နဂါးပျံနန်းဆောင်
Vol. 12 Ch. 2.30
"သခင်လေး...ဒါက ကျိုက်ဖူအိမ်တော်ပါ....ကျိုက်ဖူ လွိထျန်းချောင်က ကျုပ်လိုပဲ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ပါပဲ...."
"ဒါကတော့ ယွမ်ရွှိက်အိမ်တော်ပါ....ယွမ်ရွှိက် ကျူးယိကလည်း ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က လူပါပဲ...."
ကျောင်းအုပ်ကြီးဟန်က လုရွှမ်ကို လမ်းလျှောက်ရင်း ရှင်းပြသည်။
အကယ်ဒမီကျောင်းမှ တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် လမ်းနှစ်ဘက်ရှိ လူစည်ကားသော မြင်ကွင်းများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဝူယန်အင်ပါယာရှိ တန်ခိုးအကြီးဆုံး လူများနေထိုင်ရာ ခမ်းနားသော အိမ်တော်ကြီးများက အစားထိုးလာခဲ့သည်။
အရှေ့ကို ဆက်လျှောက်လာရင်းနဲ့ လုရွှမ်မှာ ပိုပိုပြီး မျက်မှောင်ကြုတ်လာသည်။
ဒီကိုရောက်လာတဲ့အထိ ကျီးကန်းဟာ ရတနာရဲ့ တည်နေရာ အတိအကျကို ရှာမတွေ့သေးချေ။
"သခင်လေး... ဒီထက်ပိုသွားရင် နန်းတော်ထဲကို ရောက်သွားလိမ့်မယ်....ဘုရင်မင်းမြတ်က အဓိပတိနယ်ပယ်က တန်ခိုးအကြီးဆုံးပဲ.... အရမ်းနီးကပ်သွားရင် သခင်လေးကို တိုင်းတစ်ပါးရန်သူအဖြစ် အလွယ်တကူ တိုက်ခိုက်လာလိမ့်မယ်!"
အတန်ကြာအောင် လျှောက်သွားပြီးနောက် နန်းတော်နဲ့ နီးလာသောအခါ ကျောင်းအုပ်ကြီးဟန်က ကမန်းကတန်း ပြောလိုက်သည်။
ထိုအချိန်တွင်ပင် လုရွှမ်သည် ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခု သူ့ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်ကို သိလိုက်ရသည်။
နန်းတော်သည် ခမ်းနားထည်ဝါ၍ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးဖြစ်ပြီး လူတို့မြင်ဖူးသမျှ စံအိမ်များထက် ပိုမြင့်၍ ကျယ်ဝန်းလေသည်။
"မင်းအာရုံခံပြီလား?"
လုရွှမ် သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး ကျီးကန်းကို ထပ်မေးလိုက်သည်။
"ဟင်အင်း.... ဒါပေမဲ့ အရှေ့က နန်းတော်ထဲမှာ ဖြစ်နိုင်ခြေများတယ်.... မင်းဝင်ဖို့ နည်းလမ်းရှာကြည့်လိုက်...အထဲရောက်ရင် ငါတွေ့မှာ သေချာတယ်"
ကျီးကန်း၏အသံ ထွက်ပေါ်လာသည်။
"နန်းတော်ထဲကို ဝင်ရမှာလား" လုရွှမ် ခေါင်းခါလိုက်သည်။
ဝူယန်နန်းတော်သည် ကျန်းဝူအင်ပါယာ မဟုတ်ပါ။ လက်ရှိ ဘုရင်မင်းမြတ်သည် ပို၍ပင် တန်ခိုးကြီးသည်။ သူဆိုသည်မှာ မကြာသေးမီကပင် ကြီးမားသော တိုးတက်မှုကို ရရှိခဲ့သော်လည်း ဤဘုရင်နှင့်ယှဥ်လျှင် နောက်ကျကျန် နေသေးသည်။
