← Chapters

ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ဦးထိပ်ထားခြင်း! ရှန်းရွှေလက်ဆောင်ဆန်က သစ်ရွက်စိမ်းသာသာ! ၂

Vol. 12 Ch. 176

ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ဦးထိပ်ထားခြင်း! ရှန်းရွှေလက်ဆောင်ဆန်က သစ်ရွက်စိမ်းသာသာ! ၂

Vol. 12 Ch. 176

မွန်းတည့်ခါနီးတွင် နောက်ထပ်ခရီးသည်က တစ်မဲပေါက်သည်။ ဤသည်က ဒုတိယနေ့ တတိယမြောက်မဲပေါက်သောခရီးသည်ဖြစ်၏။ သူတို့မှာ လှပသော အမွှာညီအစ်မနှစ်ယောက်ဖြစ်လေသည်။

ထိုညီအစ်မက ကုတ်အဖြူနှင့် ဂျင်းဘောင်းဘီဆင်တူဝတ်ထား၏။ သူတို့နှင့်ရင်းနှီးသူမဟုတ်လျှင် ဘယ်သူကအကြီးလဲမှတ်မိဖို့မဖြစ်နိုင်။

''အားရှာ... တို့ပေါက်ပြီ... တကယ်တို့ပေါက်ပြီ''

''အားကျောင်... ငါ့ကံကိုကျေးဇူးတင်လိုက်!''

ထိုညီအစ်မနှစ်ယောက်က မဲပေါက်သောအခါ လက်ချင်းတွဲ၍ စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ကြသည်။

ထိုငယ်ရွယ်လှပသောမြင်ကွင်းက ပတ်ဝန်းကျင်မှခရီးသည်များကိုအားကျသွားစေ၏။ ခရီးသည်အတော်များများက ဆေးဖက်ဝင်ဝိုင်၏အာနိသင်များကိုပင် တွေးတောမိကြသည်။ တကယ်လို့ ဒီဆေးဖက်ဝင်ဝိုင်ကိုသောက်နိုင်ပြီး ဒီညီအစ်မနှစ်ယောက်အဖော်ရရင် သူတို့စိတ်တိုင်းကျပျော်ရွှင်နိုင်မည်။

ထိုညီအစ်မတွေပျော်ရွှင်နေကြစဉ် ဝတ်စုံပြည့်နှင့်လူငယ်လေးတစ်ယောက် ချက်ချင်းပြေးလာပြီး_ ''အမျိုးသမီးတို့... ခင်ဗျားတို့ပေါက်မဲကို ရောင်းချင်လားဗျ? ကျွန်တော့်သူဌေးက ဝယ်ချင်လို့ပါ''

ညီအစ်မကကြားကြားချင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ တစ်ယောက်က လုံးဝရောင်းချင်သည်။ ဘာပဲဖြစ်ဖြစ် အစားအသောက်နှင့်စာရင် ယွမ် ၆၀၀၀၀ က အဝတ်အစားတွေအများကြီးနှင့် ကျောက်မျက်ရတနာတွေဝယ်လို့ရသည်။ သူတို့ကယောက်ျားတွေမဟုတ်။ ပြီးတော့ ကောင်လေးလည်းမရှိ။ ယောက်ျားလည်းမရှိ။ ဒီဆေးဖက်ဝင်ဝိုင်က သူတို့အတွက်ဆွဲဆောင်မှုမရှိချေ။

သို့သော် နောက်တစ်ယောက်က လူငယ်ကိုကြည့်ပြီးပြောချလိုက်သည်_ ''အကြီးအကဲစားပွဲကို ကျွန်မတို့မရောင်းဘူး... ဒါပေမဲ့ ရှင့်သူဌေးက ဆေးဖက်ဝင်ဝိုင်ကိုဝယ်ချင်တယ်ဆိုရင် အဲဒါကို ယွမ် ၆၀၀၀၀ နဲ့ရောင်းမယ်''

“???” ဝတ်စုံပြည့်နှင့်လူငယ်။

“???” ခရီးသည်များ။

အားလုံးကြောင်သွား၏။ ဘယ်သူမှ ဒီလိုထင်မထားဘူးမလား?

