← Chapters

နဂါးဆင်ရွှေလက်ဝါး ဒုတိယအဆင့် အသေးစားအောင်မြင်မှု

Vol. 12 Ch. 2.19

နဂါးဆင်ရွှေလက်ဝါး ဒုတိယအဆင့် အသေးစားအောင်မြင်မှု

Vol. 12 Ch. 2.19

"ဒါက?"

"ဘာဖြစ်သွားတာလဲ?"

လူတိုင်း သူတို့ရှိနေတဲ့ နေရာမှာပဲ ဆွံ့အသွားကြသည်။

ချင်ဟွာရဲ့ အစွမ်းထက် လက်ဖဝါးကို လူတိုင်း မြင်လိုက်ကြသည်။ ဂိုဏ်းဆရာနယ်ပယ် အလယ်အလတ် အဆင့်ဖြစ်လို့ အတုတံဆိပ်နယ်ပယ်က လူတစ်ယောက်ဟာ သေချာပေါက် ရှောင်နိုင်မှသာ တော်ရာကျမည်။

သို့သော် တစ်ဖက်ကောင်လေးကတော့ မရှောင်တဲ့အပြင် ချင်ဟွာကိုပါ လွင့်သွားအောင် ရိုက်ထုတ်ပစ်လိုက်သည်။

တကယ်ကြီးလားဟ?

အထူးသဖြင့် ဟန်ရွှယ်၊ ဟွာချောင်၊ ဝမ်ရန်နဲ့ တခြားသူတွေဟာ သူတို့ရဲ့ ဆံပင်တွေ ထောင်ပြီး အားလုံး ရူးသွပ်သွားကြသလို ဖြစ်သွားကြသည်။

တခြားလူများသည် လုရွှမ်၏ ခွန်အားကို မသိခဲ့ကြဘဲ သူသည် ဟွာချောင်နှင့် အခြားသူများကို ကယ်တင်ခဲ့ကြောင်းသာ သိသော်လည်း ထိုလူငယ်နှင့် အတူ တိုက်ပွဲဝင်ခဲ့တဲ့ သူတို့ဟာ လူငယ်ရဲ့ ခွန်အားနှင့် အစွမ်းအစကို သိရှိထားခဲ့သည်။

ရွှေသံချပ် မီးဝံပုလွေကို အနိုင်ယူနိုင်ခဲ့တာက တိုက်ဆိုင်မှုများနှင့် ကံကောင်းမှုများ ရှိနေသည်ဟု ဆိုရပေမည်။ ထိုအရာများသာ မရှိလျှင် မည်သည့်ရလဒ် ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပါ။

တစ်နည်းအားဖြင့် ဆိုရသော် အရှေ့မှ လူငယ်သည် သူတို့ထက် သန်မာသော်လည်း သူသည် သန်မာလွန်းသည် မဟုတ်သော်လည်း အမှီလိုက်နိုင်စွမ်း ရှိသေးသည်။

ဒါပေမဲ့ သူတို့ရှေ့က မြင်ကွင်းကတော့ ဂိုဏ်းဆရာနယ်ပယ်ရဲ့ လက်ဝါးကို ပြန်ခုခံနိုင်ရုံတင်မကဘဲ လွင့်သွားအောင်ပါ ရိုက်ထုတ်နိုင်လေသည်။

မင်းဘယ်လိုများ လုပ်လိုက်တာလဲ။

ဘယ်နှစ်ရက်ရှိသေးလို့ သူ့အင်အားက ဒီအဆင့်အထိ ရောက်သွားတာလဲ?

လုရွှမ်က အရင်သေရမယ်လို့ တွေးထားတဲ့သူတွေကလည်း ဒီအချိန်မှာ ဘာဖြစ်သွားမှန်း မသိဘဲ ထိတ်လန့်သွားကြသည်။

တကယ်တော့ လူတိုင်းက ဒီလိုမျိုးတွေ သာမကဘဲ လုရွှမ်ကိုယ်တိုင်လည်း အံသြသွား၏။

"ဘာကိစ္စရှိလို့ ငါ့ကိုကြည့်နေတာလဲ?"

