ချင်ဟွာ ဒေါသထွက်သွားပြီ
Vol. 12 Ch. 2.18
"ဒီကောင်လေးက သခင်လေးချင်ဟွာကို တကယ် လျစ်လျူရှုလိုက်တာလား?"
"ဦးနှောက်များ မကောင်းတော့တာလား"
"ရူးသွားပြီ!"
......
ဒီမြင်ကွင်းကို သူတို့မျက်လုံးထဲမှာ မြင်လိုက်ရတော့ တခြားကျောင်းသားတွေက တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြလေသည်။
သခင်လေးချင်ဟွာက ဘယ်သူလဲ?
ဝူယန်အင်ပါယာ တစ်ခုလုံးတွင် ကျော်ကြားသော ရိုက်ချက်များစွာ အပါအဝင် ဝူယန်အကယ်ဒမီ၌လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းဆရာနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ကောင်းမွန်သော မိသားစု နောက်ခံနှင့် ကြံ့ခိုင်သန်မာသည်။
လူများ မရေတွက်နိုင်အောင် အိပ်မက်မက်နေသည့် အိုင်ဒေါတစ်ဦးဖြစ်သည်။
ကျောင်းသား တော်တော်များများက သူနဲ့စကားပြောရတာကို ဂုဏ်ယူနေကြပေမယ့် သူ့ရှေ့က ဒီကောင်လေးကို စကားပြောဖို့ အစပြုခဲ့ပေမယ့် သူ့ကို လျစ်လျူရှုခဲ့လေသည်။
တော်တော် သတ္တိကောင်းတာပဲ!
မောက်မာမှု ကန့်သတ်ချက် မရှိချက်ပဲ!
"သေချင်နေတာပဲ!
သူ့သဘောထားကို မြင်တော့ သခင်လေးချင်သည် ဒေါသတွေ ပေါက်ကွဲလုမတတ် ဖြစ်လာပြီး ရှည်လျားတဲ့ လေသံဖြင့် ပြောလိုက်သည်။
"ကောင်လေး.... ငါမင်းနဲ့တိုက်ချင်တယ် မင်းသဘောတူရဲလား"
ဂုဏ်သိက္ခာရှိသော မိသားစု၏ သခင်လေး။ ဝူယန်အကယ်ဒမီ၏ မျိုးဆက်သစ်လူငယ် နံပါတ်တစ်အဖွဲ့ဝင် ဖြစ်သော သူသည် အမှန်တကယ် လျစ်လျူရှု ခံလိုက်ရတော့ သူ၏ရင်ဘတ်သည် ဒေါသကြောင့် ပူလောင်နေပြီး ပေါက်ကွဲတော့မည် ဖြစ်သည်။
သို့သော် အော်ဟစ်ပြီးနောက်တွင်လည်း သူ့ရှေ့မှ ကောင်လေးက သူ့ကို လျစ်လျူရှုထားဆဲ ဖြစ်ပြီး မျက်နှာကိုပင် မော့ကြည့်မလာခဲ့။
"မင်း……"
သခင်လေးချင်မှာ တကယ်ကို ရူးသွပ်လုနီးပါး ဖြစ်လာသည်။
ယခု သူသည် လူရွှင်တော် တစ်ယောက်လို ခံစားလာရပြီး လူအများက သူ့ကို ဂရုစိုက်မခံရတာကို ပြင်းပြင်းထန်ထန် အော်ဟစ်နေဆဲဖြစ်သည်။
"လုံလောက်ပြီ!"
ချင်ဟွာသည် လုရွှမ်၏ ငြိမ်သက်နေခြင်းကို အကြိမ်ကြိမ် အနှောင့်အယှက် ဖြစ်စေသည်ကို မြင်လိုက်ရသောအခါ ဟန်ရွှယ် သည်းမခံနိုင်တော့ဘဲ ဆတ်ခနဲ ထလိုက်ပြီး
"ချင်ဟွာ! အခုချက်ချင်း ဖယ်ပေးပါ.....နင့်ကို ဒီနေရာက မကြိုဆိုဘူး!"
