← Chapters

မျိုးစိတ်ပြောင်းလဲခြင်း! ဒါရုံချန်းစီရင်စုရဲ့ကံပဲ!

Vol. 12 Ch. 177

မျိုးစိတ်ပြောင်းလဲခြင်း! ဒါရုံချန်းစီရင်စုရဲ့ကံပဲ!

Vol. 12 Ch. 177

ချန်လီနှင့်စွန်းရှန်က ဝိုင်ထုတ်လုပ်သည့်နေရာများအကြောင်း အတော်များများဆွေးနွေးလိုက်သည်။ စွန်းရှန်ထွက်သွားသောအခါ ချန်လီက ဝိုင်ထုတ်လုပ်ရာနေရာများအကြောင်း အချက်အလက်များကို စတင်လှန်လှောရှာဖွေလိုက်၏။

တစ်ယောက်ယောက်ကို တစ်ခုခုရောင်းဖို့ စည်းရုံးသိမ်းသွင်းချင်သည်ဆိုလျှင် သူကြိုတင်ပြင်ဆင်ထားမှဖြစ်မည်။ သက်သေခံအထောက်အထားမရှိဘဲ ပြောလို့မရသလို စကားလုံးနည်းနည်းနှင့် အမိဖမ်းနိုင်မည်ဟုလည်း မျှော်လင့်ထား၍မရပေ။

တကယ်တော့ ခရီးသွားဌာနညွှန်မှူးတစ်ဦးအနေနှင့် သူဒါတွေမလုပ်သင့်သော်လည်း အခုတလော ဒါမျိုးတွေပိုပြီးလုပ်ရဖို့ အကြောင်းဖန်ဖန်လာသည်။

သူ့အတွက် မလွယ်ကူခဲ့။

တစ်ဖက်တွင်_

ချင်းလင်ဆေးဖက်ဝင်ဝိုင်၏နာမည်ကျော်မှုက စံအိမ်ခရီးသည်များကို ပိုပြီးစိတ်အားတက်ကြွလာစေသည်။ ထို့အပြင် အမွှာညီအစ်မနှစ်ယောက်၏လုပ်ရပ်ကြောင့် ချင်းလင်စံအိမ်အကြီးအကဲစားပွဲမှာ ယွမ် ၆၀၀၀၀ မက အများကြီးပိုတန်သည်ဟူသော သဘောလည်းသက်ရောက်နေသည်။

ချင်းလင်ဆေးဖက်ဝင်ဝိုင်သက်သက်ကို ယွမ် ၆၀၀၀၀ ဆိုသဖြင့် ချင်းလင်အကြီးအကဲစားပွဲက ပိုနာမည်ကျော်လာ၏။

အခုတော့ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆိုသည်ထက် ချင်းလင်စံအိမ်၏ဒဏ္ဍာရီလာအကြောင်းပြောကြသည့်အခါ ရုံးပတီသီးကို ဘယ်သူမှစကားမစတော့ဘဲ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့် အကြီးအကဲစားပွဲအကြောင်းသာ ပြောကြတော့မည်။



အတော်များများက ဝိုင်အကြောင်း ဒါမှမဟုတ် အစားအသောက်အကြောင်းပြောကြလျှင် ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့် အကြီးအကဲစားပွဲအကြောင်း အမှတ်မထင်ပြောမိကြပေမည်။

အွန်လိုင်းစကားနှင့်ပြောရရင် တန်သွားပြီ။

ထို့ကြောင့် ခရီးသည်များက အရင်နေ့ကထက်စာလျှင် မဲနှိုက်ဖို့ပိုပြီး တက်ကြွနေကြသည်။ အရောင်းစင်တာမှာ ခရီးသည်များ မဲအရေအတွက်ရရန်ကြိုးစားရာနေရာတစ်ခုဖြစ်လာ၏။

တစ်နေ့လယ်ခင်းလုံးလိုလို အရောင်းစင်တာမှာ အပြေးအလွှားလုပ်နေရသည်။ တတိယမြောက်နေ့ကျရင် လင်ဖုန်းကို ပစ္စည်းများများပို့ပေးဖို့ အသိပေးရဦးမည်ထင်သည်။

ညနေပိုင်းတွင်_

......

စံအိမ်က ပျားပန်းခတ်လှုပ်ရှားနေစဉ် ချင်လင်က မူလခန်းမအနောက်ဘက်ခြံဝင်းထဲသို့ ထပ်ထားသောဝါးခြင်းတောင်းတချို့သယ်လာသည်။

တချို့ဖရဲသီးတွေက ထပ်မှည့်လာပြီ။ ခူးပစ်ရမည်။

ဖရဲသီးစိုက်သူတွေက ဖရဲသီးဘယ်အချိန်မှည့်မည်ကိုသိသည်။ ဒါတွေကိုမခူးလျှင် အရည်ဓာတ်ခမ်းခြောက်သွားလိမ့်မည်။ အရည်ခမ်းလျှင် အစိုဓာတ်မရှိသောကြောင့် အရသာကခပ်ဖွယ်ဖွယ်ဖြစ်နေမည်။ အစိုဓာတ်နှင့်အရသာမရှိလျှင် မြန်မြန်ပုပ်သိုးလွယ်၏။

