← Chapters

ချင်ဟွာ သတိလစ်သွားပြီ

Vol. 12 Ch. 2.20

ချင်ဟွာ သတိလစ်သွားပြီ

Vol. 12 Ch. 2.20

"ဒါက?"

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားစွမ်းရည်လဲ"

"ခွေးခြေခုံ ခြေထောက်တစ်ဖက်တည်းနဲ့ ဓားသိုင်းကို ထုတ်သုံးနိုင်တယ်? ဓားပညာနဲ့ ပတ်သက်ပြီး သူ့နားလည်မှုက ဘယ်အဆင့်ကိုတောင် ရောက်နေပြီလဲ?"

"အနည်းဆုံးတော့ သူဓားနှလုံးသား အဆင့်မြင့် အဆင့်ကို ရောက်ထားလိမ့်မယ်?"

......

လုရွှမ်သည် ခွေးခြေခုံ၏ ခြေထောက်ကို တစ်ဖက်က ဓားဖြင့် ရင်ဆိုင်ထိုးလိုက်သည်ကို မြင်လိုက်ရသဖြင့် တိတ်ဆိတ်သွားကြသည်။

ချင်ဟွာသည် သူတို့၏ မျက်လုံးများထဲတွင် ဓားရေးစွမ်းရည် ထက်မြက်သူ ပါရမီရှင်ဖြစ်သည်။ သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဓားနှလုံးသား အလယ်အလတ် အဆင့်သို့ ရောက်ရှိခဲ့ပြီး မရေမတွက်နိုင်သော လေ့ကျင့်သူများကို မနာလို ဖြစ်စေခဲ့သည်။

သူမှလွဲ၍ အခြားမည်သူမျှ ဤအရည်အချင်းမျိုးမရှိဟု ကထင်ခဲ့သည်။ ဤဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးက ချင်ဟွာကို တစ်ချက်ရိုက်ထုတ် ပစ်ရုံတင်မကဘဲ ခွေးခြေခုံဖြင့် သန်မာသော ဓားတစ်ချောင်းကိုလည်း ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ဘာဖြစ်ကုန်တာလဲ?

ဟန်ရွှယ်၏ မျက်နှာသည် ပို၍ပင် တုန်လှုပ်သွားပြီး သူမ တံတွေးကြောင့် သီးလုနီးပါးပင် ဖြစ်သွားသည်။

ပထမတော့ ရွှေသံချပ် မီးဝံပုလွေကို လက်ဗလာနဲ့ သတ်ဖြတ်နေတဲ့ လူငယ်ကို မြင်လိုက်ရပြီး သူ့ရဲ့အစွမ်းကြောင့် တုန်လှုပ်သွားခဲ့ရသည်။ နောက်တော့ သူ့ရဲ့ အခင်းအကျင်း စွမ်းရည်က ပိုအားကောင်းမှန်း သိလိုက်ရပြန်၏။

ဒါက သူ့ရဲ့ ဝှက်ဖဲနဲ့ ကန့်သတ်ချက်ပဲလို့ ထင်ခဲ့တာ။ အခုတော့ သူ့ဓားပညာက ပိုတောင် အားကောင်းနေမှန်း သဘောပေါက်သွားလေပြီ။

ဒီကောင်လေးမှာ ဝှက်ဖဲဘယ်နှကတ်တောင် ရှိနေပြီး တခြားလူတွေမသိတဲ့ စွမ်းရည်တွေရော ဘယ်လောက်တောင် ရှိနေတာလဲ?

