ရှင်ဘုရင်စည်းစိမ်! အကွက်ရွှေ့ချင်တယ်ဆိုရင် ကိုယ်ကျင့်တရားရှိရမယ်! ၃
Vol. 12 Ch. 174
''ဒါက ကျွန်တော်တို့စံအိမ်ရဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ပါ လူကြီးမင်း'' နောက်ဆုံး စားပွဲထိုးက ရှေးဟောင်းပုံစံကြေးညိုပုလင်းနှင့်ဆေးဖက်ဝင်ဝိုင်ကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူက_ ''လူကြီးတို့စားတာ မနှောင့်ယှက်တော့ပါဘူး... လိုအပ်တာရှိရင် သတို့သမီးခန်းကဝန်ထမ်းကို အသိပေးလို့ရပါတယ်''
သည်လိုနှင့် စားပွဲထိုးနှင့်စားဖိုမှူးနှစ်ဦးထွက်သွား၏။
''ဒီဆေးဖက်ဝင်ဝိုင်ပုလင်းကတော့ အရမ်းရက်ရောလွန်းတာပဲ'' ဝမ်ရှန်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို အံ့သြစွာယူလိုက်သည်။
''အင်း... အဲဒါရှေးဟောင်းထင်တယ်... ကြည့်ရတာ အထက်တန်းစားပဲ'' မိန်းကလေးက ခေါင်းညိမ့်ထောက်ခံလိုက်၏။
''နည်းနည်းသောက်မလား?'' ဝမ်ရန်က အပြုံးနှင့်မေးလိုက်သည်။
''သောက်မှာပေါ့'' မိန်းကလေးကပြုံးလိုက်၏။

သူမအတွက်တော့ သောက်တယ်ဆိုတာ ဘာမှမဟုတ်။ နိုက်ကလပ်မှာ ဂိမ်းကစားရင် သူမထက်သောက်နိုင်တဲ့ယောက်ျား သိပ်များများစားစားမရှိ။
ဝမ်ရန်ကပြုံးပြီး ဝိုင်ပုလင်းဖွင့်ကာ သူ့အတွက်နှင့်မိန်းကလေးအတွက် တစ်ခွက်စီငှဲ့လိုက်သည်။ သူကဖန်ခွက်ကိုကိုင်၍လှုပ်ကာ ပါးစပ်ထဲထည့်မော့လိုက်၏။
''ဝိုး... ဒီဝိုင်အရသာက ထူးထူးခြားခြားကိုကောင်းတာပဲ'' ဝမ်ရန်က ထပ်ပြီး မချီးကျူးဘဲမနေနိုင်တော့။
''သက်တမ်းကောင်းတယ်'' မိန်းကလေးကလည်း ခေါင်းညိမ့်လိုက်သည်။ သူမက နိုက်ကလပ်မှာ အရက်အမျိုးမျိုးသောက်ဖူးပြီးသား။ သူဌေးကြီးအဖွဲ့ရဲ့ပါတီတစ်ခုမှာ ၁၀ နှစ်ကျော်သက်တမ်းရှိတဲ့မောက်ထိုက်ကို သောက်ခဲ့ဖူးသည်။
သို့သော် မောက်ထိုက်အရသာက ဒီဝိုင်နှင့်ယှဉ်ရင် ဘာမှမဟုတ်တော့။
ပိုစားလေလေ အရင်ကအသက်ရှင်ခဲ့တာ အလကားဖြစ်သလိုလိုခံစားရလေလေပင်။ အရင်က ဘယ်လိုအမှိုက်တွေစားခဲ့ပါလိမ့်?
အခုတော့ အကြီးအကဲစားပွဲရဲ့အဓိပ္ပါယ်ကို သူနားလည်သွားပြီထင်သည်။
ရှင်ဘုရင်တွေသုံးဆောင်ကြတဲ့ စားကောင်းသောက်ဖွယ်တွေများလား!
စားရင်းစားရင်းနှင့် ဝမ်ရန်က ရုတ်တရက် အစားအသောက်၏အရသာရှိမှုကို သတိမပြုမိတော့ဘဲဖြစ်လာသည်။ သူပုံစံက တဖြည်းဖြည်းထူးဆန်းလာပြီး သူ့ခန္ဓာကိုယ်အနှံ့ နွေးထွေးစွာစီးဝင်နေမှုကို ပြောမပြတတ်အောင်ခံစားလာရ၏။ အလွန်သက်သောင့်သက်သာရှိသည်။
အထူးသဖြင့် ခါးနေရာတွင် ပူနွေးနေခြင်းပင်။ ထိုခံစားချက်က ဝိုင်သောက်ပြီးနောက်ပိုင်းမှ ပိုအားကောင်းလာသည်။
ဒီဝိုင်မှာ တကယ်ပဲ ဒီလိုအာနိသင်မျိုးရှိတာလား?