ဖရဲသီးများကို အေးသောနေရာတွင် ပိုကြာကြာထိန်းသိမ်းထားနိုင်သည်။

အသီးစိုက်တောင်သူအတော်များများက ဖရဲသီးစိုက်ကြသည်။ သယ်ပို့ရလွယ်ကူစေရန် ၇ (သို့) ၈ ရက်လောက်တွင် ခူးထားလိမ့်မည်။ သယ်ယူပို့ဆောင်နေစဉ်အတွင်း ဖရဲသီးကဆက်လက်မှည့်နေမည်။ သည်လိုနှင့် လိုရာရောက်သောအခါ ရောင်းနိုင်လိမ့်မည်။

တကယ်တော့ တောင်သူအများစုက ဒီသိပ္ပံနည်းကျစည်းမျဉ်းကိုမသိသော်လည်း တဆင့်စကားနှင့် လက်ဆင့်ကမ်းလာကြခြင်းဖြစ်သည်။

ချင်လင်က ခြံဝင်းထဲဝင်ပြီး ခါတိုင်းလိုပင် လယ်ကွက်ပုံစံငယ်ကိုကြည့်လိုက်သည်။ အခုထိ လှုပ်တောင်မလှုပ်။

ဘာပဲဖြစ်ဖြစ် ဒါက စိုက်ပျိုးရေးမှာ သူ့ရဲ့ပထမဆုံးခြေလှမ်း။ ဒီထပ်ခါထပ်ခါစမ်းသပ်နည်းမအောင်မြင်သေးခင်တော့ သူ့စိုက်ပျိုးနည်းစနစ်ပဲမှားသလား ဒါမှမဟုတ် ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့က ပတ်ဝန်းကျင်နဲ့အလိုက်သင့်ဖြစ်နိုင်စွမ်းမရှိသေးလို့လား သူတကယ်မသိချေ။

''နောက်မှ အခန်းတွင်းစိုက်ပျိုးနည်းစနစ်နဲ့ စမ်းကြည့်ရမယ်'' ချင်လင်က တောင်ပိုင်းစပါးစိုက်ပျိုးနည်းတစ်မျိုးမကမြင်ဖူးသည်။ ဒီနည်းနဲ့ ဘာရလဒ်မှထွက်မလာမှတော့ နောက်တစ်နည်းစမ်းကြည့်ရမှာပေါ့။

သူက ဖရဲသီးတွေနား ခြင်းတောင်းများယူသွားပြီး ထပ်ထားသောဝါးခြင်းတောင်းများကို ခွဲထုတ်လိုက်သည်။ ထို့နောက် ဖရဲသီးများကို တစ်လုံးပြီးတစ်လုံး အသာအယာခေါက်ကြည့်လိုက်၏။ မှည့်သောအလုံးများကို ချက်ချင်းခူးပြီး ခြင်းတောင်းထဲထည့်လိုက်သည်။

သူ့ဖရဲသီးတွေမှာ သယ်ယူပို့ဆောင်ရသောပြဿနာမရှိ၍ မှည့်တာနှင့်ခူးနိုင်၏။



ချင်လင်က အလုံးတချို့ခူးလိုက်ရာ ပထမဝါးခြင်းတောင်း ပြည့်လုနီးနီးဖြစ်သွားသည်။

သူကဒုတိယဝါးခြင်းတောင်းကိုယူမည်အပြု လူတချို့လျှောက်လာသည်ကိုတွေ့လိုက်ရ၏။

ချန်ရှန်းဖေ၊ မာလဲ့ဝမ်၊ လီရှင်း၊ မာလဲ့ဝမ်၏ဇနီး ချူရှင်းနှင့် လီရှင်း၏ဇနီး လင်းလျို။

သူအရင်ကမတွေ့ဖူးသောအမျိုးသမီးတစ်ဦးလည်းပါသေးသည်။ ဒီအခြေအနေအရ ချန်ရှန်းဖေ၏ဇနီးဖြစ်မည်။

ချန်ရှန်းဖေက ချင်လင်ကိုတွေ့သောအခါ_ ''သူဌေးချင်... အထဲကနေ အသံကြားလို့... တကယ်မင်းဖြစ်နေတာပဲ... မဟုတ်ရင် ခန်းမထဲမှာ တစ်ယောက်မှမတွေ့ဘူးဆိုပြီး မင်းဆီဖုန်းခေါ်တော့မလို့''

ဒီအုပ်စုက စံအိမ်ကို အကြီးအကဲစားပွဲအတွက် လာကြခြင်းပင်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လွှတ်လိုက်သော လက်ထောက်နှင့်အတွင်းရေးမှူးက မနေ့ကနှစ်မဲစီဝယ်သွားခဲ့ပြီး ဒီနေ့လည်း နောက်ထပ်မဲတစ်စောင် ထပ်ဝယ်ထားသေးသည်။ ထို့ကြောင့် မဲသုံးစောင်ဖြစ်သွား၏။

