ဂုဏ်ထူးဆောင် အဖွဲ့ချုပ်
Vol. 11 Ch. 2.15
တိတ်ဆိတ်နေသော အခန်းအပြင်ဘက်၌
"ရှောင်ရွှယ်... မင်း အဲဒီလူကြီးမင်းကို သိလား?"
အဘိုးကျောက်၏ မျက်လုံးများသည် တောက်ပနေလျက် ရှိသည်။
"သူက...သမီးရဲ့ ကျေးဇူးရှင်ပါ!"
ဟန်ရွှယ်က တောအုပ်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြပြီး နောက်ဆုံးမှာတော့ ပဟေဠိဖြစ်နေတဲ့ မျက်နှာနဲ့ပြော၏။
"သူ့ရဲ့သိုင်းပညာက အစွမ်းထက်တဲ့အပြင် အခင်းအကျင်း ဖွဲ့စည်းမှုစွမ်းရည်ကလည်း တကယ်ကို အားကောင်းလွန်းတယ်"
သူမ မယုံနိုင်သေးဘူး။
ဒါက ပျက်ပြယ်ခြင်း အခင်းအကျင်း ပုံစံပဲ။ သာမန်အခင်းအကျင်း ပညာရှင်များနှင့် အခင်းအကျင်း ဆရာကြီးများကြား အကြီးမားဆုံး ကွာခြားချက်ပဲ ဖြစ်လေသည်။
ပျက်ပြယ်ခြင်း အခင်းအကျင်း ပုံစံများကို ချပြနိုင်ခြင်းဖြင့် အခင်းအကျင်း တံဆိပ်ပြားကိုလည်း ပုံဖော်နိုင်ပြီ။ သူမကတော့ မတူဘဲ သာမန် အဆင့်နိမ့်ပုံစံ အခင်းအကျင်းအလံ အချို့ကိုသာ ရေးဆွဲနိုင်သည်။
အခင်းအကျင်း တံဆိပ်ပြားများသည် အလွန်လိုအပ်နေပြီး တစ်ခုစီတိုင်းသည် အလွန်တန်ဖိုးရှိပါသည်။ အခင်းအကျင်း တံဆိပ်ပြားများကို ရေးဆွဲနိုင်ခြင်းသည် အဆုံးမရှိ ချမ်းသာကြွယ်ဝခြင်းနှင့် ညီမျှသည်။
သူမ မပြောနှင့် အခင်းအကျင်း ပညာရပ်မှာ နာမည်ကြီးသော ကျောက်မိသားစုသည်ပင် အခင်းအကျင်း တံဆိပ်ပြားကို ရေးဆွဲနိုင်သူ သုံးယောက်ထက် မပိုချေ။
တစ်ယောက်ချင်းစီက အနည်းဆုံး အသက်၅၀ ကျော်နေကြပြီ။ အခုလို အသက်၁၆ ၁၇နှစ်အရွယ် ကောင်လေးတစ်ယောက်မှာ ဒီလိုစွမ်းရည်တွေ ရှိနေတယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ။
လူတွေရဲ့ စွမ်းအင်ဟာ အကန့်အသတ်နဲ့ ရှိပါ၏။ ယေဘူယျ အားဖြင့်ပြောရရင်လျှင် သန်မာတဲ့ ကျင့်ကြံမှု စွမ်းရည်ရှိသူတွေဟာ အဂ္ဂိရတ်ပညာ၊ လက်နက် သန့်စင်မှုနဲ့ အခင်းအကျင်း ဖွဲ့စည်းမှုမှာ အတော်လေး အားနည်းကြသည်။
ဒီလူငယ်ဟာ ရွှေသံချပ် မီးဝံပုလွေကို သတ်နိုင်သလို အခင်းအကျင်းပညာမှာ သူ့ရဲ့ ခွန်အားက သူမထက် အများကြီး ပိုသန်မာနေတယ်။
အရင်က ထိုသူဟာ ချင်ဟွာကို ကြောက်တာကြောင့် သူမနဲ့အတူ အပြင်မထွက်ရဲတာ ဖြစ်မည်ဟု ထင်ခဲ့မိသည်။ အခုစဉ်းစားကြည့်တော့ ဒီလို အရည်အချင်း မရှိတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ကို သူက ဘယ်လိုလုပ် ကြောက်မှာတဲ့လဲ။
"စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၇ ရောက်သွားရင် ပျက်ပြယ်ခြင်း အခင်းအကျင်း ပုံစံကို ပြီးမြောက်အောင် ရေးဆွဲနိုင်တယ်... ပို၍အရေးကြီးတာက သူ အခင်းအကျင်း ပညာကို နားလည် သဘောပေါက်ထားတာပဲ.... သူယခုလေးတင် လေထဲမှာ ဆွဲသွားတဲ့ပုံစံက သူ့ကိုအခြေခံတဲ့ အထူးဖွဲ့စည်းမှု တစ်ခုပဲ"
အဖွဲ့အစည်းခေါင်းဆောင် အဘိုးကျောက်မှာ စကားပြောရင်းနဲ့ ပိုပိုပြီး စိတ်လှုပ်ရှားလာသည်။
"ဒီအတိုင်း ပြောရရင်...သူ့ရဲ့အစောက ပုံစံနဲ့ဆို အဆင့်၅ အခင်းအကျင်းပညာရှင် အထွတ်အထိပ် အဆင့်ဖြစ်နိုင်တယ်....မဟုတ်ရင် အစောက အခင်းအကျင်းကို ရေးဆွဲရာမှာ မအောင်မြင်နိုင်ဘူး! ဆိုလိုတာက ဒီစီနီယာ လုရွှမ်က အဆင့်၅ထက် ကျော်လွန်တဲ့ အခင်းအကျင်း ပညာရှင်ကြီး ဖြစ်နိုင်တယ်....ဒီအသက်အရွယ်နဲ့ ဒီလောက် ကျင့်ကြံထားနိုင်တာ တကယ်ကို အရည်အချင်း ရှိတာပဲ...အခင်းအကျင်း စွမ်းရည်က ကိုယ်ခံပညာထက်ကို ပိုကောင်းနိုင်တယ်!"
"အဆင့်၅ထက် ကျော်လွန်တဲ့ အခင်းအကျင်း ပညာရှင်? သမီးထင်ခဲ့တဲ့ ဆင်းရဲတဲ့တစ္ဆေတစ်ကောင်က အခင်းအကျင်း ပညာရှင်ကြီးလား?"
မဝေးလှသော နေရာမှ စားပွဲထိုး အလှလေးသည် အဘိုးကျောက်၏ စကားကိုကြားသောအခါ ပါးရိုက်ခံရသကဲ့သို့ မျက်နှာပူသွားသည်။
ကမ္ဘာပေါ်ရှိ အမြတ်အစွန်း အရှိဆုံး လုပ်ငန်းသည် အခင်းအကျင်း မှော်ဆရာတစ်ဦး ဖြစ်ပြီး အဂ္ဂိရတ်ဆရာထက် ငွေပိုမြန်သည်ဟု ဆိုရပေမည်။
အဂ္ဂိတ်ပညာတွင် ဆေးလုံးများကို သန့်စင်ရန် ဆေးဖက်ဝင်ပစ္စည်း အမျိုးမျိုး လိုအပ်ပြီး မီးဖိုထဲတွင် ဆေးဖော်ရန် လွယ်ကူသည်။ အရည်အချင်းများ မရှိဘဲ ၎င်းတို့ကို မဝယ်နိုင်ပါ။ အရောင်းပမာဏမှာလည်း အကန့်အသတ် ရှိသည်။
အခင်းအကျင်း ပညာရှင်များတွင်မူ မြင့်မားသော အခင်းအကျင်း ဖွဲ့စည်းမှု တံဆိပ်ပြား ရှိလျှင်ပင် ညီမျှတဲ့ ငွေဟာ တစ်ဖွဲဖွဲ ရောက်လာတတ်ပေ၏။
နောက်ဆုံးတွင် အခင်းအကျင်းတံဆိပ်ပြားများသည် ခုန်ပျံကျော်လွှားသော စိန်ခေါ်မှုများကို အားကိုးကာ အသက်ကယ်တင်သည့် နည်းလမ်းဖြင့် အသုံးပြုနိုင်သည်။
၎င်းတို့သည် ငွေမည်မျှပင်ရှိစေကာမူ ဝယ်ရန်ဆန္ဒရှိသရွေ့ ပိုက်ဆံတတ်နိုင်သရွေ့ ဝယ်ယူနိုင်သည်။
အခင်းအကျင်း ပညာရှင်များသည် ငွေထုတ်စက်ဟုပင် ပြောလို့ရ၏။
ဒီလိုလူက ပိုက်ဆံမရှိတဲ့ ဆင်းရဲသားလို့ ထင်ခဲ့တဲ့ သူ့ဦးနှောက်ကို မြည်းနဲ့အကန် ခံရရုံတင်မကဘဲ မြည်းအုပ်စုက တက်နင်းသွားတာသာ ဖြစ်လိမ့်မည်။
"အဆင့်၅ထက် ကျော်လွန်တယ်? အဆင့်၆ အခင်းအကျင်း ပညာရှင်များလား..."