ဤအခိုက်အတန့်တွင် သူသည် နောက်ဆုံးတွင် နိုးထလာကာ လူတိုင်းက သူ့ကို တညီတညွတ်တည်း ကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ မမေးဘဲ မနေနိုင်တော့ပေ။

"ဘာကိစ္စရှိလို့လဲ?"

သူ့အမေးကို ကြားလိုက်သည်နှင့် သူ့မျက်နှာပေါ်ရှိ အမူအရာသည် အတုအယောင် မဟုတ်ကြောင်း မြင်လိုက်တိုင်း လူတိုင်းလိုလိုမှာ သွေးအန်ချင်စိတ်ပင် ပေါက်လာကြတော့သည်။

မင်းက ဂိုဏ်းဆရာ တစ်ယောက်ကို လေထဲကို ရိုက်ထုတ်လိုက်ပြီး သတ်မိလုနီးပါး ဖြစ်သွားတာကို ဘာကိစ္စရှိလို့လဲလို့ မေးရဲသေးတယ်နော်

"ကြည့်လိုက်……"

ဟန်ရွှယ်၊ ဟွာချောင် နဲ့ တခြားသူတွေလည်း ခဏတာ စကားမပြောနိုင်ဘဲ ဟင်းသီးဟင်းရွက်တွေ၊ ဟင်းချိုတွေနဲ့ သောက်စရာတွေ ပေကျံကာ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ချင်ဟွာကိုသာ လက်ညှိုးထိုးပြလိုက်၏။

"ဟင်? သူ..."

ယခုအချိန်တွင် လုရွှမ်သည် တစ်ဖက်လူ၏ သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရပြီး အချိန်အတော်ကြာအောင် ပြန်စဥ်းစားကြည့်ပြီးမှ သူချက်ချင်း နားလည်သွားသည်။

မတိုင်ခင်က အချိန်လေးမှာပင် သူသည် ပြင်းထန်သော အခြေအနေသို့ ကျရောက်သွားခဲ့သည်။ ဤအခြေအနေသည် ပြင်ပလောကအတွက် အာရုံမခံစားနိုင်တော့ဘဲ စကားပြောခြင်း ကဲ့သို့သော အရာများကိုပင် သူမကြားနိုင်တော့ပေ။

သို့သော် အန္တရာယ် ကျရောက်လာသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်သည် အလိုအလျောက်တုံ့ပြန်ပြီး တစ်ဖက်လူကို တန်ပြန်တိုက်ခိုက်လာမည် ဖြစ်သည်။

"ငါ... ဂိုဏ်းဆရာ နယ်ပယ်ကလူကို တစ်ချက်တည်းနဲ့ ရိုက်ထုတ်လိုက်တာလား"

သိလိုက်ရတော့ ကိုယ့်ကိုကိုယ်တောင် မယုံနိုင်တော့ဘူး ဖြစ်နေ၏။

သူသည် အတုတံဆိပ်နယ်ပယ်သို့ ရောက်ရှိသွားသော်လည်း သူ၏စစ်မှန်သော ဝိညာဥ်စွမ်းအင်မှာ ၄၀၀၀ သာဖြစ်သည်။ သူ့ကိုယ်ခန္ဓာ၏ ခွန်အား ၅၀၀၀နှင့်ပင်လျှင် အား၉၀၀၀ လောက်သာ စွမ်းအား အများဆုံး သုံးနိုင်သည်။

ခွန်အား ၁၀၀၀၀လောက် ပိုင်ဆိုင်ထားသော သခင်လေးချင်ဟွားနှင့် နှိုင်းယှဉ်လျှင် ၁၀၀၀ ကွာဟချက်တစ်ခု ရှိနေပါသေးသည်။

ကြံ့ခိုင်မှုဆိုတာ လိမ်ညာလို့ရတဲ့ အရာမဟုတ်ပေ။ မှတ်တမ်းတွေအရ ခွန်အား၉၀၀၀နဲ့ ၁၀၀၀၀ကြားက သိပ်မကြီးဘူး ဆိုရင်တောင် ဒဏ်ရာရသွားတဲ့လူက ချင်ဟွာမဟုတ်ဘဲ သူဖြစ်ရမှာလေ။

ဘယ်လိုလုပ် လွင့်သွားတဲ့သူက ချင်ဟွာဖြစ်နေပြီးတော့ သူကဘာမှ မဖြစ်တာလဲ?

