← Chapters

ပွဲ

Vol. 12 Ch. 2.16

ပွဲ

Vol. 12 Ch. 2.16

"ဘယ်နားက ရောက်လာတဲ့ အကောင်လဲ?"

မုယန်ဖုန်း မျက်ခုံးပင့်လိုက်ပြီး မီးဝံပုလွေကို လက်သီးနဲ့ ထိုးလိုက်သည်။

ဂိုဏ်းဆရာနယ်ပယ် အဆင့်၏ ပြင်းထန်သော စွမ်းအားသည် ဧရာမနဂါးတစ်ကောင်ကဲ့သို့ ရွှေသံချပ် မီးဝံပုလွေ၏ မျက်နှာပေါ်က ဦးခေါင်းကို တည့်တည့်ကို ထိမှန်သွားသည်။

ဟိန်းဟောက်သံနှင့်အတူ မီးဝံပုလွေသည် လုံးဝမရှောင်တိမ်းဘဲ မုယန်ဖုန်း၏ စွမ်းအားသည်သာ သက်ရောက်မှုမရှိဘဲ လေထဲသို့ ထိသွားပုံရသည်။

"ဒါက……"

မုယန်ဖုန်းသည် အံ့ဩသွားသည်။

သူသည် ဂိုဏ်းဆရာနယ်ပယ် အဆင့်သို့ တိုးမြင့်လာခဲ့ပြီး အပြင်းထန်ဆုံးသော ရွှေသံချပ် မီးဝံပုလွေသည် ဂိုဏ်းဆရာနယ်ပယ်၏ အဆင့်တစ်ဝက်သာ ရှိသော အကောင်ဖြစ်သည်။

သူသည် သာမန်ဂိုဏ်းဆရာ နယ်ပယ်သာ ရှိသေးသော်လည်း မီးဝံပုလွေထံ ပစ်လိုက်သော လက်သီးချက်က အားမနည်းချေ။ ထိုအကောင်သည် အသားတုံး မဖြစ်သွားရင်တောင် မခံမရပ်နိုင်အောင် နာနေနေလိမ့်မည်။

သို့သော် ယခုမူကား အကျိုးသက်ရောက်မှု လုံးဝမရှိသည်မှာ ၎င်းသည် အနည်းငယ် ချဲ့ကားလွန်းသည်ဟုပင် ထင်လာသည်။

"ဧကန္တ..."

ခေါင်းထဲ ဖြတ်ပြေးသွားတဲ့ အလင်းရောင်တစ်ခုနဲ့ နားလည်သွား၏။

"မှန်တယ်....ဒါက လျှိုဝှက်မှော်အခင်းအကျင်းရဲ့ သားရဲအသွင်သဏ္ဌာန်ပဲ....အခုမှ ပြောင်းလဲသွားတဲ့ ရွှေသံချပ် မီးဝံပုလွေက မဆိုးဘူးမလား!"

လုရွှမ် ရယ်လိုက်သည်။

လျှိုဝှက်မှော်အခင်းအကျင်းသည် ရန်သူ့စိတ်ကို ရှုပ်ထွေးစေပြီး အာရုံထွေပြားစေရန့ အမျိုးမျိုးသော လှည့်ဖြားမှုများကို ထုတ်ပေးနိုင်သည်။

လျှိုဝှက်မှော်အခင်းအကျင်းတွင် ဝိညာဉ်စွမ်းအား၏ အတိုင်းအတာသည် သတ်မှတ်ထားသောအဆင့်သို့ မရောက်ရှိပါက အမှားနှင့်အမှန်ကို ခွဲခြားရန် ခက်ခဲသည်။ ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် လူတစ်ယောက် ပိတ်မိနေလျှင်ပင် သူသည် အမှောင်ကျခြင်းကိုသာ ခံစားနိုင်ပေသည်။

