ဝူယန်အကယ်ဒမီ
Vol. 12 Ch. 2.25
၅ရက်ကြာပြီးနောက်
မြို့တံတိုင်းကြီးသည် မိုးကုပ်စက်ဝိုင်းမှ ဖြည်းညှင်းစွာ တက်လာပြီး မြင်ကွင်းထဲတွင် တဖြည်းဖြည်းချင်း ပေါ်လာသည်။
"ဒါက ဝူယန် တော်ဝင်မြို့တော်ပဲ!"
ဟန်ရွှယ်က သူ့နောက်က လူငယ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
ဤငါးရက်တာ အနားယူခြင်းမှလွဲ၍ အားလုံးနီးပါးသည် လင်းယုန်နီသားရဲ၏ နောက်ကျောတွင် ရှိနေခဲ့ကြသည်။
လင်းယုန်နီ၏ နောက်ကျောသည် ကျဉ်းမြောင်းပြီး လူနှစ်ဦးအတွက် အနည်းငယ် ကြပ်သိပ်နေပါသည်။ ဤလူငယ်သည် အကျိုးကျေးဇူးများကို အခွင့်ကောင်းယူကာ အလွန်အကျွံ လှုပ်ရှားမှုအချို့ ပြုလုပ်လျှင် ဟန်ရွှယ်မှာ စိတ်ဆိုးပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဒီလူငယ်က သူမကို ယောက်ျားတစ်ယောက်လို့ မှတ်ယူထားပုံရပြီး အလွန်အကျွံ လှုပ်ရှားမှုတွေ မလုပ်ခဲ့ဘဲ လေထဲမှာ ငါးရက်ဆက်တိုက် ပျံသန်းခဲ့တဲ့ အချိန်တွေမှာ လက်ကိုတောင် မကိုင်ခဲ့ချေ။
ပထမတော့ ဟန်ရွှယ်က တစ်ဖက်လူဟာ သူမကို ဆွဲဆောင်ဖို့ တမင်တကာ ဟန်ဆောင်ခဲ့တယ်လို့ ထင်ခဲ့တာ။ ရက်အနည်းငယ် ဆက်တိုက်ကြာပြီးနောက်မှာ တစ်ဖက်လူဟာ အဲဒီလိုရည်ရွယ်ချက် လုံးဝမရှိဘူး ဆိုတာကို သူမ သိလိုက်ရသည်။
ဒါကိုသိလိုက်ရတော့ ဟန်ရွှယ် အရမ်းစိတ်ပျက်သွားသည်။
အင်ပါယာနှင့် အကယ်ဒမီတွင် ယောက်ျားဖြစ်နေသရွေ့ သူမကို မျက်လုံးအမျိုးမျိုးဖြင့် မြင်လိုက်ရသည်နှင့် ခဏတာ နီးကပ်ချင်နေသော်လည်း ဒီကောင်လေးကတော့ သူ့ရှေ့မှာ ထိုင်နေသော သူမကိုထိဖို့မပြောနှင့် လှုပ်ပင်မလှုပ်ချေ။
သူမ၏ ဆွဲဆောင်မှု လျော့ပါးသွားသည်ဟုပင် ခံစားလာရစေသည်။
သို့သော်လည်း ဒီလို အတွေးမျိုး ခဏသာဝင်လာပြီး ပျောက်ကွယ်သွားခဲ့သည်။ သူမ ဒီကောင်လေးကို သဘောကျပေမယ့် မကြိုက်ပါဘူး။ ယောက်ျားနဲ့ မိန်းမကြားက ချစ်ခြင်းမေတ္တာအဆင့်ကို မတက်ဘူးဆိုရင် သဘာဝကျကျ သူ့ရင်ခွင်ထဲသို့ သူမကိုယ်သူမ ပစ်ဝင်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။
ထို့ကြောင့် လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးသည် အလွန် နီးခဲ့ကြသော်လည်း သူတို့၏ ဆက်ဆံရေးသည် ယခင်ကလိုပင် ခပ်ဝေးဝေးပင်။
"နောက်ဆုံးတော့ ရောက်ပြီ!"
