← Chapters

အရည်အသွေး ၁ ရှေးဟောင်းဝိုင်ပုလင်း! သစ္စာမဆိုနိုင်! ၂

Vol. 12 Ch. 171

အရည်အသွေး ၁ ရှေးဟောင်းဝိုင်ပုလင်း! သစ္စာမဆိုနိုင်! ၂

Vol. 12 Ch. 171

ပထမအမြင်နှင့်တင် ကြေးညိုဝိုင်ပုလင်းသုံးလုံးမှာ ရှေးဟောင်းပုံစံနှင့် လေးလေးပင်ပင်အငွေ့အသက်မျိုးရှိသည်။ အသွင်အပြင်လှပြီး ခြယ်သထားသည့်ရှုခင်းပုံက သေသေချာချာဆွဲထားသောအနုပညာလက်ရာနှင့်တူသည်။ 'ချင်းလင်ဆေးဖက်ဝင်ဝိုင်' ဆိုသောစာလုံးများမှာ ဝင့်ဝင့်ကြွားကြွားနှင့် အားမာန်လည်းပါသည်။

တခြားမဆိုထားနှင့်။ ပထမတစ်ချက်ကြည့်ရုံနှင့်တင် အထက်တန်းကျသောအသွင်အပြင်ကိုရစေသည်။

ရှေးဟောင်းဝိုင်ပုလင်းကို ကောင်းကောင်းကြည့်တတ်သူမဟုတ်ပါက ရှေးဟောင်းပစ္စည်းဟုပင်ထင်ကြမည်။

ကြေးညိုဝိုင်ပုလင်းက သိပ်အကြီးကြီးမဟုတ်။ လည်ပတ်အဖုံးအမျိုးအစားဖြစ်သည်။ ခြုံကြည့်လျှင် ကြေးနီနှင့်လုပ်ထားသော မောက်ထိုက်ပုလင်းအရွယ်အစားလောက်ရှိပြီး နည်းနည်းပိုလေးပင်ပုံပေါ်သည်။

ချင်လင်က တစ်ပုလင်းကိုင်ပြီး မှတ်ချက်ကိုကြည့်လိုက်သည်:

(ကြေးညိုပုလင်း: အရည်အသွေး ၁)

(အထူးလက်မှုပညာနှင့်လုပ်ထားသော ဝိုင်ပုလင်းဖြစ်သည်။ ထုတ်လုပ်နေစဉ်အတောအတွင်း မည်သည့်ဘက်တီးရီးယားမှ တိုက်ရိုက်အသုံးမချနိုင်: အလုံပိတ်နိုင်စွမ်း +၁၊ အသွင်အပြင် +၁၊ ရိုးရိုးရှင်းရှင်း +၁၊ အနုပညာခံစားမှု +၁!)

ထိုအရည်အသွေး ၄ မျိုးရှိသောဝိုင်ပုလင်းမှာ လုံးဝအံ့သြစရာကောင်းသည်။

ဒီပုလင်းကိုသာထုတ်လိုက်ရင် ချက်ချင်း မောက်ထိုက်လိုပုလင်းမျိုးတွေကို မြောင်းထဲပို့လို့ရပြီ။

ချင်လင်က ကြေးညိုတစ်ပုလင်းကိုင်၍ သိုလှောင်ခန်းထဲဝင်လိုက်သည်။ ဝိုင်စိမ်ထားသောစည်ပိုင်းတစ်ခုနားရောက်သောအခါ အဆို့ကိုဖွင့်၍ ဆေးဖက်ဝင်ဝိုင်ထည့်လိုက်၏။

ထို့နောက် ဝိုင်ပုလင်းယူ၍ ဂိမ်းထဲမှထွက်လိုက်သည်။ သူက ကျောက်မိုချင်းအား သူ့ဆေးဖက်ဝင်ဝိုင်ကို သူမတူအောင်ထုပ်ပိုးထားသည်ကိုပြရန် စိတ်ကူးလိုက်သည်။

သူကရုံးခန်းအပြင်ထွက်၍ ကျောက်မိုချင်းရုံးခန်းထဲလျှောက်သွားလိုက်၏။ သူမက စာရင်းကိုင်သုံးယောက်နှင့်တွက်ချက်နေသည်ကို တွေ့လိုက်ရသည်။

“ဥက္ကဌ!”

