ဟန်ရွှယ်ရောက်လာပြီ
Vol. 12 Ch. 2.27
"သခင်လေးချင်ဟွာက သူမကို လာခေါ်ဖို့ တစ်ယောက်ယောက်ကို ပို့လိုက်တာလား....မိန်းကလေးဆူးရဲ့ နောက်ခံက ဘယ်လိုများလဲ?"
"သခင်လေးချင်ဟွာက တပ်မက်စိတ်နဲ့ နာမည်ကြီးတယ်လေ... ဒီကောင်မလေးက အရမ်းလှတာ မတွေ့ဘူးလား နည်းနည်းလောက် စဉ်းစားကြည့်ရင်တောင် ဘာကြောင့်လဲဆိုတာ သိနိုင်တယ်"
"သခင်လေးချင်ဟွာရဲ့ တန်ဖိုးထားမှုကို ခံရတာက ဘာပဲဖြစ်ဖြစ် သူမက အောင်မြင်လိမ့်မယ်..."
.....
တုပေါ်က ဆူးယာဆိုတဲ့ မိန်းကလေးကို အထူးတလည် လာရောက်ကြိုဆို နှုတ်ဆက်နေတာကို တွေ့တော့ အားလုံးက မနာလိုဖြစ်သွားကြသည်။
ဒီမိန်းကလေး အကယ်ဒမီကို ဘယ်လိုအခြေအနေမျိုးနဲ့ ဝင်ခဲ့ပါစေ ချင်ဟွာလိုမျိုး သစ်ပင်ကြီးတစ်ပင်ကို ပွေ့ဖက်ထားနိုင်ရင် တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး သူမကို ဘယ်သူမှ မထီမဲ့မြင် ပြုရဲကြမည် မဟုတ်တော့။
"စီနီယာတုပေါ်ကို အလုပ်ပိုစေမိပါပြီ...."
ဆူးယာသည် သူမ၏ ရင်တွင်းရှိ စိတ်လှုပ်ရှားမှုကို နှိမ့်ချကာ လက်သီးများကို အမြန်ဆုပ်လိုက်သည်။
"သခင်လေးချင်အတွက် ဒီနည်းနဲ့ တာဝန်ထမ်းဆောင်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ....သခင်မလေးဆူး ဒီဖက်ကိုကြွပါ...."
တုပေါ်က ပြုံးကာ ရှေ့သို့ လှမ်းလိုက်သည်။ လူတိုင်း တစ်ယောက်ပြီး တစ်ယောက် တလှမ်းချင်း လျှောက်သွားကာ ကျဉ်းမြောင်းသော လူကြားတွင် လျှောက်လာရင်း ဆူးယာသည် သူမ၏ နှလုံးသားထဲတွင် မကြုံစဖူး မာနတစ်ခုကို ခံစားလိုက်ရသည်။
ဝူ.....ဝူ.....ဝူ.....
လေထဲမှာ ပျံနေတဲ့ ငှက်အော်သံကြားတော့ လူပေါင်းများစွာ ရှေ့ကို တိုးလာကာ စိမ်းပြာရောင် လင်းယုန်ငှက် အကောင်ကြီးကြီး တစ်ကောင်က လှည့်ပတ်ပျံနေတာကို မော့ကြည့်လိုက်ကြသည်။
လင်းယုန်၏ ကျောပြင်တွင် အဖြူရောင် ၀တ်စုံ လူငယ်တစ်ဦးသည် နတ်သားရဲ၏ ကျောနောက်တွင် လက်နှစ်ဖက် နောက်ပစ်လျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေကာ မြင့်မြတ်သော ရောင်ဝါများကိုပါ ထုတ်လွှတ်ထားသည်။
ကြည့်လိုက်ရုံနဲ့ ရင်သပ်ရှုမောဖွယ် ကောင်းပြီး မရေမတွက်နိုင်တဲ့ မိန်းကလေးတွေကလည်း အော်ဟစ်နေကြစေသည်။
အရမ်းခန့်တာပဲ!
ပျံဝဲနေသော သားရဲ၏ ကျောနောက်တွင် ရပ်နေသူမှာ မရေမတွက်နိုင်သော မိန်းကလေးများ၏ ကိုးကွယ်ရာ ရုပ်တုတစ်ခု ကဲ့သို့ပင် ဖြစ်နေသည်။
"သခင်လေးချင်!"
တုပေါ်က သူ့လက်သီးတွေကို ကမန်းကတန်း ဆုပ်ရင်း ခါးကိုပါ ကိုင်းထားလိုက်သည်။
"သူက သခင်လေးချင်ဟွာလား?"
"သူက ဝူယန်အင်ပါယာမှာ နံပါတ်တစ် ပါရမီရှင်လို့ သိထားကြတဲ့ သခင်လေးချင်ဟွာလား"
"ဟုတ်တယ်.... ကျောက်စိမ်းပင်က လေကို မျက်နှာမူပြီး ရပ်တည်နေသလိုပဲ..."
