ပျံသန်းသားရဲ
Vol. 12 Ch. 2.23
"ဟုတ်!"
ဟန်ရောင် စိတ်မပျက်ရုံသာမက စိတ်လှုပ်ရှားမှုလည်း အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
တစ္ဆေအဖွဲ့တွင် ပါဝင်ခြင်းသည် သူအတွက် အလုပ်ဖြစ်ရန် သဘာဝအတိုင်း မျှော်လင့်ထားခဲ့သည်။ ဆရာဖြစ်သူက သူ့ကို နှစ်ပေါင်းများစွာ ကြာအောင် မဆက်သွယ်ဘဲထားရာ သူ့လိုသေးငယ်တဲ့ လူကိုပင် မေ့သွားပြီဟု ထင်မြင်မိလာစေသည်။
"လောလောဆယ် ငါ့အထောက်အထားအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့ဦး....ခင်ဗျား ကို လိုအပ်ရင် အကြောင်းကြားလိုက်မယ်... သွားလို့ရပြီ!"
နောက်ထပ်မေးခွန်း အနည်းငယ် မေးပြီး ဝူယန်အင်ပါယာ၏ အခြေအနေကို လေ့လာပြီးနောက် လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ကျောင်းအုပ်ကြီးဟန်အား ထွက်သွားစေ၏။
"လက်အောက်ငယ်သား နှုတ်ဆက်ပါတယ်!"
ဟန်ရောင်သည် တောအုပ်ထဲမှ ထွက်သွားလေသည်။
သူထွက်သွားသည်နှင့် တပြိုင်နက် မုယန်ဖုန်းသည် ပုန်းအောင်းနေရာမှ ပြေးထွက်လာသည်။
"သခင်ငယ်လေး!"
ဤအခိုက်အတန့်တွင် မူယန်ဖန်သည် သူ့ရှေ့မှ လူငယ်ကို ပို၍ သဘောကျသွားသည်။
မတိုင်ခင်က ထွက်သွားတဲ့သူက ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က သန်မာတဲ့ သခင်တစ်ယောက်ပင်။ ဤအစွမ်းသတ္တိ ရှိသူတစ်ဦးသည် အမှန်တကယ်ပင် ဒူးထောက်၍ အရိုအသေပေးခဲ့ရာ သခင်ငယ်လေး၏ ဝိသေသလက္ခဏာကို ပို၍ပို၍ သိချင်လာစေသည်။
သို့သော် သူ့အမည်ကိုသာ သိရပြီး များများစားစား မမေးရဲပါ။
"ပြန်သွားရအောင်!" လုရွှမ် သက်ပြင်းချလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် သူသည် ယခင်ဘဝက ကျိဝူရှင်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သော်လည်း ယခုမှသာ တစ္ဆေအဖွဲ့နှင့် ပထမဆုံးထိတွေ့ခြင်းဖြစ်ပြီး ၎င်း၏အဖွဲ့ဝင်များကို ပထမဆုံး ဆက်သွယ်ခြင်းလည်း ဖြစ်သည်။
အတိုက်အခိုက်မရှိဘဲ မိမိကိုယ်တိုင် တိုက်ရိုက်သုံးနိုင်လျှင် သဘာဝအတိုင်း အကောင်းဆုံးဖြစ်သည်။
ကျိဝူရှင်းသည် ဤကဲ့သို့ ဆက်သွယ်ရန် နည်းလမ်းများကို ဖန်တီးခဲ့သည်။ အစပိုင်းတွင် တစ်စုံတစ်ယောက်သည် ဆက်သွယ်ရမည့် အချက်အလက်များရသရွေ့ မည်သူမဆို တစ္ဆေအဖွဲ့ကို အမိန့်ပေးနိုင်မည်ဟု တွေးကာ အစပိုင်းတွင် လှောင်ပြောင်ခဲ့သည်။
ပြန်လည်မွေးဖွားလာပြီးနောက် သူကိုယ်တိုင် ဆက်သွယ်နေရလေပြီ။
အိမ်ခန်းသို့ ပြန်ရောက်သောအခါ လုရွှမ်သည် အနားယူခြင်းမရှိဘဲ ဆက်လက် လေ့ကျင့်ခဲ့သည်။
တစ်ညလုံး နီးပါးပင်။
မိုးသောက်ချိန်တွင် လေ့ကျင့်မှု အရှိန်အဝါ တိုးလာသည်ဟု ခံစားမိသောအချိန်တွင် ဟွာချောင်သည် သူ့ကို ရှာဖို့ ကျယ်ဝန်းသော ခြံဝင်းဆီသို့ ရောက်လာသည်။
ခြံဝင်းထဲတွင် ပျံသန်း အကောင်ကြီး ဒါဇင်ပေါင်းများစွာ ဝပ်တွားနေသည်။ အတောင်တစ်ခုစီသည် မီတာဆယ်ဂဏန်း ကျယ်ပြီး ၎င်းတို့သည် ကြီးမားပြီး အံ့သြဖွယ်ကောင်းသော ရောင်ဝါများကို ထုတ်လွှတ်လျက်ရှိသည်။
"မနေ့က ချင်ဟွာတော့ သတိရလာတာနဲ့ ချက်ချင်း ထွက်သွားတော့တာပဲ......"
