← Chapters

ငွေပေးရင် မဲရမယ်! ဂိမ်းအသစ်: လုပ်ငန်းစဉ်စက်! ၂

Vol. 12 Ch. 169

ငွေပေးရင် မဲရမယ်! ဂိမ်းအသစ်: လုပ်ငန်းစဉ်စက်! ၂

Vol. 12 Ch. 169

လူဝကြီးက တုံ့ဆိုင်းမနေ။ ပြတ်ပြတ်သားသား ပေါက်မဲကိုရောင်းလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူက မဲနှိုက်ဖို့လာတာပဲ။

လူဝကြီးက မဲနှိုက်ဖို့သက်သက်လာသောခရီးသည်များကိုလည်း မဲပေါက်နိုင်မည့်သင်ခန်းစာပေးလိုက်ပုံရသည်။

အရောင်းစင်တာမှာ ပိုအသက်ဝင်သွား၏။

နေ့တဝက်က လျင်လျင်မြန်မြန်ကုန်သွားသည်။

မနက်ပိုင်း ချင်းလင်စံအိမ်တွင် သုံးဦးမဲပေါက်သည်ဆိုသောသတင်း၊ ယွမ် ၆၀၀၀၀ ကျော်နှင့်ရောင်းရသည်ဆိုသောသတင်းများလည်း လိုင်းပေါ်တွင်ပြန့်နေသည်။

ဤသည်က လူအတော်များများကို စမ်းသပ်ချင်စိတ်တဖွားဖွားပေါ်လာစေသည်။

အချိန်မြန်မြန်ဆန်ဆန်ကုန်သွားပြီး နေ့လယ်ပိုင်းရောက်သွား၏။

နေ့လယ်ပိုင်း ပထမဆုံးခရီးသည်က မဲပေါက်သောအခါ ခရီးသည်များ၏စိတ်အားထက်သန်မှုက တဖန်တက်လာပြန်သည်။ ထို့အပြင် မနက်ပိုင်းက ဖရဲသီးများသိမ်းကျုံးဝယ်ပြီး မဲပေါက်သွားသောလူဝကြီး၏ဖြစ်ရပ်မှာ နေ့လယ်ပိုင်းတွင် အရည်အသွေး ၂ ဖရဲသီးဝယ်သောခရီးသည်အရေအတွက်ကို သိသိသာသာတိုးလာစေ၏။

ချင်လင်က နောက်ခံအရောင်းပုံရိပ်ကိုကြည့်လိုက်ရာ အရည်အသွေး ၂ ဖရဲသီး ၁၀၀ မှာ မလောက်တော့မှန်း သဘောပေါက်သွားသည်။ မနေ့က တခြားလက်ကားပစ္စည်းအများကြီးကို လင်ဖုန်းပြင်ဆင်ပေးထား၍သာ တော်တော့၏။

ချင်လင်လည်း ဂိုဒေါင်ကိုမဖြစ်မနေသွားရပြီး အရည်အသွေး ၂ ဖရဲသီး ၅၀ ကို ဂိမ်းထဲမှထုတ်လာခဲ့သည်။

ကားပါကင်အဟောင်းထဲတွင် ချင်လင်ကပါကင်ထိုးလိုက်ပြီး ချန်တပေကိုဖုန်းဆက်ကာ ဖရဲသီးသယ်ရန် လူခေါ်လာခိုင်းလိုက်၏။

တခဏအတွင်း ချန်တပေက လူတချို့နှင့် ကားပင်ကင်ရောက်လာသည်။ သူက သူ့နောက်မှလူငယ်ကိုညွှန်ကြားလိုက်၏_ ''ခေါင်းဆောင်ကော... ဒီဖရဲသီးတွေကို အရောင်းစင်တာထဲသယ်သွားပြီး အရောင်းတာဝန်ခံဆီ လက်လွှဲပေးလိုက်ပါ''

ချန်တပေမှာ ယခုလုံခြုံရေးခေါင်းဆောင်ဖြစ်နေပြီ။ သူ့သူဌေးအတွက် ပြေးလွှားနေရသေးသော်လည်း ဒီလိုအလုပ်မျိုးကို သူ့လက်အောက်ကခေါင်းဆောင်အား တာဝန်ခွဲဝေပေးလိုက်ရုံသာ။ သူကိုယ်တိုင်ကြီးကြပ်ရန် မလိုတော့ပါချေ။

