ချင်းလင်စံအိမ်သူဌေးက အရမ်းသြဇာကောင်းတယ်! မဲပေါက်ပြီ! ၃
Vol. 12 Ch. 166
ချင်လင်ကချက်ချင်းပင်_ ''အကြီးအကဲချန်... ဒီ ၄၀% က ခရီးသည်တွေအတွက် အကျိုးရှိလိမ့်မယ်... တချို့ခရီးသည်တွေက အဲဒီရှုမျှော်ခင်းနှစ်နေရာက လက်မှတ်တွေဝယ်ကြမှာ... အဲဒါခရီးသည်တွေကြိုဖို့နဲ့ ရုံချန်းစီရင်စုထွက် ဝါးထုတ်ကုန် ဒါမှမဟုတ် ရွှေပြားလိုလက်ဆောင်တွေပေးဖို့ပဲ''
''ကောင်းပါပြီ... သူဌေးချင်ပြောသလို လုပ်လိုက်မယ်'' ချန်လီကမငြင်းဘဲ ချက်ချင်းသဘောတူလိုက်သည်။
ဖုန်းချပြီးနောက် စွန်းရှန်ကမနေနိုင်ဘဲ ပြောလိုက်သည်_ ''ဒီသူဌေးချင်က တကယ်သဘောထားကြီးတာပဲ... သူက ပုံရိပ်ကြီးကြီးမြင်နိုင်စွမ်းရှိပြီး ကြီးကျယ်တဲ့အရာတွေလုပ်နိုင်တဲ့သူပဲ... သူအတတ်နိုင်ဆုံးကောင်းအောင်လုပ်ပေးမယ်ဆိုပြီး လက်ဆောင်တွေပိုပေးရမှာလည်း စိုးရွံ့မနေဘူး... ဒီတစ်ကြိမ် အဲဒီရှုမျှော်ခင်းနှစ်နေရာကိုကြော်ငြာပေးတာက ပိုက်ဆံပေးတာထက်ပိုတယ်''
''ငါသိတယ်'' ချန်လီခေါင်းညိမ့်လိုက်သည်။ သူကအစည်းအဝေးခန်းအပြင်ထွက်လိုက်ပြီး သူ့ဖုန်းကိုထုတ်ကာ ဖုန်းခေါ်လိုက်၏။
...
ချင်လင်က ချန်လီကိုဖုန်းဆက်ပြီးနောက် ကွန်ပျူတာဖွင့်ကာ မဲနှိုက်အစီအစဉ်ထဲဝင်လိုက်သည်။ မဲပေါက်ဖို့နှစ်ကြိမ်ကျန်သေး၍ မဲနှိုက်ပုံစံကိုအပြောင်းအလဲတချို့လုပ်လိုက်ရ၏။
နောက်ပြီး အားလုံးက တခြားရှုမျှော်ခင်းနေရာနှစ်ခုမှလက်မှတ်များရောင်းလျှင် ခရီးသည်များမဝယ်မှာစိုးနေကြသည်။ သူတို့စိုးရိမ်တာလည်းမှန်သည်။ ထို့ကြောင့် လျှို့ဝှက်လုပ်ဆောင်ထားဖို့လို၏။
တက္ကသိုလ်တုန်းက စိတ္တဗေဒဆွေးနွေးချက်ဝါဒဖြန့်ခြင်းကို သင်ခဲ့ဖူးသည်။ အခုသူလျှို့ဝှက်လုပ်ဆောင်သလို သီအိုရီမျိုးလည်းပါ၏။
စီရင်စုအတွင်းရှိ ရှုမျှော်ခင်းနေရာနှစ်ခုမှ လက်မှတ်ဝယ်သောခရီးသည်ကို အကြီးအကဲစားပွဲပေးလိုက်လျှင် တခြားလူများကို စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှုရှိသွားမည်။ ထိုနှစ်နေရာမှ မဲပေါက်နှုန်းပိုမြင့်သည်ဟု ထင်သွားမည်။
ထိုစိတ်အခြေအနေကြောင့် သေချာပေါက်ဝယ်ကြပေမည်။ ရှုမျှော်ခင်းလက်မှတ်ဝယ်ပြီးလျှင်လည်း မဖြစ်မနေသွားကြဦးမည်။ ဤနည်းဖြင့် လူများကိုခွဲတမ်းချနိုင်သည်။
ထိုအချိန်တွင် ထိုလူများက ချင်းလင်စံအိမ်ကိုမလည်ရသေးသောကြောင့် စီရင်စုထဲတွင် တစ်ညတည်းခိုပြီး မနက်မှပြန်လာကြမည်။ စီရင်စုလည်း အတိုင်းထက်အလွန်ဝမ်းသာသွားမည်။

ဒီလျှို့ဝှက်ကိစ္စက သိပ်မခက်။ နောက်ပြီး ရှုမျှော်ခင်းနှစ်နေရာရဲ့လက်မှတ်စျေးနှုန်းက မတူ။ ပြင်ဆင်ရအလွန်လွယ်သည်။ နောက်ဆုံးဘယ်သူပေါက်မည်ဆိုတာ မသိနိုင်ခြင်းတစ်ခုသာရှိ၏။
မဲနှိုက်အစီအစဉ်ကိုပြင်ဆင်ပြီးနောက် ချင်လင်သက်ပြင်းချလိုက်သည်။
......
