ရှိလာပြီ။

"ထွက်သွားပြီး ဒီအခင်းအကျင်း ဖွဲ့စည်းမှုရဲ့ စွမ်းအားကို စမ်းကြည့်လိုက်ရအောင်!"

သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုတွေကို နှိမ့်ချပြီး လက်ထဲက တံဆိပ်ပြားကို ကျောက်စိမ်းပြားထဲကို ထည့်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဖျတ်ခနဲ ဖျတ်ခနဲ လှည့်ရင်း ပြုံးလိုက်သည်။

အဆင့်၈ အထွတ်အထိပ် ဖွဲ့စည်းခြင်း တံဆိပ်ပြားသည် အလွန်အစွမ်းထက်သည်။ အသုံးပြုပြီးသည်နှင့် အခင်းအကျင်း ပညာရှင်အဖွဲ့ တစ်ခုလုံးကို သူ့ကိုဖမ်းမိသွားနိုင်သည်။

မတ်တပ်ထရပ်ပြီး လုရွှမ်သည် အေးစက်သောအကြည့်ဖြင့် တိတ်ဆိတ်သော အခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။

"အဆင်သင့်ဖြစ်ပြီ....ဒီကိစ္စကို ကိုင်တွယ်ဖို့ အချိန်ရောက်ပြီ....ဒါပေမဲ့ လက်မပါ ပါရစေနဲ့လို့ ငါမျှော်လင့်တယ်..."

All Chapters