လင်းယုန်၏ ကျောပြင်ပေါ်တွင် ထိုင်နေသော လုရွှမ်သည် ရှေ့ကို မျှော်ကြည့်ကာ ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့ကို မြင်လိုက်ရသည်။
အကွာအဝေးက ဝေးနေသေးပြီး အနည်းငယ် မသဲကွဲသေးသော်လည်း တစ်မြို့လုံး၏ ကောက်ကြောင်းကို မြင်နိုင်ပြီး ကျက်သရေရှိလှသည့် မြင်ကွင်းကြောင့် လုရွှမ် အံ့သြမိသည်။
"အရွယ်အစားက ကျန်းဝူမြို့ထက် ဆယ်ဆလောက်ရှိမယ်.... လူဦးရေကလည်း ဆယ်သန်းကျော်လောက်ရှိမယ်"
ကြည့်လိုက်ပြီး လုရွှမ်သည် သူ့စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေလေသည်။
ဝူယန်မြို့ငယ်လေးက သူ့ကိုအနည်းငယ်မျှ ထိတ်လန့် တုန်လှုပ်စေမည်မှာ မဖြစ်နိုင်ပေ။ သို့သော် ဤမြို့သည် အမှန်ပင် မသေးငယ်ဘဲ သူထင်ထားသည်ထက် ပိုကြီးသည်ဟု ဆိုရမည်ဖြစ်သည်။
ထိုသို့သော မြို့ကြီးသည် အောက်ပိုင်းအင်ပါယာအချို့၏ အင်ပါယာမြို့တော်များ ထက်ပင် ပို၍ ခမ်းနားထည်ဝါသည်။
"ရှောင်ရွှမ်လေး....ဒီမြို့မှာ ရှားပါးတဲ့ ရတနာတွေ ရှိနေတာကို ငါခံစားရတယ်"
သူ့ရှေ့က ကြီးမားလှတဲ့ မြို့ကြီးကို ကြည့်နေစဥ် ခေါင်းထဲမှာ အသံတစ်သံ ပေါ်လာ၏။
"ဒီမှာ တကယ်ရှိနေတာပဲ!" လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး သူ့လက်သီးများကို အလိုအလျောက် ဆုပ်ထားလိုက်သည်။
ထိုအသံသည် ကျီးကန်း၏ အသံသာ ဖြစ်သည်။
ဒီတစ်ခေါက် ဝူယန်တော်ဝင်မြို့တော်ကို လာရတဲ့ ရည်ရွယ်ချက်က ရှားပါးတဲ့ ရတနာကို ရှာဖွေပြီး သူ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ပဲဖြစ်သည်။ အစတုန်းကတော့ အကွာအဝေးကြောင့် အာရုံခံ အနေအထားက အနည်းငယ် မရေမရာ ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ သူသေချာနေပြီ ဖြစ်တဲ့ အတွက်ကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
အဲဒါက ရတနာပဲပေါ့။
ယခင်ဘဝက တိမ်ပင်လယ် နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပေမယ့် ဒီလိုကောင်းတဲ့ ပစ္စည်းကို တစ်ခါမှမရဖူးခဲ့ပေ။
"အဲဒါက ဘယ်လိုရတနာမျိုးလဲ ဆိုတာ အာရုံခံနိုင်လား?"
လုရွှမ် တိတ်တဆိတ် မေးလိုက်သည်။
ဤထူးဆန်း ရတနာမှာ စွမ်းအင်တွေ အများကြီးပါပြီး တစ်ခုနဲ့တစ်ခု ကွဲပြားပါသည်။ ဒါက ဘယ်လိုအမျိုးအစားလဲ ဆိုတာ သိနိုင်ရင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်ပါသည်။
"ဒီရှားပါးရတနာကို တစ်စုံတစ်ယောက်က တံဆိပ်ခတ်ထားပုံပဲ... အဲဒါကို တစ်ခါတလေ မခံစားမိဘူး...ဒါပေမဲ့ ဒီထက်နီးလာရင် ငါသေချာပေါက် သိမှာပဲ!"
ကျီးကန်းက ပြောသည်။
"တစ်စုံတစ်ယောက်က တံဆိပ်ခတ်ထားတယ်?"