သူတို့လည်း ကျင့်ကြံသူတွေပါပဲ။ ဒီလောက် ကြီးကြီးမားမား ကွာခြားချက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

"အဲဒါက ဓားနှလုံးသား အဆင့်မြင့် အဆင့်ဘဲ... လူသားနဲ့ ဓားပေါင်းစည်းခြင်း နယ်ပယ်ဖြစ်နေမှာ ကြောက်ရတယ်"

တစ်ဖက်မှ ဟွာချောင်က ကူကယ်ရာမဲ့ ပြောလိုက်သည်။

တခြားသူတွေက လုရွှမ်သုံးသွားတဲ့ ခွေးခြေခုံ ခြေထောက်တွေရဲ့ လျှို့ဝှက်ချက်ကို မမြင်နိုင်ပေမယ့် သူကတော့ ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ၏။

ခွေးခြေခုံ ခြေထောက်များကို သစ်သားဖြင့်ပြုလုပ်ထားသောကြောင့် သာမန်ရိုးရိုးလေး ဖြစ်ပြီး ခိုင်ခံ့မှုမရှိနိုင်ဘဲ အလွယ်တကူ ကျိုးပဲ့သွားတတ်သည်။ အသုံးပြုရခက်ခဲပြီး ခက်ခဲသည်ဟု ဆိုနိုင်သည်။

လူငယ်သည် ပေါ့ပေါ့တန်တန်လေး ယူပြီး ပြင်းထန်သော လေကို ထိုးဖောက်သွားစေသည့် အချက်က သူ၏ဓားလမ်းကြောင်းအပေါ် နားလည် သဘောပေါက်မှုသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားကြောင်း ပြသနေပြီ။

ဓားနှလုံးသား အဆင့်လောက်နဲ့တော့ မဟုတ်နိုင်တာ သေချာပါသည်။

အနည်းဆုံးတော့ သူသိသလောက် ချင်ဟွာက လုရွှမ်နဲ့ယှဥ်ရင် ခပ်ဝေးဝေးမှာ ကျန်ခဲ့လေပြီ။

ဝှစ်!

လူတိုင်း၏ အံ့အားသင့်သော မျက်လုံးများအောက်တွင် ခွေးခြေခုံ ခြေထောက်က ပြေးလာနေသော ချင်ဟွာ၏ ဓားကို ထိပ်တိုက် တိုးဝင်လိုက်သည်။

ခွေးခြေခုံ ခြေထောက်က ရှေ့မတိုးလာခင် ချင်ဟွာ၏ဓားရှည်က ဦးစွာ လှုပ်ရှားခဲ့သည်။ ထို့ကြောင့် ဓားရှည်က လုရွှမ်ကိုယ်ထဲကို ဦးစွာ ထိုးဝင်သင့်သော်လည်း ဘာကြောင့်ရယ်မသိ သစ်သားချောင်းကသာ အရင်ရောက်ရှိသွား၏။

ချင်ဟွာ၏ ဓားရှည်သည် လုရွှမ်ဆီ မရောက်ခဲ့ဘဲ သစ်သားချောင်းကသာ သူ့မျက်စိရှေ့သို့ ရောက်လာခဲ့သည်။

မရှောင်နိုင်ခဲ့ရင်တော့ ကောင်လေးကို ဓားနဲ့မထိခင် ခွေးခြေခုံ ခြေထောက်ကြောင့် ချင်ဟွာကအရင် မျက်စိကွယ်သွားလိမ့်မည်။

"သေစမ်း!"

ဓားပညာ ထက်မြက်သူတစ်ဦး အနေဖြင့် ချင်ဟွာသည် အန္တရာယ်ကိုသိပြီး ဒေါသတကြီးဟောက်ကာ ဓားရှည်သည် အလိုအလျောက် ရုတ်သိမ်းရင်း သူ့ခန္ဓာကိုယ်သည် သူ့ရှေ့မှ ချွန်ထက်သောဓားကို ရှောင်ရှားရန် ကြိုးစားကာ နောက်ပြန်ဆုတ်သွားခဲ့သည်။

သို့သော် လုရွှမ်က လှုပ်ရှားပြီးပြီ။ သူလွတ်မြောက်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

ဝုန်း!

သူ မတုံ့ပြန်ခင်မှာပဲ သစ်သားချောင်းက ချင်ဟွာရဲ့ ဦးခေါင်းနောက်ကို ရိုက်ချပစ်လေ၏။

ဗုန်း!