လက်ရှိအခိုက်အတန့်မှာ ရောက်လာတဲ့ ကျောင်းသားတွေက ခြံဝင်းထဲမှာ စုရုံးနေကြပြီး ချင်ဟွာရဲ့ ခြေရာလက်ရာ မတွေ့ရတာကြောင့် ဟွာချောင်က တိတ်တဆိတ် ရှင်းပြလေ၏။
ကောင်းကင်ရဲ့ သားတော်လို့ မိမိကိုယ်ကို မာနခဲထားသူက လူတိုင်းရှေ့မှာ ဒီလောက်ကြီး မျက်နှာပျက်သွားမှတော့ မြန်မြန် ထွက်သွားတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူတို့နဲ့အတူ ပြန်သွားရမှာကို သဘာဝကျကျ ရှက်ရွံ့နေမှာပဲလေ။
ချင်ဟွာကိစ္စကို လုရွှမ် ဂရုမစိုက်ဘဲ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။ ခဏအကြာမှာတော့ ကျောင်းအုပ်ကြီးဟန်ရောင် သူတို့ဆီကို ရောက်လာ၏။
"ငါတို့မှာ စုစုပေါင်းကျောင်းသား ၇၃ ယောက်နဲ့ ဆရာ၇ယောက်ရှိတယ်.... ဒါပေမယ့် ပျံသန်း သားရဲအကောင် ၂၀ ပဲရှိတယ်....ဆိုလိုတာက အနည်းဆုံး လူလေးယောက်က သားရဲတစ်ကောင်စီ စီးရလိမ့်မယ်!"
ယင်းအကောင်ကြီးများသည် ယဉ်ပါးရန် ခက်ခဲသည်။ ၎င်းတို့သည် နေ့စဉ် အသားစိမ်း ရာနှင့်ချီ၍ စားရရုံသာမက ငယ်ရွယ်စဉ်ကတည်းက ကျွေးမွေးကာ နေ့စဉ်နှင့်အမျှ ထိတွေ့နေရပြီး လူကို စီးနင်းလိုစိတ်ရှိစေရန် ကိုးရက်လောက်စီးပြီး ထိန်းကျောင်းရသည်။
ဝူယန်အကယ်ဒမီသည် ဝူယန်အင်ပါယာတွင် နံပါတ်တစ် စွမ်းရည်ရှိသော အကယ်ဒမီ ဖြစ်သော်လည်း ပျံသန်းနိုင်သော သားရဲများ အများအပြား မရှိသည့်အပြင် ၎င်းတို့ထဲမှ အကောင်၂၀ အရေအတွက်ပင် အများဆုံး ဖြစ်နေပြီ ဖြစ်သည်။
သို့သော်လည်း သားရဲကြီးသည် ကြီးမားသော ကိုယ်ထည်ရှိပြီး လူလေးငါးဦး သို့မဟုတ် ခြောက်ယောက်လောက် ထိုင်နေစေကာမူ လူအုပ်စုကြီး ဖြစ်မည်မဟုတ်ပေ။
"အခု ငါ့အစီအစဉ်ကို နားထောင်....အားလုံး အလှည့်ကျ ထိုင်ကြမယ်!"
