← Chapters

တစ္ဆေအစောင့်

Vol. 12 Ch. 2.22

တစ္ဆေအစောင့်

Vol. 12 Ch. 2.22

သူ့မျက်စိရှေ့တွင် ပေါ်လာသည့်အရာမှာ နီမြန်းသော မီးပုံးတစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ခြယ်သထားသည်မှာ သရဲတစ္ဆေ တစ်ကောင်၏ ပုံရိပ်ဖြစ်သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် မီးပုံးများသည် လေနှင့်အတူ ကခုန်နေပြီး သရဲတစ္ဆေများသည် မြေပြင်ပေါ်၌ အလင်းရောင်ဖြတ်၍ မသိမသာ ရောင်ပြန်ဟပ်ကာ လူကို အုံ့မှိုင်းစေသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

"အဖိုး....ဘာဖြစ်လို့လဲ?"

အနောက်ကနေ ထွက်လာတဲ့ ဟန်ရွှယ်က သူ့အဖိုးရဲ့ အသွင်အပြင်ကို မြင်လိုက်တာနဲ့ သံသယနဲ့ ကြည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး.... အဘိုးက ဒီအတိုင်း အရမ်းပျော်နေတာ!"

အသက်ရှုထုတ်လိုက်ရင်း ကျောင်းအုပ်ကြီးဟန် ငြိမ်သက်သွားပေမယ့် စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာက နီရဲနေသေးသည်။

"ပျော်တယ်? ဘာတွေပျော်နေတာလဲ?"

"တချို့အရာတွေက မင်းအခုသိဖို့ အရည်အချင်း မပြည့်မီသေးဘူး.... မမေးနဲ့!" ကျောင်းအုပ်ကြီး

ဟန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားမှ

"ဒါဖြင့် သမီးအဖိုးအတွက် အရင်တစ်ခါက ဝယ်ထားတဲ့ အင်္ကျီဘယ်မှာလဲ? အဲဒါကိုယူလာခဲ့ !"

"အင်္ကျီ? အဲဒီဝတ်စုံက အရမ်းဆန်းကြယ်ပြီး အဖိုးရဲ့ အသက်အရွယ်နဲ့ မလိုက်ဖက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား" ဟန်ရွှယ် မျက်တောင်ခတ်လိုက်သည်။

သူမအဖိုးအတွက် အရင်တစ်ခေါက်က ဝယ်ထားတဲ့ အင်္ကျီက အရမ်းလှပေမယ့် ကျောင်းအုပ်ကြီးဟန်က မဝတ်ချင်ချေ။ ဒီနေ့ဘာလို့ ရုတ်တရက် ဝတ်ချင်လာရတာလဲ?

"သွားလေ!" ကျောင်းအုပ်ကြီးဟန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

အဘိုးဖြစ်သူ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသည့်အခါ သူ မဖြေချင်သလို ဖြစ်နေတာမို့ နောက်ထပ်မေးခွန်းများ မေးရန်မှာ အသုံးမဝင်ကြောင်း ဟန်ရွှယ် သိလိုက်သောကြောင့် သူမအခန်းထဲမှ ချက်ချင်း ထွက်သွားခဲ့သည်။

သူမ ထွက်သွားပြီးသည်နှင့် ကျောင်းအုပ်ကြီးဟန်သည် ရှေ့နှစ်လှမ်းတိုးကာ တံစက်မြိတ်ပေါ်မှ မီးပုံးကိုချကာ လေးနက်စွာ ကြည့်ပြီး စာဖတ်ခန်းထဲသို့ သေချာပြန်ထည့်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ဆွဲသီးကို ချွတ်ကာ မှတ်ဉာဏ် ပျောက်ဆုံးသွားသလို မျက်လုံးများကို မှိတ်ထားလိုက်သည်။

မှတ်ဥာဏ်များထဲမှ မနိုးထလညခင် အချိန်မည်မျှ ကြာသွားသည်မသိ သတိဝင်လာတဲ့ အချိန်မှာ ဟန်ရွှယ် ပေးလိုက်သော အင်္ကျီက သူ့ကိုယ်ပေါ်ကို ရောက်နေပြီး လူသည်လည်း ပျံသန်းလာခဲ့သည်။

ဝူယန်အကယ်ဒမီ ဌာနခွဲ၏ ဝေးလံခေါင်သီသော တောအုပ်ထဲတွင်။

ညသန်းခေါင်မှာ တိုက်ခတ်လာတဲ့ လေပြေအေးက လူတွေကို အေးမြတဲ့ ခံစားချက်ကို ပေးစွမ်းနေ၏။

ဟူ!

