အရည်အသွေး ၁ ရှေးဟောင်းဝိုင်ပုလင်း! သစ္စာမဆိုနိုင်! ၁
Vol. 12 Ch. 170
(သင်ထုတ်လုပ်လိုသောပုလင်းပုံစံကိုရွေးပါ)
(ထုတ်လုပ်ခြင်းနှင့်သက်ဆိုင်သည့်ပုံစံငယ်ကိုလည်း အသုံးပြုနိုင်သည်!)
ရွေးချယ်စရာနှစ်ခုရှိသည်။
ဂိမ်းထဲကပုံစံ ဒါမှမဟုတ် ပုံစံငယ်ကိုအသုံးပြုပြီး ထုတ်လုပ်နိုင်၏။
ချင်လင်က ပုံစံငယ်ကိုမရွေး။
အင်တာနက်ပေါ်က ပုလင်းဒီဇိုင်းတွေကို လှန်လှောကြည့်နေလို့မဖြစ်ဘူးမလား?
အားလုံးတခြားသူတွေ အသုံးပြုပြီးသားဖြစ်၍ သူတို့ပုံကိုယူသုံးတာသိသွားလျှင် နည်းနည်းရှက်စရာကောင်းလိမ့်မည်။
သူ့အတွက်သီးသန့် ပုလင်းပုံစံငယ်ဆွဲပေးဖို့ လူတစ်ယောက်မခန့်ထားဘူးဆိုရင်ပေါ့။ သို့သော်လည်း အချိန်ယူရလိမ့်မည်။
အရင်ဆုံး ဒီဂိမ်းပုံစံက ဘာနဲ့တူလဲကြည့်ရပေမည်။
ဂိမ်းဒီဇိုင်းက သုံးမဖြစ်ဘူးဆိုရင်တော့ အရေးပေါ်လူရှာပြီး ဝိုင်ပုလင်းပုံစံငယ်ဒီဇိုင်းဆွဲခိုင်းရမည်။
သူက ဂိမ်းဒီဇိုင်းဝိုင်ပုလင်းတချို့ကိုနှိပ်ပြီး ဂိမ်း၏ 2D ကာတွန်းပုံကိုသုံးလိုက်သည်။ အရမ်းဆွဲဆောင်မှုမရှိသော်လည်း နောက်ဆုံးဒီဇိုင်းက သူ့အာရုံကိုဖမ်းစားသွား၏။
ပုံစံက ဂန္တဝင်ပုလင်းပုံစံဖြစ်သည်။
ပုလင်းဝက အောက်ကိုနည်းနည်းချင်းကျယ်သွား၏။ အဓိကအချက်မှာ ပုလင်းတစ်ခုလုံးကို ရှုမျှော်ခင်းပန်းချီပုံဖော်ထားသည်။ အလွန်ပုံစံကျ၏။
ပြီးတော့ ပုလင်းဆိုတာ သူလုံးဝလိုအပ်နေတဲ့အရာ။
ချင်လင်ကချက်ချင်း ထိုပုလင်းကိုရွေးလိုက်သည်။

(ပုလင်းအရွယ်အစားကိုရွေးပါ)
အကြီး၊ အသေး၊ အလတ် ရွေးစရာသုံးစားရှိနေသည်။
ချင်လင်က အလတ်ဆိုဒ်ကိုတန်းရွေးလိုက်သည်။
ထိုအချိန်တွင် အကြီးအကဲစားပွဲအတွက်ဆု ချင်းလင်ဆေးဖက်ဝင်ဝိုင်မှာ တစ်ကတ်တီဖြစ်သည်။
သက်တမ်းက အမြင့်ဆုံးတော့မဟုတ်။အလွန်ဆုံးဂိမ်းထဲမှာ ဒုတိယစိမ်ထားတဲ့အသုတ်မှဝိုင်ကိုယူမည်။ အခုဆို သက်တမ်း ၁၀ နှစ်ဖြစ်လောက်ပြီ။
ဘာပဲဖြစ်ဖြစ် ယွမ် ၆၀၀၀၀ တန်စားပွဲလေ။ အခုမှစိမ်ထားတဲ့ဝိုင်အသစ်တော့ ထည့်လို့မဖြစ်။
အရွယ်အစားရွေးပြီးနောက် အလတ်စားပုလင်းကြည်ကြည်တစ်လုံး ဂိမ်းထဲမှာပေါ်လာသည်။ ဒီပုလင်းထဲမှာလုပ်ဆောင်ရမည်။ အချိန်ကျရင် အပြင်မှပစ္စည်းများထုပ်ပိုးလိုက်မည်။
(လုပ်ဆောင်မည့်ပစ္စည်းများရွေးပါ!)
