လုရွှမ်ပေါ်လာပြီ
Vol. 12 Ch. 2.28
ချင်ဟွာကို သူမရုပ်ရည်နဲ့ ဖမ်းချုပ်ပြီး သူမရဲ့ချစ်သူဖြစ်လာဖို့ လွယ်မယ်လို့ ထင်ခဲ့ပေမယ့် ဒီစကားတွေကို ကြားလိုက်ရပြီး သူ့လုပ်ရပ်တွေကို မြင်လိုက်ရတော့ ဆူးယာ သည်းမခံနိုင်တော့ပေ။
သူမကိုလည်း ရှာသလို ဒီဟန်ရွှယ်ကိုလည်း လိုက်ပိုးပန်းနေတယ်တော့ သူမက ဘာဖြစ်သွားမလဲ?
"သခင်လေးချင်...."
သွားများကို အံကြိတ်ရင်း ချင်ဟွာထံသို့ ရောက်ရှိလာကာ ဆူးယာသည် သူမ၏ အနီရောင်နှုတ်ခမ်းများကို ကိုက်လျက် ချစ်ခင်စွာ ကြည့်နေလေသည်။
သူမ တိုက်ပွဲဝင်ချင်နေသည်!
သခင်လေးချင်ဟွာ သူ့ကိုပဲ ကြည့်နေမှ ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိပြီး အဆင့်အတန်း မြင့်မားတဲ့ နေရာကိုလည်း ရရှိမှာဖြစ်သည်။
"အမ်?"
ဟန်ရွှယ်သည် ချင်ဟွာအနားကို အားနည်း လှပသော အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ချင်ဟွာကို ပို၍မုန်းတီးသွားသလို ခံစားလိုက်ပြီး သံသယဖြင့် ကြည့်ကာ
"ဒါက..."
"အို..လူသစ်လေးပါပဲ!"
ဟန်ရွှယ်က ဆူးယာကို အာရုံစိုက်နေတာ မြင်တော့ ချင်ဟွာ မျက်မှောင်ကြုတ်သွားပြီး ထိုမိန်းကလေးဘက်ကို လှည့်ကြည့်၍ လက်ကိုဝှေ့ယမ်းလိုက်သည်။
"မင်းဒီမှာ ဘာလာလုပ်တာလဲ? မြန်မြန် ထွက်မသွားသေးဘူးလား?"
"ကျွန်မ....."
မမျှော်လင့်ဘဲ ချင်ဟွာက သူမကို ထွက်သွားဖို့ပြောလာလေရာ ဆူးယာရဲ့ မျက်နှာလည်း အရောင်ပြောင်းသွား၏။
"မကြားဘူးလား...ယုံချင်ယုံ မယုံချင်နေ ငါအခုမင်းကို ကန်ထုတ်ပစ်လိုက်မယ်!"
လက်ကိုဝေ့ယမ်းပြီးနောက် တစ်ဖန် ဟန်ရွှယ်ဖက်ကို အပြုံးတစ်ပွင့်နဲ့ ပြန်ကြည့်ကာ။
"ညီမလေးဟန်ရွှယ်....သူက အခုမှရောက်လာတဲ့ လူသစ်ပါ ကိုယ်နဲ့နည်းနည်းလေးမှ မပတ်သက်ဘူး မင်း မယုံရင် တခြားသူတွေကို မေးကြည့်လို့ရတယ်...."
"ဟုတ်ပါတယ်... စီနီယာဟန်ရွှယ် ဒီကောင်မလေးက ကြောက်လို့သာ သခင်လေးချင်နား လာကပ်နေတာ သခင်လေးချင်က ဘယ်လိုလုပ်သူ့ကို မျက်စိထဲ ထည့်မှာလဲ?"
တုပေါ်ကလည်း ကမန်းကတန်း ဧည့်ခံပြောဆိုနေ၏။
"ကျွန်မ!"
သူတို့ နှစ်ယောက် ပြောနေတဲ့ စကားတွေနဲ့ သူ့ပတ်ဝန်းကျင်က ထူးဆန်းတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ ဆူးယာက မြေပြင်ထဲ အက်ကွဲကြောင်းထဲ ခုန်ဝင်ချင်သွားသလို ယခင်က ဖြစ်ပေါ်လာခဲ့တဲ့ မာနလည်း ပျောက်ကွယ်သွားသည်။
ကျန်းဝူအကယ်ဒမီမှ လာသော်လည်း သူမသည် ထိုနေရာ၌ ကျောင်းပန်းတစ်ပွင့် ဖြစ်ခဲ့ပြီး သူမသွားလေရာရာ အလင်းတန်းတစ်ခုလို ဖြစ်ခဲ့သည်။ သူမကိုယ်သူမ မင်းသမီးလေးအဖြစ် ခံယူထားသော်လည်း ယခု သူမအား ပြည့်တန်ဆာအဖြစ် ရိုက်ချခြင်းခံခဲ့ရသည်။
"ရှင်နဲ့ ပတ်သက်လား မပတ်သက်ဘူးလားဆိုတာ ကျွန်မ ကိစ္စမဟုတ်ဘူး!"