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
ထူးဆန်းတဲ့ ရတနာကို ဘယ်သူကမှ ရှာမတွေ့ခဲ့ဘူးလို့ သူထင်ခဲ့တာ။ တစ်စုံတစ်ယောက်က တံဆိပ်ခတ် ချိတ်ပိတ်ထားပြီ ဆိုတော့ တစ်ယောက်ယောက်ရဲ့ လက်ထဲကို ရောက်နေပြီပေါ့။
"ထူးဆန်းတဲ့ ရတနာမှာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိလို့ သန့်စင်ချင်ရင် တူညီတဲ့ အရည်အချင်းနဲ့ ခန္ဓာကိုယ် ကျင့်စဥ် ရှိရမယ်။ ကမ္ဘာပေါ်မှာ ကျင့်ကြံနည်းနဲ့ အရည်အချင်းတွေ ဒီလောက်များတာ အဲဒါကို ရှာတွေ့ရင်ရော ဘယ်လိုလုပ်မလဲ? သန့်စင်ဖို့ရော လွယ်မှာလား?"
ကျီးကန်းက
"စိတ်မပူပါနဲ့... အဲဒါကို တစ်စုံတစ်ယောက်က သန့်စင်ပြီးတော့ ရတနာကို တစ်ဖက်လူနဲ့ ပေါင်းစည်းထားရင် ငါအဲဒါကို အာရုံခံနိုင်မှာ မဟုတ်ဘူး..."
ထူးဆန်းသော ရတနာများသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာပြီး ရတနာများ အသီးသီးတွင် ကောင်းကင်နှင့်မြေကြီး၏ အထွတ်အထိပ် နိယာမ တစ်မျိုးစီပါရှိသည်။ သင့်တော်သော ဂုဏ်သတ္တိနှင့် အရည်အချင်းများ မရှိလျှင် ၎င်းကို သန့်စင်လိုပါက မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။
ထူးဆန်းသော ရတနာသည် အလွန်အစွမ်းထက်ကြောင်း သူ၏ယခင်ဘဝတွင် သိခဲ့သော်လည်း ထိုကဲ့သို့သော အခက်အခဲများကြောင့် ၎င်းကို တမင်မရှာဖွေခဲ့ပေ။
"မသန့်စင်ထားသေးရင်တော့ ကောင်းပါတယ်!"
ကျီးကန်းသည် မလိမ်နိုင်မှန်းသိ၍ လုရွှမ် သက်ပြင်းချလိုက်သည်။
"စကားမစပ်....ယွမ်ယန်ကျင့်စဥ်က မင်းကို ခန္ဓာကိုယ်ကိုမဆို ဟန်ဆောင်ပြီး စစ်မှန်တဲ့ စွမ်းအင်တစ်ခုခုကို အတုယူနိုင်ပေမယ့် အဲဒါက ရှားပါးတဲ့ ရတနာတစ်ခု ပြီးတော့ သူ့ရဲ့ စွမ်းအားက အရမ်းသန်မာတယ်.... မင်းအဆင့်မြင့်တဲ့အဆင့်ကို ရောက်ထညးရင် ကြီးကြီးမားမား ပြဿနာမရှိဘူး... အခုတော့ မင်း ကြိုတင်ပြင်ဆင်ထားရမယ်....သင့်တော်တဲ့ အဂ္ဂိရတ်ဆေးကို သန့်စင်ပြီး မင်းကိုယ်ထဲ ပေါင်းစည်းရမယ်....ဒါမှသာ ရတနာ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့အခါ ထွက်လာတဲ့ စွမ်းအားကြီးက မင်းကို အမှုန့်ဖြစ်အောင် မချေမှုန်းနိုင်မှာ"
ကျီးကန်းသည် တစ်ချက်သတိရပြီး ခပ်မြန်မြန် သတိပေးလိုက်သည်။
"သင့်တော်တဲ့ ဆေးကို သန့်စင်ထားရမှာလား?"