''ကောင်းပါပြီ... ကြီးကြပ်ချန်'' ခေါင်းဆောင်ကောကခေါင်းညိမ့်ပြီး ချက်ချင်းသူ့လူများကို ကားဆီခေါ်ကာ ဖရဲသီးများလှည်းပေါ်တင်၍ အရောင်းစင်တာထဲပို့လိုက်သည်။

ဒီတော့မှ ချန်တပေက ချင်လင်နားသွားလိုက်ပြီး_ ''သူဌေး... ဒီနေ့လူတွေအများကြီးပါပဲ... စံအိမ်လျှံထွက်တော့မယ်''



ချင်လင်က မေးလိုက်သည်_ ''စံအိမ်လုံခြုံရေးပိုင်းမှာ ပြဿနာရှိလို့လား?''

ချန်တပေရှင်းပြလိုက်၏_ ''ကြီးကြီးမားမားတော့မရှိပါဘူး... ခရီးသည်တွေ တစ်ယောက်နဲ့တစ်ယောက်တိုးမိတာ မတော်တဆတိုက်မိတာလောက်ပါ... နောက်ဆုံးတော့ နှစ်ဖက်လုံးက ဒေါသကြီးလာပြီး ရန်စဖြစ်ကြရော''

''ခေါင်းဆောင်ဟုန်က ပညာပေးဖို့ခေါ်သွားပေမဲ့ သူတို့ကိုသက်သက်ထားလိုက်တယ်... နှစ်ဖက်လုံးက ခရီးသည်တွေပဲဆိုတော့''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ဒီလိုခေါင်းကိုက်စရာမျိုးက ရှောင်လွဲမရပေ။ ဘာပဲဖြစ်ဖြစ် တချို့လူတွေက တစ်ဖက်လူကြည့်ရုံနဲ့တင် ရန်ဖြစ်ချင်ကြတာလေ။

ပြီးနောက် ချင်လင်က သူ့ရုံးခန်းထဲပြန်လာခဲ့သည်။ စံအိမ်တစ်ခုလုံး အလုပ်ရှုပ်နေပြီး ကျောက်မိုချင်းက မျက်စိဒေါက်ထောက်ကြည့်နေသဖြင့် သူအားလပ်နေသလိုရှိသည်။ သူက သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အားထိန်းချုပ်ကာ ဂိမ်းဆော့လိုက်၏။

သူဒီနေ့ငါးမမျှားရသေး။ ဒီလိုအခွင့်အရေးရတုန်း ငါးတွေအကုန်ဖမ်းပစ်ရမည်။

အချိန်တချို့ကုန်သွားပြီး ချင်လင်က ဒီနေ့အသစ်ပေါ်သောငါး ၃၅ ကေင်လုံး ဖမ်းမိလိုက်သည်။ စုစုပေါင်း အရည်အသွေး ၁ ငါး ၁၄ ကောင်၊ အရည်အသွေး ၂ က ၁၈ ကောင်နှင့် အလှမွေးငါး ၃ ကောင်ရသည်။

ဒီအတောအတွင်း သူနေ့တိုင်းအလှမွေးငါးဖမ်းမိသည်။ ခန်းမအဟောင်းငါးပြတိုက်ထဲတွင် အလှမွေးငါးများပြည့်နေပြီ။

အခုလွှတ်ထားလို့လည်း မဖြစ်သေး။ ဖလားဟွန်းငါး၏ရန်လိုတတ်သည့်သဘာဝကြောင့် ငါးတွေအများကြီးရှိလျှင် တခြားငါးတွေနှင့် ဖလားဟွန်းငါးအလွယ်တကူတိုက်ခိုက်နိုင်သည်။ ထို့ကြောင့် ဖမ်းမိသောအလှမွေးငါးအများစုကို ဂိမ်းထဲတွင်ထားရမည်။

ချင်လင်က ဒီနေ့အတွက်ငါးမျှားပြီးပြီဖြစ်၍ စိုက်ပျိုးမွေးမြူရေးခြံထဲပြန်မည်အပြု NPC ပေါ်လာသည်ကိုတွေ့ရသည်။ Zach ပင်။

(သတ္တုမြို့တော်စီးပွားရေးတွင် သင်၏ပါဝင်လုပ်ဆောင်ချက်ကြောင့် စက်ပစ္စည်းစက်ရုံက သတ္တုမြို့တော်ကိုသတိပြုမိပြီး သတ္တုမြို့တော်အတွင်း စမ်းသပ်ခန်းမဖွင့်လှစ်ထားသည်။ စမ်းသပ်ခန်းမသို့သွား၍ ရွှေပြားတချို့သုံးစွဲမည်ဆိုပါက စက်ပစ္စည်းလုပ်ငန်းစဉ်တချို့ကို အတွေ့အကြုံရနိုင်သည်။ ရွှေပြားလုံလုံလောက်လောက်ရှိလျှင် သင်လည်းတစ်ခုဝယ်နိုင်သည်!)