အဓိကအချက်က ဒီလူချမ်းသာတွေ ပေါက်မဲကိုဝယ်တာ ဆေးဖက်ဝင်ဝိုင်ကြောင့်ဟုတ်မဟုတ်ဘယ်သူမှသေချာမသိခြင်းပင်။ ဒီအချက်က လူခုတ်ဓား၏အပြောသက်သက်သာရှိသေးသည်။



......

ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ပါသည်။ မှော်ဆန်လွန်းသောအရာတစ်ခုက ဒီဆေးဖက်ဝင်ဝိုင်ကြောင့် ရုတ်တရက်အပျက်အစီးဖြစ်သွားရသည်ဆို လက်တွေ့ကျမည်မထင်။

ဒီမိန်းကလေးက ဗီဒီယိုကြည့်ထားပြီး လူချမ်းသာတွေက ချင်းလင်ဆေးဖက်ဝင်ဝိုင်ကြောင့် ပေါက်မဲကိုဝယ်ချင်တာဟု ယုံကြည်သောကြောင့်ပင်။

ထိုပုံစံကြောင့် ဝတ်စုံနှင့်လူငယ်က ဖုန်းထုတ်၍ သူ့သူဌေးကိုဖုန်းဆက်လိုက်သည်_ ''ဥက္ကဌကျောက်... တစ်ဖက်လူက အကြီးအကဲစားပွဲကိုမရောင်းချင်ပါဘူး... သူကဝိုင်ကိုပဲ ရောင်းချင်ပါတယ်တဲ့... ဟုတ်ပါတယ် ယွမ် ၆၀၀၀၀ ပါပဲ... ဟုတ်ကဲ့... ဟုတ်ကဲ့...''

ဝတ်စုံနှင့်လူငယ်က ဖုန်းချပြီး ချက်ချင်းအမွှာညီအစ်မနှစ်ယောက်အား_ ''ကျွန်တော်တို့သူဌေးက ဝိုင်ကို ယွမ် ၆၀၀၀၀ နဲ့ဝယ်ဖို့သဘောတူပါတယ်''

''ယေး!'' မိန်းကလေးများက စိတ်လှုပ်ရှားစွာအော်လိုက်သည်။

အခုတော့ ဝိုင်ရောင်းပြီး ပိုက်ဆံရတဲ့အပြင် အကြီးအကဲစားပွဲကိုလည်း စားနိုင်ဦးမည်။

ဤမြင်ကွင်းကိုမြင်သော ခရီးသည်များမှာ အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။

တကယ်ပဲ ဆေးဖက်ဝင်ဝိုင်ကြောင့်လား?

ကြည့်ရတာ ဗီဒီယိုကချဲ့ကားပြောတာဟုတ်ဟန်မတူ။ ဆေးဖက်ဝင်ဝိုင်က တကယ်ဒီလောက်အံ့သြဖို့ကောင်းတာဖြစ်နိုင်သည်။

တခဏအတွင်း ခရီးသည်များက ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်း ဆွေးနွေးလိုက်ကြသည်။ ထိုသတင်းက လိုင်းပေါ်တွင်လည်း လျင်လျင်မြန်မြန်ပြန့်သွား၏။

နေ့လယ်ပိုင်း၌ အင်တာနက်ပေါ်တွင် လူချမ်းသာများက ချင်းလင်စံအိမ်ပေါက်မဲကိုဝယ်ကြခြင်းမှာ ဆေးဖက်ဝင်ဝိုင်ကြောင့်ဟူသောအကြောင်းကို တစ်ယောက်ပြီးတစ်ယောက်သိသွားကြသည်။

ယွမ် ၆၀၀၀၀ တန်အကြီးအကဲစားပွဲဟူသော ခေါင်းစဉ်မှာ ယွမ် ၆၀၀၀၀ တန်ဝိုင်ပုလင်းဟူသောခေါင်းစဉ်သို့ တဖြည်းဖြည်းပြောင်းလဲသွားလေသည်။

