← Chapters

စိတ်ဝိညာဥ်စွန့်ခွာခြင်း

Vol. 12 Ch. 2.17

စိတ်ဝိညာဥ်စွန့်ခွာခြင်း

Vol. 12 Ch. 2.17

ဝမ်ရန်နှင့် ကျောင်းဟောင်တို့သည် လုရွှမ်၏ ဘယ်ဘက်တွင် ထိုင်နေပြီး ဟွာချောင်နှင့် လျိုခိုင်သည် ညာဘက်တွင် ထိုင်နေကြသည်။ ဟန်ရွှယ်သည် ဝမ်ရန်သို့ တိုက်ရိုက်ရောက်လာသည်။

"နင်ဟိုဘက်ကို သွားထိုင်!"

စကားပြောပြီးနောက် ဝမ်ရန်၏ ကန့်ကွက်မှုကို မစောင့်ဘဲ သူ့နေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

"ကောင်းပြီ!"

ကျောင်းအလှလေးရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ မာနကြီးမှုကို မြင်တော့ ဝမ်ရန်က ပြုံးစိစိနဲ့ မတ်တပ်ထရပ်ပြီး တစ်ဖက်မှာ ပြောင်းထိုင်လိုက်သည်။

ဘဝ၏သေခြင်း ရှင်ခြင်းတို့ကို အတူတကွ တွေ့ကြုံခံစားခဲ့ကြရပြီး ၎င်းတို့သည် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။ ဤအသေးအဖွဲ့ ကိစ္စကြောင့် စိတ်ဆိုးမည် မဟုတ်ဘဲ အများဆုံး ဟာသတစ်ခုလို စကြရုံသာ ဖြစ်သည်။

"ပန်းလေးဟန်က ဝမ်ရန်ကို မောင်းထုတ်ပြီး ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်နဲ့ ထိုင်နေတာပဲ... သူက ဘယ်သူလဲ?"

"မင်းသူ့အကြောင်းတောင် မသိဘူးလား သတင်းက နောက်ကျသွားပြီ.... သူ့နာမည်က နျဲ့ယွင် လို့ ငါကြားမိတယ်.... တောထဲမှာ ရွှေသံချပ် မီးဝံပုလွေကို အနိုင်ယူပြီး စီနီယာဟွာချောင်နဲ့ တခြားသူတွေကို ကယ်တင်ခဲ့တာတဲ့!"

"ရွှေသံချပ် မီးဝံပုလွေကို ခြေလှမ်းတစ်ဝက် ဂိုဏ်းဆရာသခင်အဖြစ် လူသိများတယ်လေ.... သူ့ကို အနိုင်ယူနိုင်တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား... ဒီကလေးမှာ ဒီလိုမျိုး ခွန်အားတွေ ရှိနေပါ့မလားကွ!"

"ငါလည်းမသိဘူး ဒီအတိုင်း ကြားမိတာ..."

......

လူတိုင်းကို လျစ်လျူရှုလေ့ရှိပြီး ရေခဲကဲ့သို့ အေးစက်နေသော ပန်းကလေးဟန်သည် အခြားသူကို ထွက်သွားရန် နှင်ထုတ်ပြီး သူစိမ်းလူငယ်တစ်ဦးနှင့် ထိုင်ချင်နေသည်ကို တွေ့ရတော့ လူတိုင်း အံ့သြသွားကြသည်။

"ဒီကလေးရဲ့ ကံကိုက မကောင်းတာ ဖြစ်မယ်ထင်တယ်!"

"ဟုတ်တယ်... သခင်လေးချင်ဟွာက ဟန်ရွှယ်ကို ကြိုက်တယ်ဆိုတာ ဘယ်သူက မသိလို့လဲ? လူတိုင်းရှေ့မှာ တခြားယောက်ျားတွေကို ရှာနေတာလေ သူစိတ်မဆိုးမှ ထူးဆန်းဦးမယ်!"

"သခင်လေးချင်ဟွာက ဂိုဏ်းဆရာနယ်ပယ်က သန်မာတဲ့လူပဲ သူ့ရဲ့ ဓားပညာကလည်း အထူးကောင်းမွန်တယ်.... ရွှေသံချပ် မီးဝံပုလွေကို သတ်ဖို့က ဘာမှတောင် လုပ်စရာမလိုဘူး သူ့ရှေ့မှာဆို အားနည်းပြီးသားပဲ"

.... ...