“သူဌေး!”

စာရင်းကိုင်နှစ်ယောက်က ချင်လင်ဝင်လာသည်ကိုမြင်ပြီး တပြိုင်တည်းပြောလိုက်သည်။

''ဘာတွေအလုပ်ရှုပ်နေတာလဲ?'' ချင်လင်ကရှေ့တိုးသွားပြီး အပြုံးနှင့်မေးလိုက်၏။

ကျောက်မိုချင်းကရှင်းပြလိုက်သည်_ ''ဒီနေ့ဝင်ငွေနဲ့ ဒီပွဲအတွင်းမှာ ခရီးသည်တွေရဲ့အဓိကစားသုံးမှု... အထူးသဖြင့် လက်ကားတင်သွင်းသူတွေပို့တဲ့ကုန်တွေပေါ့... ဒီလိုဆိုရင် ပွဲပြီးတဲ့အခါ ဒီလက်ကားရောင်းသူတွေရဲ့ပို့ကုန်တွေကို သေချာတဲ့အချိုးတစ်ခုအတိုင်း အကြမ်းဖျင်းယူလို့ရပြီ''

''အလုပ်ကြိုးစားတာပဲ'' ချင်လင်က စိတ်ရင်းနှင့်ပြောလိုက်သည်။ ဒီလိုမွန်မြတ်တဲ့ဇနီးကိုရတာ မင်္ဂလာတစ်ပါးပင်။ သူကကျောက်မိုချင်းစားပွဲပေါ် ဝိုင်ပုလင်းတင်လိုက်ပြီး_ ''ဒီပုလင်းကိုကြည့်ပါဦး''

ကျောက်မိုချင်းက ထိုကြေးညိုရှေးဟောင်းဝိုင်ပုလင်းကိုမြင်လျှင် ပုလင်း၏ရိုးရိုးရှင်းရှင်းနှင့် လေးလေးပင်ပင်အသွင်အပြင်ကြောင့် ချက်ချင်းစိတ်ဝင်စားသွား၏။ သူမက လွှတ်ကနဲမေးလိုက်သည်_ ''ချင်လင်... ဒါဘာလဲ? ရှေးဟောင်းပစ္စည်းလား?''

''ကြည့်ကောင်းတယ်ထင်လား?'' ချင်လင်ကပြုံးပြီး စာရင်းကိုင်သုံးယောက်ကိုမေးလိုက်သည်။

စာရင်းကိုင်သုံးယောက်ကလည်း ဝိုင်ပုလင်းကို အလွန်လက်ရာသေသပ်သည်ဟုခံစားရပြီး ပြောလိုက်၏။

''ပုလင်းက စျေးကြီးတယ်မလား သူဌေး?''



''ဥက္ကဌ... ဒါဂန္တဝင်ပုလင်းပဲ... ပြီးတော့ ပုံဖော်ထားတာကအရမ်းလှတယ်... ရှေးဟောင်းပစ္စည်းဖြစ်မယ် ဟုတ်လား?''

တတိယမြောက်စာရင်းကိုင်က_ ''သူဌေး... ဒါရှေးဟောင်းဝိုင်ပုလင်းလား?''

ကျောက်မိုချင်းက အံ့သြစွာနှင့်မေးလိုက်သည်_ ''ရှေးဟောင်းဝိုင်ပုလင်း? ရှောင်ရှင်း... ဘာကြောင့်ပြောနိုင်တာလဲ?''