ဟန်ရွှယ်သည် ချင်ဟွာနှင့် အခြားသူများ၏ စကားကို ရွံရှာစွာ ဖြတ်တောက်လိုက်ပြီး လေထဲတွင်ရှိ လင်းယုန်နီသားရဲကို မော့ကြည့်လိုက်သည်။
"ရှင် အောက်ကိုဆင်းလာပြီး မကြည့်တော့ဘူးလား?"
ဒါကိုကြားတော့ အားလုံး အံ့ဩသွား၏။
ဘာသဘောလဲ?
လင်းယုန်နီပေါ်မှာ လူရှိသေးတာလား?
လင်းယုန်နီသားရဲသည် ကောင်းကင်နှင့်နေကို ဖုံးအုပ်နိုင်တဲ့အထိ အတောင်ကို ဖြန့်ထားရာ လူတိုင်းဟာ သားရဲပေါ်က ဘာကိုမျှ မမြင်ရသောကြောင့် သိပ်မစဉ်းစားခဲ့ကြပေ။
ဟန်ရွှယ်၏ အော်ပြောသံ ကြားသောအခါတွင် အားလုံးက ခေါင်းကို မြှောက်ကာ လင်းယုန်နီပေါ်တွင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
"ယောက်ျားလေး ဖြစ်မယ်...."
"စီနီယာဟန်ရွှယ်က ယောက်ျားလေး တစ်ယောက်နဲ့အတူ ပြန်လာတာလား?"
"ဒီကံကောင်းသူက ဘယ်သူများလဲ?"
"မဖြစ်နိုင်ဘူး... စီနီယာဟန်ရွှယ်က ငါ့နတ်ဘုရားမ...ဧကန္တ ငါ့နတ်ဘုရားမကို ဝက်ဆွဲသွားတာ ဖြစ်နိုင်ပါ့မလား"
.......
လင်းယုန်၏ ကျောဘက်တွင် အရုပ်ကို ဖုံးအုပ်ထားပြီး အဝတ်အစားနှင့် ခန္ဓာကိုယ်ကိုသာ မြင်နိုင်သော်လည်း ဤအရာတစ်ခုတည်းမှပင် ၎င်းသည် ယောက်ျားလေး ဖြစ်ကြောင်း လူတိုင်းပြောနိုင်နေပြီ ဖြစ်သည်။
ဟန်ရွှယ်သည် ဝူယန်အင်ပါယာတွင် နံပါတ်တစ် အလှလေးဖြစ်ပြီး မရေမတွက်နိုင်သော လူများ၏ စိတ်ကူးယဉ် အိပ်မက်ဖြစ်ပေသည်။ ချင်ဟွာသည်ပင် သူမအား တစ်ချိန်လုံး လိုက်ပိုးပန်းနေသော်လည်း သူမဆီက လျစ်လျူရှုခြင်းကိုသာ ရခဲ့သည်။
အခုတော့ သူမက ယောက်ျားလေး တစ်ယောက်နဲ့ လင်းယုန်နီကို အတူစီးလာတယ်တဲ့။
ဒါဟာ သေချာပေါက် သတင်းထူး ဖြစ်သွားပြီ။
"မုန်းစရာပဲ!"
ထိုအရာကို သူ့မျက်လုံးထဲတွင် မြင်လိုက်ရတော့ ချင်ဟွာ ဒေါသများ ပေါက်ကွဲလုမတတ် ဖြစ်သည်။
ဟန်ရွှယ်၏ လင်းယုန်ငှက်ကြီးသည် မည်မျှ ကြီးမားသည်ကို သူ အတိအကျ သိပါသည်။ သူတို့ နှစ်ယောက် အတူတူ ထိုင်နေလိုက်ရင် အရမ်းကြပ်နေမှာဖြစ်ပြီး အမျိုးမျိုးသော အရာများလည်း ဖြစ်လာနိုင်သည်။
ဟန်ရွှယ်သည် သူရည်ရွယ်ထားတဲ့ မိန်းကလေးဖြစ်ပြီး သူ့ထက်အရင် တခြားယောက်ျားလေး တစ်ယောက်က ခြေတစ်လှမ်း ဦးသွားတဲ့အတွက် ဒေါသကိုမထိန်းနိုင်ဘဲ ဖြစ်လာသည်။
"ငါ မင်းကို သတ်ပစ်မယ်....."