လူများစွာသည်လည်း ရယ်မောပြီး လုရွှမ်ကို စာနာစိတ်ဖြင့် ကြည့်လာကြသည်။

ဟွာချောင်နဲ့ တခြားသူတွေရဲ့အမြင်မှာတော့ ချင်ဟွာရဲ့ စရိုက်က လေးစားလောက်စရာ မကောင်းပေမယ့် တကယ်တော့ သူဟာ ဒီလောက်အရွယ်မှာ ဂိုဏ်းဆရာအဆင့်ကို ရောက်နေပါပြီ။

သူ့နောက်ကွယ်က မိသားစုရဲ့ ပံ့ပိုးမှုတွေနဲ့တောင် သူ့ရဲ့ အရည်အချင်းက အလွန်သန်မာပြီး သူ့ဓားစွမ်းထက်မြက်မှုက ပိုလို့တောင် အထင်ကြီးစရာကောင်းသည်။ အကယ်ဒမီမှာ သစ္စာစောင့်သိတဲ့ ပရိသတ်တွေ အများကြီး ရှိနေပါသေးသည်။

သေချာတာပေါ့။ ချင်ဟွာက သူ့ပုံသေရွေးချယ်ထားတဲ့ အမျိုးသမီးကိုက သူ့ကို လျစ်လျူရှုပြီး တခြားယောက်ျားဆီ တိုက်ရိုက်လျှောက်သွားကာ အတူတူထိုင်နေတာ မြင်ရတော့ သူ့မျက်လုံးတွေ ရုတ်တရက် နီရဲလာခဲ့သည်။

လက်သီးဆုပ်လိုက်တဲ့ အသံနဲ့အတူ လူသတ်ချင်စိတ်တွေ ဖြစ်ပေါ်လာပြီး သူသာ ထိုဘက်ကို လျှောက်သွားလိုက်သည်။

"အဖွဲ့ချုပ်လု... ရှင့်မှာ ဒီလိုအရည်အချင်းတွေ ရှိတယ်နောက် ဒါပေမဲ့ ကျွန်မကို လုံးဝမပြောပြဘူး.... သူငယ်ချင်းဖြစ်ဖို့ မလုံလောက်သေးလို့လား?"

ဟန်ရွှယ်သည် သူမ၏ လုပ်ရပ်ကို အခြားသူများ မည်ကဲ့သို့ တွေးတောစေခဲ့သည်ကို မသိဘဲ သူမရှေ့မှ လူငယ်ကို စိုက်ကြည့်ကာ သွားများကိုကြိတ်၍ ဆိုလိုက်သည်။

သူမသည် အခင်းအကျင်း ဖွဲ့စည်းခြင်းကို နှစ်သက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တတိယအဆင့် အခင်းအကျင်းပညာရှင် နယ်ပယ်သို့ပင် ရောက်ရှိခဲ့သည်။ သူ့ရှေ့မှ လူသည် အဆင့်၆ မှော်ပညာရှင် ဖြစ်နိုင်ကြောင်း သူမသိခဲ့လျှင် အကြံဥာဏ် တောင်းခံရန် လိုအပ်သည်။

အရိုက်ခံရရင်တောင် အချိန်အကြာကြီး မဖြုန်းမိအောင် သတိထားပြီး ကောင်းကောင်း မိတ်ဆွေဖွဲ့လိုက်မည် ဖြစ်သည်။

သူမ ဒေါသတကြီး အသံကို လျှော့လိုက်သော်လည်း တုံ့ပြန်မှုမှာ တိတ်ဆိတ်နေသည်။

သူမရှေ့မှာ လုရွှမ်က သူမကို မကြည့်ဘဲ သူ့စကား မကြားသလိုပဲ လျစ်လျူရှုထားလေ၏။

"မင်း……"