သူမစကား ဝင်မပြောလိုက်ရင် ကောင်းပါ၏။ သို့သော် သူမပြောလိုက်မှ ကောင်လေးကို မျက်နှာကို ပုတ်ပြီး ကူညီပေးသလိုမျိုး ဖြစ်သွားတဲ့အခါ ချင်ဟွာမှ ဒေါသတွေ ထွက်လာခဲ့သည်။
ဒေါသမီးက အခုတော့ သူ့တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားပြီ။
"မင်းတို့ရဲ့ ကောင်းမွန်တဲ့ လုပ်ငန်းကို ငါနှောင့်ယှက်နေတယ်ပေါ့ ဟုတ်လား? မင်းနဲ့ ဒီဖောက်ပြန်သူအတွက် နေရာချဖို့ ငါ့ကို ဘေးဖယ်ထားလိုက်မယ်ပေါ့"
ခက်ထန်သော မျက်နှာဖြင့် ချင်ဟွာ၏ စကားများသည် အနည်းငယ် ကမောက်ကမ ဖြစ်သွားသည်။
ငယ်ငယ်ကတည်းက အမြဲတမ်း ချောမွေ့စွာ ရွက်လွှင့်နေခဲ့သည်။ သူ ဘယ်တုန်းက ဒီလောက်ထိ စော်ကားတာကို ခံခဲ့ရလို့လဲ။
"နင်……"
ဟန်ရွှယ်၏ လှပသော မျက်နှာသည် ဖြူဖျော့လာပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်လှုပ်သွားသည်။
လုရွှမ်ကို “ဖောက်ပြန်သူ” လို့ ခေါ်ရင် သူမကို “ပြည်တန်ဆာ” လို့ ခေါ်တာနဲ့ အတူတူဘဲ မဟုတ်လား။
"မင်းငါ့ကို တစ်ချိန်လုံး သဘောမတူတာ အံ့သြစရာ မရှိတော့ပါဘူး... အရင်းခံက ဒီမှာရှိနေတာကိုး... ဒီကောင်လေးနဲ့ အေးအေးဆေးဆေး နေချင်တယ်ပေါ့"
ချင်ဟွာရဲ့မျက်နှာက တွန့်လိမ်သွားပြီး လုရွှမ်ကို လှည့်ကြည့်လိုက်သည်။
"ကောင်လေး ငါ့စကားတွေကို မင်းကဟိုဖက်နားဝင် ဒီဖက်နားထွက် လုပ်နေတာပဲ! မင်းယောက်ျားဆိုရင် အခုချက်ချင်း ငါ့ကိုထွက်လာတိုက် မိန်းကလေးနောက်မှာ ပုန်းမနေနဲ့!"
ဟန်ရွှယ်က လုရွှမ်ကို စကားကူပြောဖို့ ရည်ရွယ်ခဲ့ပေမယ့် သူ့မျက်လုံးထဲက "ဖောက်ပြန်ခြင်း" ဟူသည့် အကြည့်ကြောင့် ပူလောင်သွားသလို ဒေါသထွက်လာကာ ချင်ဟွာကို ချက်ချင်းရိုက်သတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး။
ဒါပေမဲ့ တစ်ဖက်က အဖြေက တိတ်ဆိတ်နေဆဲပင်။
လုရွှမ်သည် ချင်ဟွာ၏ “ဒေါသကို ရင်ဆိုင်လိုက်ရပေမယ့်" ခေါင်းကိုပင် လှည့်မကြည့်သေးဘဲ တစ်ဖက်လူကို လုံးဝ ဂရုမစိုက်သလို ပြုနေ၏။
လျစ်လျူရှုသည်။
ဆက်ပြီး လျစ်လျူရှုသည်။
"ငလူး....ဒီကောင် သတ္တိကောင်းလှချည်လား?"
"အံ့သြစရာပဲ.... ဒါကစီနီယာ ချင်ဟွာနော်...ဝူယန်အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်ကြီး!"
"စီနီယာ ချင်ဟွာရဲ့ စိန်ခေါ်ချက်ကို သူက နားမထောင်တဲ့အပြင် မျက်နှာကိုတောင် လှည့်မကြည့်ဘူး.....ရက်စက်လွန်းတယ်ကွာ!"
"အခုကစပြီး လုရွှမ်က ငါ့ရဲ့ အိုင်ဒေါပဲ..."
.......
ဟန်ရွှယ်နှင့် အခြားသူများသည် အသံကို လျှော့ပြောပေမယ့် လုရွှမ် ငြိမ်သက်နေရခြင်း အကြောင်းကို မည်သူမျှ မသိကြပေ။ ချင်ဟွာကို လျစ်လျူရှု လိုက်ကြသည်ကို မြင်လိုက်တိုင်း လူတိုင်းက ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဟုပင် ထင်မြင်နေကြသည်။
ဒီကောင်လေး ရူးများသွားပြီလား?
တစ်ဖက်လူက ဂိုဏ်းဆရာနယ်ပယ်ကြီးနော်!
ဒီလောက် အစွမ်းထက်တဲ့ သူတစ်ယောက်ရဲ့ရှေ့မှာ စကားတစ်ခွန်းမှ မပြော၊ လှည့်ပင်လှည့်မကြည့်ဘဲ လုံးလုံးလျားလျား လျစ်လျူရှုထားနိုင်နေသည်။
"ဟားဟား....သခင်လေးချင် စိတ်ဆိုးသွားပြီ... ဒီကလေးတော့ သေချင်နေပြီထင်တယ်..."