ကျောင်းအုပ်ကြီးဟန်သည် ရှေ့သို့ဆင်းသက်လိုက်ပြီး ဖြည်းညှင်းစွာ လျှောက်လာသည်။

ဖြည်းဖြည်းချင်း လျှောက်လာရင်း ခြေလှမ်းတိုင်း ကတုန်ကယင် ဖြစ်လာလေသည်။ မကြာမီ တောအုပ်ထဲသို့ ရောက်သည်နှင့် မလှမ်းမကမ်းမှ အရိပ်တစ်ခု ပေါ်လာ၏။

"တစ္ဆေဟူသည် နှလုံးသားမရှိ!"

ကျောင်းအုပ်ကြီးဟန် ရှေ့ကို ဆက်မတက်တော့ဘဲ သူ့အသံကို နှိမ့်ချကာ အစမ်း အော်ဟစ်လိုက်သည်။

"ကောင်းကင်နှင့်မြေကြီးသည် ယဇ်ပူဇော်ခြင်းပင် ဖြစ်သည်" ဟု သူ့ရှေ့တွင်ရှိ အရိပ်က တုန်လှုပ်ခြောက်ခြားစွာ ပြန်ဖြေလာသည်။

တစ်ဖက်လူက မြန်မြန်ဆန်ဆန် ဖြေလိုက်တာကို ကြားတော့ ကျောင်းအုပ်ကြီးဟန်သည် သံသယကင်းသွားပြီး ကမန်းကတန်း ရှေ့နှစ်လှမ်းတိုးပြီး မြေပြင်ပေါ် ဒူးထောက် ထိုင်ချလိုက်တော့သည်။

"လက်အောက်ငယ်သား ဟန်ရောင်.... တမန်တော်ကို ဂါဝရပြုပါတယ်"

တစ္ဆေအဖွဲ့ရှိ တစ္ဆေစောင့်များကြား စကားဝှက်မှာ ကွဲပြားလုနီးပါး ရှိကြပေမယ့် တစ္ဆေမီးအိမ်များနှင့် စကားဝှက်များမှာ မှား၍မရချေ။

သူ့ရှေ့က မီးပုံးကို လွှတ်လိုက်ကြီး အထက်က ပို့လိုက်တဲ့ သံတမန်ဖြစ်ကြောင်း ပြသတဲ့ စကားဝှက်ကို မြန်မြန်ပြောလိုက်ပေသည်။

"ကောင်းပြီ ထတော့!"

လရောင်ရဲ့ အကူအညီနဲ့ လူအရိပ်ကို မော့ကြည့်လိုက်တော့ ဟန်ရောင်လည်း ရုပ်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ခဏကြာတော့ ခေါင်းတွေပင် မူးဝေသွားသည်။

"လုရွှမ်..."

သူ့ရှေ့ကလူဟာ တကယ်တော့ နေ့ခင်းဘက်တုန်းက တွေ့ခဲ့ရတဲ့ လုရွှမ်ပဲ ဖြစ်နေသည်။

မထင်မှတ်ပဲ ထိုသူက တကယ်ပဲ သူ့ကို ဆက်သွယ်လာတဲ့ တမန်တော် ဖြစ်နေတာလား?

လူအရိပ်က လုရွှမ်တဲ့လား?