"နဂါးဆင်ရွှေလက်ဝါး အဆင့်၂ အသေးစား အောင်မြင်မှု အဆင့်ပဲ! ဒီလှည့်ကွက် အသေးအမွှားက အသေးစား အောင်မြင်မှုအဆင့်ကို ရောက်စေဖို့ ရုတ်တရက် ဉာဏ်အလင်းကို ရသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး"

လုရွှမ်သည် သူ့စိတ်ထဲတွင် ရှုပ်ထွေးနေကာ သူ့ခန္ဓာကိုယ်တွင်း အပြောင်းအလဲများကို ခံစားလိုက်ရကာ သူနားလည်သွားပြီးနောက် သူ့မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပလာသည်။

မထင်မှတ်ဘဲ မတိုင်ခင်က ဝိညာဥ်စွန့်ခွာခြင်း ကဲ့သို့ အသိစိတ်ပျောက်သွားတာက အချိန်အကြာကြီး မကြာလိုက်ဘဲ ဒုတိယဝင်ခွင့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော နဂါးဆင်ရွှေလက်ဝါးသည် အသေးစား အောင်မြင်မှုအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

နဂါးဆင်ရွှေလက်ငါး၏ ပထမအဆင့်တွင် ၎င်း၏စွမ်းအားသည် ထင်ရှားလွန်းခြင်း မရှိဆချ။ ၎င်းကို သာမန်ထက် ကျော်လွန်သော သိုင်းပညာတစ်ခု အဖြစ်သာ မှတ်ယူနိုင်သော်လည်း ဒုတိယအဆင့်၏ အစတွင် စွမ်းအား ရုတ်တရက်တိုးလာသည်။

ပြီးပြည့်စုံတဲ့ အဆင့်အထိ လေ့ကျင့်နိုင်မယ်ဆိုရင် ခွန်အားကို တိုက်ရိုက် နှစ်ဆတိုးနိုင်တာ အံ့သြစရာတော့ မရှိတော့ပါဘူး။

တစ်နည်းဆိုရသော် သူ၏လက်ရှိ ဝိညာဥ်ချီ စွမ်းအားသည် ၄၀၀၀ သာဖြစ်ပြီး နဂါးဆင်ရွှေလက်ဝါးသည် ပြီးပြည့်စုံသော ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်။ လက်ဖဝါးတစ်ချက် ဆန့်လိုက်ရုံဖြင့် ကြီးမားသော ခွန်အား၈၀၀၀ ကို လုံးလုံးထုတ်သုံးနိုင်သည်။

ကိုယ်ခံပညာ တစ်ခုတည်းဖြင့် ခွန်အားကို နှစ်ဆတိုးစေနိုင်သည်။ ထိုကဲ့သို့ အကျိုးသက်ရောက်မှု မရှိပါက ဤလက်ဖဝါး သိုင်းပညာသည် မရေမတွက်နိုင်သော သန်မာသူများကို ဖိနှိပ်နိုင်သည့် ရွှမ်ချင်ဂိုဏ်း၏ ကိုယ်ခံပညာများ ဖြစ်လာမည် မဟုတ်ပေ။

"အသေးစား အောင်မြင်မှုရဲ့ ဆင်နဂါးရွှေလက်ဝါးက ခွန်အား 50% တိုးပေးနိုင်သော ဒုတိယအဆင့် ဖြစ်လာပြီ....ငါ့ရဲ့ဝိညာဥ်ချီ စွမ်းအားက ၄၀၀၀....အခု၂၀၀၀ တိုးလာပြီ။ အရင်က ရုပ်ခန္ဓာကြံ့ခိုင်မှု ၅၀၀၀....လက်တစ်ဖက်တည်းနဲ့ ၁၁၀၀၀ အားကို ထုတ်သုံးနိုင်တယ်...ချင်ဟွာအနေနဲ့ သေချာပေါက် တားဆီးနိုင်မှာ မဟုတ်ဘူး!"