ဟန်ရောင်က အမိန့်ပေးကာ ကျောင်းသားများစွာကို စီစဉ်ပေးစည်။
"ညီလေးလု.... မင်း ငါတို့နဲ့ အတူစီးလို့ရတယ်... အတွင်းဝင်းထဲမှာ ထိပ်တန်းကျောင်းသားတစ်ယောက် အနေနဲ့ ငါ လင်းယုန်စိမ်းပြာ စီးဖို့ အရည်အချင်း ပြည့်မီတယ်....လင်းယုန်စိမ်းပြာရဲ့ ပျံသန်းနှုန်းတည်ငြိမ်မှုက လင်းယုန်ညိုတွေထက် အများကြီး သာလွန်တယ် ပိုလုံခြုံတယ်!"
ဟွာချောင်က ရယ်လျက်ဆို၏။
"လင်းယုန်စိမ်းပြာ? လင်းယုန်ညို?"
လုရွှမ် သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
ပြောရရင်တော့ သူ့အရင်ဘဝက ကျင့်ကြံခြင်း အဆင့်အရ တစ်ယောက်တည်း ပျံသန်းနိုင်ခဲ့ပြီး ပျံသန်းသားရဲတွေကို သုံးတယ်ဆိုတာ ရှားပါးသည်။ ဒါ့အပြင် သားရဲအဆင့်က နိမ့်လွန်းပြီး အရှိန်လည်း မမြန်ဘူး။
သူတကယ် အလျင်လိုတယ် ဆိုရင်တော့ သန့်ရှင်းတဲ့ သားရဲတွေကို ရွေးချယ်မှာ ဖြစ်ပေသည်။
သားရဲတွေကို တခါမှ မထိတွေ့ဖူးသောကြောင့် ပျံသန်း သားရဲများကို အမျိုးအစားခွဲခြား ခေါ်ခြင်းနှင့်ပတ်သက်၍ အနည်းငယ် ရှုပ်ထွေးနေသည်။
"ငါတို့အကယ်ဒမီမှာ ထိန်းကျောင်းထားတဲ့ ပျံသန်း သားရဲကောင်တွေဟာ လင်းယုန်သားဂဲ လို့ ခေါ်တဲ့ တစ်မျိုးပဲရှိတယ်... ဒီကနေပြီးတော့ အရောင်တွေ ကွဲပြားနေတာကို မင်းတွေ့မှာပါ မီးခိုးရောင်၊ စိမ်းပြာရောင်နဲ့ အနီရောင် ဆိုပြီး သုံးမျိုးခွဲထားတယ်...."
ဟွာချောင်က သူ့ကို ထူးခြားချက်ကို ရှင်းပြလေ၏။
"ဒီလင်းယုန်ငှက် သုံးမျိုးမှာ အရောင်အသွေး မတူသလို မတူတဲ့ အစွမ်းသတ္တိတွေလည်း ရှိပြီး သဘာဝကျကျ ပျံသန်းနှုန်းရဲ့ တည်ငြိမ်မှုနဲ့ ဘေးကင်းမှုကလည်း ကွဲပြားတယ်.... အနိမ့်ဆုံး အဆင့်ကို လင်းယုန်ညိုလို့ ခေါ်ပြီး သူ့ရဲ့ အစွမ်းသတ္တိက အဆင့်၅ မှာပဲ ရှိတယ်....ပျံသန်းနိုင်တဲ့ အမြင့်က အကန့်အသတ် ရှိပြီးတော့ အမြင့်ပေများလေ အမြန်နှုန်းက နှေးလေးပဲ...ဝူယန်အကယ်ဒမီရဲ့ ရိုးရိုး ကျောင်းသားတွေအတွက်ပဲ ပိုမြင့်တဲ့ အဆင့်တစ်ခုကတော့ ငါခုနက ပြောခဲ့တဲ့ လင်းယုန်စိမ်းပြာပဲ....သူက အဆင့်၆ရှိတဲ့ သားရဲ.... အတွင်းစည်း တပည့်များနှင့် ဆရာနည်းနည်းပဲ စီးဖို့ အရည်အချင်း ပြည့်မီတယ်.... ပျံသန်းမှုမှာ ပို၍ တည်ငြိမ်ပြီး မြန်လာလေလေပဲ...မင်းကဧည့်သည်လည်းဖြစ် ငါ့မိတ်ဆွေလည်းဖြစ်တော့ ငါနဲ့အတူစီးဖို့ အဆင်ပြေတယ်...."