သူ့သွားများကို အံကြိတ်ရင်း သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး တစ်ဖက်လူက သူ့ပုံပန်းသဏ္ဍာန်ကို ပြပြီးတာနဲ့ သူဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ သိအောင်ရိုက်ဖို့ ကြံရွယ်ထားလိုက်သည်။
ဝှစ်....
လင်းယုန်နီ၏ ကျောပေါ်ရှိ ပုံရိပ်သည် မတ်တပ်ရပ်ကာ ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်ကာ ကောင်းကင်မှ ဆင်းသက်လာလေ၏။
"ဟင်?"
ရုပ်ထွက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ ချင်ဟွာရဲ့ မျက်နှာက ဖြူဖျော့သွားပြီး သူပြောသမျှ တစ်ဝက်လောက်က လည်ချောင်းထဲမှာ ရှိုက်သွားသည်။
လွန်ခဲ့သည့်ငါးရက်က သူ့ကြောင့် ခွေးခြေခုံ ခြေထောက်ဖြင့် အရိုက်ခံလိုက်ရကာ သတိလစ်သွားခဲ့သည်လေ။
ဝှစ်!
လုရွှမ် မြေကြီးပေါ် ခြေချလိုက်သည်။
"လုရွှမ် နင်ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
ကောင်လေးရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ ဆူးယာတစ်ယောက် အံ့အားသင့်သွားပြီး သူမရှိတဲ့နေရာမှာပဲ ရပ်တန့်သွားလေ၏။
သူမ၏အမြင်အရ ဤလူငယ်သည် သေးငယ်သော နေရာတစ်ခုက ပါရမီရှင် တစ်ဦးသာဖြစ်ပြီး ဝူယန်အင်ပါယာက ဟန်ရွှယ်၏ လင်းယုန်နီသားရဲပေါ် မည်ကဲ့သို့ ရောက်လာနိုင်မည်နည်း။
ဤမိန်းကလေးသည် သခင်လေးချင်ဟွာ ခက်ခက်ခဲခဲ လိုက်ပိုးပန်းနေရသူ ဖြစ်သည်။ ထိုလူငယ်သည် သူမနှင့် မည်ကဲ့သို့ ဆက်ဆံရေး ရှိနေသနည်း။
"မင်းက ငါ့ကိုသတ်မှာလား?"
ဒီကို ဆူးယာလာမယ်ဆိုတာ သိထားတာကြောင့် အခုလို မြင်လိုက်ရပေမယ့် လုရွှမ် မအံ့ဩမိချေ။ သူက ဒီအစွမ်းထက်တဲ့ မိန်းမကို ဂရုမစိုက်ဘဲ အဝေးက ချင်ဟွာကိုကြည့်ပြီး အေးစက်စက်နဲ့ ပြော၏။
"ကောင်လေး... မင်းဘာတွေ ပြောနေတာလဲ ဒါကဘယ်သူလဲ သိရဲ့လား?...ဝူယန်အကယ်ဒမီရဲ့ နံပါတ်တစ် ပါရမီရှင် သခင်လေးချင်ဟွာပဲကွ! မင်းကဒီလို ပြောရဲတယ်ဆိုတော့ တကယ်သေချင်နေတာလား?"
ချင်ဟွာ မဖြေရသေးခင်မှာ မလှမ်းမကမ်းက တုပေါ်က သည်းမခံနိုင်တော့ဘဲ ချက်ချင်း ခုန်ထွက်လာ၏။
သူသည် ထုံးစံအတိုင်း သူတို့နှစ်ဦး၏ "တိုက်ပွဲသမိုင်း" ကို မသိဘဲ သူပြောသော ပါရမီရှင် လူငယ်လေးသည် ဤလူရှေ့တွင် ခွေးသေကဲ့သို့ အလွယ်တကူ အရိုက်ခံခဲ့ရသည်ကို သူမသိပေ။
ဖြောင်း!
တုပေါ် အော်လို့မဆုံးခင် သူ့မျက်နှာတွင် နာကျင်မှုကို ခံစားလိုက်ရပြီး တုန်တုန်ယင်ယင်နှင့် ပါးစပ်က သွားများ မြေပြင်ပေါ် ထွက်ကျသွားသည်။
"ဘယ်သူလဲကွ!"