တစ်နိုင်ငံလုံးမှာ ယွမ် ၆၀၀၀၀ တန်ဝိုင်ပုလင်း ဘယ်နှစ်လုံးရှိပါသလဲ? မောက်ထိုက်လို သက်တမ်းရင့်ဝိုင်သာရှိသည်။

သို့သော် ထိုဝိုင်က ချင်းလင်စံအိမ်၏ ဆေးဖက်ဝင်ဝိုင်လိုအာနိသင်မျိုးမရှိပေ။

အမှန်တကယ်အာနိသင်ရှိသော ဆေးဖက်ဝင်ဝိုင်မှာ သန့်စင်သောဝိုင်ဖြူထက် ပိုရှားပါးလေ့ရှိကြောင်း အားလုံးလည်းအသိ။

အဓိကအကျဆုံးအချက်မှာ ဝယ်လိုအားနှင့်ရောင်းလိုအားတန်ဖိုးမာခြင်းဖြစ်သည်။ ထိုလူချမ်းသာများက ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို အပြိုင်အဆိုင်ဝယ်နေကြခြင်းမှာ ဒီလောက်ပိုက်ဆံအများကြီး တကယ်တန်သည့်သဘောပင်။ သတင်းပြန့်သွားလျှင် တန်ဖိုးကလျင်လျင်မြန်မြန်ထပ်တက်ဦးမည်။

အချိန်တိုအတွင်း ချင်းလင်ဆေးဖက်ဝင်ဝိုင်မှာ နတ်ဘုရားလိုဖြစ်လာပြီး နာမည်ကျော်ဝိုင်စာရင်းထဲဝင်လာသည်။

…

စီရင်စုထဲတွင်_

ခရီးသွားဌာနက ချင်းလင်စံအိမ်သတင်းများကို လိုက်နေသည်။



ဒီနေ့ နဝမတိမ်လွှာတောင်နှင့်ကျူးကျိယဉ်ကျေးမှုဥယျာဉ်မှာ ချင်းလင်စံအိမ်နှင့် လက်မှတ်ရောင်းပွဲဆက်လက်ကျင်းပဆဲပင်။

မနေ့က ရှုခင်းနေရာနှစ်ခုကို လူ ၁၅၀၀ ကျော်ခွဲပေးနိုင်ခဲ့သည်။ ဒီနေ့လည်း ဒီပမာဏကိုဆက်ထိန်းထားသင့်သည်။

နောက်ပြီး မနေ့က ချင်းလင်စံအိမ်လာသောလူများမှာ အဆာပြေမုန့်ဆိုင်တချို့တွင် လူပြည့်လုနီးနီးဖြစ်ခဲ့၏။ အထူးထုတ်ကုန်နှင့်လက်ရာဟောင်းများရှိသော အဆာပြေမုန့်ဆိုင်တချို့မှာ လျှံထွက်မတတ်ပင်။ သူတို့ဆိုင်များကိုပါအားပေးကြသဖြင့် ချင်းလင်စံအိမ်ခရီးသည်များအကြားတွင် နာမည်ကျော်လာသည်။

ချန်လီက ဒီအခြေအနေကိုသတိထားမိသောအခါ အတွေးတစ်ခုရလာသည်။ အဆာပြေမုန့်စျေးတန်းတွေကို မြို့အပြင်ချင်းလင်စံအိမ်သွားတဲ့လမ်းဟောင်းပေါ်မှာထားရင်ကောင်းမလား?

တကယ်တော့ စီရင်စုက ဒီလမ်းဟောင်းကိုအမြဲတမ်းပြန်လည်ဖွံ့ဖြိုးစေချင်ခဲ့သော်လည်း ဘယ်လိုနည်းနှင့်လုပ်ရမှန်းမသိပေ။ ဘာပဲဖြစ်ဖြစ် စျေးဝယ်ထွက်လမ်းနှစ်လမ်း ရှိနေပြီဖြစ်၍ နောက်ထပ်စျေးလမ်းလည်း မလုပ်သင့်တော့။

