← Chapters

ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ဦးထိပ်ထားခြင်း! ရှန်းရွှေလက်ဆောင်ဆန်က သစ်ရွက်စိမ်းသာသာ! ၁

Vol. 12 Ch. 175

ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ဦးထိပ်ထားခြင်း! ရှန်းရွှေလက်ဆောင်ဆန်က သစ်ရွက်စိမ်းသာသာ! ၁

Vol. 12 Ch. 175

စံအိမ်အကောင့်ထဲရှိရံပုံငွေမှာ ယွမ် ၁၀ သန်းကျော်သွားပြီဖြစ်သည်။ ဒီလောက်အချိန်အကြာကြီးကြာပြီးမှ စံအိမ်မှာ ယွမ် ၁၀ သန်းပဲရှိခြင်းမဟုတ်။

အရင်က ချင်းလင်အစားအသောက်ကုမ္ပဏီအတွက် စီရင်စုမှ အဖွဲ့အစည်းကြီးကြပ်ရံပုံငွေရောက်မလာသေးခင် စံအိမ်မှရင်းနှီးမြှုပ်နှံထားခဲ့ရသည်။ အများကြီးကုန်ကျခဲ့၏။

ထို့အပြင် တည်ဆောက်နေဆဲဖြစ်သော ဧက ၂၀ ကျယ်သည့်အပန်းဖြေစံအိမ်လုပ်ငန်းအတွက် ကြိုတင်ရံပုံငွေလည်းရှိသေးသည်။ ဒါကိုလည်း ရင်းနှီးမြှုပ်နှံထားရ၏။

နောက်ပြီး တန်ဖိုးသတ်မှတ်ခြင်းမှာ ယခုအခါအရေးပါလာသည်။ ချင်းလင်စံအိမ်၏ လက်ရှိဝင်ငွေနှင့်ကျော်ကြားမှုအရ တန်ဖိုးဖြတ်ရလျှင် သေချာပေါက်နည်းမည်မဟုတ်။

သူသာ ချင်းလင်စံအိမ်ကိုရောင်းတော့မည်ဟု သတင်းထုတ်ပြန်လိုက်လျှင် နောက်တစ်နေ့တွင် လူများစွာရောက်လာပြီး အပြိုင်အဆိုင်စျေးကောင်းပေးကြပေမည်။ နောက်ပြီး တန်ဖိုးကလည်း ခန့်မှန်းမရနိုင်လောက်ပေ။

တစ်ဖက်တွင် လက်ရှိသူ့မှာ ယွမ် ၁၀ သန်းရှိနေသည်။ လုံလောက်သောရံပုံငွေနှင့် ငါးပြတိုက်လုပ်ငန်းကိုချက်ချင်းစရမည်။ ထို့အပြင် စွန်းမင်ဘက်မှ စိုက်ပျိုးမွေးမြူရေးခြံအတွက် အစီအစဉ်သစ်ထွက်လာတော့မည်ဖြစ်သည်။

ထိုအချိန်ကျလျှင် သူ့တောင်းဆိုချက်အတိုင်း စံအိမ်ထဲတွင် အပြေးလမ်းကြောင်းထည့်ဖို့ မြေနေရာမရှိတော့လျှင်တောင် မြေငှားဖို့ငွေတော့ လုံလုံလောက်လောက်ရှိလိမ့်မည်။

ချင်လင်က စာရင်းကိုင်သုံးယောက်ကိုပြောလိုက်သည်_ ''အားလုံး အလုပ်ပင်ပန်းသွားကြပြီ... ပြီးတာနဲ့ အလုပ်ဆင်းလို့ရပြီ!''

စာရင်းကိုင်သုံးယောက်က ပျော်ပျော်ရွှင်ရွှင်နှင့် ရုံးခန်းထဲမှထွက်သွားလေသည်။

အလုပ်ဆင်းရင် မပျော်တဲ့သူရှိလို့လား?

ရုံးခန်းတံခါးပိတ်ပြီးလျှင် ချင်လင်ကရှေ့တိုးပြီး ကျောက်မိုချင်းကိုဆွဲခေါ်လိုက်ကာ_ ''မင်းလည်း အလုပ်ပင်ပန်းတာပဲ... အိမ်ပြန်ရောက်တဲ့အခါ နှိပ်ပေးမယ်နော်!''



