← Chapters

ရှင်ဘုရင်စည်းစိမ်! အကွက်ရွှေ့ချင်တယ်ဆိုရင် ကိုယ်ကျင့်တရားရှိရမယ်! ၂

Vol. 12 Ch. 173

ရှင်ဘုရင်စည်းစိမ်! အကွက်ရွှေ့ချင်တယ်ဆိုရင် ကိုယ်ကျင့်တရားရှိရမယ်! ၂

Vol. 12 Ch. 173

ဝမ်ရန်ကဖုန်းချပြီး ချက်ချင်း သူ့မိန်းကလေးအဖော်ကို ခန်းမထဲခေါ်သွားလိုက်သည်။

တစ်ဖက်တွင် ကောင်းယောင်ယောင်လည်း ဖုန်းချလိုက်သည်။ သူမက မဲပေါက်သူတိုင်းကို ဖုန်းဆက်လိုက်၏။ လူကြီးမင်းချန်နှင့်တခြားသူဌေးနှစ်ဦးက ဒီနေ့လာမည်မဟုတ်။

ဒီနေ့ ဝမ်ရန်တစ်ယောက်တည်းသာ ဒီဆုကိုအသုံးချချင်သည်။

သူမက ရုံးခန်းထဲမှထွက်ပြီး အထူးဝန်ဆောင်မှုနေရာဆီ ဦးတည်သွားလိုက်၏။ သူက ဆုကိုအသုံးချတဲ့ပထမဆုံးခရီးသည်။ သူမမျက်စိဒေါက်ထောက်ကြည့်နေမှဖြစ်မည်။

ဘာအမှားအယွင်းမှမဖြစ်စေချင်။

ကောင်းယောင်ယောင် ဝန်ဆောင်မှုနေရာရောက်သောအခါ ဝန်ထမ်းနှစ်ဦးက သူမကိုနှုတ်ဆက်သည်။

“ယောင်ယောင်!”

“အစ်မယောင်ယောင်!”

ကောင်းယောင်ယောင်က မိန်းကလေးနှစ်ဦးကိုခေါင်းညိမ့်ပြလိုက်သည်။

ခဏအကြာ လူငယ်စုံတွဲတစ်တွဲလျှောက်ဝင်လာ၏။

''ဒီနေရာက အကြီးအကဲစားပွဲဝန်ဆောင်မှုပေးတဲ့နေရာလားဗျ?'' ဝမ်ရန်က ဝင်လာပြီးပြီးချင်း မေးလိုက်သည်။

ကောင်းယောင်ယောင်ကလည်း ဘယ်သူမှန်းသိသည်နှင့်_ ''လူကြီးမင်းဝမ်လားရှင့်? ဒီမှာစာရင်းပေးလို့ရပါတယ်''



ဝန်ထမ်းတစ်ယောက်က ခေါင်းငုံ့၍_ ''ကျေးဇူးပြုပြီး လူကြီးမင်း ID ကတ်နဲ့ ဒီမှာစာရင်းသွင်းပေးပါရှင့်... ကျွန်မတို့ အခုချက်ချင်းပြင်ဆင်ပေးပါ့မယ်''

......

ဝမ်ရန်က သူ့ ID ကတ်ထုတ်၍ စာရင်းသွင်းလိုက်သည်။

ဝန်ထမ်းကစစ်ဆေးကြည့်ပြီး_ ''လူကြီးမင်းအတွက်ပြင်ဆင်ပေးဖို့ စားသောက်ဆိုင်ကို ချက်ချင်းဖုန်းဆက်ပေးပါမယ်... အဲဒီမှာ လူကြီးမင်းအတွက် အထူးစားပွဲယူထားပါမယ်ရှင့်''

ဝန်ထမ်း၏စကားကိုကြားလျှင် မိန်းကလေးက အလောတကြီးဖြတ်ပြောလိုက်သည်_ ''ကျွန်မတို့ စားသောက်ဆိုင်သွားလို့မဖြစ်ဘူး... အဲဒီမှာ လူတွေအများကြီး...''

“???” ကောင်းယောင်ယောင်။

“???” ဝန်ထမ်းများ။

စားသောက်ဆိုင်ပဲ။ လူစည်မှာပေါ့။

ဒါတော့ သူတို့လည်း မတတ်နိုင်။

မိန်းကလေး၏တုံ့ပြန်မှုက နည်းနည်းထူးဆန်းနေသည်။

မိန်းကလေးက အလျင်စလိုရှင်းပြလိုက်၏_ ''စားသောက်ဆိုင်ထဲမှာ လူတွေအများကြီးလို့ပြောတာ... တကယ်လို့ ဒီအကြီးအကဲစားပွဲကိုစားမယ်ဆိုရင် သေချာပေါက်လူတွေဝိုင်းကြည့်နေမှာပေါ့... ကျွန်မတို့ ဒါမျိုးမနေတတ်ဘူး''