ဤပစ္စည်းတောင်းဆိုချက်မှာ မထူးဆန်း။ သတ္တုမြို့တော်လုပ်ငန်းစဉ်ပုံစံထဲတွင် ဘာလုပ်လုပ် သက်ဆိုင်ရာပစ္စည်းလိုအပ်သည်။
တစ်ဖက်တွင် သူ့ပုံစံအသစ်မှာ အသုံးပြုသောပစ္စည်းများအတွက် ထူးထူးခြားခြားလိုအပ်မှုမရှိချေ။
ချင်လင်က ဂိမ်းကျောပိုးအိတ်ကိုဖွင့်လိုက်သည်။ ထိုထဲတွင် ရေပုလင်း၊ ငါးမျှားတံနှင့် တခြားပစ္စည်းများပါသည်။ ရွှေ၊ ငွေ၊ ကြေးနီသတ္တုများ နှစ်စစီလည်းပါ၏။ အားလုံးအရေးပေါ်အတွက်ချန်ထားခြင်းပင်။
သူက ရေဘူးပေါ်နှိပ်ကြည့်လိုက်သည်။ ဘာမှဖြစ်မလာ။ ကြုံရာလျှောက်နှိပ်လည်း ရွေးစရာမရှိ။
ထို့နောက် ရွှေစပေါ်နှိပ်ကြည့်လိုက်သည်။
ရွှေသတ္တုမှာ ချက်ချင်းပုလင်းပုံသွင်းရန်သုံးသည့်ပစ္စည်းများအကွက်ထဲ ခုန်ဝင်သွား၏။
ရွှေသတ္တုနှင့် ပုလင်းလုပ်ငန်းစဉ်မှာ အလုပ်ဖြစ်မှန်းသိသာသည်။
ဒိန်းမတ်ရဲ့စျေးအမြင့်ဆုံး ဗော့ဒ်ကာပုလင်းလုပ်နည်းသင်ရတော့မှာလား? ရွှေနဲ့စိန်စီပြီးလုပ်တော့မှာလား?
ရွှေသတ္တုကလုပ်နိုင်သော်လည်း လုံလုံလောက်လောက်မရှိ။
ချင်လင်က ငွေသတ္တုကိုထပ်ထိကြည့်လိုက်သည်။
ငွေသတ္တုမှာ ပုံသွင်းပစ္စည်းများအကွက်ထဲ ခုန်ဝင်သွား၏။ ဒါလည်းသုံးနိုင်မှန်းသိသာသည်။
နောက်ဆုံး ကြေးနီကိုဆက်နှိပ်ကြည့်လိုက်သည်။
ကြေးနီလည်း ပုံသွင်းပစ္စည်းစာရင်းထဲခုန်ဝင်သွား၏။ ဒါလည်း သုံးနိုင်သည်။
ရွှေ၊ ငွေ နဲ့ ကြေးနီ?

ဒီဂိမ်းက သူ့ကိုထူးထူးဆန်းဆန်းအတွေးဝင်စေသည်။ ကြည့်ရတာ ဝိုင်ပုလင်းအမျိုးအစားသုံးမျိုးခွဲနိုင်ပုံရသည်။ နောင်တွင် ဆေးဖက်ဝင်ဝိုင်ကို သက်တမ်းအလိုက်ခွဲထည့်နိုင်လိမ့်မည်။
ကြေးနီက အနိမ့်ဆုံးအဆင့်။ ငွေက ပိုမြင့်ပြီး ရွှေကတော့ အမြင့်ဆုံး။
ကြေးနီအဆင့်ကို သာမန်အားဖြင့်ထုတ်ယူမည်။ ဥပမာ - ဒီတစ်ကြိမ်မဲပေါက်သူများက ကြေးနီပုလင်းဖြစ်မည်။
ငွေပုလင်းကို ချန်ရှန်းဖေနှင့်လီရှင်းတို့လိုလူများသာ ရနိုင်မည်။
ရွှေကိုမူ ဂန္တဝင်လုပ်ထားမည်။ နောင် ဆေးဖက်ဝင်ဝိုင်သက်တမ်း ၁၀၀ ရှိလျှင် ရံဖန်ရံခါထုတ်လာပြီး ပြသထားမည်။
အပြင်လူတွေက ဒီအဆင့်အတန်းရှိတဲ့ဝိုင်ကိုတကယ်လိုချင်ရင် ဝယ်ဖို့ပိုက်ဆံအများကြီးရှိရမည့်အပြင် သူနှင့်ဆက်ဆံရေးကောင်းရှိထားဖို့လည်းလိုပေမည်။ ပိုအရေးကြီးတာက သူ့စိတ်အခြေအနေပေါ် မူတည်၏။
ချင်လင်က ဒီစိတ်ကူးမဆိုးဘူးဟု ထင်မိသည်။
ရှေးဟောင်းငွေ၊ ကြေးနီဝိုင်ပုလင်းတွေကို အထူးလုပ်တဲ့ ရောင်းတဲ့ကုမ္ပဏီရှိတယ် မဟုတ်လား?