တစ္ဆေမီးပုံးကို မူယန်ဖန်အား လွှတ်တင်ရန် သူစေလွှတ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် တစ္ဆေအဖွဲ့ဝင်များကို ဆက်သွယ်ရန် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

အကယ်၍ တစ်ဖက်သူသည် သန်းခေါင်ယံတွင် ရောက်ရှိလာပါက ထိုသူ၏ အထောက်အထားကို အတည်ပြုပြီးသား ဖြစ်သည်။ စကားဝှက်ကို ပြောပြီးနောက်မှာ အန္တရာယ် လုံးဝမရှိကြောင်း သူသိလိုက်တာမို့ ယခင်က ပြင်ဆင်မှုများမှာ အနည်းငယ်မျှ မလိုအပ်တော့ပေ။

ဒီကျောင်းအုပ်ကြီးဟန်က တံဆိပ်ပြား အမှတ်အသားကိုလုယူဖို့ တစ္ဆေအုပ်စု အဖွဲ့ဝင်တွေကို ခေါင်းဖြတ်မသတ်ခဲ့ဘဲ တစ္ဆေအဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးပင် ဖြစ်လေသည်။

တစ္ဆေအဖွဲ့ဝင်များကို တစ္ဆေအစောင့်ဟုလည်း ခေါ်ကြပြီး သူတို့သည် ကောင်းကင်နှင့်မြေကြီးကို ကျိန်ဆိုထားသောကြောင့် သူ၏သစ္စာစောင့်သိမှုကို သံသယဖြစ်စရာ မလိုပါ။

"တစ္ဆေအုပ်စု...သိုင်းလောက အသံတိတ်တပ်ဖွဲ့.... အမိန့်ကိုလည်း စောင့်နေတယ်ဆိုတော့....ဘယ်အချိန်နဲ့ ဘယ်မှာ ပါဝင်ခဲ့တာလဲ? "

တစ္ဆေအစောင့်သည် အဆက်အသွယ်၏ ခေါင်းဆောင်အမိန့်ကို လုံး၀နာခံခဲ့တဲ့အတွက် လုရွှမ်သည် တစ်ဖက်လူမှ သူ၏အထောက်အထားကို ထုတ်ဖော်မည်ကို စိုးရိမ်ခြင်း မရှိသဖြင့် အနည်းငယ်မျှ မဖုံးကွယ်ဘဲ တိုက်ရိုက် မေးမြန်းခဲ့သည်။

တစ္ဆေအဖွဲ့ကို ကျိဝူရှင်းကိုယ်တိုင် ဖန်တီးထားခဲ့သည်။ အာဏာက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပေမယ့် ဝူယန်အင်ပါယာလို အရမ်းဝေးလွန်းတဲ့ နေရာကလူရဲ့ ခွန်အားနဲ့ အဖွဲ့အစည်းထဲကို ဘယ်လိုဝင်ခဲ့လဲဆိုတာ အံ့သြနေတုန်းပဲ။

"လက်အောက်ငယ်သားက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က ပေရွှီးအင်ပါယာကို ခရီးထွက်ခဲ့တယ်.... မတော်တဆဖြစ်ပြီး ဆရာက ကယ်တင်ခဲ့ပါတယ်.... သူက ကျုပ်ကို တစ္ဆေတံဆိပ်ပြား တစ်ခုပေးပြီး သရဲစောင့်ရဲ့ အမည်ကို အတည်ပြုပေးခဲ့ပါတယ်" ဟုဟန်ရောင်က ရှင်းပြသည်။

တစ္ဆေအုပ်စုသည် များသောအားဖြင့် ကမ္ဘာပေါ်တွင် ပုန်းနေတတ်ပြီး ဘာမှသတိမထားမိဘဲ လုပ်ဆောင်ရန် မလိုအပ်သော်လည်း အမိန့်ရရှိသည်နှင့် အစီအစဉ်ကို ခြွင်းချက်မရှိ နာခံရမည် ဖြစ်သည်။

ပေရွှီးအင်ပါယာမှာ တစ္ဆေအုပ်စုထဲ အဖွဲ့ဝင်ခဲ့ကြောင်း ကြားတော့ လုရွှမ်က ခေါင်းညိတ်လိုက်သည်။

ပေရွှီးနှင့် ဝူယန်တို့သည် အင်ပါယာနိုင်ငံချင်း တူညီသော်လည်း အမှန်တကယ်အားဖြင့် ၎င်းတို့သည် အလံန်ကွဲပြားပါသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးရာက တစ္ဆေအုပ်စုသည် အောက်အင်ပါယာများအထိ သြဇာလွှမ်းမိုးလာခဲ့သည်။ အနှစ်သုံးရာ အကြာတွင် အထက်နိုင်ငံများကို ချဲ့ထွင်ရန်မှာ သာမန်အကြောင်းအရာဟုပင် ယူဆရပေလိမ့်မည်။

"ခင်ဗျားရဲ့ဆရာက..."