''ဟွန့်... အနည်းဆုံးတော့ ရှင့်မှာအသိတရားလေးရှိတာပေါ့'' ကျောက်မိုချင်းက အထက်စီးသံနှင့် ထေ့ငေါ့လိုက်သည်။

သို့သော် ချင်လင်ကစလိုက်၏_ ''ကိုယ်ကောင်းကောင်းပြုစုပေးမယ်... ပြီးတော့ မင်းရဲ့ကျောကိုတိုက်...''

......

''ရှင်...'' ကျောက်မိုချင်းက ချင်လင်ကိုမျက်စောင်းထိုးလိုက်ပြီးမှ သူ့လက်မောင်းကြားထဲဝင်ဖက်ကာ လမ်းလျှောက်ထွက်သွားသည်။

ဇနီးမောင်နှံကြားကြည်နူးရခြင်းကို သူတို့နှစ်ယောက်လုံးနှစ်သက်သဘောကျ၏။

အပြင်ဘက်တွင်_

ဝမ်ရန်က ပိုပြီးစိတ်တိုင်းကျပျော်ရွှင်နေသည်။

ရေချိုးခန်းထဲတွင် ချင်းလင်ဆေးဖက်ဝင်ဝိုင်၏အာနိသင်များကို အမှန်အကန်ခံစားလိုက်ရ၏။ သူ့မျက်နှာတွင် မယုံကြည်နိုင်ခြင်း၊ စိတ်လှုပ်ရှားခြင်းများပြည့်နှက်နေသည်။

ဒီလိုပေါက်ကွဲထွက်တဲ့ခံစားချက်မျိုး။

နောက်တစ်ခါ သူပါတီပွဲလုပ်ရင် မိန်းမနှစ်ယောက်တော့ခေါ်နိုင်လောက်သည်ဟု ခံစားရသည်။

အားလုံးက ရှန်းရွှေလက်ဆောင်ဆန်ကိုကောင်းသည်ထင်ကြသော်လည်း တကယ်တမ်းကျ ဆေးဖက်ဝင်ဝိုင်က တကယ့်ပစ္စည်းကောင်းဖြစ်နေ၏။

…

နောက်တစ်နေ့မနက်စောစောတွင်_

မနေ့ကခရီးသည်တချို့ ယွမ် ၆၀၀၀၀ ရသည်ဆိုသောစိတ်လှုပ်ရှားစရာကြောင့် ချင်းလင်စံအိမ်လာသောခရီးသည်များမှာ ပိုပြီးစိတ်အားထက်သန်လာကြသည်။

ဘာပဲဖြစ်ဖြစ် မဲလက်မှတ်မဝယ်ရသေးခင်တော့ အားလုံးက နောက်တစ်ခါပေါက်မည့်သူမှာ ကိုယ်ဖြစ်လေမလားဟုထင်တတ်ကြ၏။

နောက်ပြီး ဒီစံအိမ်ပွဲအစီအစဉ်အတွင်း မဲပေါက်နိုင်သည့်ရာခိုင်နှုန်းက ထီထိုးတာထက် အဆပေါင်းများစွာသာသည်။ တစ်နေ့ကို ၇ ယောက်တောင် မဲပေါက်နိုင်၏။

ထီထိုးတာနှင့်ယှဉ်ကြည့်လျှင် မဲပေါက်နှုန်းလုံးဝမနည်းပေ။

သို့သော် ကြည့်ရတာ မနေ့ကပေါက်မဲများကို လူချမ်းသာတို့၏လက်ပါးစေများက အကုန်ဝယ်သွားပုံရသည်။ အကြီးအကဲစားပွဲ၏အမှန်တကယ်အပြင်အဆင်ကို ဘယ်သူမှမမြင်လိုက်ရ။

အားလုံးက အကြီးအကဲစားပွဲကို ဘယ်လိုပုံစံလဲဟု စူးစမ်းနေကြစဉ် ချင်းလင်စံအိမ်မှအကြီးအကဲစားပွဲအကြောင်း ဗီဒီယိုတစ်ပုဒ်မှာ နာမည်ကြီးလာလေသည်။