ဟန်ရွှယ် တံတွေးမျိုချလိုက်သည်။
ဝူယန်အင်ပါယာ တစ်ခုလုံးတွင် အဆင့်၆ အခင်းအကျင်း ပညာရှင် ၆ယောက်သာရှိသည်။ သူ့ရှေ့က အဘိုးကျောက်ဟာ အဆင့်၅ရဲ့ အထွတ်အထိပ်ပဲ ရှိသေးသည်။
အသက်၁၆ ၁၇နှစ်အရွယ် ကောင်လေးတစ်ယောက်က အဘိုးကျောက်ထက် ကျော်လွန်တဲ့ အခင်းအကျင်းပညာရှင် စွမ်းရည်တွေ ရှိနေတယ်ဆိုတာ သူမနားနဲ့ ကြားရတာတောင် မယုံနိုင်ဘူး ဖြစ်နေသည်။
ကျွီး....
သူတို့နှစ်ယောက် စကားပြောနေချိန်မှာ လုရွှမ် တံခါးဖွင့်ကာ ထွက်လာသည်။
"အကြီးအကဲ!"
အဘိုးကျောက်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ အရှေ့ကို ပြေးထွက်သွားပြီး
"အကြီးအကဲ ပြင်ပြီးပြီလား?"
"အင်း!" လုရွှမ်က ခေါင်းညိတ်ပြီး
"တိတ်ဆိတ်တဲ့ အခန်းအတွက် ကျေးဇူးတင်ပါတယ် အဖွဲ့အစည်းခေါင်းဆောင်... ငှားရမ်းခကို ကျွန်တော်ပေးပါ့မယ်!"
"မလိုပါဘူး... အကြီးအကဲ ဆန္ဒရှိသရွေ့ ကျုပ်ရဲ့ တိတ်ဆိတ်တဲ့အခန်းကို ကြိုက်သလို သုံးလို့ရပါတယ်..."
အဘိုးကျောက်က ရယ်ရင်း အလျင်စလို ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်!"
တစ်ဖက်သားရဲ့ ကြင်နာမှုကို သိတော့ လုရွှမ်က စကားအများကြီး ဆက်မပြောဘဲ ခေါင်းညိတ်ပြပြီး
"နှုတ်ဆက်ပါတယ်!"
ပြောပြီးနောက် သူသည် အခင်းအကျင်း အခန်းတို့၏ ပြင်ပသို့ လှည့်လျှောက်သွားခဲ့သည်။
"အကြီးအကဲ ခဏလောက် ရပ်ပါဦး...."
သူထွက်သွားဖို့ လှည့်ကြည့်လိုက်တော့ ခေါင်းဆောင်ကျောက်က သူ့ရှေ့မှာ ကမန်းကတန်း မတ်တပ်ရပ်လိုက်ပြီး
"ကျုပ်မှာ အကြင်နာမဲ့တဲ့ တောင်းဆိုချက် တစ်ခု ရှိပါတယ်.. အကြီးအကဲက ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်!"
"အမ်?"
လုရွှမ် တစ်ချက်ကြည့်လိုက်သည်။
"ကျုပ်တို့ရဲ့ ဟန်ယန်မြို့ အခင်းအကျင်းပညာရှင်အဖွဲ့မှာ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်နေရာ လစ်ဟနေပါတယ်... အကြီးအကဲ စိတ်ဝင်စားမှုရှိမရှိ သိချင်ပါတယ်..."