လုရွှမ် ခဏလောက် အံ့သြသွားပြီးမှ ခေါင်းညိတ်လိုက်သည်။
တချို့တန်ခိုးကြီးသော ရတနာများသည် လုံလောက်အောင် မကျင့်ကြံထားရင် သန့်စင်ရန် မလွယ်ကူသည်မှာ မှန်ပါသည်။ စိန်ကို ဖန်ဓားဖြင့် လှီးဖြတ်ခြင်းကဲ့သို့ပင် နောက်ပိုင်းတွင် ဖြတ်မဖြတ်နိုင်ဘဲ ဓားကသာ ဦးစွာ ကွဲကြေသွားမည်ဖြစ်သည်။
ပြန်လည် မွေးဖွားပြီးနောက် လေ့ကျင့်မှုအတွက် အလွန်ခက်ခဲသော်လည်း ဤခန္ဓာကိုယ်၏ အခြေခံမှာ နည်းပါးလွန်းပြီး ယခုတွင် အတုတံဆိပ် နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။
ဤအစွမ်းသတ္တိမျိုးဖြင့် ထူးဆန်းသော ရတနာကို ရင်ဆိုင်ရသည်မှာ ဆင်တစ်ကောင်နှင့် ရင်ဆိုင်ရသော ပုရွက်ဆိတ်နှင့်ပင် တူလေသည်။ ပံ့ပိုးပေးသည့် အဂ္ဂိရတ်ဆေး မရှိပါက ရတနာကို မသန့်စင်မီကပင် သူ့ခန္ဓာကိုယ် ကြေမွသွားလိမ့်မည်။
"ဘယ်လိုရှားပါး ရတနာလဲဆိုတာ အတည်ပြု ပြီးတော့မှ သန့်စင်ဖို့ ဆေးဖက်ဝင်ပစ္စည်းတွေကို ရှာကြတာပေါ့!"
လုရွှမ် ပြန်ဖြေလိုက်သည်။
ရှားပါးရတနာ အမျိုးအစားအကြောင်း မသေချာလို့ ဘယ်လို အဂ္ဂိရတ်ဆေး အမျိုးအစားကို သန့်စင်ရမယ်ဆိုတာလည်း မသေချာသေးချေ။ ထို့ကြောင့် သဘာဝကျကျ စတင်ဖို့ နည်းလမ်း မရှိသေးပေ။
"ဒါက ငါတို့ရဲ့ ဝူယန်အကယ်ဒမီပဲ!"
ကျီးမည်းနှင့် စကားများများ ပြောလေလေ ထူးဆန်းသော ရတနာအကြောင်းကို သူပိုသိလေလေ ဖြစ်သည်။ ထူးဆန်းသော ရတနာကို မည်သို့ရှာဖွေပြီး သန့်စင်ရမည်ကို တွေးနေစဥ် ရှေ့တွင်ထိုင်နေသော ဟန်ရွှယ်က လက်ညှိုးထိုးပြပြန်သည်။
လွန်ခဲ့သည့် နေ့တစ်ဝက်တွင် လင်းယုန်နီသားရဲသည် ဝူယန် တော်ဝင်မြို့ထဲသို့ ဝင်ရောက်လာကာ ၎င်းရှေ့ရှိ ကြီးမားသော ဝင်းကြီးတစ်ခုက မြင်ကွင်းထဲ ပေါ်လာ၏။
ခြံဝင်းသည် ဧကထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး အတွင်းဘက်တွင် အဆောက်အအုံများ ထူထပ်စွာ ပြည့်ကျပ်နေသည်။ မြင်ရသည့် လူအားလုံးနီးပါးသည် တူညီသော အဝတ်အစားများ ၀တ်ဆင်ကာ စနစ်တကျ လေ့ကျင့်ခြင်းနှင့် အတန်းတက်ခြင်းများ ပြုလုပ်နေကြသည်။
"ဒါက ကျန်းဝူအကယ်ဒမီထက် အများကြီး ပိုကြီးတယ်!"