လူငယ်၏ သဘောထားကို မြင်လိုက်ရတော့ ဟန်ရွှယ်၏ လှပသော မျက်နှာသည် နီရဲလာသည်။

သူမသည် ဝူယန်အကယ်ဒမီ၏ ပန်းလေးဖြစ်ပြီး သူမနှင့်စကားပြောတိုင်း သူမနောက်ကို လိုက်ရဲမည် မဟုတ်သော်လည်း စကားပြန်မပြောရဲမှာတော့ မဟုတ်။ သူ့ရှေ့မှဒီလူက အဆင်ပြေသဖြင့် သူမကိုယ်တိုင် ပြေးသွားသော်လည်း တစ်ဖက်လူက သူမကို လျစ်လျူရှုခဲ့သည်။

"ဟန်ရွှယ်....မင်း ဘာပြောလိုက်တာလဲ? ညီလေးလုက ဘယ်တုန်းက အဖွဲ့ချုပ်ဖြစ်သွားတာလဲ?"

ဒီမြင်ကွင်းကို သူ့မျက်လုံးထဲမှာ မြင်လိုက်ရတော့ ဟွာချောင်က သူတို့နှစ်ယောက် ရထန်ဖြစ်မှာကို ကြောက်တာနဲ့ ချက်ချင်း ထမေးလိုက်သည်။

"ဟမ့် ဒီကောင်လေးက အံ့သြစရာကောင်းတဲ့ အရည်အချင်းတွေ ရှိတယ်... သူက ဟန်ယန် အခင်းအကျင်း ပညာရှင်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ဖြစ်လာဖို့ အဘိုးကျောက်ရဲ့ ဖိတ်ကြားချက်ကို လက်ခံထားပြီးသား!"

ဟန်ရွှယ်က အော်ပြောလိုက်သည်။

"ဟန်ယန် အခင်းအကျင်း ပညာရှင်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်?"

"ဟန်ယန် အခင်းအကျင်း ပညာရှင်အဖွဲဲ့က ဝူယန်အဖွဲ့အစည်းလောက် မကောင်းပေမယ့် ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ဖြစ်ဖို့ အနည်းဆုံး အဆင့်၆ အခင်းအကျင်း ပညာရှင် ဖြစ်ရမယ်.... မင်းဘာကိုဆိုလိုတာလဲ?... ညီလေးလု မင်းမှာ အဲဒီစွမ်းရည် ရှိနေတာလား?"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အဆင့်၆ အခင်းအကျင်းပညာရှင် တစ်ယောက်ဖြစ်ဖို့ ဝိညာဉ်စွမ်းအားက အနည်းဆုံး ၀.၈ ရှိဖို့လိုတယ်...ညီလေးလုက အရမ်းငယ်သေးတယ်လေ..."

......

ဟွာချောင်၊ ဝမ်ရန် နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

သူတို့အားလုံးဟာ ဝူယန်အကယ်ဒမီရဲ့ အတွင်းခန်းမှာ အောင်မြင်ကျော်ကြားတဲ့ ကျောင်းသားတွေပါ။ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ဘွဲ့အကြောင်း တော်တော်များများ သိကြပြီး ဒီလိုရာထူးမျိုးမှာ လုံလောက်တဲ့ ခွန်အားမရှိဘူး ဆိုတာလည်း သဘာဝအတိုင်း သိကြပြီးပြီ။

"သူက [ပျက်ပြယ်အခင်းအကျင်း] ကို လွယ်လွယ်ကူကူ ရေးဆွဲပြနိုင်တယ်....နင်တို့ပြော သူကအဆင့်၆ အခင်းအကျင်းပညာရှင် အဆင့်ကို ရောက်နေပြီလား ဆိုတာ?"

လူတိုင်းက မယုံကြတာကို မြင်တော့ ဟန်ရွှယ်က အော်ဟစ်လိုက်သည်။

"ပျက်ပြယ်အခင်းအကျင်း?"

"အခင်းအကျင်း မှော်ပညာရှင်ကြီးတွေပဲ ချပြနိုင်တဲ့ ပျက်ပြယ်အခင်းအကျင်း?"

"မင်းပြောတာသေချာလား?"

.......