အဘိုးကျောက်မှ သတိကြီးကြီးထား၍ မေးလိုက်သည်။
"ဂုဏ်ထူးဆောင်အဖွဲ့ချုပ်?"
"ဟုတ်ပါတယ်... ဒါက နာမည်လေး တစ်ခုပါပဲ... ဘာမှလုပ်စရာ မလိုပါဘူး နှစ်တိုင်းအကြီးအကဲကို ရွှေစ၅သန်း ဆုလက်ဆောင်ပေးမှာပါ"
"ဘာမှမလုပ်ရဘူးလား? ရွှေစငါးသန်းကိုလည်း ဆုလာဘ်အဖြစ် ပေးမယ်?"
လုရွှမ် အနည်းငယ် အံ့သြသွားသည်။
ဒီလောက်ကောင်းတဲ့ အရာ ရှိတယ်လား?
ဒီလူ ဦးနှောက်က ပြဿနာရှိနေတာ မဟုတ်ပါဘူးနော်?
သို့သော် ထိုအတွေးဝင်လာသည်နှင့် ချက်ချင်းပင် ခေါင်းခါလိုက်သည်။
တစ်ဖက်လူဟာ သူ့အသက်အရွယ်နဲ့ အခင်းအကျင်း ဖွဲ့စည်းမှု စွမ်းရည်တွေကို မြင်ပြီး သူမသေသရွေ့ တောက်ပတဲ့ အနာဂတ်ရှိမယ်ဆိုတာ သိလိုက်ပုံပင်။
သူကြီးပြင်းလာတာနဲ့အမျှ သူဘာမှ မလုပ်တတ်ရင်တောင် သူ့နာမည်ကို ချိတ်ဆွဲထားရုံနဲ့ ဒီဟန်ယန် အခင်းအကျင်း ပညာရှင်အဖွဲ့က နွေးထွေးတဲ့ နေရာတစ်ခု ဖြစ်စေနိုင်သေးသည်။
"ကောင်းပြီ!"
ဒါကိုစဉ်းစားပြီးနောက် လုရွှမ်က သဘောတူဟမ် ခေါင်းညိတ်လိုက်သည်။
သူ့အရင်ဘဝတုန်းက ဒီလိုနေရာ သေးသေးလေးရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်နေရာကို မပြောနဲ့ ဂိုဏ်းကြီးခြောက်ခုရဲ့ လက်အောက်ခံတွေကိုတောင် စိတ်မဝင်စားခဲ့ဘူး။
ဒီအချိန်မှာတော့ မာနကြီးနေလို့ မဖြစ်တော့ဘူးလေ
"ကောင်းလိုက်တာ! ဒါက ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ သင်္ကေတ တံဆိပ်ပြားပါ.... ဒါက ဝူယန်အင်ပါယာရဲ့ တော်ဝင်ရွှေကတ်ပါ.... ရွှေစငါးသန်းဖြစ်တဲ့ ဆုလက်ဆောင်ကို တစ်နှစ်ကြိုတင်ပေးချေမှု ပါရှိပါတယ်"
သူ့ကတိကိုကြားတော့ အဘိုးကျောက်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး လိုအပ်တဲ့ ပစ္စည်းတွေကို အမြန်လွှဲလိုက်သည်။
အရာအားလုံးကို သူပြင်ဆင်ထားပြီးသားဖြစ်ပုံရသည်။
"ဒါက...အခင်းအကျင်း ပညာရှင်ရဲ့ စွမ်းအားပဲကိုး"
ဒီမြင်ကွင်းကို သူ့မျက်လုံးထဲမှာ မြင်လိုက်ရတော့ ဟန်ရွှယ်က စိတ်ခံစားချက်ပြင်းစွာ သက်ပြင်းချလိုက်သည်။
ဒါဟာ ပြည်မကြီးမှာ အမြတ်အစွန်း အရှိဆုံး လုပ်ငန်းဖြစ်ပြီး တကယ့်ကို ကြောက်စရာကောင်းပါ၏။
