ငွေပေးရင် မဲရမယ်! ဂိမ်းအသစ်: လုပ်ငန်းစဉ်စက်!
Vol. 12 Ch. 168
မဲပေါက်သောစုံတွဲက အပြိုင်အဆိုင်လေလံဆွဲနေသည့်နှစ်ယောက်ကို ကြည့်လိုက်သည်။ အမျိုးသားဖြစ်သူက ဝန်ထမ်းကိုအားတက်သရောမေးလိုက်၏_ ''ဒီပေါက်မဲကို ရောင်းလို့ရလား?''
စုံတွဲက နှစ်စဉ်ခရီးထွက်ရန် ငွေချန်ထားနိုင်သည်ဆိုသော်လည်း ချမ်းသာသူများမဟုတ်ဘဲ ချေးငွေဖိအားလည်း ရှိနေသည်။
ဒီစုံတွဲက အကြီးအကဲစားပွဲကို ယွမ် ၆၀၀၀၀ ကျော်နဲ့ရောင်းမလား ဒါမှမဟုတ် တစ်သက်မှာတစ်ခါပဲစားနိုင်မယ့် အတွေ့အကြုံကိုရွေးမလား?
''ခဏလေးနော်... ကျွန်မမေးလိုက်ဦးမယ်'' ဝန်ထမ်းကပြောလိုက်သည်။ သူမက စကားပြောစက်ကိုကောက်ကိုင်၍_ ''ယောင်ယောင်... မဲပေါက်တဲ့ခရီးသည်က ပေါက်မဲကိုရောင်းချင်တယ်တဲ့... ဘယ်လိုလုပ်လိုက်ရမလဲ?''
ကောင်းယောင်ယောင်က သတင်းရသောအခါ ချက်ချင်း ချင်လင်၏ရုံးခန်းထဲသွားပြီး အစီရင်ခံလိုက်သည်_ ''သူဌေး... မဲပေါက်တဲ့ခရီးသည်က ပေါက်မဲကိုရောင်းချင်ပါတယ်တဲ့''
''ဒါဆို ရောင်းခွင့်ပေးလိုက်ပါ'' ချင်လင်ကပြုံးပြီး ပြောလိုက်သည်။
ဒါက မျှော်လင့်ထားတဲ့အတိုင်းပဲလေ။
လူကြီးမင်းချန်နှင့် လူကြီးမင်းမာက သေချာပေါက်လူလွှတ်ပြီး ဝယ်ခိုင်းလိမ့်မည်။ လျိုယီနှင့် ကျောက်ဖူရုံတို့လို အရင်ကမမြင်ဖူးသူတွေလည်း လုပ်လောက်သည်။ တချို့လူများဝင်ပြီး အပျော်ရှာတာတောင်ဖြစ်ချင်ဖြစ်နိုင်၏။
ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီး_ ''ဒါဆို သူတို့ဘာသာအပေးအယူလုပ်ခွင့်ပေးရမလား ဒါမှမဟုတ် ကျွန်မတို့ကကြားဝင်မှာလား?''
ချင်လင်က_ ''ခရီးသည်တွေစိတ်တိုင်းကျလုပ်ခွင့်ပေးလိုက်ပါ... တို့က နောက်ဆုံးပိုင်ရှင်ရဲ့အချက်အလက်ကို စာရင်းသွင်းရုံပဲ... အပေးအယူဖြစ်သွားတဲ့အခါကျရင် နှစ်ဘက်စလုံးကိုလက်မှတ်ထိုးခိုင်းဖို့ မမေ့ပါနဲ့... ဘယ်သူမှဝင်ပြီး အမြတ်မထုတ်စေရဘူး''
''နားလည်ပါပြီ'' ကောင်းယောင်ယောင်ထွက်သွားသည်။
ထိုအချိန်တွင် ချန်လီက_ ''သူဌေးချင်... နောက်ဆိုရင် တစ်နပ်စာကို ယွမ် ၆၀၀၀၀ နဲ့လာစားတဲ့ သူဌေးတွေရှိလာမှာစိုးရတယ်''
ချင်လင်ကခေါင်းခါလိုက်ပြီး_ ''ပါဝင်ပစ္စည်းတွေကရှားတယ်... သူဌေးတိုင်းတော့ ယွမ် ၆၀၀၀၀ နဲ့ဝယ်လို့ရမှာမဟုတ်ဘူး''
ထိုစကားများက ဥက္ကဌလီနှင့်ဥက္ကဌဟွမ်ကို အားကျသွားစေ၏။
သူတို့မှာ ရှုမျှော်ခင်းနေရာကြော်ငြာသူတွေဖြစ်သော်လည်း တစ်ဖက်လူဘယ်လောက်ယုံကြည်ချက်ရှိလဲကြည့်နေကြသည်။
အချက်အလက်က ထင်ထားသလိုဖြစ်လာတော့မှ ချင်လင်လည်း ချန်လီ၊ ဥက္ကဌလီနှင့် ဥက္ကဌဟွမ်တို့ကို ဘေးမှလဖက်ရည်ဝိုင်းသို့ ဖိတ်လိုက်၏။