အခုတော့ သူ့ရှေ့မှာ ထင်ရှားတဲ့လမ်းကြောင်းရှိနေပြီ - အဆာပြေမုန့်စျေးတန်း။ စွန်းရှန်ကို ဒီအကြံပြုချက်ပေးလိုက်သောအခါ စွန်းရှန်ကချက်ချင်း အစီအစဉ်အစီရင်ခံစာရေးခိုင်းသည်။

ချန်လီက လမ်းဟောင်းပုံစံငယ်ကိုကြည့်နေစဉ် စွန်းရှန်လျှောက်ဝင်လာသည်ကိုတွေ့လိုက်ရ၏။ ထို့ကြောင့်သူက မြန်မြန်ထပြီး_ ''စွန်းရှန်... ဘာလို့ရောက်လာတာလဲ? တစ်ခုခုလိုရင် ဖုန်းဆက်လိုက်လေ... မင်းရုံးခန်းထဲ လာခဲ့မှာပေါ့''

စွန်းရှန်ကလက်ကာပြပြီး_ ''ဒီလိုမလုပ်ပါနဲ့... ငါမင်းနဲ့ဆွေးနွေးစရာရှိတယ်... ချင်းလင်စံအိမ်ရဲ့နောက်ထပ်ထုတ်ကုန်တစ်ခုက နာမည်ကြီးလာပြီ''

''ဒီတစ်ခါ သူဌေးချင်ဘာလုပ်တာလဲ?'' ချန်လီက သိချင်စိတ်နှင့်မေးလိုက်သည်။

စွန်းရှန်က_ ''ဆေးဖက်ဝင်ဝိုင်တစ်မျိုးပဲ... လိုင်းပေါ်မှာ ဆွေးနွေးထားကြတယ်... အဆောင်အယောင်တစ်မျိုးလို ကျော်ကြားလာတာ... ဒါမှမဟုတ် ချက်ချင်းပေါက်သွားတဲ့ ဆေးဖက်ဝင်ဝိုင်ဆိုပိုမှန်မယ်''

ချန်လီက စူးစမ်းချင်စိတ်နှင့်ဖုန်းထုတ်၍ ချင်းလင်စံအိမ်ဆေးဖက်ဝင်ဝိုင်နှင့်သက်ဆိုင်သော ရေပန်းစားခေါင်းစဉ်များကို လိုင်းပေါ်တွင် လိုက်ရှာကြည့်လိုက်သည်။ ခဏအကြာ သူကအံ့သြသံနှင့်_ ''ဘုရားရေ... ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းက ယွမ် ၆၀၀၀၀ တဲ့လား? သက်တမ်းနှစ် ၂၀၀ ကျော်တဲ့မောက်ထိုက်တောင် ဒီလောက်ပဲကျမယ်ထင်တယ်!''

စွန်းရှန်ကခေါင်းညိမ့်ပြီး_ ''ဒီတန်ဖိုးက တကယ်တော့ မတန်တဆပဲ... ဒါပေမဲ့ အဓိကက မင်မြို့တော်ကလူချမ်းသာတွေက ဒီတန်ဖိုးကိုအသိအမှတ်ပြုထားကြတယ်... ဒါ ဒီဝိုင်က ဒီလောက်အများကြီးတန်တယ်ဆိုတဲ့သဘောပဲ... ဒီတော့ နာမည်ကြီးဝိုင်တစ်ခုပေါ့''

ချန်လီကမျက်မှောင်ကြုတ်ပြီး_ ''ဒါပေမဲ့ ဒီဝိုင်မျိုးအများကြီးမရှိနိုင်ဘူး... ဖြစ်နိုင်တာက သူဌေးချင်က သူ့ပွဲအစီအစဉ်အတွက် တစ်နေရာရာကဝယ်လာပြီး ချင်းလင်စံအိမ်ရဲ့ထုတ်ပိုးမှုရဖို့ တစ်ဖက်လူနဲ့ ဆွေးနွေးထားတာဖြစ်မယ်... ဘာပဲဖြစ်ဖြစ် သူဌေးချင်အရင်က ထုတ်ပြတာမျိုးမရှိခဲ့ဘူးလေ''