ရှောင်ရှင်းဆိုသောစာရင်းကိုင်က ပုလင်းကိုကျောက်မိုချင်းဘက်လှည့်လိုက်ရာ 'ချင်းလင်ဆေးဖက်ဝင်ဝိုင်'ဆိုသောစာလုံးက ကျောက်မိုချင်းမျက်စိထဲပေါ်လာသည်။

''...'' ကျောက်မိုချင်းကြောင်သွား၏။ ထိုစာလုံးလေးလုံးကိုမြင်သောအခါ ဒါရှေးဟောင်းမဟုတ်တော့မှန်းသိသွားသည်။

တကယ်တော့ ရှေးဟောင်းပစ္စည်းအကြောင်း နားမလည်သော်လည်း ပုလင်းကိုမြင်မြင်ချင်း ရှေးဟောင်းပစ္စည်းဖြစ်မည်ဟုခံစားမိသည်။

စာရင်းကိုင်နှစ်ယောက်လည်း အံ့သြသွား၏။ သူတို့လည်း ထိုစာလုံးလေးလုံးကိုမမြင်လိုက်။

ကျောက်မိုချင်း၏ပုံစံကိုကြည့်ရင် သူမအံ့အားသင့်နေမှန်း ချင်လင်သိသည်။

ဤပုလင်းက လုံးဝအဆင်ပြေသည်။ အထက်တန်းကျသည်။

''ဟုတ်ပါပြီ... မင်းတို့ကို ငါမနှောင့်ယှက်တော့ပါဘူး... အရင်ပြန်လိုက်ဦးမယ်'' ချင်လင်ကပြုံးပြီး ဝိုင်ပုလင်းကို သူ့ရုံးခန်းထဲပြန်ယူသွားလိုက်၏။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းကိုကြည့်၍ ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းဆီသွားစေလိုက်သည်။

ကျန်တနေ့ခင်းလုံး သူက ဂိမ်းဇာတ်ကောင်အား သတ္တုတွင်းနှင့် စက်ပစ္စည်းစမ်းသပ်ခန်းမကို ခေါက်တုံ့ခေါက်ပြန်ပြေးလွှားခိုင်းလိုက်သည်။ ထိုလုပ်ငန်းစဉ်အတိုင်း အရည်အသွေး ၁ ရှေးဟောင်းပုံစံကြေးညိုဝိုင်ပုလင်း ၃၀ ကျော်ရသည်အထိ အထပ်ထပ်လုပ်လိုက်၏။

ထိုလုပ်ငန်းစဉ်မှရသော ငွေသတ္တုနှင့်ရွှေသတ္တုမှာ စက်ပစ္စည်းစမ်းသပ်ထုတ်လုပ်ရန်အတွက် လုံလောက်ရုံမျှသာရှိသည်။

…

အချိန်တချို့ကုန်လွန်သွားသည်။

ချင်လင် ဝိုင်ပုလင်းလုပ်နေစဉ်အတွင်း...

ချင်းလင်စံအိမ်မှခရီးသည်နှစ်ဦးလည်း မဲထပ်ပေါက်သည်။

သူတို့ပေါက်မဲကိုလည်း ယွမ် ၆၀၀၀၀ နှင့်ဝယ်သွားကြ၏။

မည်သည့်ခရီးသည်ကမှ သူတို့ပေါက်မဲကိုယူထားဖို့ မရွေးချယ်ကြချေ။

ညနေပိုင်းရောက်သောအခါ ပထမနေ့ ပေါက်မဲ ၇ နေရာစာတွင် တစ်နေရာသာကျန်တော့သည်။

ထိုအချိန်တွင် စံအိမ်တစ်ခုလုံးမှာ ဂနာမငြိမ်ဆုံးအချိန်ရောက်နေလေပြီ။

ပထမမဲပေါက်တဲ့ခရီးသည် ၆ ဦးက သူတို့ပေါက်မဲကို ယွမ် ၆၀၀၀၀ ကျော်နှင့်ရောင်းခဲ့သဖြင့် ခရီးသည်တွေက အနည်းနှင့်အများပိုသုံးစွဲပြီး မဲနှိုက်လာကြသည်။

အထူးသဖြင့် မဲနှိုက်ရန်သက်သက်လာကြသော ခရီးသည်များပင်။ အတော်များများက ငွေအများကြီးသုံးထားပြီးဖြစ်သည်။ တစ်နေရာစာပဲ ကျန်မှတော့ မလောဘဲနေမလား?