Zach က သူ့ NPC တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်ပြီး ထွက်သွား၏။

ချင်လင်က ဒီဇာတ်ကွက်အချက်အလက်ကြောင့် အံ့သြသွားသည်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအဟောင်းထဲတွင် ဒီလိုစက်ပစ္စည်းလုပ်ငန်းစဉ်ဆိုတာမျိုးမရှိ။ သံလွင်မြို့တော်နှင့် မျှော်လင့်ခြင်းနယ်မြေပုံစံပေါ်လာပြီး နောက်ပိုင်းမှသာဖြစ်သည်။

ဒီဂိမ်းပုံစံထဲမှာ ဒီလိုကစားနည်းပါမည်ဟု မထင်ထားပေ။

နာမည်အရတော့ စက်ပစ္စည်းလုပ်ငန်းစဉ်က အထူးစက်တစ်လုံးဖြစ်မည်။ ပစ္စည်းလုံလုံလောက်လောက်ရှိနေရင် အထူးအရည်အသွေးရှိပစ္စည်းများလုပ်ဆောင်နိုင်မည်။

ချင်လင်က ချက်ချင်းဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံမှထွက်ပြီး သတ္တုမြို့တော်သွားစေသည်။ မကြာမီ စက်ပစ္စည်းစမ်းသပ်စင်တာကိုတွေ့လိုက်ရ၏။

အရင်ဆုံး စက်ပစ္စည်းအသုံးပြုစမ်းသပ်ခြင်းအတွက် လိုအပ်သောရွှေပြားနှင့် စက်ပစ္စည်းဝယ်ရန်လိုအပ်သောငွေပမာဏကိုကြည့်လိုက်သည်။ ထို့နောက် ဝယ်မည်ဆိုသောဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားပေးလိုက်၏။ ဒီရက်ပိုင်း ဂိမ်းအတွင်းရွှေပြားမှာ တန်ဖိုးကြီးလွန်းသည်။

စမ်းသပ်ခန်းမထဲတွင် စက်ပစ္စည်းသုံးလုံးသာရှိ၏။ ကျန်နေရာများမှာ လွတ်နေသည်။ နောက်တွင် စက်ပစ္စည်းအသစ်ထပ်ပေါ်လာဖွယ်ရှိ၏။

သူက ဂိမ်းဇာတ်ကောင်ကိုရှေ့တိုးပြီး ပထမစက်ပစ္စည်းဆီသွားလိုက်သည်:

သစ်ဖြတ်စက်!

သစ်ဖြတ်စက်ပေါ် ဂိမ်းဇာတ်ကောင်ကထိလိုက်ရာ စာရင်းပေါ်လာ၏။

(အခုထုတ်လုပ်လိုသော ဒီဇိုင်းပုံကိုရွေးပါ)

(ထုတ်လုပ်ခြင်းနှင့်သက်ဆိုင်သည့်ပုံစံငယ်ကိုလည်း အသုံးပြုနိုင်သည်!)



ရွေးချယ်စရာက ကြည့်ရတာ Sebara ကျောက်မျက်ပုံသွင်းသည့်ပုံစံနှင့်တူလိမ့်မည်။

ပျဉ်ပြားပုံစံအမျိုးမျိုးကို သစ်ဖြတ်စက်တွင်လုပ်နိုင်ပြီး စာလုံးတချို့ထည့်သွင်းပုံဖော်နိုင်သည်။

ပုံစံငယ်အသုံးပြုနိုင်သည့်ရွေးချယ်စရာက စိတ်ဝင်စားဖို့ကောင်း၏။

တကယ်လို့များ လူစွမ်းကောင်းပုံစံငယ်ထည့်ပြီးလုပ်လိုက်ရင် လူစွမ်းကောင်းပုံများထွက်လာမလား?

ချင်လင်က ဒုတိယစက်ကိုကြည့်လိုက်သည်။

ချည်မျှင်စက်!

ထိုစက်ကိုရွေးချယ်မလားပေါ်လာသည်တွင် ချင်လင်ကချက်ချင်းကျော်ပစ်လိုက်၏။ သူလုံးဝစိတ်မဝင်စား။

အရွယ်ရောက်ပြီးတဲ့ယောက်ျားကြီးက ပိုးချည်မျှင်တွေ စိတ်ဝင်စားမတဲ့လား?