"လင်းယုန်နီ သားရဲကတော့ အကယ်ဒမီတစ်ခုလုံးမှာ အများဆုံးနှစ်ကောင်ပဲ ရှိတယ်.... တစ်ခုက ကျောင်းအုပ်ကြီး အပိုင်ဖြစ်ပြီး နောက်တစ်ခုကတော့ ဟန်ရွှယ်ကို ကူပြီး ထိန်းကျောင်းထားတာ...အဆင့်၇ သားရဲတွေလေ ပိုမြန်ပြီး ချောချောမွေ့မွေ့ ပျံသန်းနိုင်တယ်...ဒါပေမဲ့ အဲဒီအဆင့်ရှိတဲ့ သားရဲကိုတော့ ငါ မစီးဖူးဘူး.."
ထိုရှင်းပြချက်ကို ကြားပြီးနောက် လုရွှမ် နားလည်သွားသည်။
မြင်းများကဲ့သို့ပင် ဤပျံသန်း သားရဲများကို အဆင့်များ ခွဲခြားထားသည်။ အဆင့်မြင့်လေ ၎င်းတို့၏ လက္ခဏာကို ပြသသည့် ပျံသန်းသားရဲများ၏ အဆင့်သည် မြင့်မားလေဖြစ်သည်။
သူ၏ ကျင့်ကြံမှုသည် မညံ့သော်လည်း ဝူယန်အင်ပါယာမှ မဟုတ်ချေ။ ထို့ကြောင့် ဟွာချောင်တို့နှင့် လင်းယုန်စိမ်းပြာကို စီးနိုင်ခြင်းသည် အလွန်ကောင်းသည်ဟု ယူဆရမည်။
"ဟွာချောင်၊ ဝမ်ရန်၊ လျိုခိုင်၊ ကျောင်းဟောက်... မင်းလေးယောက်က အဲဒီ လင်းယုန်ငှက် တစ်ကောင်ကို စီးလိုက်"
ကျောင်းအုပ်ကြီး၏ အသံ ထွက်လာသောအခါ နှစ်ယောက်သား စကားပြောနေရာမှ ရပ်သွားကြသည်။
"ကျောင်းအုပ်ကြီး... ညီလေးလုကို ကျွန်တော်တို့နဲ့အတူ စီးခိုင်းလို့ရမလား?"
အစီအစဥ်ကို ကြားလိုက်တော့ ဟွာချောင်က လှည့်ပြီး သူ့လက်သီးတွေကို ဆုပ်ထားလိုက်သည်။
လင်းယုန်စိမ်းပြာ သားရဲသည် ၎င်း၏နောက်ကျောတွင် ကြီးမားသော အကျယ်အဝန်း ရှိပြီး လူငါးဦးစီးရန် လွယ်ကူသည်။
"မရဘူး!"
သူစကားမဆုံးခင်မှာ ကျောင်းအုပ်ကြီးဟန်က သူ့လက်ကို မြှောက်ပြီး စကားဖြတ်ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး....ညီလေးလု ဝူယန်အကယ်ဒမီက ကျောင်းသားမဟုတ်ပေမယ့် ကျွန်တော့်ထက်တောင် သန်မာတယ် ...လင်းယုန်စိမ်းပြာကို စီးနင်းခွင့် နည်းနည်းတော့ ရှိမယ်မလား?"