ဝမ်ရန်လည်း အတူတူပင်။

သူက နဝမတိမ်လွှာတောင်နှင့် ကျူးကျိယဉ်ကျေးမှုဥယျာဉ်လက်မှတ်ဝယ်ခဲ့သော်လည်း နှစ်ကြိမ်လုံး ဆုံးရှုံးခဲ့သည်။ သူလည်း ရှုမျှော်ခင်းနှစ်နေရာမှလာခေါ်သောကားပေါ်တက်၍ ကျူးကျိယဉ်ကျေးမှုဥယျာဉ်ဆီသွားလိုက်၏။

ထိုနှစ်နေရာမှပြန်လာသောအခါတွင်လည်း သုံးပွင့်ဆိုင်ပန်းပင်လယ်လက်မှတ်က ဝယ်မရသေး။ သူမဲဆက်နှိုက်ချင်ရင် အစားအသောက်စင်တာမှာပိုက်ဆံသုံးသွားတဲ့ ခရီးသည်တွေဆီမှ အတုယူရပေမည်။

ဝမ်ရန်က ဖရဲသီးနှစ်လုံးနှင့် ထွက်လာသည်။ ထိုဖရဲသီးများမှာ သာမန်အသီးများဖြစ်၏။ သူက အရောင်းစာရေးရှေ့ချလိုက်ပြီး_ ''ထူးရှယ်ဖရဲသီးနှစ်လုံး''

အရောင်းဝန်ထမ်းက ဒီနေ့အလွန်အလုပ်ရှုပ်နေသဖြင့် သတိမထားမိ။ သူက ဖရဲသီးနှစ်လုံးကို တစ်ကတ်တီယွမ် ၂၀၀ နှင့်တန်းတွက်ပေးလိုက်သည်။

သူ့အကြံအစည်အောင်မြင်သွားပြန်လျှင် ဝမ်ရန်ကမနေနိုင်ဘဲ လှောင်ပြုံးပြုံးလိုက်၏။

သာမန်ဖရဲသီးကို တစ်ကတ်တီယွမ် ၂၀၀ ပေးဝယ်တာ သူများတွေသိရင် သူ့ကိုတုံးတယ်လို့ထင်ကြမှာပဲမလား? သို့သော် တစ်ကတ်တီယွမ် ၂၀၀ တန်ဖရဲသီးက မရှိတော့။

ဘာပဲဖြစ်ဖြစ် သူဂရုမစိုက်။ သူအခုမဲနှိုက်ချင်သည်။



သာမန်ဖရဲသီးနှစ်လုံးအတွက် ယွမ် ၄၀၀၀ ပါသွားလည်း အရေးမလုပ်။

သူကအင်တာနက်ပေါ်မှာ ဝတ္ထုဖတ်ရတာကြိုက်သူဖြစ်သည်။ သူကြိုက်တဲ့သူတွေအတွက် အလျဉ်းသင့်တဲ့ဆရာကို သဒ္ဓါကြေးအသေးစားဆုချရင်ချမည်။ သဒ္ဓါကြေးကြီးမှာ ငွေဒင်္ဂါးတစ်ပြားဖြစ်ပြီး ယွမ် ၁၀၀၀၀ ကျသည်။ တစ်ခါတလေ ဂိမ်းကစားရင်း ယွမ် ၁၀၀၀၀ လောက်က ပုံမှန်သုံးနေကျဖြစ်၏။

ဒီငွေပမာဏမဖြစ်စလောက်လေးက သူ့အတွက်ဘာဖြစ််မှာမလို့လဲ?