ကြည့်လိုက်ပြီးနောက် လုရွှမ် ခေါင်းညိတ်လိုက်သည်။
ကျန်းဝူအကယ်ဒမီ နှင့် နှိုင်းယှဉ်ခြင်းသည် ကျေးလက်နှင့် မြို့ကြား ကွာဟချက်သာ ဖြစ်ပြီး ၎င်းတို့နှစ်ခုကြား နှိုင်းယှဉ်စရာပင် မရှိပါ။
"ကျောင်းကို ကိုယ်ခံပညာဌာန၊ အဂ္ဂိရတ်ဌာန၊ ရှေးဟောင်းလက်နက် သန့်စင်ရေးဌာန၊ အခင်းအကျင်း ဖွဲ့စည်းရေးဌာန ဆိုပြီး ပိုင်းခြားထားတယ်။ အခု ငါက အခင်းအကျင်း ဖွဲ့စည်းရေးဌာနရဲ့ စီနီယာအစ်မကြီးလည်း ဟုတ်တယ် အတွင်းခန်းက တပည့်လည်း ဟုတ်တယ်!"
လုရွှမ်သည် ကျန်းဝူအကယ်ဒမီမှ ဆင်းသက်လာသည်ကို သိလိုက်ရသဖြင့် ဟန်ရွှယ်သည် ဤမျှကြီးကျယ်ခမ်းနားသော အကယ်ဒမီကို တစ်ခါမျှ မမြင်ဖူးကြောင်း တွေးကာ ရှင်းပြနေသည်။
ကျောင်းသားဦးရေ များပြားခြင်းကြောင့် ဤအကယ်ဒမီမျိုးတွင် ပါရမီရှင်များ ရှိပြီး အဆင့်သုံးဆင့်သာရှိသော ကျန်းဝူအကယ်ဒမီနှင့် မတူဘဲ အသေးစိတ် ပိုင်းခြားမှုများ ရှိသည်။
"အခင်းအကျင်း ဖွဲ့စည်းရေးဌာနရဲ့ စီနီယာအစ်မ?"
လုရွှမ် ပြုံးလိုက်သည်။
ဤအရွယ်တွင် သူသည် အဆင့်၃ အခင်းအကျင်း မှော်ဆရာအဆင့်သို့ ရောက်ရှိခဲ့ပြီး ဝူယန်အင်ပါယာ၌ အမှန်ပင် သူ့ကို ဖွဲ့စည်းဖွဲ့စည်းခြင်းဆိုင်ရာ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။
"မရယ်နဲ့...သေချာပေါက် ရှင်နဲ့တော့ မယှဉ်နိုင်ဘူးပေါ့!"
လူငယ်လေး၏ အပြုံးကို မြင်လိုက်ရတော့ ဟန်ရွှယ်သည် သူမကို ရယ်မောနေသည်ဟု ထင်ကာ မျက်နှာနီမြန်းသွားသည်။
အရင်ကတော့ သူမဟာ အခင်းအကျင်း မှော်ဆရာတစ်ယောက် အနေနဲ့ သူမအရည်အချင်းကို ဂုဏ်ယူနေဆဲဖြစ်ပြီး ဘယ်သူနဲ့မှ မယှဉ်နိုင်ဘူးလို့ ခံစားခဲ့ရသည်။
"ငါ မင်းကို မရယ်ပါဘူး!"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
"ဟမ့် ရှင့်ပါးစပ်ကသာ မရယ်ဘူးပြောနေတာ ရှင့်စိတ်ထဲမှာ ရယ်နေတယ်လေ!"
ဟန်ရွှယ် အံကြိတ်ရင်း ဆိုလိုက်သည်။
"ကောင်းပြီ.... အဲဒါတွေ မပြောနဲ့တော့ ဒီလူတွေ ဘာလုပ်နေကြတာလဲ?"
အမျိုးသမီးတစ်ဦးနှင့် ငြင်းခုံခြင်းသည် ယုတ္တိမရှိဟု သေချာပေါက် သိထားတဲ့ လုရွှမ်က အရှေ့သို့ ညွှန်ပြလိုက်သည်။
သူ့လက်ညှိုးညွှန်ရာမှာတော့ တူညီဝတ်စုံဝတ်ထားတဲ့ ဝူယန်အကယ်ဒမီမှ ကျောင်းသား တော်တော်များများသည် ဘာလုပ်နေမှန်းမသိ စုရုံးလာနေကြသည်။