"မင်း ဂိုဏ်းဆရာနယ်ပယ်ကို မကြာသေးမီကမှ အဆင့်တိုးခဲ့တာ... တကယ်တော့ မင်းဟာ အဲဒီတုန်းက ပါရမီရှင်တစ်ယောက်.... တကယ့် ဂိုဏ်းဆရာနယ်ပယ်နဲ့ တစ်လှမ်းပဲဝေးတယ်...မင်းရဲ့ ကျင့်ကြံမှုတွေက ဒီနှစ်တွေအတွင်းမှာ အများကြီး မတိုးလာပေမယ့် အခု မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ၀.၇အထိ တိုးလာတယ်...မင်းတောင် စိတ်ရှုပ်သွားတယ်ဆိုတော့ ဂိုဏ်းဆရာနယ်ပယ် အထွတ်အထိပ် အဆင့်ကလူလည်း ထွက်ပြေးဖို့ ခက်ခဲမှာပဲ!"

စမ်းသပ်ပြီးနောက် လုရွှမ် ပြုံးလိုက်သည်။

မုယန်ဖုန်းသည် ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့် မဖြစ်ခင်အထိ သူသည် ဤနှစ်များအတွင်း ရုန်းကန်နေရသည့်အတွက် ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအားသည် အလွန်ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည်။

ပြဿနာကို ဖြေရှင်းပြီးနောက် ယခင်က ကန့်သတ်ထားသော အဆင့်များကို ဖြတ်ကျော်ကာ ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ခုန်တက်ကာ အရှိန်အဟုန်ဖြင့် တိုးလာနေပြီး အရင်ကကဲ့သို့ အသုံးမဝင်တော့ပါ။

၀.၇အထိ တိုးလာကာ ယွမ်ဟုန်နှင့် လော်ယန်ချင်းတို့ထက်ပင် သာလွန်နေပြီ။

ဤဝိညာဉ်စွမ်းအား အတိုင်းအတာမျိုးသည် လျှိုဝှက်မှော်အခင်းအကျင်း အတွင်း၌ ရွှေသံချပ် မီးဝံပုလွေ၏ အစစ်အမှန်နှင့် အတုအယောင်ကို မပြောနိုင်ပေ။

"အခင်းအကျင်းရဲ့ အကျိုးသက်ရောက်မှုက အရမ်းကောင်းပေမယ့် ဝိညာဥ်စွမ်းအား တော်တော်ကုန်တယ်!"

ဤလျှို့ဝှက်ဆန်းကြယ်သော မှော်အခင်းအကျင်း၏ စွမ်းအားကို ကျေနပ်ပေမယ့် လုရွှမ် အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။

အကူအညီမဲ့ရခြင်းမှာ စွမ်းအား ကြီးမားသော်လည်း သုံးစွဲရသော ဝိညာဥ်စွမ်းအင်မှာ အလွန်များသောကြောင့်ပင်။

သုံးမိနစ် မပြည့်ခင်မှာပဲ ထောင်ချီတဲ့ ဝိညာဥ်ချီကို သုံးပြီးသွားပြီ။

အခြားသော သန်မာသည့် ကျင့်ကြံသူအား မပိတ်မိသေးဘဲ သူကိုယ်တိုင်သာ တွန်းထုတ်ခြင်း ခံရပြီး ပင်ပန်းလို့ သေသွားမှာပင် ကြောက်ရသည်။

သူ့မှာ ပထမအဆင့် နန်းတော်ပင်လယ်ကြီး ရှိနေတာ ကံကောင်းသွားသည်။ ဒါတောင် သူ့ရဲ့ စွမ်းအင် အရန်ရဲ့ သုံးပုံတစ်ပုံ အပြည့် သုံးစွဲထားပြီးပြီ။ နောက်ထပ် မိနစ်အနည်းငယ် ကြာအောင် ဆက်နေမယ်ဆိုရင် သူတိုက်ရိုက် ရှုံးနိမ့်သွားနိုင်ပါသည်။

ထို့ကြောင့် အစွမ်းထက်သော အခင်းအကျင်းဖြင့်ပင် မိမိကိုယ်တိုင် ကျင့်ကြံထားမှု မအောင်မြင်ပါက သန်မာသူများကို သတ်ရန် ခက်ခဲလိမ့်မည်။