သူကစိတ်ရှင်းအောင်လုပ်နေခြင်းပင်။

မဲပေါက်ပြီး အကြီးအကဲစားပွဲကိုမစားနိုင်ခင်အထိ သူဖြောင့်ဖြောင့်တန်းတန်းတွေးနိုင်မည်မဟုတ်ပေ။

အရောင်းဝန်ထမ်းက ဖရဲသီးနှစ်လုံးကို ခပ်မြန်မြန်ချိန်လိုက်ပြီး_ ''လူကြီးမင်း... ဖရဲသီးနှစ်လုံးက ၂၄.၂၅ ကတ်တီရှိပါတယ်... ယွမ် ၄၈၅၀ ကျပါတယ်''

ဝမ်ရန်က အနှမြောမရှိပေးလိုက်ပြီး ဖရဲသီးနှစ်လုံးကို အရောင်းစင်တာအပြင်သယ်လာကာ သူ့မိန်းကလေးအဖော်ကိုရှာလိုက်သည်။ မိန်းကလေး၏ခြေထောက်နားတွင် ဖရဲသီး ၁၀ လုံးကျော်ကိုလည်း တွေ့နိုင်၏။ အားလုံးမှာ တစ်ကတ်တီယွမ် ၂၀၀ တန် ထူးရှယ်ဖရဲသီးများဖြစ်လေသည်။

မိန်းကလေးက ဝမ်ရန်နောက်ထပ်ဖရဲသီးနှစ်လုံးသယ်လာသည်ကိုတွေ့လျှင် မျက်မှောက်ကြုတ်လိုက်ပြီး_ ''အစ်ကိုဝမ်... ဖရဲသီးဝယ်လာပြန်ပြီလား? ဘာလို့မေ့မထားလိုက်တာလဲ?''

ဝမ်ရန်ကချမ်းသာပြီး နိုက်ကလပ်တက်လျှင် အလွန်ရက်ရောမှန်း သူမသိသည်။ သို့သော် သူက ဒီဖရဲသီး ၁၀ လုံးကျော်နှင့် တခြားအသုံးစုစုပေါင်း ယွမ် ၃၀၀၀၀ ကျော်သုံးစွဲပြီးဖြစ်လေသည်။ ဒီအဖြစ်က ရင်နာစရာ။ ဒါတွေသာအလဟဿဖြစ်ကုန်မယ်ဆိုရင် သူမကိုပေးလိုက်တာမှဟုတ်ဦးမည်။

''ငါမပေါက်ဘူးဆိုတာ ငါမယုံဘူး'' ဝမ်ရန်က ဖရဲသီးများချလိုက်ပြီး မဲနှိုက်အစီအစဉ်ကိုနှိပ်ကာ ကမန်းကတန်းမဲစနှိုက်လိုက်သည်။

၄၈၅၀ ယွမ်။ နောက်ထပ် ၄၈ ကြိမ်ပေါ့။

“ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်!”

“ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်!”

“…”

“ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်!”

''သောက်...'' နောက်ဆုံးတစ်မဲသာကျန်တော့သည့်အတွက် ဝမ်ရန်လည်း မနေနိုင်ဘဲထဆဲမိတော့၏။

ဒါနောက်ဆုံးအကြိမ်ဖြစ်ပြန်ပြီပေါ့။

သူသုံးတာ ယွမ် ၃၀၀၀၀ ကျော်နေပြီ။ ဘယ်နှစ်ကြိမ်တောင် သူနှိုက်ခဲ့ပြီးပြီလဲ?