ဒါတောင် လူတိုင်းက မယုံနိုင်သေးဘူး။

အခင်းအကျင်း ပညာရှင်များသည် အခင်းအကျင်း ဖွဲ့စည်းမှုများကို နားလည်ပြီး မရေမတွက်နိုင်သော ပုံစံများကို အလွတ်ကျက်ရန် လိုအပ်ပါသည်။

တစ်စုံတစ်ယောက်သည် ဉာဏ်ကောင်းပြီး ငယ်ရွယ်စဉ် အဆင့်၆ အခင်းအကျင်း ဖွဲ့စည်းမှုများကို မှတ်မိနိုင်တာက ဘာမှမဟုတ်သော်လည်း စိတ်စွမ်းအား ပမာဏကို လျင်မြန်စွာ တိုးမြှင့်ရန် မဖြစ်နိုင်ပေ။

ပုံမှန်အားဖြင့် ၀.၅ အတိုင်းအတာသည် ပြီးမြောက်ရန် အနည်းဆုံး အသက် ၃၀ နှစ်ရှိကြရာ အသက်၁၆ သို့မဟုတ် ၁၇ ၏ ၀.၈ အတိုင်းအတာ ရှိနေတာကို တစ်ခါမှ မကြားဖူးပါ။

"ယုံချင်ယုံ မယုံချင်နေ!"

ဤမျှလောက်ပြောပြီးနောက် လူတိုင်းတွင် ဤအမူအရာများ ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် ဟန်ရွှယ်သည် မရှင်းပြတော့ဘဲ သူ့ရှေ့မှ လူငယ်ကို ဆက်လက်ကြည့်ကာ

"အဘိုးကျောက်က ကျွန်မအချိန်ရရင် ရှင့်ဆီက အခင်းအကျင်း ပုံစံတွေကို အတူ သင်ယူသင့်တယ်လို့ ပြောတယ်...သေရေးရှင်ရေးကိုတောင် ကျော်ဖြတ်ပြီးပြီပဲ ရှင်ကျွန်မကို မငြင်းသင့်ပါဘူး ဟုတ်တယ်မလား?"

သူသည် လူငယ်လေး၏ လျစ်လျူရှုမှုကို အမှန်ပင် နားလည်သဘောပေါက်ခဲ့သည်။ သူမ၏ အခြားသူများ၏ မျက်လုံးများတွင် အပြည့်အ၀ရှိသော ကျက်သရေသည် သူ့မျက်လုံးများတွင် သက်ရောက်မှုမရှိပေ။

စိတ်ပျက်အားငယ်စွာနဲ့ သူငယ်ချင်းဖွဲ့ဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး။

ဟုတ်ပါတယ်။ သူမဟာ အခင်းအကျင်း ဖွဲ့စည်းမှု နည်းပညာတွေကိုလည်း တကယ် လေ့လာချင်တယ်လေ။

ဒါပေမဲ့……

ကောင်လေးက မလှုပ်သေးဘဲ သူမစကားကို နားမထောင်သလို သစ်တိုင်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေခဲ့ပြန်သည်။

"လုရွှမ်....."

လျစ်လျူရှု ခံရပြန်သည်ကို မြင်ရသောအခါ ဟန်ရွှယ်သည် ဒေါသအမျက် ထွက်တော့မည့်အခိုက် ဟွာချောင်က သူမကိုတားလိုက်သည်။

"မလောပါနဲ့...ညီလေးလုက မင်းကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူမရှုပါဘူး.... ဒါပေမဲ့ သူစိတ်ဝိညာဥ် ပျံ့လွင့်စွန့်ခွာနေလို့ ဖြစ်မယ်..."

ဟွာချောင်ဟာလည်း လုရွှမ်မှာ တစ်ခုခုမှားနေတာကို မြင်လိုက်ရလေသည်။

တွေ့တာမကြာသေးသလို ဒီလူငယ်လေးဟာ နည်းနည်း အေးတယ်ဆိုတာလည်း သိကြပေမယ့် သူ့သူငယ်ချင်းတွေကို ဘယ်တော့မှ မစွန့်ပစ်တတ်ပေ။

ဟန်ရွှယ်သည် အကြိမ်ပေါင်းများစွာ ဆက်တိုက် လစ်လျူရှု ခံလိုက်ရသည်က တစ်ခုခု မှားနေပေလိမ့်မည်။ သေချာလောက်အောင်ပင် ဂရုတစိုက်ကြည့်လိုက်တော့ ရုတ်တရက် တစ်ခုခု မှားနေသည်ကို တွေ့လိုက်ရသည်။