''သတို့သမီးခန်းအပြင်ဘက်က ခြံဝင်းလေးထဲပို့ပေးလို့ရမလား?'' ဝမ်ရန်လည်း သူ့မိန်းကလေးအဖော်၏သဘောကိုနားလည်သည်။ တကယ်လို့ မျက်စိကျစရာဖြစ်နေရင် တစ်ယောက်ယောက်ကတော့ သေချာပေါက်ဗီဒီယိုရိုက်ထားလိမ့်မည်။

ဒါလိုင်းပေါ်မှာနာမည်ကြီးသွားရင် သူမအကြောင်းပေါ်ပြီ။

ကောင်းယောင်ယောင်က ခေါင်းညိမ့်လိုက်ပြီး_ ''လူကြီးမင်းဝမ်က တောင်းဆိုမှတော့ လူကြီးမင်းပြောသလိုလုပ်ပေးပါမယ်... လူကြီးမင်းရဲ့အခန်းနံပါတ်ထားခဲ့ပါ... ကျွန်မတို့ချက်ချင်း ပြင်ဆင်ပေးပါ့မယ်''

ဝမ်ရန်ခေါင်းညိမ့်လိုက်သည်။ စာရင်းပေးပြီးနောက် သူ့မိန်းကလေးအဖော်နှင့်အတူ သတို့သမီးခန်းဆီ ပြန်လာခဲ့သည်။ ထို့နောက် မနေနိုင်ဘဲဖုန်းထုတ်၍ သူအကြီးအကဲစားပွဲပေါက်သည့်အကြောင်း ဓာတ်ပုံရိုက်ယူလိုက်၏။ သူက Wechat အခိုက်အတန့်များတွင် တင်လိုက်သည်။

ခေါင်းစဉ်: ချင်းလင်စံအိမ်ရဲ့အကြီးအကဲစားပွဲကို တွယ်တော့မလို့... ဒါတစ်သက်မှာတစ်ခါပဲဖြစ်လိမ့်မယ်။

ထိုစာတင်ပြီးမကြာမီ like တွေအများကြီးရလာသည်။

''အစ်ကိုရန်... ချင်းလင်စံအိမ်သွားခဲ့တာလား? ဘာလို့ ကျွန်မကိုမခေါ်တာလဲ?''

''အစ်ကိုရှန်... ကျွန်မကိုမခေါ်ဘဲသွားရဲတယ်ပေါ့? နောက်ဆို ရှင့်ပါတီလာမတက်တော့ဘူး''

“…”

ထို့နောက် ဘေဘီဝေဆိုသောတစ်ယောက်က Wechat မှစာပို့လာမှန်း ဝမ်ရန်တွေ့လိုက်ရသည်_ ''အစ်ကိုရှန်... တကယ်ကြီး မဲပေါက်တာပေါ့? ကျွန်မလည်း အကြီးအကဲစားပွဲစားချင်တယ်လေ... အခုရှင့်ဆီလာလို့ရလား?''



''မင်းကောင်လေးနဲ့လာတာ မဟုတ်ဘူးလား?'' (အခန်း ၁၃၂) ဝမ်ရန်က ကြောင်သွားသောပုံပို့လိုက်၏။

ဘေဘီဝေက ချက်ချင်းပြန်ဖြေသည်_ ''ကျွန်မကောင်လေးပါ စားဖို့ခေါ်လာမှာ!''

''...'' ဝမ်ရန်က ထိုစာမြင်လျှင် သက်ပြင်းချလိုက်သည်။ သူက စာရင်းတန်းဖွင့်ပြီး သူမနာမည်ကိုဖျက်ပစ်လိုက်၏။

နိုက်ကလပ်မှာပျော်တယ်ပါးတယ်ဆိုသော်လည်း သူ့မှာစည်းကမ်းရှိသည်။ တစ်ဖက်လူမှာ ယောက်ျားရှိတယ်၊ လက်တွဲဖော်ရှိတယ်ဆိုတာ သိတာကသက်သက်။ ဘာပဲဖြစ်ဖြစ် သူတို့မတွေ့ရင် သူတို့အကြောင်းပေါ်မှာမဟုတ်။

ဒါပေမဲ့ တစ်ဖက်လူရဲ့လက်တွဲဖော်၊ ယောက်ျားရှေ့မှာ ရှုပ်ရှုပ်ယှက်ယှက်လုပ်တာက မီးနဲ့ကစားတာပင်။

သူ့မှာ မီးနှင့်ဆော့လိုစိတ်မရှိ။

ပြီးတော့ နိုက်ကလပ်မှာ မီးနဲ့ဆော့တတ်တဲ့မိန်းမတွေက အလွန်အန္တရာယ်များသည်။ သူတို့နှင့်အဆက်အသွယ်လျှော့တာ ပိုကောင်းမည်။

မှောင်လာသောအခါ ဝမ်ရန်က အစားအစာလက်တွန်းလှည်းနှစ်စီးနှင့် စားဖိုမှူးနှစ်ဦး၊ စားပွဲထိုးတစ်ယောက်လိုက်လာသည်ကိုတွေ့လိုက်ရသည်။