''အစ်ကိုရန်... မပေါက်ပြန်ဘူးလား?'' သူ့ဘေးမှမိန်းကလေးက ရှုံ့မဲ့ပြီးမေးလိုက်သည်။

''နောက်ဆုံးအကြိမ်ပဲ... ကိုယ်မယုံဘူး... ဘေဘီ တကယ်လို့ကိုယ်ပေါက်ရင် မင်းကိုလက်ထပ်မယ်'' ဝမ်ရန်က နည်းနည်းပြုစားလိုက်၏။ အကြိမ် ၃၀၀ ကျော်နေပြီ။ သူက မိန်းကလေးအား ထိုသို့ပြောလိုက်ပြီး မဲနှိုက်မည်ခလုတ်ကိုနှိပ်လိုက်သည်။

သို့သော် တစ်တရံ သူမပေးသင့်သောကတိများ သစ္စာများဆိုသောအခါ နတ်ဘုရားက ကျီစားပုံရ၏။

''အကြီးအကဲစားပွဲကိုရရှိသည့်အတွက် ဂုဏ်ယူပါတယ်!''

''ငါ.. ငါပေါက်တယ်???'' ဝမ်ရန်က ရေရွတ်လိုက်ပြီး သူ့ဘေးမှမိန်းကလေးကို အလန့်တကြားကြည့်လိုက်သည်။

သူအခု ဘာပြောလိုက်တာလဲ? ဘာလို့ သူ့ပါးစပ်က ဒီလောက်တောင်အသုံးမကျတာလဲ?

မိန်းကလေးက မယုံနိုင်ပုံနှင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီးမှ အလွန်ကျဉ်းထဲကြပ်ထဲရောက်သွားသည့်အမူအရာနှင့်_ ''အမ်... အစ်ကိုရှန်... ကျွန်မ.. ကျွန်မမှာ ယောက်ျားရှိ...''

“…”

အနီးအနားမှ ဝတ်စုံပြည့်နှင့်လူငယ်လေးတစ်ယောက် သူ့ဆီပြေးလာကာ_ ''လူကြီးမင်း... အခုမဲပေါက်သွားတာမလားဗျ? ကျွန်တော်တို့ ဥက္ကဌက ဝယ်ချင်...''

''ငါ့ရုပ်က ယွမ် ၆၀၀၀၀ မရှိတဲ့ရုပ် ပေါက်နေလို့လား?'' ဝမ်ရန်က တစ်ဖက်လူ၏စကားကို တန်းဖြတ်ချလိုက်သည်။ နောက်ထပ်စကားမဆိုဘဲ သူ့မိန်းကလေးအဖော်ကိုဆွဲကာ ခန်းမထဲတွင် မဲပေါက်ကြောင်း စာရင်းသွင်းလိုက်၏။ မြေပေါ်ကဖရဲသီးများကိုလည်း ဂရုတောင်မစိုက်တော့ချေ။

နောက်ဆုံးတော့_

ပထမနေ့ နောက်ဆုံးပေါက်မဲလည်းထွက်သွားပြီ။

ဤသည်က မရေမတွက်နိုင်သောခရီးသည်များကို သက်ပြင်းချမိစေသည်။

သူတို့ကံမပါဘူး။

ချင်လင်မှာ ချက်ချင်းသတင်းရလိုက်သည်။ ထိုအချိန်တွင် သူက အရည်အသွေး ၁ ရှေးဟောင်းပုံစံကြေးညိုဝိုင်ပုလင်း ၄၀ ကျော်လုပ်ထားပြီးဖြစ်၏။ လောလောဆယ်အတွက်တော့ လုံလောက်ပြီ။

ဆေးဖက်ဝင်ဝိုင်ကို အများကြီးထုတ်ဖို့လည်း အစီအစဉ်မရှိပေ။

ထိုအကြောင်းတွေးပြီး ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းသွားစေကာ နောက်ဆုံးတွင် အရည်အသွေး ၁ ဂန္တဝင်ပုံစံငွေဝိုင်ပုလင်းသုံးလုံးနှင့် အရည်အသွေး ၁ ဂန္တဝင်ပုံစံရွှေဝိုင်ပုလင်းတစ်လုံးတို့ကို ပုံသွင်းလိုက်တော့သည်။



All Chapters