ဒီအစဉ်အလာက လွယ်လွယ်နှင့်အဆုံးသတ်မည်မဟုတ်။ စကားဖောင်ဖွဲ့ခြင်း၊ လဖက်ရည်ဝိုင်းဖွဲ့ခြင်းမှာ တောင်ပိုင်းသားများ၏ပျော်ရွှင်မှုလည်းဖြစ်သည်။
ချန်လီကထိုင်ပြီး လဖက်ရည်စစ်ခွက်ကိုဆေးရန် ယူလိုက်၏။ ဥက္ကဌလီလည်း ရေနွေးအိုးယူပြီး ရေနွေးတည်လိုက်သည်။ တောင်ပိုင်းသားများမှာ လဖက်ရည်အဖျော်ကျွမ်းကြ၏။
ကောင်းယောင်ယောင်က ချင်လင်ရုံးခန်းမှထွက်ပြီး ပန်းပင်လယ်လက်မှတ်အရောင်းခန်းမထဲချက်ချင်းသွားလိုက်သည်။ သူမက မဲပေါက်သောစုံတွဲကိုတွေ့သောအခါ_ ''လူကြီးမင်း လူကြီးမင်းကတော်... မဲပေါက်တဲ့အတွက် ဂုဏ်ယူပါတယ်... ဆုကိုရောင်းမယ်မရောင်းဘူးဆိုတာက လူကြီးမင်းတို့သဘောပါပဲ... ဆုက လူကြီးမင်းတို့အပိုင်ဖြစ်သွားပါပြီ''
''ဒါပေမဲ့ အရောင်းအဝယ်လုပ်တဲ့အခါ အချက်အလက်စာရင်းသွင်းဖို့နဲ့ ဆုမဲရဲ့ပိုင်ရှင်ဖြစ်ကြောင်းသက်သေခံလက်မှတ်ထိုးဖို့ ကျွန်မတို့စံအိမ်နဲ့ ပူးပေါင်းလုပ်ဆောင်ပေးပါရှင်''
ဤစကားကြားလျှင် ထိုစုံတွဲ၏မျက်နှာများဝင်းလက်သွားသည်။
လူငယ်လက်ထောက်နှင့် အတွင်းရေးမှူးမလေးက စုံတွဲကိုချည်းကပ်လာပြန်၏။
“လူကြီးမင်း…”
“ဆရာ…”
သူတို့နှစ်ဦးက သူတို့သူဌေးပေးလိုက်သောတာဝန်ကို အပြီးသတ်ချင်နေကြသည်။
နောက်ဆုံးမှာ စုံတွဲက အရင်ပြောသောလူငယ်ကိုရောင်းဖို့ ဆုံးဖြတ်လိုက်၏။
သူတို့က ဒီအတွက် ယွမ် ၆၀၀၀၀ ရပြီဖြစ်၍ အပို ၁၀၀၀ ၂၀၀၀ ကိုဂရုမစိုက်တော့ချေ။
လူငယ်လက်ထောက်၏မျက်နှာမှာ တောက်ပသွားသည်။
ဒီလိုဆိုရင် ဥက္ကဌပေးလိုက်တဲ့တာဝန် တဝက်ပြီးပြီ။
ကောင်းယောင်ယောင်က နှစ်ဖက်စလုံးကို အချက်အလက်စာရင်းသွင်းရန် ခန်းမအသစ်ထဲခေါ်သွားလိုက်သည်။ ထို့နောက် အားလုံးရှေ့တွင် နှစ်ဦးနှစ်ဖက်အရောင်းအဝယ်ဖြစ်သွား၏။ စုံတွဲလည်း ယွမ် ၆၁၀၀၀ လက်ခံရရှိသည်။
ထိုကိစ္စက တခြားခရီးသည်များကို ဆွလိုက်သလိုပင်။ တခဏအတွင်း ခရီးသွား၊ မဲနှိုက်ဖို့သာတွေးနေသောခရီးသည်များမှာ နည်းနည်းဂနာမငြိမ်ဖြစ်လာသည်။ အတော်များများက မနေနိုင်တော့ဘဲ အရောင်းစင်တာသွား၍သုံးဖြုန်းကာ မဲများများနှိုက်ရအောင်လုပ်ကြ၏။
ဘာပဲဖြစ်ဖြစ် ယွမ် ၆၀၀၀၀ နဲ့ တကယ်ရောင်းတဲ့သူရှိသွားပြီလေ။ နောက်ပြီး မဲပေါက်ပေါက်ချင်း ချက်ချင်းလာဝယ်မယ့်သူလည်း ရှိနေပြီ။
ရင်သပ်ရှုမောဖို့အကောင်းဆုံးပင်။

အချိန်တချို့ကုန်လွန်သွားသည်။
လက်မှတ်နှစ်စောင်ဝယ်ပြီး မဲပေါက်သွားသောစုံတွဲသတင်းကြောင့် နဝမတိမ်လွှာတောင်နှင့် ကျူးကျိယဉ်ကျေးမှုဥယျာဉ်လက်မှတ်ဝယ်သည့်ခရီးသည်များ ပိုပိုများလာ၏။