ငါးကြင်းကဲ့သို့ လေထဲမှ ပြုတ်ကျကာ ပြန်မထနိုင်တော့ဘဲ သတိလစ်သွားတော့သည်။

တစ်ဖက်လူ သတိလစ်သွားပြီးနောက် လုရွှမ်သည် ခြေထောက်ကို လွင့်ပစ်လိုက်ပြီး ၎င်း၏ဘယ်ဘက်မှ ဝိုင်ကောင်းကောင်းကို ယူသောက်လိုက်သည်။

ဒီဝိုင်ခွက်ဟာ သူဝိညာဥ်စွန့်ခွာခြင်း အတွေးထဲကို ပြုတ်ကျပြီးကတည်းက သူ့လက်ထဲမှာ ရှိနေခဲ့ပြီး ချင်ဟွာကို နှစ်ကြိမ်ဆက်တိုက် ဒဏ်ရာရသွားစေခဲ့ပေမယ့် တစ်စက်မှ မဖိတ်စင်ဘဲ အခုထိ ပူနေတုန်းပင်။

"ကလု ကလု!"

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချင်ဟွာကို ဂရုမစိုက်တဲ့ လူငယ်၏ အမူအရာကို မြင်လိုက်ရာ လူတိုင်း သွားများ တဆတ်ဆတ် တုန်လာသလို ခံစားလိုက်ရသည်။

ရက်စက်လွန်းတယ်!

လောကမှာ ဒီလို ရက်စက်တဲ့လူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

"သူ ……သူ...."

ဟန်ရွှယ် လုံးဝ ပြိုလဲကျသွားသည်။

ချင်ဟွာကို ကြောက်လို့ တစ်ဖက်လူက သူမကို ရှောင်သွားတယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ အဲဒီအတွေးက ရယ်စရာ ဖြစ်နေပြီဆိုတာ သိလိုက်ရလေသည်။

ဒီလို ခွန်အား၊ ဒီလို စွမ်းရည်မျိုးနဲ့ ဒုတိယမျိုးဆက်က သခင်လေးကို ကြောက်ဖို့ လိုလို့လား?

"ညီလေးလု..."

ဟွာချောင်နှင့် အခြားသူများမှာလည်း နှေးကွေးသွားကြသည်။

ကောင်လေး၏ ထပ်ခါတလဲလဲ ထိုးနှက်ချက်ကြောင့် သူတို့မှာ အလွန်အမင် တုန်လှုပ်နေလေသည်။

ဝူယန်အင်ပါယာမှ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး ဂိုဏ်းဆရာနယ်ပယ်မှ သန်မာသော လူသည် တစ်ချက်တည်းဖြင့် လဲကျသတိလစ်သွားသည်ကို သူ့မျက်စိနဲ့ မြင်လိုက်ရပေမယ့် မယုံနိုင်ဘူး ဖြစ်နေသည်။

"ဒီကောင်က ငါ့ကို နှောင့်ယှက်နေတာ....ကြည့်ရတာ ဒီပွဲမှာ ငါ့ကိုမကြိုဆိုဘူး ထင်တယ်....ငါစားပြီးခါနီးပြီမို့ အရင်ထွက်သွားတော့မယ်!"

ဝိုင်အနည်းငယ် သောက်ပြီးနောက် လုရွှမ်က ထရပ်ကာ ဟွာချောင်နှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။

သူကိုယ်တိုင်ကလည်း ဒီပွဲကြီးမှာ မပါဝင်ချင်ပါဘူး။ အခုချင်ဟွာက အဲဒီလို ရုန်းရင်းဆန်ခတ် လုပ်လာတော့ သူ့မှာချက်ချင်း အကြောင်းပြချက်တစ်ခု ရှာလို့ရသွားတဲ့အတွက် တိုက်ရိုက်ပဲ ထွက်လာခဲ့၏။

"ညီလေးလု....တကယ် စိတ်မကောင်းပါဘူး....ပွဲမှာ ဒီလိုမျိုးဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး..."