ကျောင်းအုပ်ကြီးဟန်၏ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် အကူအညီဖြင့်ပင် အဆင်မပြေနိုင်ပါ။
တခြား ဘာမှပြောမဘဲ အစောကသူ့ကို မိတ်ဆက်ပေးခဲ့တဲ့ ကျိုက်ဖူနဲ့ ယွမ်ရွှိက်အိမ်တော်က သခင်တွေပင် နန်းတော်လို အရေးကြီးဆုံးနေရာကို အာခံရဲတဲ့ သန်မာသူ ရှိမယ်ဆိုတာ
ဘယ်သူက အာမခံနိုင်မှာလဲ။
နန်းတော်ထဲမှာ ဂိုဏ်းဆရာနယ်ပယ် တစ်ယောက်ပဲရှိရင်တော့ ကျောင်းအုပ်ကြီးဟန်က တားထားနိုင်ပေမယ့် အဓိပတိနယ်ပယ်က ဘုရင်မင်းမြတ်ဆိုရင်တော့ အနိုင်ရရင် ၁ %ပင် မရှိပေ။
အဓိပတိနယ်ပယ်အထိ လေ့ကျင့်ထားနိုင်သူ၊ ဝူအဆင့်၉ အထွတ်အထိပ်ကို ရောက်ရှိနေသူသည် မိမိ၏သေမျိုး ခန္ဓာကိုယ်ကို စွန့်လွှတ်၍ မြင့်မြတ်သော နယ်ပယ်သို့ တိုးဝင်တော့မည် ဖြစ်သည်။ သူ့တွင် ခွန်အား ၁သိန်းလောက် ရှိမည်။
လက်ရှိသူသည် ခွန်အား၁၁၀၀၀ သာရှိလို့ တစ်ဖက်လူနဲ့ အင်မတန် ဝေးကွာလွန်းလှသည်။ တိုက်ပွဲအတွေ့အကြုံအပေါ် အခြေခံထားနိုင်ရင်တောင် မလွယ်နိုင်ချေ။
"အရင်ပြန်သွား လိုက်ရအောင်!"
အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် လုရွှမ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
နန်းတော်ထဲကို ဝင်ချင်ရင်တော့ ဝင်ဖို့ တွန်းအားပေးရမယ့် အရာ သို့မဟုတ် သင့်တော်တဲ့ နည်းလမ်းတစ်ခု ရှာရမယ်။ ဒါပေမဲ့ အခုက နောက်ကျနေပြီမို့ မနက်ဖြန်မှ လုပ်ရင်လည်း ကိစ္စမရှိပါ။
လုရွှမ် ဘာလုပ်ချင်မှန်း မသိပေမယ့် ကျောင်းအုပ်ကြီးဟန်က သူ့စကားကို ခြွင်းချက်မရှိ လေးစားကာ ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား အတူတူ ပြန်လာခဲ့ကြသည်။
ခဏလောက် လမ်းလျှောက်ပြီးနောက် ကျောင်းအုပ်ကြီးဟန်က ရပ်လိုက်ပြီး
"သခင်ငယ်လေး... ဒီနဂါးပျံနန်းဆောင်က ဝူယန်တော်ဝင်မြို့တော်မှာ အကောင်းဆုံး စားသောက်ဆိုင်ပါ.... တစ်ရက်လုံး ခရီးနှင်လာပြီး အချိန်အကြာကြီး လမ်းလျှောက်လာခဲ့တာ... တစ်ခုခု မစားချင်ဘူးလား..."
သူပြောတာကို ကြားတော့မှ လုရွှမ်လည်း သူ့ဗိုက်ထဲမှာ တစ်ခုခု လိုအပ်နေသလို ခံစားလိုက်ရသည်။
နှစ်ယောက်သား စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ထိုင်ရန် နေရာတစ်ခုရှာလိုက်သည်။ ကျောင်းအုပ်ကြီးဟန်သည် ဤနေရာနှင့် ရင်းနှီးသောကြောင့် သေရည်နှင့် စားစရာများကို အမြန်ပဲ မှာယူလိုက်သည်။
"မဆိုးဘူး!"