"အဲဒါကို သုံးပြီးတာနဲ့ မြန်မြန်ဖြေရှင်းရမယ်"

ဤအခင်းအကျင်းသည် ဝိညာဥ်ချီ များစွာကို ကုန်ခမ်းစေသည်။ တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်သောအခါ အချိန်အကြာကြီး နှောင့်နှေး၍ မရပါ။ မဟုတ်ပါက အခြားသူများကို မဖမ်းမိခင် ဝိညာဥ်စွမ်းအင်တွေ လုံးလုံးလျားလျား ကုန်ခမ်းသွားနိုင်သည်။

"သခင်ငယ်လေး...ကျွန်တော်တို့ ဘယ်တော့ လှုပ်ရှားကြမှာလဲ?"

မုယန်ဖုန်းသည် သူ့ရှေ့မှ သခင်ငယ်သည် ကျောင်းအုပ်ကြီးဟန်ကို တိုက်ခိုက်နိုင်သည်ကို ယခုအချိန်တွင် သိလိုက်သောကြောင့် ကြောက်ရွံ့နေမည့်အစား အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

ဒါဟာ ဂိုဏ်းဆရာနယ်ပယ် ဖြစ်လာပြီး သူ့ရဲ့ပထမဆုံး တိုက်ပွဲဖြစ်ပြီး သူအောင်မြင်ခဲ့မယ်ဆိုရင် ဒါဟာ သူ့ကို ယုံကြည်မှု အပြည့်ရှိစေမှာ ဖြစ်သည်။

"လှုပ်ရှားဖို့ မလိုသေးပါဘူး.... ဒါပေမဲ့ ငါတို့ လောလိုက်တာနဲ့ နည်းနည်းလေးမှ မဆိုင်းမတွဘဲ တန်ပြန်တိုက်ခိုက် ခံရနိုင်တယ်....ဒါမှမဟုတ်ရင် လျှို့ဝှက်မှော်အခင်းအကျင်း ရှိနေရင်တောင် ငါတို့မှာ သေလမ်းတစ်လမ်းပဲ ရှိသွားလိမ့်မယ်!"

လုရွှမ်က လေးနက်စွာ ရှင်းပြသည်။

"နားလည်ပါပြီ!" မုယန်ဖုန်း ခေါင်းညိတ်လိုက်သည်။

ကျောင်းအုပ်ကြီးဟန်၏ စွမ်းအား ၅၀၀၀၀ အပြည့်ဖြင့် ဂိုဏ်းဆရာနယ်ပယ်က ပြီးပြည့်စုံခြင်း အဆင့် သန်မာသူဖြစ်သည်။ ထိုသန်မာမှုကို ကိုင်တွယ်ရန် တစ်ချက်တည်းနှင့် သတ်၍မရပါ။ ရှုံးနိမ့်နိုင်ခြေက အရမ်းများလေသည်။

ဒါပေါ့။ သူက [တစ္ဆေအုပ်စု]ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး ကုဒ်တွေနဲ့ စည်းကမ်းတွေကို သိရင် သူ့ကိုတိုက်ခိုက်ဖို့ မလိုအပ်ပါဘူး။

လျှိုဝှက် မှော်အခင်းအကျင်းကို စမ်းသုံးကြည့်ပြီးနောက် နှစ်ယောက်သား အားလုံးကို စီစဥ်ပြီးနောက် ဝူယန်အကယ်ဒမီ၏ ဌာနခွဲတွင် သီးသန့်နေရာ တစ်ခုဆီကို ပြန်လာခဲ့ကြသည်။

လက်ရှိအချိန်မှာ မှောင်နေလေပြီ။ တောက်ပတဲ့ လဟာ သစ်ပင်ထိပ်တွေမှာ ချိတ်ဆွဲပြီး ကွဲအက်နေတဲ့ အကိုင်းအခက်တွေနဲ့ အရွက်တွေကို ဖြတ်ပြီး ရှုတ်ထွေးနေတဲ့ အရိပ်တွေကို ရိုက်နှိပ်နေ၏။