ဟွာချောင် အမြန်ထရပ်လိုက်သည်။

တစ်ဖက်လူကို ဖိတ်ခေါ်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် ဒီလိုအဖြစ်မျိုး ဖြစ်လာဖို့ မမျှော်လင့်ခဲ့ချေ။

သူ့ရှေ့က ကောင်လေးက အောင်ခဲ့ပေမယ့် နည်းနည်းတော့ စိတ်ပူနေတုန်းပဲ။

တကယ်တော့ ချင်ဟွာရဲ့ နောက်ကွယ်က တပ်ဖွဲ့တွေဟာ အားကောင်းလွန်း၏။ ဒီနေ့ ဒီလောက် အင်အားကြီးတဲ့ ပုဂ္ဂိုလ်ကို ဆုံးရှုံးခဲ့ရင် နောင်မှာ လက်တုံ့ပြန်မှု အမျိုးမျိုး ဖြစ်လာမှာ မလွဲမသွေပဲ။

"ပြဿနာမရှိပါဘူး!"

လုရွှမ်က သူဘာပြောမယ်ဆိုတာကို သိတာကြောင့် လက်ကိုဝှေ့ယမ်းကာ စကားဖြတ်လိုက်သည်။ ဟန်ရွှယ်နဲ့ တခြားလူတွေကို လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်ပြီး ခြေထောက်ကို မြှောက်ကာ ခဏအတွင်း ခန်းမထဲက ထွက်လာခဲ့လေ၏။

ဆင်နဂါးရွှေလက်ဝါးသည် ဒုတိယအဆင့် အသေးစား အောင်မြင်မှုသို့ ရောက်ရှိခဲ့ပြီ။ ၎င်းကို စုစည်းရန် အကောင်းဆုံးဖြစ်ပြီး ဤနေရာတွင် အချိန်ဖြုန်းရန် သူ့အနေနဲ့ အလိုမရှိပေ။

သူက ချင်ဟွာမကလို့ ချင်မိသားစုပဲဖြစ်ဖြစ် အဲဒါကို သူ့ခေါင်းထဲ လုံးဝ ထည့်စဉ်းစားနေမှာ မဟုတ်ချေ။

ဝူယန်အင်ပါယာရဲ့ အဓိက မိသားစုသုံးစု ဆိုတော့ရော ဘာဖြစ်လဲ။ သူ့ကိုလာမရှုပ်ရင် လျစ်လျူရှုထားလို့ ရသည်။ သူ့ကို ပြဿနာ လာရှာမယ်ဆိုရင်တော့ သူတို့မိသားစုကို သုတ်သင်ဖို့အတွက် အခွင့်အရေးရှာရန် ဝန်လေးမည်မဟုတ်ချေ။

အနိုင်ကျင့်ချင်သူများသည် တန်ပြန် အနိုင်ကျင့်ခံရနိုင်သည်။

"အရင်က လုရွှမ်ကို တကယ် လျှော့တွက်ခဲ့မိတာပဲ..."

လုရွှမ် ခန်းမထဲက ထွက်သွားတာကို မြင်တော့ ဟွာချောင်နဲ့ တခြားသူတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာ ခါးသက်စွာ ပြုံးလိုက်ကြသည်။

တောထဲမှာ တွေ့တော့ လူတိုင်းနီးပါး ဒီလူငယ်နဲ့ သူတို့ရဲ့ ကွာဟချက်က အရမ်းနည်းတယ်လို့ ထင်နေကြပေမယ့် အခုတော့ ဒါက တစ်ဖက်လူနဲ့ ကွာဟချက်က ပိုကြီးလာပြီဆိုတာ သိလိုက်ရလေ၏။

ဒီလူငယ်လေးဟာ လင်းယုန်တစ်ကောင်လို ပျံသန်းနေချိန် သူတို့ကတော့ စာငှက်လေးတွေလို ထိုသူရဲ့ နောက်ကျောကိုတောင် မမြင်နိုင်လောက်အောင် ဝေးသထက် ဝေးသွားသည်။

.......