သို့သော် ထိုအပေါ်တွင်ပိုးချည်မျှင်တွေ့သောအခါ ဂိမ်းဇာတ်ကောင်ကို ပိုးချည်မျှင်စက်စာရင်းဖွင့်ကြည့်စေလိုက်သည်။

အချိန်တချို့ဖြုန်းပြီးနောက် ချင်လင်က ဂိမ်းဇာတ်ကောင်အား တတိယစက်ဆီဦးတည်သွားစေလိုက်၏။

ထို့အပြင် တတိယစက်က သူ့ကိုစိတ်ဝင်စားစေသည်။

ပုလင်းထုတ်စက် (အရည်အသွေး ၁)

အရည်အသွေး ၁ ဆိုသောမှတ်ချက်က ထိုစက်ပေါ်တွင် အမှန်ရှိနေသည်။ ဒီတော့ ဒီစက်က အရည်အသွေး ၁ ပုလင်းတွေ ထုတ်နိုင်တယ်ဆိုတဲ့သဘောလား?

သူက ဂိမ်းဇာတ်ကောင်ကို စာရင်းဖွင့်ကြည့်စေသည်။ ထုတ်လုပ်နိုင်သော ပုလင်းပုံစံအမျိုးမျိုးတွေ့ရ၏။ ထို့အပြင် ပုလင်းပုံစံနေရာတွင် မဲမဲအကွက်တွေလည်းရှိနေသည်။

(သင်ထုတ်လုပ်လိုသော ပုလင်းပုံစံနှင့်အရွယ်အစားကိုရွေးပါ!)

…

(သင်ထည့်သွင်းလိုသော စာလုံးများကိုဖြည့်ပါ!)

ဒီတော့ သူပုလင်းထုတ်တဲ့အခါ သူထည့်ချင်တဲ့စာသားကို အဖြူရောင်ကွက်လပ်မှာ ထည့်နိုင်တယ်ပေါ့။ နာမည် ဒါမှမဟုတ် ကဗျာတစ်ပုဒ်လည်းဖြစ်နိုင်သည်။ စိတ်ကြိုက်အော်ဒါနှင့်တောင် တူနေ၏။

''အိုး!'' ချင်လင်က ရုတ်တရက်တစ်ခုခုကိုသတိရသွားသည်။

သူ့ချင်းလင်ဆေးဖက်ဝင်ဝိုင်က အခုထိထုတ်ပိုးမှုပုံစံမလုပ်ရသေး။ အရင်က လီရှင်းနှင့်ချန်ရှန်းဖေကို ပုလင်းအလွတ်အကြည်များနှင့်ထည့်ပေးခဲ့ရသည်။

လုံးဝမမိုက်ဘူးပေါ့။

အခုဆုတွေအများကြီးပေါက်ထားတာ ဆေးဖက်ဝင်ဝိုင်ကိုကြည့်ကောင်းအောင်ထုတ်ပိုးဖို့အချိန်ကျပြီ။

ဒီပုလင်းထုတ်စက်ကိုတွေ့လိုက်ရတော့ အကြံတချို့ပေါ်လာသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုအများကြီးထုတ်မှာလည်းမဟုတ်။ အသုတ်ငယ်လေးတွေပဲ ထုတ်ဖြစ်လိမ့်မည်။

ဒီတော့ ဒီပုလင်းထုတ်စက်က ဘယ်လိုအလုပ်လုပ်တာလဲ?

ပြီးတော့ အချိန်ကျရင် 'ချင်းလင်ဆေးဖက်ဝင်ဝိုင်' ဆိုတဲ့စာလုံးတန်းထုတ်တာ ပိုမကောင်းဘူးလား?

နောက်ပြီး သူ့ခန့်မှန်းချက်အရ ဒီစက်ကထုတ်လုပ်တဲ့အရည်အသွေးမှာ ၁ ရှိရမည်။ ဒါလုံးဝအထက်တန်းကျတယ်မဟုတ်လား?

ထိုအတွေးနှင့် ချင်လင်က စမ်းသပ်ကြည့်ဖို့စိတ်အားထက်သန်လာသည်။ သူကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုနှိပ်ပြီး ထိုစက်နှင့်ပုလင်းထုတ်ကြည့်ရန်ကြိုးစားလိုက်တော့သည်။



All Chapters