နောက်ဆုံးတော့ တူကိုချပြီး မိန်းကလေးကို သတို့သမီးခန်းထဲ ဆွဲခေါ်သွားလိုက်တော့သည်။ တံခါးကိုသေသေချာချာပိတ်၊ လိုက်ကာကိုဆွဲချ...

…
ညဉ့်နက်သည်ထက် နက်လာသည်။
သတို့သမီးခန်းထဲဝင်လာသော ခရီးသည်တွေပိုပိုများလာပြီး ထိုပတ်ဝန်းကျင်သက်ဝင်လှုပ်ရှားလာ၏။
ရုတ်ရုတ်ရုတ်ရုတ်နေ့ရက်အဆုံးတွင် စံအိမ်မှာတဖန်ငြိမ်သက်သွားပြန်သည်။
ချင်လင်က ကျောက်မိုချင်းရုံးခန်းထဲလျှောက်သွားရာ ကျောက်မိုချင်းက စာရင်းကိုင်သုံးယောက်နှင့်အလုပ်ရှုပ်နေ၏။
သူတို့က ဒီနေ့အတွက် စံအိမ်၏လုပ်ငန်းအခြေအနေကိုတွက်ချက်နေကြသည်။
မကြာမီ ကျောက်မိုချင်းက အံ့သြစွာနှင့်_ ''ဒီနေ့အချက်အလက်တွေရပြီ... ကြည့်လိုက်!''
ချင်လင်က ကျောက်မိုချင်းကွန်ပျူတာနား သွားလိုက်သည်။ ဒီနေ့ မဲအရေအတွက်စုစုပေါင်းက ၁၄၃၅၁ စောင်။ အရင်တစ်ခါထက် တော်တော်နည်းသွားသည်။ သို့သော် အရင်တစ်ခါက မဲတစ်စောင်ကို ယွမ် ၅၀ သာဖြစ်သော်လည်း ဒီတစ်ကြိမ်တွင် ယွမ် ၁၀၀ ဖြစ်၏။ ထို့ကြောင့် ဒီနေ့ဝင်ငွေက ပိုမြင့်ပြီး ယွမ် ၁၄၃၅၀၀၀ ကျော်ရလေသည်။
အရင်တစ်ခါ ဖရဲသီးဘုရင်ပွဲအစီအစဉ်တုန်းကထက် ဝင်ငွေယွမ် ၅၀၀၀၀၀ ကျော်ပိုများ၏။
ခရီးသည် ၂၃၀၀ ကျော်၏လက်မှတ်ဖိုးနှင့်တင် ယွမ် ၃၅၀၀၀၀ ကျော်ရောင်းလိုက်ရသည်။
စံအိမ်နေ့စဉ်ဝင်ငွေက ယွမ်တစ်သန်းကျော်သွား၏။ ဒီပမာဏက ဘယ်နေရာမှာမဆို ဂုဏ်ယူစွာပြောနိုင်သည့်ပမာဏပင်။
သို့သော် ထိုအထဲမှ ၈၀၀၀၀၀ ကျော်က တခြားကတ်ထဲထည့်လိုက်ရသည်။
ထို ၈၀၀၀၀၀ မှာ ရွက်လွှင့်၊ တည်းခိုခန်းနှင့် အစားအသောက်ဝန်ဆောင်မှုများမှရသော ဝင်ငွေဖြစ်၏။
စံအိမ်နှင့်စီရင်စု၏ထောက်ပံ့ငွေစာချုပ်အရ ထိုလုပ်ငန်းများမှအကျိုးအမြတ်ကို အရင်ဆုံးစီရင်စုထံပြန်သွင်းရမည်။
ထို့ကြောင့် ထိုလုပ်ငန်းများလည်ပတ်ရန် ထိန်းသိမ်းခြင်းမှလွဲ၍ ကျန်ရှိနေသော ယွမ် ၈၀၀၀၀၀ ကို စီရင်စုအကောင့်ထဲ လွှဲပြောင်းပေးရသည်။
တစ်နည်းဆိုရလျှင် ဒီနေ့စံအိမ်အကောင့်ထဲသို့ လွှဲပြောင်းငွေစုစုပေါင်းမှာ ယွမ် ၆၀၀၀၀၀ ကျော်သာရှိ၏။
သို့သော် စံအိမ်စိုက်ပျိုးမွေးမြူရေးခြံနှင့် စံအိမ်လုပ်ငန်းမှာ ဒီအတောအတွင်းအပြီးသတ်နေပြီဖြစ်သည်။ စက်ရုံကို စံအိမ်ကအရင်းအနှီးထပ်ထည့်ပေးစရာမလိုတော့။ စံအိမ်အကောင့်ထဲရှိရံပုံငွေမှာ ဒီနေ့ပါတွက်လျှင် ယွမ် ၁၀ သန်းကျော်သွားပြီဖြစ်လေသည်။