"နာမည်ကြီးတာက တွေ့ဆုံခြင်းထက် ပိုဆိုးတယ်..... တွေ့ဆုံတာက နာမည်ကြီးတာထက် ပိုကောင်းတယ်!"
........
တုပေါ်နှုတ်က ထွက်ကျလာတဲ့ စကားသံကိုကြားတော့ လူတိုင်းက ဒီလူငယ်က ဘယ်သူလဲဆိုတာ သိသွားကြပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးတွေလည်း နီရဲလာသည်။
ကျင့်ကြံသူတိုင်း ဘယ်သူကများ မသန်မာချင်လို့လဲ။ ဒီလူဟာ ဝူယန်အကယ်ဒမီမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းဆရာနယ်ပယ် အဆင့်ကို ရောက်ရှိသွားသည့်အပြင် မိသားစုနောက်ခံကောင်း ရှိပြီး ချောမောခန့်ညားသည်။
"သူက ချင်ဟွာလား?"
ဆူးယာ၏ လှပသော မျက်နှာသည် နီမြန်းသွားလေသည်။
အရင်ကတော့ သခင်လေးချင်ဟွာဟာ ရုပ်ရည်မချောမှာကို စိုးရိမ်နေခဲ့ပေမယ့် အခုမြင်လိုက်ရတာ ရိုးရိုးရှင်းရှင်း ပြီးပြည့်စုံတဲ့ မင်းသားလေး ဖြစ်နေသည်။
အားနည်းချက်ပင် မရှိနိုင်ပေ။
သူနှင့် နှိုင်းယှဥ်ကြည့်လျှင် လုရွှမ်သည် နံစော်နေသော ရွှံ့နွံထဲမှ ဖားတစ်ကောင်နှင့်ပင် တူသည်။
ရယ်စရာကောင်းလိုက်တာ စိတ်မကောင်းလိုက်တာ။ အဲဒီလို ဇာတ်ရုပ်ကို တန်ဖိုးထားဖို့က အဲဒီ့နေရာသေးသေးလေးက ချာတိတ်ထက် အများကြီးသာလွန်တယ် မဟုတ်လား။
ခဏလောက် စဥ်းစားကြည့်ပြီး အဲဒီတုန်းက နောင်တရခဲ့တယ် ဆိုတာ ဘယ်လို ရယ်စရာကောင်းတဲ့ စကားမှန်းတောင် မသိတော့ချေ။
ကံကောင်းထောက်မစွာဖြင့် သူသည် မှားယွင်းသော ဆုံးဖြတ်ချက်များ မချခဲ့မိချေ။ မဟုတ်ပါက ယနေ့မှစ၍ သေသည်အထိ ငိုနေရမည် မဟုတ်ပါလား။
"အဟက်...."
ချင်ဟွာသည် လေထဲမှနေ၍ ထိန်းမရသော စိတ်လှုပ်ရှားမှုများကို မြင်လိုက်ရပြီး ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် မြေပြင်မှ ဆယ်မီတာကျော် အကွာအဝေးတွင် ရှိနေ၏။
သူ၏ ခြေဖဝါးသည် လင်းယုန်၏ နောက်ကျောကို ထိလိုက်ကာ သူ၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားကာ ဖြည်းညှင်းစွာ အောက်သို့ လွင့်ပျံကျလာသည်။
စစ်မှန်သော ဝိညာဥ်ချီကြောင့် သူ့တစ်ကိုယ်လုံး အလေးချိန်မရှိတဲ့ သစ်ရွက်ကဲ့သို့ ပေါ့ပါးနေသည်။
"အား……"
လက်တစ်ချက် ဝေ့ယမ်းကာ ခန္ဓာကိုယ်၏ ပေါ့ပါးမှုကို ကန့်သတ်ချက်အထိ ပြသကာ အောက်ဖက်ရှိ လူများကို အထပ်ထပ် အခါခါ အော်ဟစ်စေသည်။
အောက်သို့ ဆင်းလာသည့်အခိုက် သူ၏အဖြူရောင် ဝတ်ရုံများက နတ်ဘုရားတစ်ပါးကဲ့သို့ တဖျတ်ဖျတ် လွင့်နေကာ လူတိုင်းကို မနာလို အားကျစေသည့် ခံစားချက်များ ပေးစွမ်းနေလေသည်။
ဟူ!