"ကောင်းကင်နဲ့ မြေကြီးရဲ့ အမြင့်ကို မသိတာ ဘယ်ဟာက ကောင်းလို့လဲ? သူသေချင်မှတော့ တခြားသူတွေကို အပြစ်မတင်နဲ့တော့လေ"
"ဒီကောင်က ဟန်ဆောင်နေတာပဲလို့ ငါထင်တယ်....ခဏကြာလို့ သခင်လေးချင် ကိုယ်တိုင် လှုပ်ရှားလာတဲ့အခါ အမေတပြီး ငိုလိမ့်မယ်"
လုရွှမ်သည် ဟန်ဆောင်နေပုံရပြီး ဟန်ရွှယ်၏ အာရုံစူးစိုက်မှုကို ရရှိရန် ဤအသွင်အပြင်ကို တမင်အသုံးပြုသည်ဟု ထင်မြင်ကာ လူဆချို့က ၎င်းကို သဘောကျကြပြီး တချို့ကတော့ လှောင်ပြောင်ကြသည်။
တခြားသူသာဆိုရင် ဒီလိုလုပ်တာက အမှားအယွင်းမရှိပေမယ့် သခင်လေးချင်ဟွားကို စော်ကားတာက ဆုံးရှုံးမှုက မီးနဲ့ဆော့ကစားနေသလိုပဲ အန္တရာယ်များလိမ့်မည်။
"ကောင်းပြီ ကောင်းပြီ ကောင်လေး.... မင်းက ငါ့ကို လုံးဝ ဒေါသထွက်သွားစေတာပဲ ပြီးတော့ သခင်ကို စော်ကားတဲ့ အကျိုးဆက်နဲ့ ကံကြမ္မာကို ငါပြောပြမယ်!"
လျစ်လျူရှုခံရ ပြန်သည်ကို မြင်လျှင် ချင်ဟွာ၏ ဟောက်သံထွက်လာကာ အကယ်ဒမီ၏ စည်းမျဥ်းစည်းကမ်းများကို မထိန်းချုပ်နိုင်တော့ဘဲ လက်ဝါးကြီးဖြင့် လုရွှမ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးလာသည်။
"ချင်ဟွာ! နင် ဘာလုပ်တာလဲ!"
မထင်မှတ်ပဲ တစ်ဖက်လူက ပြောပြီးတာနဲ့ ချက်ချင်း လှုပ်ရှားလိုက်တဲ့အခါ ဟန်ရွှယ်လည်း မျက်မှောင်ကြုတ်ပြီး သူမကို လက်ဖဝါးကိုဆန့်၍ တားဆီးလိုက်သည်။ ချင်ဟွာနဲ့ တခြားသူတွေကလည်း လုရွှမ်ကို နှောင့်ယှက်မိမှာ စိုးရိမ်သွားကည သူ့ရှေ့မှာ ရပ်လိုက်ကြသည်။
"ငါသူ့ကိုသေစေချင်တယ်!"
ချင်ဟွာသည် သိပ်မလှုပ်ရှားရဘဲ ဟန်ရွှယ်ကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။ အခြားယောက်ျားအတွက်ကြောင့် သူနှင့် တိုက်ခိုက်ရန် ရွေးချယ်လာသည့် မိန်းကလေးကို မြင်သောအခါ သူ သည်းမခံနိုင်တော့ပေ။ .
မည်သို့ပင်ဆိုစေကာမူ သူသည် ဂိုဏ်းဆရာနယ်ပယ်က လူတစ်ဦးဖြစ်ပြီး စွမ်းအား ၁၀၀၀၀ ကျော်မို့ ချက်ချင်းပင် ပေါက်ကွဲထွက်ကာ ပြင်းထန်သော လေစီးကြောင်းသည် ဟန်ရွှယ်၏ တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။
လက်ဖဝါးအောက်တွင် ဟွာချောင်နှင့် အခြားသူများသည်လည်း မကူညီနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ မျက်နှာများ ဖြူဖျော့သွားကြသည်။
၎င်းတို့၏ ကျင့်ကြံမှုများသည် အတုတံဆိပ်နယ်ပယ် အစောပိုင်းနှင့် အလယ်အလတ် အဆင့်များကြားတွင်သာ ရှိပြီး ဒေါသကြီးသော ဂိုဏ်းဆရာနယ်ပယ်၏ စွမ်းအားကို ခုခံနိုင်စွမ်းမရှိပေ။
"သေစမ်း!"
ဟန်ရွှယ်နှင့် အခြားလူများကို တစ်ချက်တည်းဖြင့် တွန်းလှန်ပြီးနောက် ချင်ဟွာ၏ ပြင်းထန်သော လက်ဖဝါးသည် လုရွှမ်၏ ခေါင်းဆီသို့ တည့်တည့်ကျရောက်သွားသည်။
ဝုန်း!