ဒီလိုအခြေအနေမှာ ကျယ်ပြန့်သောပန်းပင်လယ်နှင့် မွေးမြူရေးခြံဆောက်ပြီးဖို့ အမှန်မျှော်လင့်မိသည်။ ငါးပြတိုက်အစီအစဉ်ပါအသင့်ဖြစ်လျှင် ဒီနေ့လိုခရီးသည်အရေအတွက်ကိုလက်ခံဖို့ အသာလေးပင်။
မကြာတော့ပါဘူး။
ချန်လီက သက်လတ်ပိုင်းအမျိုးသားနှစ်ဦးကို ချင်လင်၏ရုံးခန်းဆီခေါ်လာသည်။ ချင်လင်ကိုမြင်မြင်ချင်း သူကမိတ်ဆက်ပေး၏_ ''သူဌေးချင်... ဒီနှစ်ယောက်က ဥက္ကဌလီနဲ့ဥက္ကဌဟွမ်... နဝမတိမ်လွှာတောင်နဲ့ ကျူးကျိယဉ်ကျေးမှုဥယျာဉ်ရဲ့တာဝန်ခံတွေပါ... သူတို့က မင်းနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ဝန်ထမ်းတွေခေါ်လာတယ်... လက်မှတ်တွေလည်း ပါလာတယ်''
ဥက္ကဌလီနှင့်ဥက္ကဌဟွမ်က ချင်လင်ကိုတွေ့လျှင် ချက်ချင်းရှေ့တိုးပြီး အားတက်သရောလက်ဆွဲနှုတ်ဆက်လိုက်ူည်။
''ဥက္ကဌချင်... ခင်ဗျားအကြောင်း အများကြီးကြားဖူးပါတယ်... နောက်ဆုံးတော့ ဒီနေ့တွေ့ရပြီပေါ့''
''ဥက္ကဌချင်... ခင်ဗျားရဲ့အထောက်အပံ့အတွက် ကျေးဇူးပါပဲဗျာ... ဒီနေ့ခင်ဗျားပြောတဲ့အတိုင်းလုပ်ပါမယ်''
သူတို့ရဲ့သဘောထားက လေးစားစရာ။
သူတို့ရဲ့ နဝမတိမ်လွှာတောင်နဲ့ ကျူးကျိယဉ်ကျေးမှုဥယျာဉ်က အစိုးရဖက်စပ်ကန်ထရိုက်လုပ်ငန်းများဖြစ်သည်။ သူတို့လှုပ်ရှားမှုမှာလည်း ဖိအားအကြီးကြီးအောက်တွင်ရှိနေ၏။ အဓိကအချက်မှာ ခရီးသည်အများကြီးမရှိသောကြောင့် ဖောက်သည်အသစ်များတိုးတက်မလာဘဲရှိနေသည်။
သူရဲကောင်းတောင်ကြားကြော်ငြာက Tiktok တွင်အလုပ်ဖြစ်နေပြီး လက်ရှိပရိသတ်တစ်သန်းကျော်ရှိနေသည်။ သူတို့လေ့လာသော်လည်း ပလက်ဖောင်းချင်းအတူတူ အခွင့်အရေးနှင့် နာမည်ကျော်သည့်စန်းက သိသိသာသာကွာခြားနေ၏။ သူရဲကောင်းတောင်ကြားလို ကံမျိုးမရှိပါချေ။ ခရီးသည်အရေအတွက်က မျှခြေထိန်းထားနိုင်ရုံသာရှိပြီး သိပ်တိုးတက်မလာ။
သူတို့နှစ်ဦးထင်မထားသည်က ရုတ်တရက်ချင်းလင်စံအိမ်က ပါးစပ်ထဲထိအရောက်ခွံ့ကျွေးလာမည်ဆိုတာကိုပင်။ သူဌေးချင်ကို ဥစ္စာနတ်ဘုရားလို သဘောမထားခဲ့မိခြင်းမှာ ကျေးဇူးမသိတတ်ရာကျနေသည်။
ချင်လင်လည်း သူတို့နှစ်ယောက်အား_ ''အခုခင်ဗျားတို့နှစ်ယောက်နဲ့ ပူးပေါင်းမှရတော့မယ်... ပြီးတော့ ခင်ဗျားတို့နှစ်ယောက်က ခရီးသည်တွေကို အတွေ့အကြုံကောင်းကောင်းရအောင် ပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်... ကျွန်တော်တို့ချင်းလင်စံအိမ်အနေနဲ့ဖြစ်ဖြစ် စီရင်စု ဒါမှမဟုတ် ခင်ဗျားတို့ရှုမျှော်ခင်းနေရာအနေနဲ့ဖြစ်ဖြစ် ကျွန်တော်တို့နာမည်ပျက်လို့မဖြစ်ဘူး''

ဥက္ကဌလီက ချက်ချင်းပင်_ ''မပူပါနဲ့ ဥက္ကဌချင်... ကျွန်တော်တို့ ကျေးဇူးမသိတတ်တဲ့သူတွေ မဟုတ်ပါဘူး''