"ဆရာ့နာမည်က မော့ကောင်းရွှမ်းပါ.... တိကျတဲ့ အထောက်အထားကိုတော့ မသိပါဘူး... သူက အဓိပတိနယ်ပယ် အထွတ်အထိပ်ကို သာလွန်တဲ့ ထက်မြက်တဲ့ သန်မာတဲ့ လူတစ်ယောက်လို့ပဲ သိထားပါတယ်....တကယ်လို့ ကျုပ်ဒဏ်ရာက မပြင်းထန်ရင် ကျုပ်လိုအဆင့်အတန်းနဲ့ ဆရာဆီက ကုသမှုခံယူဖို့ အရည်အချင်း မရှိပါဘူး !"

ဟန်ရောင်က ပြန်ဖြေ၏။

"မော့ကောင်းရွှမ်း?" လုရွှမ် ခေါင်းခါလိုက်သည်။

အရင်ဘဝတုန်းက တစ္ဆေအဖွဲ့ကို တည်ထောင်တုန်းက ကျိဝူရှင်းဟာ သူ့ကို အဓိက အဖွဲ့ဝင်စာရင်းကို ပြသခဲ့ပြီး အဖွဲ့ဝင် ၃၀၀၀ ကျော်ရှိခဲ့ပြီး မော့ကောင်းရွှမ်းရဲ့ နာမည်တော့ မရှိခဲ့ချေ။

ဤမော့ကောင်းရွှမ်းသည် သူသေဆုံးပြီးနောက် တစ္ဆေအဖွဲ့ထဲသို့ ဝင်လာခဲ့ပုံရသည်။ သို့မဟုတ် သူသည် စာရင်းတွင် မပါဝင်နိုင်လောက်အောင် အားနည်းနေလို့ ဖြစ်ရမည်။

"တစ္ဆေအဖွဲ့အကြောင်း မင်းဘယ်လောက် သိခားလဲ? အဖွဲ့ခေါင်းဆောင်ရော... သူအသက်ရှင်နေသေးလား" ဆိုတဲ့ မေးခွန်းရဲ့ အရေးကြီးတဲ့အချက်ကို ရောက်လာတဲ့အခါ လုရွှမ် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

အဖွဲ့၏ခေါင်းဆောင် ကျိဝူရှင်းသည် သူ၏အကောင်းဆုံး ညီအကိုများထဲမှ တစ်ဦးဖြစ်သည်။ ဟန်ရောင်ကို ဆက်သွယ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ထိုသူ၏လက်ရှိ အခြေအနေကို သိရှိရန် ဖြစ်သည်။

"တမန်တော်ကို အစီရင်ခံပါတယ်.... ကျွန်တော်က တစ္ဆေအဖွဲ့ထဲဝင်တုန်းက ဆရာကြီးကိုပဲ ဆက်သွယ်ခဲ့ပြီး တခြားလူတွေနဲ့လည်း အဆက်အသွယ် မရှိခဲ့ပါဘူး... အဖွဲ့ရဲ့ အခြေအနေကို မသိပါဘူး..." ဟန်ရောင် ခေါင်းခါလိုက်သည်။

သူတစ္ဆေအဖွဲ့ထဲ ဝင်လိုက်တာက တိုက်ဆိုင်မှုတစ်ခု ဖြစ်ပြီး တိကျတဲ့ဖွဲ့စည်းမှုနဲ့ အဲဒီလူတွေကို သူမသိသလောက်ပါပဲ။