''လူကြီးမင်းဝမ်... အခုတည်ခင်းပေးရမလား'' စားပွဲထိုးက ဝမ်ရန်ကိုမေးလိုက်၏။

ဝမ်ရန်ခေါင်းညိမ့်လိုက်သည်နှင့် စားပွဲထိုးက အစားအစာလှည်းပေါ်မှစားပွဲများကို ခြံဝင်းထဲရှိစားပွဲဝိုင်းပေါ်စရွှေ့လိုက်သည်။

တကယ်တော့ ခြံဝင်းထဲမှစားပွဲဝိုင်းမှာ စားသောက်ခန်းထဲကထက် ပိုကြီးသည်။ မိုးရွာတဲ့နေ့၊ နေသာတဲ့နေ့တွေမှာ အလွန်ကြီးသောနေကာထီးကိုလည်းဖွင့်နိုင်၏။ စားသောက်ခန်းထဲမှာထက် ပိုပြီးစတိုင်ကျသေးသည်။

ဝမ်ရန်နှင့်သူ့မိန်းကလေးအဖော်က စားပွဲတွင်ထိုင်နှင့်၏။

စားဖိုမှူးနှင့်စားပွဲထိုးက ရုံးပတီသီး၊ ခရု၊ ငါးရှဉ့်နှင့် သဘာဝငါးများ စားပွဲဝိုင်းတွင်တည်ခင်းသောအခါ အဆင်ပြေသေးသည်။

သို့သော် ရှန်းရွှေလက်ဆောင်ဆန်ချက်ရန် အထူးအသုံးပြုသော ကြွေရည်သုတ်အိုးကို အဖုံးတဝက်လှပ်ပြီး စားပွဲဝိုင်းယူလာသောအခါ ဝမ်ရန်နှင့်သူ့မိန်းကလေးအဖော်မှာ ရုတ်တရက်နူးနူးညံ့ညံ့မွှေးသောအနံ့ကိုရသွား၏။

သူတို့နှစ်ဦးမှာ ငယ်ငယ်ကတည်းက နေ့စဉ်ထမင်းစားလာသူများဖြစ်သော်လည်း ဒီလိုနူးနူးညံ့ညံ့မွှေးပျံ့သောအနံ့ကိုရဖူးတာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

သူတို့နှာခေါင်းတရှုံ့ရှုံ့နှင့် အငမ်းမရစားချင်စိတ်က တဖွားဖွားဖြစ်လာ၏။

''ဒီရှန်းရွှေလက်ဆောင်ဆန်က အရမ်းမွှေးတာပဲ!'' မိန်းကလေးက မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

''အင်း... မြည်းကြည့်ရအောင်'' ဝမ်ရန်က ခေါင်းညိမ့်ပြီး သူ့အတွက် တစ်ပန်းကန်၊ မိန်းကလေးက တစ်ပန်းကန်ယူလိုက်၏။

တစ်လုတ်စားရုံနှင့်တင် သူတို့မျက်လုံးများမှာ မယုံနိုင်သည့်အကြည့်များ ပြည့်နှက်သွားပြန်သည်။ ဆန်သားနှင့်အရသာက ကောင်းလွန်းသည်။

ဒီတစ်ကြိမ်တွင် ချင်လင်က အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်ကိုသာထုတ်လာခဲ့ခြင်းဖြစ်သော်လည်း သူတို့နှစ်ယောက်အတွက်တော့ အရင်ကလုံးဝမစားဖူးသောအရာဖြစ်နေသည်။

''ဒါရှန်းရွှေလက်ဆောင်ဆန်လား?'' ဝမ်ရန်အံ့အားသင့်သွား၏။ ဒီဆန်ကို ဒီလောက်အရသာရှိမည်ဟု ထင်မထားပေ။ သူအင်တာနက်ပေါ်မှာ ရှန်းရွှေလက်ဆောင်ဆန်ဆိုတာ ဦးနှောက်ခြောက်စရာဖြစ်တဲ့အကြောင်း ပြောဖူးတာတွေးမိလျှင် နည်းနည်းရှက်မိသည်။

''ဒီငါးကလည်း အရမ်းအရသာရှိတာပဲ'' မိန်းကလေးက ရေရွတ်လိုက်ပြန်၏။

ဝမ်ရန်လည်း ငါးကိုဆွဲယူလိုက်သည်။ တစ်ကိုက်စားရုံနှင့်တင် အရင်စားဖူးသမျှ ငါးတွေအားလုံး အမှိုက်တွေဟု ခံစားလိုက်ရ၏။ ထို့နောက် ခရုနှင့်ငါးရှဉ့်ကိုယူပြီး စားကြည့်လိုက်သည်။

ဘာပဲစားလိုက်စားလိုက် အံ့အားသင့်စရာချည်း။

ဟင်းပွဲတွေအကြောင်း ဘယ်လိုပြောပြရမှန်းမသိဖြစ်လာသည်။ ခရု ဒါမှမဟုတ် ငါးရှဉ့်ကို သူတစ်ခါမှမစားဖူးလို့လား? မဟုတ်။ သူအများကြီးစားဖူးသည်။ သို့သော်လည်း ဘာလို့ဒီလောက်ကောင်းနေမှန်း မတွေးတတ်ပါချေ။



All Chapters