တစ်ဖက်လူရဲ့ ငြင်းဆိုချက်ကို ကြားတော့ ဟွာချောင်က ကမန်းကတန်း ပြောလိုက်သည်။
ညီလေးလုက သူတို့ထက် သန်မာပြီး သူ့ကယ်တင်ရှင်လည်း ဖြစ်သည်။ သူ့ကို မီးခိုးရောင် လင်းယုန်ငှက်ကို စီးခွင့်ပေးပြီး သူ့ကိုယ်သူကျ လင်းယုန်စိမ်းပြာကို စီးခွင့်ပေးတာဟာ တကယ်ကို ယုတ္တိမတန်ပါဘူး။
"ငါ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်!"
ဟွာချောင်ရဲ့ တောင်းဆိုမှုကို လျစ်လျူရှုပြီး ကျောင်းအုပ်ကြီးဟန်က သူ့လက်ကို ဝှေ့ယမ်းပြီး တခြားကျောင်းသားတွေကို ဆက်လက် စီစဉ်ပေးနေ၏။
စုစုပေါင်း လင်းယုန်စိမ်းပြာက ငါးကောင်သာ ရှိပြီး စီးနင်းနိုင်သူများမှာ ခြံဝင်းအတွင်း ကျော်ကြားသော ကျောင်းသားနှင့် ဆရာများ အားလုံးနီးပါးပင် ဖြစ်သည်။ မကြာမီတွင် လင်းယုန်စိမ်းငါးကောင်၏ နေရာများကို ခွဲဝေပေးလို့ ပြီးသွားသည်။
"လင်းယုန်စိမ်း သားရဲမှာ နေရာမရှိတော့ဘူး... ကျောင်းအုပ်က အဲဒီ လုရွှမ်ကို မီးခိုးရောင်လင်းယုန်ကို စီးခွင့်ပြုဖို့ ရည်ရွယ်ထား ပုံရတယ်!"
"ငါတို့အကယ်ဒမီက အရမ်း နာမည်ကြီးတဲ့ သခင်လေး ချင်ဟွာကို ပွင့်ပွင့်လင်းလင်း ချပစ်လိုက်မှာတော့ ကျောင်းအုပ်ကြီးက ဘယ်လိုလုပ် သူ့ကို သဘောကျတော့ပါ့မလဲ..."
"သူထိုက်တန်တယ်....သခင်လေးချင်ဟွားက ငါတို့ အကယ်ဒမီရဲ့ မျက်နှာပဲလေ... သူ့ကို လူမြင်ကွင်းမှာ ရိုက်မှတော့ ကျောင်းအုပ်ကြီးက ပျော်ပါတော့မလား..."
.......
ကျောင်းအုပ်ကြီးက လင်းယုန်စိမ်း သားရဲများကို ပြီးအောင် စီစဉ်ပြီး လုရွှမ်စီးဖို့ နေရာမရှိတာကို တွေ့လိုက်ရတော့ အားလုံးက ရယ်မောလိုက်ကြသည်။
ပျံသန်း သားရဲများကိုစီးရန် အခွင့်အလမ်းများစွာ မရှိသော်လည်း သတ်မှတ်ပေးထားသော သားရဲအဆင့်သည် အမှတ်လက္ခဏာနှင့် ခွန်အားကို ကိုယ်စားပြုလို့ ကျောင်းသားအချင်းချင်းလည်း နှိုင်းယှဉ်မည် ဖြစ်သည်။
လုရွှမ်သည် မနေ့ကပွဲ၌ သိုင်းကွက်နှစ်ကွက်ဖြင့် ချင်ဟွာကို အံ့အားသင့်သွားစေပြီး လင်းလက်တောက်ပနေသော လင်းယုန်စိမ်းပြာကို စီးရန် အရည်အချင်း ရှိရမည်ကို လူတိုင်းက ထင်နေကြသည်။
သို့သော် ယခု သူ့အတွက် နေရာမရှိတော့လေရာ ကျောင်းအုပ်ကြီးက သူ့ကို တမင်တကာ ဖိနှိပ်ပြီး ခက်ခဲအောင် လုပ်နေပြီဟု ထင်ကြသည်။