"ဝိညာဥ်စွန့်ခွာခြင်း နယ်ပယ်နဲ့ ပြတ်တောက်သွားတာ နှမြောစရာပဲ... မဟုတ်ရင် နဂါးဆင်ရွှေလက်ဝါးက အကြီးစား အောင်မြင်မှု ဒါမှမဟုတ် ပြီးပြည့်စုံမှုတောင် ရောက်နိုင်မှာ!"

လမ်းပေါ်တွင် လျှောက်လာရင်း လုရွှမ် ခေါင်းယမ်းလိုက်သည်။

ရုတ်တရက် အသိစိတ်ငြိမ်သက်ကာ ဝိညာဥ်စွန့်ခွာသွားခြင်းသည် ရှားပါးသော်လည်း သူ့အတွက်တော့ ထိုအရာကို ပြုလုပ်ချင်တိုင်း အောင်မြင်ရန် မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွတ်သွားပါက ပြန်ရရန် ခက်ခဲလိမ့်မည်။

အစောက သုံးမိနစ်တောင် မကြာပဲ နဂါးဆင်ရွှေလက်ဝါးရဲ့ တံခါးဖွင့်အဆင့်ကနေ အသေးစားအောင်မြင်မှု အဆင့်ထိ မြှင့်တင်နိုင်ခဲ့သည်။ အကယ်၍ ချင်ဟွာသာ မနှောင့်ယှက်ဘူး ဆိုရင်တော့ အကြီးစား အောင်မြင်မှု အဆင့်ဆီ တက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ချေ။

သို့သော် အခွင့်အရေးက လွတ်သွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် နောင်တရစရာတော့ မရှိချေ။ သူ့ရဲ့ အတွေ့အကြုံ နဲ့ အရည်အချင်း နှစ်ခုကြောင့် ဝိညာဥ်စွန့်ခွာခြင်း မလိုအပ်ရင်တောင် ဒုတိယအဆင့်ကို ပြီးပြည့်စုံအောင် မလေ့ကျင့်ခင် အချိန်တစ်ခုပဲ လိုပေသည်။

အများဆုံး နှစ်ဝက်အတွင်း၊ အနည်းဆုံး နှစ်လအတွင်းမှာ သူလုပ်နိုင်မယ်လို့ ယုံကြည်ထားသည်။

"သခင်ငယ်လေး....သခင်လေး မှာထားတဲ့အတိုင်း ကျွန်တော် လုပ်ထားလိုက်ပါပြီ!"

သူနေထိုင်ရာသို့ ပြန်ရောက်သည်နှင့် မုယန်ဖုန်းက သူ့ကို နှုတ်ဆက်သည်။

မတိုင်ခင်က လုရွှမ်ဟာသူ့ကို အနားယူခိုင်းတယ်လို့ ဆိုခဲ့ပေမယ့် သူ့ကို အနားယူဖို့ မဟုတ်ဘဲ တစ်ခုခုလုပ်ခိုင်းခဲ့တာ ဖြစ်သည်။

"ကောင်းပြီ....ကျစ်အချိန် (မနက်၁နာရီ) မှာ မင်းသတ်မှတ်ထားတဲ့ နေရာကိုသွားပြီး ပုန်းနေလိုက်....ငါလူကို မျှားခေါ်လာခဲ့မယ်... မူမမှန်တာကို ရှာတွေ့တာနဲ့ မင်း အခင်းအကျင်းကို အသက်သွင်းပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တော့!"

လုရွှမ်က အစီအစဥ်အကြောင်း ရှင်းပြသည်။

"ဟုတ်!"

မုယန်ဖုန်း ခေါင်းညိတ်လိုက်သည်။

All Chapters