ထိုဗီဒီယိုကို 'လူခုတ်ဓား' နာမည်ပြောင်နှင့်အကောင့်တစ်ခုမှ တင်ထားခြင်းဖြစ်၏။

ထိုလူက သူ့ပေါက်မဲနှင့်စာရင်းသွင်းခြင်းကို ဗီဒီယိုရိုက်ထားရုံသာမက အကြီးအကဲစားပွဲကိုလည်း ဗီဒီယိုရိုက်ထားသည်။

သူက မနေ့ကမဲပေါက်သူတွေထဲက တစ်ယောက်။

''ဟား ဟား... မနေ့ကပဲ ချင်းလင်စံအိမ်ရဲ့အကြီးအကဲစားပွဲကိုစားခဲ့တယ်... အကြီးအကဲတစ်ယောက်လိုခံစားမှုမျိုးနဲ့ထိုက်တန်တယ်ဆိုတာ ရဲရဲကြီးပြောနိုင်တယ်... ဟင်းပွဲတိုင်းက တော်တော့်ကိုအရသာရှိတာပဲ... အပြင်မှာ ဒါမျိုးလုံးဝစားနိုင်မှာမဟုတ်ဘူး''

''ရှန်းရွှေလက်ဆောင်ဆန်ကိုတည်ခင်းပေးပြီးတော့ အဖုံးဖွင့်ဖွင့်ချင်း နူးနူးညံ့ညံ့မွှေးတဲ့အနံ့လေးက ပတ်ပတ်လည်ပြန့်သွားတာ... အရမ်းမွှေးတယ်... ဆန်မှဟုတ်ရဲ့လားလို့ မတွေးတတ်အောင်ဖြစ်သွားမှာ... ပြီးတော့ ခရု ငါးရှဉ့်နဲ့ သဘာဝငါးကြီးတွေ... အားလုံးက စားကောင်းသောက်ဖွယ်တွေချည်းပဲ''

ဒီလိုကြွားဝါမှုမျိုးက ဘာမှမဟုတ်သေး။ ဘာပဲဖြစ်ဖြစ် ဒီလောက်စျေးကြီးတဲ့အရာက သေချာပေါက်အရသာရှိမည်မှန်း အားလုံးသိသည်။

သို့သော် သူဆက်ပြောလိုက်သောအကြောင်းအရာက အားလုံး၏အာရုံကိုဆွဲဆောင်လိုက်သည်။

''ဒါတွေက အဓိကကျတာတော့ မဟုတ်ဘူးပေါ့... ရှန်းရွှေလက်ဆောင်ဆန်တောင်မှ ဒီအကြီးအကဲစားပွဲထဲမှာ သစ်ရွက်သာသာပဲ... တကယ်အထင်ကြီးသွားတာက ဟောဒီလက်ထဲက ဆေးဖက်ဝင်ဝိုင်''

ဗီဒီယိုထဲတွင် သူက ရှေးဟောင်းကြေးညိုဝိုင်ပုလင်းကိုထုတ်လိုက်သည်။ ထိုပုလင်းတွင် တောတောင်ရေမြေရှုခင်းပုံကို လက်ရာမြောက်စွာ ခြယ်သထား၏။ ခေတ်နောက်ပြန်ဒီဇိုင်းမှာ ရှေးဟောင်းပစ္စည်းကဲ့သို့ ရှေးကျသည့်အသွင်ကိုပေးပြီး လေးလေးနက်နက်ခံစားရစေသည်။

''ဒါရှေးဟောင်းပစ္စည်းမဟုတ်ဘူး... ဒါဆေးဖက်ဝင်ဝိုင်ပုလင်းပဲ... ဒီပေါ်မှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်လို့သာ ရေးမထားရင် ဒါကိုမြင်မြင်ချင်း ရှေးဟောင်းကြေးညိုပစ္စည်းလို့ထင်မိမှာ''

''ပြီးတော့ အားလုံးပဲ... ဒီကြေးညိုဝိုင်ပုလင်းကို အဆိပ်ဖြစ်မလား ဘာဖြစ်မလား တွေးပူစရာမလိုပါဘူး... အထဲမှာအလွှာတစ်ထပ်ရှိပါသေးတယ်... အဓိကအကျဆုံးအချက်ကတော့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်ပဲပေါ့... လုံးဝအားပြည့်တယ်... အားပြည့်တယ်ဆိုတာ ဘာသဘောမှန်း အမျိုးသားတွေသဘောပေါက်ကြပါလို့ပဲ ကျွန်တော်ပြောချင်တယ်...''