"ညီအစ်ကိုလုရေ... မင်းဘယ်ကို ရောက်နေတာလဲ? အားလုံးက ဒီမှာစောင့်နေကြတာ"

ခြံထဲသို့ ဝင်လိုက်သည်နှင့် ဟွာချောင်က ဝမ်းသာသော မျက်နှာဖြင့် နှုတ်ဆက်လညသည်။

"ငါ့ကိုစောင့်နေတာလား" လုရွှမ် လှမ်းကြည့်လိုက်သည်။

သူ့ကိုဘာလုပ်ဖို့ စောင့်နေတာလဲ။

"ဒီညပွဲရှိတယ်လေ မင်းမေ့နေတာလား..."

သူ့အမူအရာကို မြင်တော့ ဟွာချောင်မှ မေးလာ၏။

"အင်း……"

လုရွှမ်သည် နေ့ခင်းဘက်တွင် ကျောင်းအုပ်ကြီးဟန်နှင့် ပွဲအကြောင်းပြောပြီး သူကိုယ်တိုင် သဘောတူလိုက်သော်လည်း လျှိုဝှက်မှော်အခင်းအကျင်း လုပ်ရန် အလွန်အလုပ်များနေသဖြင့် ၎င်းကို လုံးဝ မေ့သွားခဲ့သည်။

"မင်း……"

ဟွာချောင် သူ့ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်ပြီး

"မင်း ဒီအရွယ်မှာ ဘာလို့ဒီလောက် ခွန်အားတွေ ရနိုင်တာလဲဆိုတာ ငါသိသွားပြီ!"

သင်ဟာ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ သာမာန်လူတွေထက် သာမာန်လူတွေထက် ထက်မြက်တဲ့ အလုပ်နဲ့ ကြိုးစားမှုမရှိဘဲ သင်မအောင်မြင်နိုင်ပါဘူး။

သူ့လိုပေါ့။ ဒီနေ့ သူပြန်လာတာနဲ့ ပွဲအကြောင်း တွေးပြီး ငြိမ်ငြိမ်မနေဘဲ ကျင့်ကြံချိန်တောင် မရခဲ့ချေ။ သူ့ရှေ့က လူငယ်လေးဟာတော့ အဲဒါကို လုံးဝမေ့ထားပြီး သူ့အလုပ်သူ လုပ်နေခဲ့သည်။

"ဒီပွဲက ဘယ်သူလဲတွေ လာမှာလဲ?"

မသိလိုက်ဘဲ ပွဲတစ်ခုကို မေ့သွားခဲ့ရာ တစ်ဖက်လူက အရမ်းတွေးလိမ့်မယ်လို့ လုရွှမ် စဥ်းစားမိပေမယ့် တစ်ချက်ကြည့်ပြီး မေးသာမေးလိုက်သည်။

တကယ်တော့ သူက ဒီလိုပွဲမျိုးကို မကြိုက်သလို မပါဝင်ချင်ပါဘူး။

ဒီအချိန်တွေကို ဖြုန်းတီးလိုက်တာထက် စာရင် မြန်မြန်လေ့ကျင့်တာက ပိုကောင်းပါတယ်။

ကျင့်ကြံမှုတွင် သိသာထင်ရှားသော တိုးတက်မှုကို မဆောင်ရွက်နိုင်သော်လည်း အနည်းငယ်စုဆောင်းခြင်းသည် များပြားနေသရွေ့ စုဆောင်းမှု လုံလောက်ပါက အရည်အသွေး ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်။

"ငါတို့ထဲက တချို့က ဒီမှာပဲ.... ကျန်တဲ့တချို့က အတွင်းခန်းက လူတွေနဲ့ အငယ်တန်း ကျောင်းသားတွေပါ.... မင်းက ငါတို့ကို ကယ်တင်လိုက်တဲ့ သတင်းကို ကြားပြီးတာနဲ့ လူတိုင်းက အဲဒီပါရမီရှင်ကို တွေ့ချင်နေကြတယ်လေ"