ချင်ဟွာ ဆင်းသက်လာပြီ။
လုရွှမ်၏ ခွေးခြေခုံ ခြေထောက်ဖြင့် သတိလစ်သွားပြီးနောက် လွန်စွာရှက်ရွံ့သွားကာ လင်းယုန်ငှက်စိမ်း တစ်ကောင်ပေါ်တွင် တစ်ညလုံး ပျံသန်းခဲ့ပြီး ယခုအချိန်မှ အကယ်ဒမီကျောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် ကျော်ကြားမှုကို ရှာဖွေရန် အမြဲတမ်း နှစ်သက်ခဲ့ပြီး ယခုအချိန်တွင် ကျောင်းသား အဟောင်းနှင့် အသစ်များ ဖလှယ်သည့် တွေ့ဆုံမှုရှိရာ သဘာဝအတိုင်း ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။
အခုဆို လူတိုင်းက သူ့ကို သဘောကျကြပြီး စိတ်လှုပ်ရှားမှုကို ထိန်းမရတော့ပေ။
လူတွေသူ့ကို အားကျနေကြတာကို မြင်ရတော့ အရင်က မကျေနပ်မှုတွေက ပျော်ရွှင်မှုအဖြစ်သို့ ချက်ချင်းကြီး တိုးတက်လာခဲ့သည်။
"မင်းက မော့ချန်ခေါ်လာတဲ့ ဆူးယာလား"
မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် တုပေါ်သည် သူနှင့်တွေ့ရန် အပြေးအလွှား ရောက်လာကယ သူ့နားထဲတွင် တစ်စုံတစ်ခုကို တိုးတိုးပြောလိုက်သည်။
ဆူးယာရဲ့ အလှဟာ တကယ့်ကို ရှားပါးတဲ့ အလှတစ်ခုလို့ ပြောရမှာပါပဲ။ ချင်ဟွာမှာ မရေမတွက်နိုင်တဲ့ အလှလေးတွေကို မြင်တွေ့ခဲ့ရပေမဲ့ သူမကိုတွေ့တော့ အံ့သြထိတ်လန့်နေဆဲပင်။
"ဟန်ရွှယ်ထက်တော့ မညံ့ပါဘူး...ဟားဟား... ဒီည ငါသူ့ကို စားလိုက်မယ်..."
ညစ်ညမ်းသော အတွေးတစ်ခု သူ့စိတ်ထဲ ဖြတ်ပြေးသွားကာ ချင်ဟွာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဆူးယာသည် ၁၆သို့မဟုတ် ၁၇နှစ်သာရှိသေးပြီး ဟန်ရွှယ်ထက် အနည်းငယ် ငယ်သော်လည်း သူမသည် ထူးထူးခြားခြား အရသာရှိသော ပန်းပွင့်တစ်ပွင့် ကဲ့သို့ဖြစ်ပြီး ချင်ဟွာ၏ နှလုံးသားမှာ အလူးအလဲဖြင့် မြည်းစမ်းကြည့်ဖို့ အပြေးအလွှားသွားရန် မစောင့်နိုင်တော့ပေ။
"ဆူးယာပါ....သခင်လေးချင်ဟွာကို ဂါဝရပြုပါတယ်"
တစ်ဖက်လူ၏ မျက်လုံးများ လင်းထိန်လာသည်ကို မြင်လိုက်ရတော့ ဆူးယာလည်း သူဘာတွေတွေးနေမှန်း သိလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ရွံရှာနေမည့်အစား သူမ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
လမ်းမှာ မော့ချန်က လေ့ကျင့်အဖော်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြခဲ့ပါသည်။ လိုအပ်ရင် သူမဟာ သခင်လေးကို သူခန္ဓာကိုယ်နဲ့ အလုပ်အကျွေးပြုဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူမရဲ့အလှနဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး တစ်ဖက်လူကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ချေ။
"အင်း ကောင်းတယ် မဆိုးဘူး!"
ချင်ဟွာက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ကောင်မလေးကို အဝေးသို့ ခေါ်သွားမည်အပြု လေထဲတွင် လေတိုက်သံ ထပ်မံကြားလိုက်ရကာ လင်းယုန်နီငှက်တစ်ကောင် ပျံဝဲလာလေသည်။
"အဲဒါ ဟန်ရွှယ်ရဲ့ လင်းယုန်နီပဲ!"
ဤလင်းယုန်ငှက်ကို မြင်လျှင် ချင်ဟွာသည် ဆူးယာကို လျစ်လျူရှုပြီး စိတ်လှုပ်ရှားစွာ မျှော်ကြည့်သည်။
အနီရောင် လင်းယုန်၏ အတောင်ပံများ ဖြန့်ချလိုက်လျှင် လေးမီတာမှ ငါးမီတာအထိ ရှည်လျားပြီး ၎င်းပေါ်တွင် တစ်စုံတစ်ယောက် ရှိမရှိကို မမြင်နိုင်အောင် ပိတ်ဆို့ထားကာ လူဘယ်နှယောက် ထိုင်နေတယ်ဆိုတာလည်း မမြင်ရချေ။
ဟူ!