ထို့ကြောင့် ချင်လင်၏လူခွဲချလိုက်သည့်အစီအစဉ်လည်း အောင်မြင်သွားသည်။ ခရီးသည်အတော်များများက ရှုမျှော်ခင်းနှစ်နေရာဆီ ပြန့်သွားကြသည်။
နေ့မွန်းတည့်ခါနီးတွင် နောက်တစ်ယောက်မဲပေါက်သွား၏။
အရောင်းစင်တာထဲတွင် ကျောင်းသူပုံစံနှင့် မိန်းကလေးတစ်ဦးက စိတ်လှုပ်ရှားစွာ ထခုန်လိုက်ပြီး_ ''ငါပေါက်တယ်... ငါပေါက်တယ်''
ရောင်းသူအပါအဝင် ဘေးပတ်ဝန်းကျင်မှခရီးသည်များက မိန်းကလေးကို မယုံနိုင်ပုံနှင့် ကြည့်လိုက်ကြ၏။
အကြောင်းမှာ သူမက စုစုပေါင်းမှ ယွမ် ၁၀၀ သာသုံးရသေးသည်။ ဆေးဖက်ဝင်ပျားရည်ခွက်သေးတစ်ခွက်နှင့် အဆာပြေမုန့်လေးတွေဝယ်ပြီး တစ်ကြိမ်နှိုက်ရုံနှင့် မဲပေါက်သွားသည်တဲ့။
ထိုမိန်းကလေးက သေချာပေါက် ကမ္ဘာ့ကံအကောင်းဆုံးလူတစ်ယောက်ပင်။
အိတ်ကြီးအိတ်ငယ်နှင့်စျေးဝယ်ပြီး အကြိမ်ကြိမ်မဲနှိုက်သူများက အလွန်အားကျသွားကြသည်။
ထို့အတူ မိန်းကလေးမဲပေါက်သည်နှင့် အတွင်းရေးမှူးနှင့်တူသောလူတစ်ဦးက ရှေ့ထွက်လာပြီး ပေါက်မဲကိုရောင်းချင်သလားမေးလိုက်၏။
ဤအဖြစ်အပျက်များကြောင့် မိန်းကလေးမှာ တခဏတော့ကြောင်သွားသည်။
ယွမ် ၆၀၀၀၀။
သူမဘဝမှာ ဒီလောက်များတဲ့ပိုက်ဆံကိုမမြင်ခဲ့ဖူးပေ။
နောက်ဆုံး မိန်းကလေးက ပေါက်မဲကိုရောင်းလိုက်၏။ ယွမ် ၆၀၀၀၀ တန်သောအရာကို စားပစ်ရမှာစိုးမိသည်။
ဒုတိယမဲပေါက်သူပေါ်လာသောအခါ ချင်းလင်စံအိမ်မှာ ပိုလှုပ်လှုပ်ရွရွဖြစ်သွားပုံရ၏။ တချို့ခရီးသည်များကလည်း နည်းနည်းစိတ်မရှည်ဖြစ်လာကြသည်။
သူတို့အားလုံးက အချီကြီးရချင်နေကြသည်။ နောက်တစ်နေရာကပါသွားပြန်ပြီ။
နေ့လယ်တွင် အရောင်းစင်တာထဲ၌ပင် တတိယမဲပေါက်သူပေါ်လာ၏။
ဝဝတုတ်တုတ်နှင့်လူကြီးက ဖုန်းကိုင်ပြီး စိတ်လှုပ်ရှားစွာ ကနေသည်_ ''ဟား ဟား... ငါပေါက်ပြီ... ပေါက်ပြီ... ငါလုပ်နိုင်ခဲ့ပြီ... ပေါက်မဲဝယ်ချင်တဲ့သူက ဘယ်မှာများလဲ?''
ထိုလူဝကြီးခြေထောက်နားတွင် ဖရဲသီး ၅ လုံးရှိသည်။
ထိုဖရဲသီးများမှာ တစ်ကတ်တီ ယွမ် ၂၀၀ တန် ထူးရှယ်ဖရဲသီးများဖြစ်သည်။
သူက မဲပိုရရန် ဒီလာခဲ့ခြင်းဖြစ်၏။ ဖရဲသီး ၅ လုံးမှာ စုစုပေါင်း ယွမ် ၁၂၀၀၀ ကျော်ကျသည်။ အကြိမ်ရေ ၁၂၀ နှိုက်ပြီး နောက်ဆုံးတစ်ကြိမ်ပေါက်ခဲ့ခြင်းဖြစ်လေသည်။
ဤသည်က သူ့အတွက် ဖရဲသီး ၅ လုံးအပြင် ယွမ် ၄၈၀၀၀ တန်းရလိုက်ခြင်းဖြစ်၏။
ရုံးအဝတ်အစားနှင့်မိန်းကလေးတစ်ဦးက လူဝကြီး၏အသံကိုကြားလျှင် အပြေးရောက်လာပြီး_ ''လူကြီးမင်း... ဒီပေါက်မဲကို ကျွန်မရဲ့ဥက္ကဌကိုယ်စား ဝယ်ပါမယ်''