ဟွာချောင်က မျှော်လင့်တကြီး ကြည့်နေသည်။

"ကျောင်းအုပ်ကြီးလည်း ပါဝင်မှာပါ.... မင်းသူ့ကို ကတိပေးထားတယ်နော်... အခုအချိန်မှ မသွားဘူးလို့ မပြောရဘူး"

"ကောင်းပြီ!" လုရွှမ် ခေါင်းညိတ်လိုက်သည်။

မသွားချင်ဘူး ဆိုရင်တောင် ငြင်းစရာအကြောင်း မရှိသလို တစ်ဖက်လူနဲ့လည်း သဘောတူပြီးသား ဖြစ်နေပြီလေ။

ပွဲကို ရုံးခွဲ၏ အကြီးဆုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ လုရွှမ် အထဲသို့ ဝင်သွားသော် ပင်မခန်းမထဲ လူများစွာရောက်ရှိနေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

အားလုံးနီးပါးမှာ အသက်၁၆ ၁၇ လောက်သာ ရှိသော လူငယ်များ ဖြစ်ကြသည် ။

"ညီလေးလု....ဒီဘက်ပါ...."

သူ မဝင်သွားခင်မှာ အော်ဟစ်သံများကို ကြားလိုက်ရသည်။ ထိုသူများမှာ တောထဲမှာ အတူတူ ဒုက္ခရောက်ခဲ့ကြတဲ့ သူငယ်ချင်း တချို့ပဲ ဖြစ်သည်။

ဝမ်ရန်၊ လျိုခိုင်၊ ကျောင်းဟောင်ပင်။ ဟန်ရွှယ်မှလွဲ၍ ကျန်သူများ အားလုံး ထိုနေရာတွင် ရှိနေပါသည်။

သေခြင်းရှင်ခြင်း တိုက်ပွဲကို အတူတကွ ရင်ဆိုင်ရသည့် အတွေ့အကြုံများကြောင့် လူတိုင်းကြားက ဆက်ဆံရေးသည် အခြားသူများနှင့်ထက် ပိုမိုရင်းနှီးသည်။

လုရွှမ် မငြင်းဘဲ လျှောက်သွားလိုက်သည်။

ဤပွဲသည် သာမာန်ပွဲတစ်ခုမျှသာ ဖြစ်ပြီး စည်းမျဥ်းများစွာ မရှိပေ။ လုရွှမ်သည် စားပွဲပေါ်ရှိ ဝိုင်ကောင်းများကို သောက်ကာ လူအများအပြားကြားတွင် ထိုင်နေလေသည်။

သူပြန်လည် မွေးဖွားပြီးကတည်းက လေ့ကျင့်မှုတွေနဲ့သာ ရှုပ်နေခဲ့သည်။ ရိုးရိုးသားသား ပြောရရင် ဒီနေ့လောက်ထိ အေးအေးဆေးဆေး တစ်ခါမှ မဖြစ်ဖူးသေးချေ။

ဝိုင်တစ်ခွက်ကို မော့ရင်း စိတ်ပြေလျော့မှုနှင့်အတူ လူတစ်ကိုယ်လုံး လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားသလိုပင်။

"ဟန်ရွှယ်..."

ထိုအချိန်တွင် လှပသော ရုပ်သွင်သည် ခန်းမထဲသို့ ဝင်လာသည်။ ၎င်းမှာ ဟန်ရွှယ်ပင် ဖြစ်သည်။ သူမ၏ နောက်ကွယ်တွင် သဘာဝအလျောက် ဖြောင့်မတ်ဟန် ရှိသော "ပါရမီရှင်" သခင်လေးချင်ဟွား ဖြစ်သည်။

"ငါပြောနေတယ် နင်ငါ့နောက်ကို လိုက်စရာမလိုဘူးလို့!"

ဟန်ရွှယ်သည် သူမ၏ခြေထောက်ကို စောင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အော်ဟစ်၍ ခန်းမဆီသို့ လျှောက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လူအုပ်ထဲက လုရွှမ်ကို ရုတ်တရက် တွေ့လိုက်သည်။

သူမ၏လှပသော မျက်လုံးများ တောက်ပလာကာ ထိုလမ်းကြောင်းဆီသို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။

All Chapters