သေရည်ကောင်းလေး တစ်ငုံသောက်ပြီးနောက် လုရွှမ် မထိန်းနိုင်ဘဲ ခေါင်းညိတ်လိုက်သည်။
အလယ်အလတ် နိုင်ငံတစ်ခုမှာ မျှော်လင့်ထားသည့်အတိုင်း ဤနေရာတွင် ဝိုင်နှင့် အစားအစာများ၏ အရသာသည် ကျန်းဝူအင်ပါယာထက် များစွာ သာလွန်ကောင်းမွန်သည်။ ကျောင်းအုပ်ကြီးဟန် မှာယူထားသော ဟင်းလျာများသည် အမျိုးမျိုးသော သားရဲအသားများမှ ရရှိထားပြီး အရသာကောင်းမွန်စေ ရုံသာမက အနံ့အသက်ကလည်း မွှေးကြိုင်လှသည်။
"ဒါက မီးတောက်ခြင်္သေ့ရဲ့ အသားပါ....ဒီကိုရောက်တိုင်း မစားနိုင်ဘူး.... ဒီတစ်ခါစားနိုင်တာ ကျုပ်တို့ ကံကောင်းတာပဲ!"
ကျောင်းအုပ်ကြီးဟန်က ပန်းကန်တစ်ချပ်ကို ညွှန်ပြရင်း ရှင်းပြလေ၏။
လုရွှမ် တစ်ကိုက် ယူစားပြီးနောက်တွင် သူသည် ၎င်းတွင်ပါရှိသော ပေါက်ကွဲထွက်လာသည့် စွမ်းအားကို အမှန်တကယ် ခံစားလိုက်ရပြီး လူခန္ဓာကိုယ်၏ ချွေးပေါက်များကိုပင် ချက်ခိင်းပွင့်သွားစေသည်။
ဒီလိုကောင်းတဲ့ အစားအစာတွေကို မကြာခဏ စားရရင်တော့ ကြွက်သားတွေ သန်မာလာမှာ သေချာတယ်။
ဒီအရာတွေက စျေးကြီးတယ် ဆိုတာလည်း သူသိပါသည်။ ဟန်ယန်မြို့ အခင်းအကျင်း ပညာရှင်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ဖြစ်လာပြီး သူ့ရဲ့ငွေကြေး အရမ်းတိုးလာရင်တောင်မှ နေ့တိုင်း စားနိုင်မှာမဟုတ်ချေ။
"နန်းတော်ထဲကို သွားကြည့်ချင်တယ်....ခင်ဗျား မှာ နည်းလမ်းရှိလား?"
ဝိုင်သုံးဝိုင်းနှင့် အရသာငါးမျိုးကို စားပြီးနောက် လုရွှမ်သည် သူ့ရှေ့တွင်ရှိသော ကျောင်းအုပ်ကြီးဟန်ကို လှမ်းကြည့်လိုက်သည်။
ယုတ္တိရှိရှိ ဆိုရလျှင် အစေခံတစ်ယောက် အနေဖြင့် သခင်ငယ်နှင့် ထိုင်စားရန် အရည်အချင်း မပြည့်မီသော်လည်း လုရွှမ်သည် ဤကျင့်ဝတ်များကို ဂရုမစိုက်ထားပေ။
"နန်းတော်ကို သွားကြည့်မလို့လား" ကျောင်းအုပ်ကြီးဟန်က မျက်မှောင်ကြုတ်သွားကာ
"ဒါက လွယ်တော့မလွယ်ဘူး.... ကျုပ်တို့ဘုရင်က အမှုထမ်းတွေကလွဲရင် တခြားလူတွေနဲ့ တွေ့တာ ရှားတယ်...ကျုပ်တွေ့ချင်ရင်ဆောင် ကြိုပြီး သတင်းပို့ဖို့ လိုတယ်....ပြန်တမ်းစာ ရောက်လာမှ သွားတွေ့လို့ရတာ"
"ဒါဆို နည်းလမ်း မရှိတော့ဘူးပေါ့?"