စွန်းရှန်ကပြုံး၍_ ''အကြီးအကဲချန်... ဒါကအရေးကြီးလို့လား? အခုချင်းလင်ဆေးဖက်ဝင်ဝိုင်ဆိုတဲ့နာမည်က ပေါက်သွားပြီ... သူဌေးချင်မှာ ဒီဆေးဖက်ဝင်ဝိုင်မရှိတော့ရင်တောင် ဒါမှမဟုတ် ဒီဝိုင်ကို တစ်နေရာရာကပဲဝယ်ရတယ်ဆိုရင်တောင် ချင်းလင်ဆေးဖက်ဝင်ဝိုင်ဆိုတဲ့နာမည်က အချိန်တစ်ခုအထိတော့ အတော်လွှမ်းမိုးမှုရှိနေဦးမှာပဲ''

ချန်လီက သဘောပေါက်ပုံနှင့်_ ''စွန်းရှန်... စီရင်စုထဲက အရက်ချက်စက်ရုံကိုပြောတာလား''

စွန်းရှန်ကခေါင်းညိမ့်လိုက်ပြီး_ ''မင်းလည်းသိတဲ့အတိုင်းပဲ... ဝိုင်ထုတ်တဲ့နေရာတွေက အရင်ဆရာကြီးတွေ ဆယ့်လေးငါးယောက်လောက် စိမ်တဲ့ဝိုင်တွေက တကယ်အရမ်းကောင်းတာ... အခုတဝက်လောက် တိမ်ကောသွားတာ နှမြောစရာပဲ''

ချန်လီကချက်ချင်းပင်_ ''ငါမနက်ဖြန် သူဌေးချင်ကိုပြောလိုက်မယ်''

ဝိုင်စက်ရုံကသိပ်မကြီးဘူးဆိုသော်လည်း စိမ်ထားသောဝိုင်မှာ တကယ်ကောင်းသည်။ စီရင်စုကလည်း အခမ်းအနားပွဲရှိလျှင် ထိုဝိုင်ကို လက်ဆောင်အဖြစ်အသုံးပြုသည်။

ဖြစ်ချင်တော့ လက်ရှိစျေးကွက်က ကြော်ငြာအားနှင့် ဘရန်းအရည်အသွေးကိုသာ အာရုံစိုက်ထားကြ၍ စီရင်စုထဲမှာ ဒီအကြောင်းနားလည်ပြီး စီမံနိုင်သည့်စွမ်းရည်မရှိပေ။ ဝိုင်စက်ရုံမှဝိုင်က အောက်ဘက်မြို့တော်မှ ရှေးဟောင်းဝိုင်လောက်မကောင်း။ လိုအပ်ချက်ပြည့်မီရုံလောက်သာရှိသည်။

အဓိကမှာ အရင်ဆရာကြီးဆယ့်လေးငါးယောက်၏လက်လုပ်စိမ်နည်းက လက်ဝင်၏။ လစာကလည်း မများ၊ မမျှတသဖြင့် လူငယ်တွေက အခက်အခဲကို သည်းမခံနိုင်ကြပေ။

ထိုမိရိုးဖလာနည်းများပျောက်ကွယ်မှာ သူစိုးရိမ်မိသည်။ နောက်ပြီး ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းများ ဆုံးရှုံးသွားမှာ နှမြောစရာပင်။

အကယ်၍ သူဌေးချင်သာ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့်လှုပ်ရှားနိုင်မည်ဆိုလျှင် အနည်းဆုံးတော့ သူ့မှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်ရှိသေးတာပေါ့ ဟုတ်တယ်မလား?

ဒီဂုဏ်သတင်းနဲ့ရောင်းနိုင်သရွေ့တော့ ဝိုင်ကပျက်ပြားသွားမည်မဟုတ်။

ထိုအကြောင်းတွေးရင် ချန်လီကသက်ပြင်းချလိုက်သည်။ စီရင်စုက တဖြည်းဖြည်းနှင့် သူဌေးချင်အပေါ် ပိုပြီးအားကိုးနေရပြီ။

ဖွံ့ဖြိုးဆဲမြို့လေးတစ်မြို့အတွက် ဒီလိုလူမျိုးရှိနေတာ တကယ်ကံကောင်းလိုက်တာ။



All Chapters