''ဒီလူချမ်းသာတွေ ပေါက်မဲကိုဝယ်ကြတဲ့အကြောင်းရင်းက တကယ်တော့ ဒီချင်းလင်ဆေးဖက်ဝင်ဝိုင်ကြောင့်လားလို့ သံသယဝင်မိတယ်ဗျ... တစ်ကြိမ်တစ်ကြိမ်ကို ခွက်သေးတစ်ခွက်ပဲသောက်ပါ... သိမ်းထားမယ်ဆိုရင် အချိန်အကြာကြီးမှီဝဲလို့ရတယ်''

ဗီဒီယိုထွက်ထွက်ချင်း ဒီကိစ္စကိုအာရုံစိုက်နေသောသူများက တွေ့သွားကြသည်။

နောက်ပြီး အမျိုးသားရော အမျိုးသမီးပါ အားပြည့်တယ်ဆိုတဲ့သဘောကို နားလည်ကြမည်ထင်သည်။

ဤသည်က အားလုံး၏အာရုံကိုဖမ်းစားလိုက်၏။

သူတို့က ရှန်းရွှေလက်ဆောင်ဆန်ကို အဖိုးအတန်ဆုံးဟုထင်ထားခဲ့ကြသည်။ အခု ဒီလူခုတ်ဓားပြောတော့မှ လူချမ်းသာ ၉၀% တောင်မဝယ်နိုင်ဘူးဆိုသော ရှန်းရွှေလက်ဆောင်ဆန်မှာ သစ်ရွက်စိမ်းဖြစ်ရတော့သည်။ ဒါဆို ဆေးဖက်ဝင်ဝိုင်က ဘယ်လောက်တောင်အားပြည့်လိုက်မလဲ?

မယုံနိုင်စရာပဲ။

တကယ်လို့ တစ်နပ်စာလေးပဲဆို ယွမ် ၆၀၀၀၀ နှင့်ယှဉ်ရင် ဘာမှမဟုတ်။ ရောင်းပစ်လိုက်မှာပင်။

သို့သော် ယောက်ျားတစ်ယောက်၏ဂုဏ်သိက္ခာနှင့်သက်ဆိုင်လာသော တစ်စုံတရာနှင့်နှိုင်းယှဉ်ကြည့်ပါက ဒီယွမ် ၆၀၀၀၀ က ဘာဟုတ်တော့မှာလဲ?

အစကတည်းကနာမည်ကျော်ပြီးသား မဲနှိုက်အစီအစဉ်မှာ ဒီတစ်ခါပိုပြီး နာမည်ကျော်သွားသည်။ ဤသည်က အမျိုးသားခရီးသည်အတော်များများကို မျှော်လင့်ချက်တချို့ပိုက်၍ ချင်းလင်စံအိမ်သို့အပြေးလာဖြစ်အောင် ဖန်တီးလိုက်၏။

မနက်ပိုင်းအချိန်ကုန်လျှင် နောက်ထပ်ခရီးသည်နှစ်ဦး မဲပေါက်သည်။

သို့သော် ဒီနေ့က မနေ့ကနှင့်မတူ။ ထိုမဲပေါက်သောခရီးသည်နှစ်ဦးက သူတို့ကိုင်ထားသောပေါက်မဲကို လုံးဝမရောင်း။

အကြောင်းမှာ ထိုခရီးသည်နှစ်ဦးလုံးက အမျိုးသားဖြစ်ပြီး ဗီဒီယို၏ရိုက်ခတ်မှုရှိမှန်း သိသာလေသည်။



All Chapters