သူသည် ပျက်ပြယ်ခြင်း အခင်းအကျင်းကို လက်တစ်ဖက်တည်းဖြင့် ပြသခဲ့ပြီး အခြားမည်သည့်အရာမှ မလုပ်ဘဲ သူသည် ဂုဏ်ထူးဆောင် အဖွဲ့ချုပ်နေရာနှင့် ရွှေစငါးသန်းကို ရယူလိုက်နိုင်တဲ့ ငွေရှာနိုင်မှုမှာ မြန်ဆန်လွန်းလှသည်။
သူမရဲ့ အဆင့်အတန်းကို လေးစားစရာ ကောင်းတယ်ဆိုရင်တောင် သူမရဲ့ တစ်နှစ်တာ ငွေဟာ ၁သိန်းထက် ဘယ်တော့မှ မရနိုင်ဘူးဆိုတာ သိလေသည်။
"သခင်ငယ်လေး....ကျွန်တော်တို့ အခု ဘယ်သွားမလို့လဲ"
ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ရာထူးနဲ့ အခင်းအကျင်း ပညာရှင်အဖွဲ့မှ အတားအဆီးမရှိ ထွက်လာနိုင်ခဲ့သည်။ ထွက်လာတဲ့အခါ မုယန်ဖုန်းက တစ်ချက်ကြည့်ကာ မေးလာ၏။
"ဆိတ်ငြိမ်တဲ့ နေရာကိုရှာပြီး အခင်းအကျင်းရဲ့ စွမ်းအားကို စမ်းကြည့်မယ်"
သိပ်မကြာခင်မှာဘဲ သူတို့နှစ်ယောက်ဟာ သိပ်မဝေးတဲ့ နေရာက တောအုပ်တစ်ခုဆီကို ရောက်လာကြသည်။ လက်ကောက်ဝတ်ကို လှန်လိုက်ကြသော် လက်ဖဝါးထဲမှာ လျှို့ဝှက်မှော် အခင်းအကျင်း၏ တံဆိပ်ပြားတစ်ခု ပေါ်လာသည်။
"စလိုက်ရအောင်!"
မျက်ခုံးပင့်လိုက်ရင်း တံဆိပ်ပြားကို ကိုင်ထားတဲ့ လက်ဖဝါးမှ ဝိညာဥ်စွမ်းအင်ကို ရုတ်တရက် ပစ်သွင်းလိုက်သည်။
အခင်းအကျင်း၏ လည်ပတ်မှုကို အသက်ဝင်စေရန် စစ်မှန်သော စွမ်းအင်ဖြင့် အစပြုပေးရန် လိုအပ်သည်။
ဟူး.....
အလင်းတန်းတစ်ခု ထွန်းလင်းလာပြီး အခင်းအကျင်း မျက်နှာပြင်ပေါ်ရှိ မျဉ်းကြောင်းများစွာသည် ရုတ်တရက် လင်းထိန်သွားကာ အားပြင်းသော စွမ်းအားလှိုင်း တစ်ခု ပတ်ဝန်းကျင်သို့ ချက်ချင်း ပျံ့နှံ့သွားသည်။
သူသည် ဗဟိုချက်အနေဖြင့် မီတာ 100 အကွာအဝေးအထိ ထူထပ်သော မြူခိုးထဲတွင် ပိတ်မိနေသကဲ့သို့ လက်ချောင်းများကိုပင် မမြင်နိုင်တော့ပေ။ သိုင်းပညာ၏ အာရုံခံနိုင်စွမ်း အကျိုးသက်ရောက်မှု ဆုံးရှုံးသွားခဲ့သည်။
အခင်းအကျင်း ဖွဲ့စည်းမှုကို ထိန်းချုပ်ရင်း လုရွှမ်သည် တံဆိပ်ပြားပေါ်ရှိ လက်ချောင်းများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထူထပ်သော မြူခိုးများထဲမှ ချက်ချင်းဆိုသလိုပင် ကြီးမားသော ရွှေသံချပ် မီးဝံပုလွေကြီး ပေါ်လာသည်။ ၎င်း၏ကိုယ်ပေါ်ရှိ အမွေးများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဝူး.......
ဟိန်းဟောက်သံနှင့်အတူ မီးဝံပုလွေသည် မုယန်ဖုန်းဆီသို့ ပြေးဝင်လာသည်။