ဟောက်သံက ဒေါသတကြီး ထွက်လာခါနီးတွင် သူ့သခင်လေး ချင်ဟွာက ရိုက်လိုက်သည်ကို သိလိုက်ရသည်။
"သခင်လေး...."
တုပေါ် မူးဝေသွား၏။
သူအစောက ပြောလိုက်တာ အမှားတစ်ခုမှ မပါပါဘူး။ ဘာဖြစ်လို့များ သေလုနီးပါး ရိုက်လိုက်တာလဲ။
"ပေါက်ကရတွေ! ဒီနေရာမှာ မင်းကို စကားပြောခွင့် ပေးထားလို့လား?"
တုပေါ်ကို ရိုက်ထုတ်ပြီးတဲ့နောက် ချင်ဟွာက အနည်းငယ် ကြိမ်းမောင်းပစ်သည်။ ထို့နောက် ခေါင်းကို လှည့်ကာ မျက်နှာတပြင်လုံး ပြုံးပြုံးရွှင်ရွှင်ဖြင့် လူငယ်လေးအား လှမ်းကြည့်လိုက်သည်။ သခင်လေးချင်သည် အလွန်တရာ ရိုသေစွာဖြင့် ခေါင်းကို အနည်းငယ် ဦးညွှတ်၍
"ကျွန်တော့်ရဲ့ စည်းကမ်းမရှိတဲ့ လက်အောက် ငယ်သားတွေအတွက် တောင်းပန်ပါတယ်...အစောက ညီလေးလုမှန်း မသိလိုက်လို့ သိခဲ့ရင် အဲဒီစကားကို မပြောရဲပါဘူး"
"အာ?"
"ငါ မျက်စိကန်းသွားတာလား"
"ငါဘာတွေ မြင်နေရတာလဲ? ဂုဏ်သိက္ခာရှိတဲ့ အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် သခင်လေးချင်က လူငယ်တစ်ယောက်ကို တောင်းပန်ခဲ့တယ်?"
တကယ်ကြီးလား?
လက်ရှိ အဖြစ်အပျက်ကြောင့် လူတိုင်းနီးပါး ရူးသွပ်လုနီးပါး ဖြစ်သွားသည်။ ဤအချိုးအကွေ့သည် လူတိုင်းအဖို့ ကြီးလွန်းလှသည်။
အထူးသဖြင့် ချင်ဟွာကို ကိုးကွယ်နေတဲ့ လူတွေအတွက် ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားသွားရသည်။
ချင်မိသားစု ကျောထောက်နောက်ခံ အဖြစ် ဂုဏ်ယူရသော ကောင်းကင်၏သားတော် ချင်ဟွာသည် မည်သူနည်း။ ဤကဲ့သို့သော သာမာန်လူရွယ်ကို ဤကဲ့သို့သော ပါရမီရှင်က မည်သို့တောင်းပန်နိုင်မည်နည်း။
ဒီကောင်လေးက သူရည်ရွယ်ထားတဲ့ မိန်းကလေးကို ခိုးသွားတာလေ။
"ငါ ငါ....အိပ်မက်မက်နေတာလား?"
ဆူးယာ ပို၍ပင် ပြိုလဲသွားသည်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်ကပင် လုရွှမ်ဆိုသည်မှာ ချင်းဟွာနှင့် နှိုင်းယှဥ်ကာ အရေးမပါသူဟု သူမထင်ခဲ့သည်လေ။ သူသည် ဧရာမ နဂါးကြီးနှင့် နှိုင်းယှဥ်သော ခွေးတစ်ကောင်လိုပင် မိနစ်အနည်းငယ် အကြာတွင် ဤကဲ့သို့ ဖြစ်လာသည်။
ပြင်းထန်သော ခြားနားချက်သည် သူမအား ဆံပင်တွေ ချက်ချင်း ကျွတ်သွားတယ်လို့ပင် ခံစားရစေ၏။
ဒါက ဘယ်လိုများ ဖြစ်သွားတာလဲ?
လုရွှမ်သည် ကျန်းဝူအင်ပါယာမှ ကောင်လေးပဲ မဟုတ်ပါလား။ မင်းဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ? ပြီးတော့ သခင်လေးချင်ဟွာ က ဘာလို့ သူ့ကို အရမ်းကြောက်နေတာလဲ။
သခင်လေးချင်ဟွာကိုတောင် အကြိမ်ကြိမ် လျစ်လျူရှုခဲ့တဲ့ ဟန်ရွှယ်ကရော ဘာလို့သူနဲ့အတူ သားရဲတစ်ကောင်တည်းကို စီးလာရတာလဲ?
ဆူးယာ ရူးတော့မလို ဖြစ်လာသည်။