ဒီလိုအထူးငွေပြားခတ်လက်မှုပုလင်းတွေက ဆက်လက်ကျော်ကြားနေဆဲပင်။
သို့သော် ကြေးဝါနှင့်အလားတူပစ္စည်းများဖြင့်လုပ်ထားသော ရှေးဟောင်းကြေးဝိုင်ပုလင်းများကိုတုပရန် မဖြစ်နိုင်ပေ။ ကြေးနီအမျိုးအစားအနည်းငယ်သာ မြဲမြဲမြံမြံပုံသွင်းနိုင်သည်။ ဒီဂိမ်းစက်ကထုတ်လုပ်ပေးမှာ ဘာပုလင်းအမျိုးအစားလဲဆိုတာသာ မေးစရာရှိတော့၏။
တစ်ကတ်တီပုလင်းကိုပုံသွင်းရန် ကြေးနီသတ္တုနှစ်စနှင့်မလောက်ပေ။
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းတတိယအလွှာတွင် သွားတူးစေလိုက်သည်။
အထူးသတ္တုများ၊ အထူးပစ္စည်းများသာ ပထမအကြိမ်တူးဖော်ရရှိပြီး ဒုတိယအကြိမ်ထပ်မရသော်လည်း ရွှေ၊ ငွေနှင့် ကြေးနီသတ္တုများမှာ သာမန်သတ္တုပစ္စည်းများဟုယူဆထားသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကို ပစ္စည်းကိရိယာများထုတ်၍ စတူးစေ၏။ သူက ရွှေ၊ ငွေသတ္တုအားလုံးကိုရောင်းပစ်ပြီး ကြေးနီသတ္တုသာချန်ထားသည်။ အချိန်တချို့ကြာသောအခါ ကြေးနီသတ္တုတစ်အိတ်တူးရလာပြီး စက်ပစ္စည်းစမ်းသပ်စင်တာသို့ ဦးတည်သွားလိုက်၏။
သူကပုလင်းလုပ်စက်ဆီထပ်သွားလိုက်ပြီး ဂန္တဝင်တစ်ကတ်တီပုလင်းကိုရွေးလိုက်သည်။ ထို့နောက် ဆက်လက်လုပ်ဆောင်ရန်ကြေးနီကိုရွေးလိုက်၏။
ကြေးနီသတ္တုမှာ သံထည်ပစ္စည်းနှင့်တူနေသည်။ ခလုတ်လင်းလာသောအခါ ပစ္စည်းလုံလောက်ကြောင်းသိလိုက်၏။ သူက အတည်ပြုမည်ကို တန်းနှိပ်လိုက်သည်။
(သင်ထည့်ချင်သောစာသားကို ကွက်လပ်တွင်ဖြည့်ပါ!)
သူ့စိတ်ထဲမှဂိမ်းထဲတွင် မှတ်ချက်ရေးစရာပေါ်လာသည်။ ချင်လင်က 'ချင်းလင်ဆေးဖက်ဝင်ဝိုင်' ဟုရိုက်လိုက်ပြီး ပုံသွင်းမည်ကို ရွေးလိုက်၏။
ခဏအကြာ ဂိမ်းအသိပေးစာပေါ်လာသည်:
(ရှေးဟောင်းကြေးညိုဝိုင်ပုလင်းပုံစံလုပ်ဆောင်နိုင်သည့်အတွက် ဂုဏ်ယူပါတယ် - အရည်အသွေး ၁!)
အသိပေးစာကိုမြင်လိုက်ရလျှင် ချင်လင်ဝမ်းသာသွားသည်။
ဒီအရည်အသွေး ၁ ထုတ်စက်က အရည်အသွေး ၁ ရှိတဲ့ပုလင်း တကယ်ထုတ်နိုင်တာပဲ။ အဓိကအချက်မှာ ကြေးညိုပုလင်းဖြစ်နေခြင်းပင်။
ကြေးဝါ ဒါမှမဟုတ် အလားတူ ဘာပဲဖြစ်ဖြစ်။ ကြေးညိုမှာ ဝိုင်ပုလင်းလုပ်ရန်သင့်တော်သော ကြေးနီအမျိုးအစားထဲက တစ်ခုဖြစ်သည်။
ချင်လင်က ကြေးညိုပုလင်းကို သူ့ကျောပိုးအိတ်ထဲထည့်ပြီး ရှေးပုံစံကိုထပ်ရွေးလိုက်၏။
အချိန်တစ်ခုကြာလျှင် ကျောပိုးအိတ်ထဲရှိ သူတူးခဲ့သောကြေးနီသတ္တုများမှာ ရှေးဟောင်းကြေးညိုဝိုင်ပုလင်းပုံစံ သုံးလုံးရလာပြီး အားလုံးအရည်အသွေး ၁ ရှိကြသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်စေလိုက်၏။ အတွေးနှင့် သူကဂိမ်းထဲဝင်လိုက်ရာ ကြေးညိုဝိုင်ပုလင်းသုံးလုံးကို တွေ့လိုက်ရသည်။