လုရွှမ် မျက်ခုံးပင့်လိုက်သည်။
သူ ဝူယန်နန်းတော်ကို အခုပဲကြည့်ခဲ့တာ အဆင့်ငါးဆင့်နဲ့ ကင်းထောက်တစ်ယောက်စီ၊ ဆယ်ထစ်မှာ ကင်းစောင့်တစ်ယောက်၊ ပုံစံအမျိုးမျိုးနဲ့ ကာကွယ်ရေးက တင်းကျပ်ထားသည်။ လက်ရှိအင်အားနဲ့ တိတ်တဆိတ် ခိုးဝင်ဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူး။ .
အကောင်းဆုံး နည်းလမ်းကတော့ ကျောင်းအုပ်ကြီးဟန်ကို သူဝင်သွားနိုင်ဖို့ အကြောင်းပြချက် ရှာခိုင်းရမှာပဲ။ သို့သော် ဤအကြောင်းပြချက်သည် ရှာရန်မလွယ်ကူပြန်။
ပထမအချက်မှာ သူသည် ဝူယန်အင်ပါယာမှ မဟုတ်သလို သူ့တွင် မည်သည့်ရာထူးမှ မရှိထားပေ။ ဒုတိယအချက်မှာ သူ့တွင် သင့်လျော်သောအခွင့်အရေး သို့မဟုတ် အကြောင်းပြချက် မရှိခြင်းပင်။
ထူးဆန်းတဲ့ ရတနာတစ်ခုကို ရှာချင်တာကြောင့် တစ်ဖက်လူရဲ့ နန်းတော်ထဲကို ဝင်ချင်ခြင်းသာ ဖြစ်လေသည်။ သေချာစွာ မလုပ်ဆောင်နိုင်ရင် ဘုရင်က တံဆိပ်ခတ်ထားပြီး သေချာပေါက် သံသယ ဖြစ်သွားမည့်အပြင် ရှာရပိုခက်သွားလိမ့်မည်။
"နည်းလမ်းတစ်ခု ရှိတယ်.."
စဉ်းစားပြီးနောက် ကျောင်းအုပ်ကြီးဟန်က ပြောလာသည်။
"အိုး?" လုရွှမ်လည်း တစ်ချက်ကြည့်လိုက်သည်။
"သခင်လေးက ကျုပ်အဆွေဟောင်းရဲ့ သား...ဝူယန်အင်ပါယာမှာ နေဖို့နဲ့ တရားဝင်ရာထူး တစ်ခုရှာဖို့ ကြံရွယ်ထားတဲ့ ပါရမီရှင်လေးလို့ ပြောလိုက်ပြီး မင်းဘုရင်မင်းမြတ်နဲ့ တွေ့ဖို့ ခေါ်သွားမယ်ဆိုရင် သခင်လေး နန်းတော်ထဲကို သဘာဝကျကျ ဝင်သွားနိုင်လိမ့်မယ်!"