သူ့ရှေ့က လူငယ်သည် မလှုပ်မယှက်ဖြင့် သူ့စိတ်ဝိညာဥ် ပျံ့လွင့်သွားကာ တစ်မျိုးမျိုးသော အတွေးထဲသို့ ကျဆင်းသွားသလိုပင်။

စိတ်ဝိညာဥ် ပျံ့လွင့်ခြင်းသည် ကျင့်ကြံခြင်းအတွက် အထူးအခွင့်အရေး ဖြစ်ပြီး ဤအခြေအနေတွင် ပိတ်ဆို့မှုများစွာကို မကြာခဏဆိုသလို ဖြတ်ကျော်သွားတတ်သည်။ ယင်းမှာ မရေမတွက်နိုင်သော သိုင်းပညာရှင်များတွင် တွေ့ခဲသော အရာဖြစ်သည်။

ဟွာချောင်နဲ့ တခြားသူတွေဟာ အခုအချိန်အထိ လေ့ကျင့်နေကြပေမယ့် သူတို့မှာ တစ်ခါမှ မကြုံဖူးလို့ မရိုးမရွ ဖြစ်ခဲ့ဖူးပါသည်။ သူတို့ရှေ့က လူငယ်လေးဟာ အစာစားပြီးတာနဲ့ ပညာရှင်တွေသာ ခံစားနိုင်တဲ့ ခံစားချက်ကို ခံစားနိုင်နေသည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ လိုက်ဖို့ ခဲယဉ်းတဲ့ အစွမ်းသတ္တိတွေ ရှိနေတာ အံ့သြစရာ မရှိတော့ပါဘူး။

"စိတ်ဝိညာဥ် စွန့်ခွာသလိုမျိုးလား?"

ထိုရှင်းပြချက်ကို ကြားတော့ ဟန်ရွှယ်သည် နောက်ဆုံးတွင် သူမအာရုံ တစ်ဖက်လူထံ ရောက်သွားခဲ့သည်။

စိတ်ဝိညာဥ် စွန့်ခွာခြင်းသည် အထူးအနှောက်အယှက် မဖြစ်လိုသော အခြေအနေတစ်ခု ဖြစ်သည်။

တစ်ဖက်သားက သူမစကား အရမ်းပြောပေမယ့် ဆက်တိုက် လျစ်လျူရှုနေတာ အံ့သြစရာတော့ မရှိပါဘူး။

သူမတုံ့ပြန်လိုက်သည်နှင့် သူမရှေ့မှ ခြေသံများထွက်ပေါ်လာပြီး ချင်ဟွာသည် အေးစက်သောမျက်နှာထားဖြင့် လုရွှမ်ကို အနီးကပ် စိုက်ကြည့်နေသည်။

"ကောင်လေး...ငါမင်းကို စည်းကမ်းချက်လေး ပြောပြရလိမ့်မယ် ထင်တယ်"

သူရွေးချယ်ထားသော မိန်းကလေးသည် ဤကောင်လေးနှင့် အတူထိုင်ရန် အစပြုရုံသာမက သူနှင့်လည်း စကားဆက်ပြောသည်ကို မြင်လိုက်ရသဖြင့် ချင်ဟွာ၏ မနာလိုစိတ်က မီးတောက်ကဲ့သို့ လောင်ကျွမ်းသွားကာ ဤကောင်လေးကို အပိုင်းပိုင်း ဖြတ်ဖို့ အပြေးအလွှား ရောက်ရှိလာလေသည်။

ဂုဏ်သရေရှိတဲ့ ဂိုဏ်းဆရာနယ်ပယ် သူက အရှေ့ကိုရောက်လာပြီး ဒီလိုပြောတဲ့အခါ လူငယ်လေးဟာ ထိတ်လန့်သွားပြီး မတည်မငြိမ် ဖြစ်သွားမယ်လို့ မထင်ထားပေမယ့် တစ်ဖက်လူက သူ့ကို လုံးဝမမြင်ဖူးသလိုပဲ လျစ်လျူရှုထားလေ၏။

All Chapters