ခွန်အားတိုးလာသည်ကို သိပြီးနောက် လုရွှမ်သည် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို နားလည်သွားသည်။

ကိုယ်ခံပညာအဆင့်တွင် ကျွမ်းကျင်မှု၊ အောင်မြင်မှု အသေးစား၊ အကြီးစား အောင်မြင်မှုနှင့် ပြီးပြည့်စုံမှုဟူ၍ ပိုင်းခြားထားသည်။

ဆင်နဂါးရွှေလက်ဝါး ဒုတိယအဆင့်သည် ခွန်အားကို နှစ်ဆတိုးစေပြီး အောင်မြင်မှု အသေးစားမို့ 50% တိုးလာခဲ့သည်။

ထို့အတွက်ကြောင့် ချင်ဟွာကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ပျံလွင့်သွားစေခဲ့သည်။

သူတို့နှစ်ဦးမှာ တစ်ယောက်က ခွန်အား၁၀၀၀၀ရှိကာ နောက်တစ်ယောက်က ၁၁၀၀၀။ ချင်ဟွာက ဓားသိုင်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပေမယ့် လက်ဖဝါးအားကတော့ မကျွမ်းကျင်ချေ။ ထို့အပြင် သူဒီလောက် အားကောင်းမယ်လို့ မထင်ထားတာကြောင့် သေချာပြင်ဆင်ချိန် မရလိုက်ဘဲ ဖြစ်သွားသည်။

"ငါမင်းကိုသတ်မယ်!"

ချင်ဟွာ၏ ဆံပင်များ ပုံပျက်ကာ သူ့တစ်ကိုယ်လုံးကို ဟင်းရည်ဖြင့် ဖုံးလွှမ်းနေလျက် မတ်တပ်ထရပ်ကာ ရူးသွပ်တော့မလို ဖြစ်သွားတော့သည်။

သူသည် ကောင်းကင်ဘုံ၏ သားတော်ဖြစ်ပြီး သူသွားလေရာတိုင်း ကြည်ညိုလေးစားမှု ခံခဲ့ရသည်။ ယခုအခါ ဤအဆင်းသဏ္ဌာန် ပျက်စဖိးသွားရုံသာမကဘဲ မျက်နှာလည်း လုံးဝပျက်ယွင်းသွားကာ ရှက်ရွံ့သွားလေတော့သည်။

ဝှစ်!

သူ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်ရင်း သူ့ခါးက ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ အအေးဓာတ်က လုရွှမ်ဆီကို တည့်တည့် ထိုးဖောက်ဝင်သွား၏။

ပြင်းထန်သော အရှက်တရားအောက်တွင် သည်းမခံနိုင်တော့ဘဲ အပြင်းထန်ဆုံး စွမ်းအားကို တိုက်ရိုက် အသုံးချလိုက်သည်။

သူ၏ဓားသိုင်းပညာသည် ဓားနှလုံးသားအဆင့်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိသွားပြီ။ ဓားသည် လျှပ်စီးလက်သကဲ့သို့ တောက်ပသွားလျက် သက်တံကဲ့သို့ စွမ်းအင်ဖြင့် လုရွှမ်ဆီကို တည့်တည့် ထိုးချလိုက်လေသည်။

ဓားသမား တစ်ယောက်မှာ မျှော်လင့်ထားသည့်အတိုင်း လက်ထဲတွင် ဓားတစ်ချောင်း ကိုင်လိုက်တဲ့အခိုက် ရှက်ရွံ့သော အသွင်အပြင်သည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ ယခုအချိန်တွင် ချွန်ထက်သော ဓားတစ်ချောင်း၏ ကြီးမားသော အပြောင်းအလဲကို ကြုံတွေ့ခဲ့ရသည်။

လူတိုင်းက သူ့ကို အရင်က မထီမဲ့မြင် ပြုနေကြပေမယ့် ဒီအချိန်မှာ သူ့ကိုတွေ့တော့ အားလုံးက စိတ်ထဲမှာ တုန်လှုပ်နေကြလေပြီ။

ဝူယန်အင်ပါယာ၏ နံပါတ်တစ် ပါရမီရှင်ဟု ခေါ်တွင်သည်မှာ အံ့သြစရာမဟုတ်ပေ။

"ညီလေးလု.... သတိထားဦး!"