ကျောင်းအုပ်ကြီးဟန်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်လေ၏။
အင်ပါယာ ဘုရင့်နိုင်ငံသည် အရည်အချင်းများ လိုအပ်ချက်များစွာ ရှိနေသေးသည်။ လုရွှမ်ကဲ့သို့သော ပါရမီရှင်တစ်ဦးသည် ၎င်း၏ အစွမ်းသတ္တိများကို ထုတ်ပြသနေသရွေ့ တစ်ဖက်လူက ပိုမိုအာရုံစိုက်လာမည် ဖြစ်သည်။
"တရားဝင်ရာထူးကို ရှာနေသူလား?" လုရွှမ် ငြိမ်သွားပြီးမှ။
"သတိတော့ ထားရလိမ့်မယ်"
တကယ်တော့ သူ့မှာ ကျန်းဝူအင်ပါယာက ဘုရင် လော့လင် ပေးခဲ့တဲ့ နဂါးတံဆိပ်ပြားကို ထုတ်ယူဖို့ နည်းလမ်းတစ်ခု ရှိပါသေးသည်။
လော့လင်၏ အဆိုအရ သူနှင့် ဝူယန်ဘုရင်တို့သည် အသိအကျွမ်း ဟောင်းများဖြစ်ကြပြီး ဤအရာကို ပြသနေသရွေ့ တစ်ဖက်လူက သူ့ကို မျက်နှာသာပေးကာ သေချာပေါက် ဆုံခွင့်ရရန် ဖြစ်နိုင်သည်။
နဂါးတံဆိပ်ပြားသည် သူ၏နောက်ဆုံး ဖဲကတ်ဖြစ်ပြီး နန်းတော်ထဲသို့ တစ်ကြိမ်ဝင်သွား သောကြောင့် ၎င်းကို မထုတ်ချင်ပါ။ ထုတ်သုံးလိုက်ရင် အနည်းငယ် ဖြုန်းတီးရာကျသွားမည်လေ။
ဝုန်း!
နှစ်ယောက်သား ဆွေးနွေးကြစဥ် နဂါးပျံနန်းဆောင်ရဲ့ တံခါးကို တွန်းဖွင့်လိုက်သံကြီး ထွက်ပေါ်လာပြီး အစောင့်များစွာ ဝင်လာကြသည်။
"ငါတို့ရဲ့ သခင်လေးက ဒီနေ့ နဂါးပျံနန်းဆောင်ကို သိမ်းပိုက်ပြီး အရေးကြီးတဲ့ ဧည့်သည်ကို ဖျော်ဖြေပေးဖို့ ရှိတယ်...ဒါကြောင့် ထမင်းစားဖို့ ပိုက်ဆံကို သခင်လေးက ရှင်းပေးမှာ... ထမင်းစားပြီးရင် အမြန်ဆုံး ထွက်သွားပေးပါ!"
အစောင့်ခေါင်းဆောင် တစ်ယောက်က လှည့်ပတ်ကြည့်ရင်း ဆူညံစွာ အော်ဟစ်လိုက်သည်။
"မင်းရဲ့သခင်လေးက အရေးကြီးတဲ့ ဧည့်သည်တွေကို ဖျော်ဖြေချင်နေတာနဲ့ သူက ငါတို့ကို မောင်းထုတ်ချင်နေတာလား? မင်းဘာကို ဆိုလိုတာလဲ? စားသောက်ဆိုင်က မင်းတို့အိမ်လား? ငါတို့ ဒီမှာစားတာ ဘာပြဿနာမှ မရှာခဲ့ဘူးလေ!"
"ငါတို့ ထွက်သွားမှာ မဟုတ်ဘူး.... မင်းတို့က လူတွေကို ပိုက်ဆံပေးပြီး မောင်းထုတ်ချင်တယ်ပေါ့? ငါတို့လည်း ပေးလို့ရတယ်ကွ!"
တစ်ဖက်သား၏ ပြင်းထန်သော စကားကိုကြားတော့ ဧည့်သည် တော်တော်များများက အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားခဲ့ကြသည်။
ဤနေရာတွင် စားသောက်နိုင်သူများသည် အဆင့်မြင့် အရာရှိများ သို့မဟုတ် ငွေကြေးတတ်နိုင်သူများသာ ဖြစ်ကြပြီး တစ်ဖက်လူများ ရောက်လာသည်နှင့် ၎င်းတို့အား နှင်ထုတ်ပစ်နေတယ် ဆိုတာ အင်မတန် အရှက်ရစေပါသည်။