သူ့ရှေ့ကို မရောက်ခင်မှာ ပြင်းထန်တဲ့ လက်ဖဝါး လေတစ်ချက်က လူတိုင်းကို အသက်ရှုမဝအောင် ဖိထားပြီး စားပွဲပေါ်က ဝိုင်ခွက်တွေနဲ့ ပုလင်းတွေ အကုန်လုံး ကွဲအက်သွားစေသည်။
စွမ်းအင်၏ ဗဟိုတွင်ရှိနေသည့် လုရွှမ်သည် မုန်တိုင်းကြားတွင် လူးလွင့်နေသော လှေနှင့်တူပြီး မည်သည့်အချိန်တွင်မဆို နစ်မြုပ်သွားမည့်နှယ့်။
"သန်မာလွန်းတယ်!"
"ဒါက ဂိုဏ်းဆရာနယ်ပယ်ရဲ့ ခွန်အားလား"
"ဒီကလေး သေတော့မှာပဲ!"
"ထိုက်တန်တယ်....သခင်လေးချင်ဟွာကို စိတ်ဆိုးအောင် ကစားဖို့ သူ့ကို ဘယ်သူက ပြောလို့လဲ? ဒီလို အဆုံးသတ်လိုက်တာက သူ့အပြစ်ပဲလေ"
......
ဒေါသထွက်နေသော ချင်ဟွာသည် ဟန်ရွှယ်နှင့် အခြားသူများကို တစ်ချက်လှုပ်ရုံဖြင့် တွန်းလှန်လိုက်ပြီးနောက် ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို စတင်လိုက်ရာ လူတိုင်းသည် တံတွေး မျိုချလိုက်ပြီး တုန်လှုပ်သွားကြသည်။
ဂိုဏ်းဆရာနယ်ပယ်တွေက တကယ်ကို အစွမ်းထက်လွန်းတယ်။ သူတို့သာဆိုရင် သူတို့ရဲ့ လက်ဖဝါးတွေရဲ့ အစွမ်းကို မဆိုထားနဲ့ တစ်ချက်ကန်ထုတ်လိုက်တာနဲ့ လွင့်သွားလောက်ပြီ။
"လုရွှမ်..."
လူတိုင်းက အဲလိုထင်နေရုံမက ဟန်ရွှယ်လည်း စိုးရိမ်စိတ်တွေ အပြည့်နဲ့ဖြစ်သွားသည်။
သူမအတွက်သာ မဟုတ်ရင် ချင်ဟွာဟာ ဒီလူငယ်နဲ့ ရန်ဖြစ်မှာ မဟုတ်ဘူး။
သူမ၏ နှလုံးသားထဲတွင် လုရွှမ်သည် သူမရှေ့ရှိ တစ်ဖက်လူ၏ ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က လူတိုင်းသည် ရွှေသံချပ် မီးဝံပုလွေကို အတူတကွ တိုက်ခိုက်ခဲ့ကြပြီး ချင်ဟွာသည် မီးဝံပုလွေထက် ပို၍ အစွမ်းထက်သော အရှင်သခင် ဖြစ်ပေသည်။
အဲဒီတုန်းက မီးဝံပုလွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ သူမရှေ့က ဒီလူဟာ ချင်ဟွာရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။
ဝုန်း!
လူတိုင်း၏ အံ့သြမှုနှင့် လှောင်ပြောင်သော မျက်လုံးများ အောက်တွင် ချင်ဟွာ၏ လက်ဖဝါးများက လုရွှမ်ဆီသို့ ရောက်လာသည်။
အရိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားမယ်လို့ လူတိုင်းက တွေးလိုက်ချိန်မှာပဲ ကြောင်တက်တက်ဖြစ်နေတဲ့ လူငယ်က အန္တရာယ်ကို ခံစားရပြီး သူ့ကို ပေါ့ပေါ့ပါးပါး လက်ပြန်ရိုက်လိုက်ပေ၏။
ဗုန်း!
လူတိုင်း စိတ်ကူးယဉ်ခဲ့တဲ့ အတိုင်း လူငယ်လေးဟာ ပြင်းထန်တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတာ မဟုတ်ဘဲ ချင်ဟွာရဲ့ မျက်နှာသာ ဖြူဖျော့သွားပြီး အော်သံမထွက်လာခင်မှာ စားပွဲတစ်လုံးဆီသို့ ဇောက်ထိုး လွင့်ပြေးသွားသည်။
စားပွဲပေါ် ခေါင်းကို ဆောင့်ချရင်း ဝိုင်၊ အသီးအရွက်နှင့် ဟင်းချိုများ သူ့မျက်နှာပေါ် ဖိတ်စင်ကျသွားစေသည်။