သူတို့နှစ်ယောက်လုံးက ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို အံ့သြဖွယ်ရာမှန်းသိထားသဖြင့် အစီအစဉ်များဆွဲထားခဲ့သည်။ ဒီနေ့အလျင်စလိုထွက်လာခဲ့ခြင်းဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် တည်းခိုစရာနေရာရှိသဖြင့် အပန်းဖြေထွက်သလိုသဘောထားလိုက်သည်။

''လူကြီးမင်းချန်... ရောက်လာပြီလား'' ချင်လင်က သူ့လက်ထဲမှဖရဲသီးကို ခြင်းထဲထည့်လိုက်ပြီး ချန်ရှန်းဖေတို့ကိုနှုတ်ဆက်လိုက်၏။

ထိုအချိန်တွင် ချန်ရှန်းဖေတို့ကလည်း အထဲမှဖရဲသီးများနှင့် ဖြာထွက်နေသောဖရဲနွယ်စိမ်းစိမ်းများကိုမြင်သွားသည်။

ချန်ရှန်းဖေက အံ့သြစွာနှင့်_ ''သူဌေးချင်... ဒီဖရဲသီးတွေကို အပြင်မှာဒီလိုပဲစိုက်တာလား?''

သူကတောင်သူမဟုတ်၊ ဖရဲသီးဘယ်လိုစိုက်ရမှန်းသိသူမဟုတ်သော်လည်း သာမန်အသိတော့ရှိသူဖြစ်၍ ဤအချိန်က ဖရဲသီးစိုက်ရမည့်ရာသီမဟုတ်မှန်းသိသည်။ ဆောင်းတွင်းမှာ အစိမ်းရောင်မှန်လုံအိမ်နှင့်မစိုက်လျှင် ဖရဲမျိုးစေ့က အပင်တောင်ပေါက်မည်မဟုတ်။

အခုတော့ ဆောင်းတွင်းကြီး သူဌေးချင်ဖရဲသီးတွေက ကောင်းကောင်းရှင်သန်ရုံသာမက ကောင်းကောင်းလည်း ကြီးထွားနေသည်။ ကြည့်ရတာ ဒီဖရဲသီးတွေက မှည့်နေပြီ။

မာလဲ့ဝမ်တို့လည်း စပ်စပ်စုစုရှေ့တိုးလာပြီး ဖရဲသီးကောက်ကိုင်သူကိုင် ပုတ်သူပုတ်နှင့် အစစ်ဟုတ်မဟုတ် သေချာအောင် စမ်းသပ်နေကြ၏။

ဒီလိုဆောင်းတွင်းအလယ်ကြီး ဖရဲသီးစိုက်သည့်အကြောင်းမှာ သူတို့အတွက်လည်းထူးဆန်းနေသည်။

လီရှင်းက သိချင်စိတ်နှင့် မေးလိုက်သည်_ ''သူဌေးချင်... ဒါဘာဖရဲသီးမျိုးလဲ? ဆောင်းတွင်းမှာစိုက်ပြီးရှင်တဲ့ ဒီလိုဖရဲသီးမျိုးတော့ မကြားဖူးဘူးထင်တယ်''

ဂိမ်းထဲက ဖရဲမျိုးစေ့တွေစိုက်ပြီဆိုတာနဲ့ အနှေးနဲ့အမြန်ပေါ်ကုန်တော့မည်။ လီရှင်း၏မေးခွန်းကိုရှောင်လွှဲမရပေ။

ချင်လင်ကပြုံးလိုက်ပြီး သူကြံဖန်ထားသောဆင်ခြေကိုပေးလိုက်သည်_ ''ဘာမျိုးစပ်လဲတော့ မသိဘူး... ဆောင်းတွင်းကြီး လယ်ကွက်ဟောင်းထဲမှာ ဖရဲမျိုးစေ့တွေအပင်ပေါက်နေတာကို အမှတ်မထင်တွေ့ခဲ့ရတာ... စိုက်ထားတဲ့ဖရဲသီးက ထူးထူးခြားခြားအရသာရှိတယ်''

''ခင်ဗျားတို့လည်း ဒီထူးရှယ်ဖရဲသီးတွေကို စားဖူးတာပဲ... အများကြီးမရဘူး... ကျွန်တော် ဒီမျိုးစေ့တွေကို ဟိုဘက်အစိမ်းရောင်မှန်လုံအိမ်ထဲမှာ စမ်းသပ်စိုက်ပျိုးတုန်းရှိသေးတယ်... ကျွန်တော်သာ ဒီမျိုးစေ့တွေကိုမစိုက်ခဲ့ရင် နောင်ကျ

ဒီထူးရှယ်ဖရဲမျိုးတွေ မျိုးတုန်းသွားလိမ့်မယ်''

တကယ်တော့ ထိုမုသားထဲတွင် စကားလိမ်များရှိသည်။ အရှင်းဆုံးတစ်ခုမှာ သူ့စံအိမ်တွင် အရည်အသွေး ၂ စတော်ဘယ်ရီနှင့်ရုံးပတီသီးများလည်းရှိနေသေးသည်။



All Chapters