ဥက္ကဌဟွမ်က သဘောတူခေါင်းညိမ့်လိုက်သည်။
ချန်လီကဘေးမှကြည့်ရင်း သူ့မျက်နှာပေါ်တွင် လေးစားရိပ်များသမ်းနေ၏။
သူဌေးချင်ကို တကယ်လေးစားသည်။ ဘေးလူအမြင်နှင့်ကြည့်လျှင် ဥက္ကဌလီနှင့်ဥက္ကဌဟွမ်ကို စည်းရုံးသိမ်းသွင်းနိုင်စွမ်းရှိ၏။ သူက ခေါင်းဆောင်နှင့်တူသည်။
ချင်လင်လည်း ကောင်းယောင်ယောင်ကိုခေါ်လိုက်ပြီး ရှုမျှော်ခင်းနေရာနှစ်ခုမှဝန်ထမ်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ညွှန်ကြားလိုက်၏။
သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အရောင်းခန်းမ_
ဝမ်ရန်က သူ့မိန်းကလေးအဖော်နှင့်ရွက်လွှင့်ခဲ့ပြီး ရေမိုးချိုးလိုက်သည်။ မိန်းကလေးအဖော်ကို အရောင်းစင်တာထဲခေါ်သွားပြီး ဆေးဖက်ဝင်ပျားရည်နှစ်ခွက်နှင့် ယွမ် ၂၀၀ တန်စတော်ဘယ်ရီ နှစ်ကတ်တီဝယ်လိုက်၏။ စုစုပေါင်း ယွမ် ၆၀၀ သုံးလိုက်သဖြင့် မဲ ၆ စောင်ရသည်။ ဖြစ်ချင်တော့ တစ်စောင်မှမပေါက်။
မိန်းကလေးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်_ ''အစ်ကိုရန်... သူတို့က ဒီမနက်ပန်းပင်လယ်လက်မှတ်မရောင်းတော့ဘူးတဲ့... အခုကျွန်မတို့ဘယ်လိုလုပ်ကြမလဲ?''
ဝမ်ရန်လည်း အလွန်စိတ်ဓာတ်ကျသွားသည်။ သူ့မှာပိုက်ဆံမရှိလို့မဟုတ်။ သုံးစရာနေရာမရှိခြင်းပင်။ ဆေးဖက်ဝင်ပျားရည်တစ်ခွက်နှင့် စတော်ဘယ်ရီနည်းနည်းစားပြီး ထပ်လည်းမစားနိုင်တော့။
သူမတတ်နိုင်သောကြောင့်မဟုတ်။ အရင်နိုက်ကလပ်တက်လျှင် စားပွဲတစ်ဝိုင်းကြိုယူပါက အနည်းဆုံးယွမ် ၁၂၀၀ ကျသည်။ သူတစ်ကိုယ်တည်းဆိုလျှင် တစ်ညယွမ် ၂၃၀၀ သုံးလည်း ပြဿနာမဟုတ်။
ဒါပေမဲ့ ချင်းလင်စံအိမ်က ဘာဖြစ်နေတာလဲ? သူယွမ် ၈၀၀ ပဲသုံးရသေးတယ်။ ထပ်သုံးလို့မရတော့ဘူးတဲ့။ သူမဲနှိုက်ချင်တယ်လေ။
ပတ်ပတ်လည်မှာလည်း ညည်းတွားသံတွေချည်း။
ချင်းလင်စံအိမ်ကို ခရီးသည်အများကြီးလာသောကြောင့် ဒီရှုမျှော်ခင်းနေရာက တကယ်နာမည်ကြီးတယ်ဆိုတဲ့သဘောပင်။
ဘာလို့ ဒီစံအိမ်ပိုင်ရှင်က လုပ်ငန်းအများကြီးမတိုးချဲ့ရတာတဲ့လဲ? ရှန်းရွှေလက်ဆောင်ဆန်ကိုအရယူထားနိုင်တဲ့ပုဂ္ဂိုလ်က ဒီလောက်သေးနုပ်နေရလား?
ထိုအချိန်တွင်_
အရောင်းအမျိုးသမီးတစ်ဦးက အော်လန်တစ်ခုနှင့်ရောက်လာသည်_ ''အရင်ဆုံး စံအိမ်နဲ့အားလုံးကိုယ်စား ကျွန်မကတောင်းပန်ပါရစေ... စံအိမ်ရဲ့လိုအပ်ချက်ကြောင့် အားလုံးကိုစိတ်ညစ်စေမိပါတယ်... အခုကျွန်မတို့ စီရင်စုထဲကရှုမျှော်ခင်းနေရာနှစ်ခုဖြစ်တဲ့ နဝမတိမ်လွှာတောင်နဲ့ ကျူးကျိယဉ်ကျေးမှုဥယျာဉ်ရဲ့လက်မှတ်တွေကို ရောင်းပေးပါ့မယ်''