ဟွာချောင်နဲ့ တခြားသူတွေက အလျင်စလို အော်လိုက်ကြသည်။

လူငယ်နှင့် သေအတူရှင်အတူ ရင်ဆိုင်ပြီးနောက် သူတို့သည် လူငယ်၏ ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး အစွမ်းထက်ကြောင်း သိကြသည်။ ပြိုင်ဘက်၏ ဓားရှည်အသုံးပြုမှုသည် ဤအမျိုးအစားကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သတိမထားပါက အလွယ်တကူ ဒဏ်ရာရသွားမည်ဖြစ်သည်။

ချင်ဟွာ၏ အသွင်အပြင်ဖြင့် စီရင်ဆုံးဖြတ် လိုက်သောအခါတွင် သူ၏ လူသတ်ရန် ရည်ရွယ်ချက်မှာ ရှင်းရှင်းလင်းလင်း ပေါ်လွင်လာသည်။

လူတိုင်း၏ အော်သံကို လျစ်လျူရှုပြီး လုရွှမ်သည် ခေါင်းခါယမ်းကာ နဂါးဆင်ရွှေလက်ဝါး၏ ရုတ်တရက် အဆင့်တိုးလာသညွ အခြေအနေမှ ပြန်လည်ကောင်းမွန်လာကာ ခြေထောက်တစ်ဖက်ကို မြှောက်၍ မလှမ်းမကမ်း ခွေးခြေခုံမှ နင်းချလိုက်သည်။

ချင်ဟွာကို လက်ဝါးနဲ့ ပြန်ရိုက်လိုက်ပေမယ့် သူ့ရဲ့ လက်ရှိအင်အားက ဂိုဏ်းဆရာနယ်ပယ်နဲ့ မယှဉ်နိုင်ဘူးဆိုတာ သူ့စိတ်ထဲမှာ သိထားသည်။ အထူးသဖြင့် ပြိုင်ဘက်က လက်နက်တစ်ခုဖြစ်တဲ့ ဓားကိုသုံးရင် တိုက်ရိုက်သုံးလာတဲ့ အချိန်မှာ ဖြစ်၏။

"ငါအစောတုန်းက မုယန်ဖုန်းကို နေခဲ့ခိုင်းသင့်တာ...."

ညဘက်တွင် ရန်ပွဲကြီး ဖြစ်နိုင်သောကြောင့် ပွဲသို့လာသောအခါ လုရွှမ်က မုယန်ဖုန်းကို အရင်အနားယူခိုင်းခဲ့သည်။ သူသာ အဲဒီမှာရှိနေရင်တော့ အရမ်း လှုပ်ရှားစရာ မလိုလောက်တော့ချေ။

ဒါပေမဲ့ ဒီအတွေးက သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။ ပြိုင်ဘက်ရဲ့ ဓားကို ခွန်အားအပြည့်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ သူ့မှာ စဉ်းစားဖို့ အချိန်မရှိချေ။ သူ့ခြေထောက်တွေကို မြှောက်ပြီး ပင့်တက်လာတဲ့ ခွေးခြေခုံ အပိုင်းအစကို ဖမ်း၍ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားနည်းပညာကို အသုံးပြုလိုက်သည်။

ခွေးခြေခုံ၏ ခြေထောက်တစ်ချောင်းမျှသာ ဖြစ်ပြီး ပစ္စည်းသည် အလွန်ရိုးစင်းသော်လည်း လုရွှမ်၏ ဓားပညာသည် လူသားနှင့်ဓား ပေါင်းစည်ခြင်း နယ်ပယ်သို့ ရောက်ရှိခဲ့သည်မှာ ကြာလေပြီ။

ခွေးခြေခုံ ခြေထောက်တစ်ဖက်နှင့် ဓားတို့ ထိခတ်သွားသောအခါ လေထုထဲတွင် ခေါင်းလောင်းကြီးကဲ့သို့ ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

All Chapters