နောက်ထပ်မေးခွန်း အနည်းငယ်မေးပြီးနောက် လုရွှမ်သည် တစ်ဖက်လူက ဘာမှမသိကြောင်း သေချာသွားခဲ့ပြီး အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ တစ္ဆေအစောင့်ကို တွေ့လျှင် သိနိုင်မည်ဟု သူထင်ခဲ့သည်။ ယ

သူသေပြီး နှစ်ပေါင်း သုံးရာလောက် ဖြစ်ပျက်ခဲ့တာ အခုတော့ ဘယ်သူမှ မရှိဘူးလို့ပင် ထင်လာရ၏။

ဝူယန်အင်ပါယာသည် ဝေးကွာလွန်းနေသည်မှာ အံ့သြစရာ မဟုတ်ပါ။ ဧကရာဇ်ငါးပါးထဲက ဧကရာဇ်မင်းတစ်ပါး၏ အရေးကို အချိန်အတော်ကြာအောင် မပြောတတ်ကြပေ။ ပိုအရေးကြီးသည်မှာ ၎င်းတို့နှင့် ကွာဟချက်မှာ ကြီးမားလွန်းသဖြင့် သိရန် မဖြစ်နိုင်ပေ။

"တမန်တော်ကို ဖြေကြားပါတယ်....ကျုပ်ရဲ့ဆရာဆီက ဒီသတင်းကို ပိုသိရမယ်ထင်ပါတယ်....တမန်တော် ဆန္ဒရှိတယ်ဆိုရင် သူ့ဆီ စာတစ်စောင်ပို့ပြီး လာတွေ့ဖို့ တောင်းဆိုပေးပါ့မယ်!"

ခဏကြာ စကားစမြည် ပြောပြီးနောက် ဟန်ရောင်ရ ပြောလာ၏။

"ခင်ဗျားရဲ့ဆရာက ဘယ်မှာလဲ? သူလာဖို့ ဘယ်လောက်ကြာမှာလဲ?"

နှစ်လအတွင်း ယင်းယန်အကယ်ဒမီကို အပြေးအလွှား သွားရမှာ ဖြစ်သလို တစ်ဖက်က အရမ်းဝေးနေရင်တော့ ဒီမှာ အချိန်အကြာကြီး မစောင့်နိုင်တော့ချေ။

"ဆရာ ဘယ်မှာနေလဲ အတိအကျ မသိပေမယ့် သူက သူ့ကို ဆက်သွယ်ချင်ရင် ပေရွှီးအင်ပါယာထဲကို ဝင်ရမယ်လို့ ပြောခဲ့ပါတယ်!" ဟန်ရောင်က ဆိုသည်။

"ပေရွှီးအင်ပါယာထဲ ဝင်ရမယ်?"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

"ဒါဆို မဆက်သွယ်နဲ့ဦး... မကြာခင် ပေရွှီးအင်ပါယာကို သွားရတော့မှာ ဟိုကိုရောက်မှ ဒီအကြောင်း ဆက်ပြောကြရအောင်!"

သူသွားမယ့် ယင်းယန်အကယ်ဒမီဟာ ပေရွှီးအင်ပါယာ အတွင်းမှာပဲ ရှိလေသည်။ ဟန်ရောင်၏ ဆရာကလည်း အဲ့ဒီမှာ ရှိနေတဲ့အတွက် အဲဒီနေရာကို သွားရှာကြည့်ရုံပါပဲ။ သူ့ကို လာခိုင်းစရာပင် မလိုချေ။

"ဟုတ်!"

ဟန်ရောင် မငြင်းဝံ့ချေ။

"မုယန်ဖုန်းလိုပဲ ခင်ဗျား ကျွန်တော့်ကို သခင်လေးလို့ ခေါ်လို့ရတယ်!"

တစ္ဆေစောင့်များ ဆက်သွယ်ပြီးသည်နှင့် အမိန့်နှင့် အစီအမံများကို ခြွင်းချက်မရှိ နာခံကြရသည်။ လုရွှမ်သည် သဘာဝအားဖြင့် ထိုကဲ့သို့သော အဆင့်မြင့်သူကို ကောင်းကောင်း အသုံးချရလိမ့်မည်။

All Chapters