ထိုအချိန်တွင် သိမ်မွေ့သော ကိုယ်ခန္ဓာသည် မတ်တပ်ထရပ်ကာ ပေါ့ပါးစွာ လှုပ်ရှား၍ လင်းယုန်၏နောက်ကျောမှ ဆင်းသက်လာသည်။
ဟန်ရွှယ်မဟုတ်ရင် ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ?
"ဟန်အလှလေး...."
"ဝူယန်အကယ်ဒမီရဲ့ နံပါတ်တစ် အလှလေး!"
.......
နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ် ပျံဆင်းလာသည်ကို မြင်လိုက်တဲ့ လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ကြသည်။
ဟန်ရွှယ်ရဲ့ အသွင်အပြင်က ချင်ဟွာထက်ပင် ပိုစိတ်လှုပ်ရှားစရာ ကောင်းနေလေ၏။
"သူက..."
ဟန်ရွှယ်ရဲ့ ခွန်အားနဲ့ ကျက်သရေရှိမှုကို မြင်လိုက်ရတော့ ယုံကြည်မှု အပြည့်ရှိခဲ့တဲ့ ဆူးယာ ငန်းဖြူတစ်ကောင်နဲ့ တွေ့သွားတဲ့ ရုပ်ဆိုးတဲ့ ဘဲတစ်ကောင်လို ခံစားလိုက်ရသည်။
သူမဟာ ရုပ်ဆိုးလို့ မဟုတ်ဘဲ သူမရဲ့ အရည်အချင်း နဲ့ ခွန်အားက တစ်ဖက်လူကို လုံးဝ မမီတာကြောင့်ပင်။
သူမနဲ့ တစ်ဖက်လူကြားက ကွာခြားချက်က ကြီးလွန်းသည်။ နှစ်ယောက်သားက တူညီတဲ့ နယ်ပယ်တွေမှာ မဟုတ်ချေ။
"ညီမလေးဟန်ရွှယ် မင်းလာပြီပေါ့...."
ဟန်ရွှယ်ကိုမြင်တော့ ချင်ဟွာက ဆူးယာကို လျစ်လျူရှုပြီး ဝမ်းသာအားရ မျက်နှာနဲ့ သူမဆီကို အပြေးသွားလိုက်သည်။
"ရှင်ကဘာလို့ဒီကို ရောက်နေတာလဲ? စိတ်ပျက်စရာ ကောင်းလိုက်တာ!"
ဟန်ရွှယ်သည် ချင်ဟွာ ဤနေရာ၌ရှိမည်ဟု မမျှော်လင့်ထားရာ သိသိသာသာ မျက်မှောင်ကြုတ်လိုက်သည်။
ကျောင်းသားဟောင်းနဲ့ အသစ်တွေ ဖလှယ်ဖို့ ဆွေးနွေးပွဲကို ကြည့်ဖို့ သူမ ဒီကို လာခဲ့တာဖြစ်သည်။ ချင်ဟွာနဲ့ တွေ့တဲ့အခါ သူမရဲ့ နဂိုကကောင်းနေတဲ့ စိတ်နေစိတ်ထား ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။
"အဟမ်း...ညီမဟန်ရွှယ်.... ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က ဝူယန်အင်ပါယာ တစ်ခုလုံးမှာ အလိုက်ဖက်ဆုံး လူနှစ်ယောက်ပဲလေ..."
ချင်ဟွာက သူမပြောတာကို စိတ်ထဲမထားဘဲ ပြောလိုက်သည်။
"ဘယ်သူက ရှင်နဲ့လိုက်ဖက်ချင်လို့လဲ?"
ဟန်ရွှယ် သူမလက်ကို ဝှေ့ယမ်းပြီး အရှက်မဲ့တဲ့လူကို လျစ်လျူရှုလိုက်သည်။
"ဘာဖြစ်နေတာလဲ?"
"ငါတော့ ဘယ်လိုပဲကြည့်ကြည့် သခင်လေးချင်ဟွာက အဲဒီဟန်ရွှယ်ကို ပိုးပန်းနေတယ်လို့ ထင်နေတယ်"
"ငတုံးလားမင်းက....ဒါက ဘာလျှိုဝှက်ချက်မှ မဟုတ်တာကို သခင်လေးချင်ဟွာက သူမကို လိုက်ပိုးပန်းနေခဲ့တာ ကြာပြီ....ဒါပေမဲ့ ဟန်ရွှယ်ကသူ့ကို လျစ်လျူရှုထားတယ်လေ"
ဝိုင်းပြီး တီးတိုးဆွေးနွေးကြ၏။
"သူမကိုလိုက်ပိုးပန်းတယ်……"
ဒါကိုကြားတော့ ဆူးယာရဲ့မျက်နှာက နီမြန်းသွားပြီး လက်သီးကို ဆုပ်ထားလိုက်သည်။