← Chapters

မျိုးစိတ်ပြောင်းလဲခြင်း! ဒါရုံချန်းစီရင်စုရဲ့ကံပဲ! ၂

Vol. 12 Ch. 178

မျိုးစိတ်ပြောင်းလဲခြင်း! ဒါရုံချန်းစီရင်စုရဲ့ကံပဲ! ၂

Vol. 12 Ch. 178

သူဖရဲသီးကို ဘယ်လိုတွေ့ခဲ့တာလဲ?

စတော်ဘယ်ရီနဲ့ ရုံးပတီသီးကရော?

အခုစံအိမ်က နာမည်ကျော်နေပြီဖြစ်၍ လူတွေပိုသတိထားမိလာကြသည်။ တချို့လူတွေက ဒီအရာတွေကို သတိပြုမိထားပြီဟုလည်း ယူဆနိုင်၏။

ချင်းလင်စံအိမ်က ဖရဲသီး၊ စတော်ဘယ်ရီ၊ ရုံးပတီသီးတွေကို မဝယ်ချင်တဲ့ တခြားရှုခင်းနေရာ (သို့) စားသောက်ဆိုင်မရှိဟု သူမယုံကြည်!

ထို့ကြောင့် ချင်လင်က ဒီလိုဆင်ခြေမျိုးမပေးခင် အချိန်အကြာကြီး ခေါင်းခြောက်အောင်စဉ်းစားထားရသည်။

သူ့လုပ်ကြံစကားမှာ ပြစ်ချက်ရှိသည်မှန်သော်လည်း ပြင်မရသည်တော့မဟုတ်။ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံတချို့တွင် မြေသြဇာပါသောကြောင့်ပင်။

ထိုမြေသြဇာက အပင်တွေကိုမြန်မြန်ကြီးထွားစေပြီး မျိုးစိတ်တွေကိုပြောင်းလဲပေးနိုင်သည်။

ဂိမ်းပုံစံအသစ်စာရင်းထဲတွင် အသည်းအသန်ဆော့ထားသော ကစားသူများရှိပြီး အထူးမြေဆီလွှာကိုပါရထားကြ၏။ အကျိုးတရားတူသောကြောင့် ဤဂိမ်းပုံစံအသစ်ထဲတွင် ထိုအရာများလည်းပါသည့်သဘောဖြစ်သည်။

ဒါကပိုလွယ်ကူသည်။

ဒီအခြေအနေမှာ တခြားသူမေးလာလျှင် မရေမရာဖြေရဦးမည်။ နောင်မြေသြဇာလိုပစ္စည်းတွေရလာရင်တော့ မွေးရပ်မြေကိုပြန်ယူပြီး မြေဆီလွှာမှာပြဿနာရှိလို့ဟု ဖြေကောင်းဖြေရမည်။

ဒါတစ်ခုတည်းသောနည်းလမ်းပင်။ ဒီနည်းလမ်းသာအလုပ်မဖြစ်ရင် တခြားစိတ်ကူးတွေအများကြီး ကြံဆရပေဦးမည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ချင်လင်၏စကားကိုကြားလျှင် နောက်ထပ်မမေးတော့ချေ။

သူတို့က စိုက်ပျိုးရေးလုပ်ငန်းလုပ်နေသူတွေမဟုတ်၍ ဒီလိုအရသာရှိတဲ့ဖရဲသီးတွေပျောက်ကွယ်သွားမှာ နှမြောနေသည်။

......

လီရှင်းက ဆောင်ကြောင့်ထိုင်ချလိုက်ပြီး ဖရဲသီးကိုပုတ်လိုက်၏။ တချိန်တည်းမှာ သူက_ ''သူဌေးချင်... ခင်ဗျားဖရဲသီးအနေအထားအရတော့ မျိုးစိတ်စပ်ထားတာဖြစ်မယ်''

''သီးနှံအတော်များများက ပတ်ဝန်းကျင်နဲ့လိုက်ပြီး မျိုးပြောင်းတတ်တယ်... လက်တွေ့ဘဝမှာ အတွေ့ရတော့မများဘူး... ပန်းတွေက လအလိုက်ရာသီကိုကြိုက်တယ်... ဇလပ်ပန်းတွေ... ပျားရည်နာနတ်သီးမျိုးစိတ်အသစ်တွေက ဘယ်နေရာမဆို မျိုးပြောင်းနိုင်တယ်... သာမန်ပြောင်းနဲ့ဆန်တွေတောင် အနည်းနဲ့အများတော့ မျိုးစိတ်ပြောင်းလဲတာတွေရှိတာပဲ''



''တချို့မျိုးစိတ်ပြောင်းလဲသွားတဲ့သီးနှံတွေက ပိုကောင်းလာတယ်... ပိုအထွက်များလာတာတို့ ပိုအရသာရှိလာတာတို့... အဆိုးဆုံးမျိုးပြောင်းတာကတော့ သဘာဝအတိုင်းမဟုတ်ဘဲပျက်စီးသွားတာပေါ့''

''အခု အာကာသသီးနှံတချို့ခေတ်စားနေတယ်မလား? အဲဒါ ဒီသီးနှံတွေကို အာကာသထဲယူသွားရင် မျိုးစိတ်ပြောင်းလဲဖို့ ပိုလွယ်လို့လေ... ကျွန်တော်တို့တိုင်းပြည်က မျိုးစိတ်ပြောင်းလဲဖို့ အာကာသထဲယူသွားပြီး စမ်းသပ်မှုတွေလုပ်နေပြီ... ဂျုံ ပြောင်း ဆန် မြေပဲ နှမ်း ပဲပိစပ် စတာတွေပေါ့... တချို့လည်းရလဒ်ကောင်းတယ်ကြားတယ်''

မာလဲ့ဝမ်ကပြုံးလိုက်ပြီး_ ''မဆိုးဘူး လီရှင်း... မင်းအတော်သိထားတာပဲ''

လီရှင်းက ရှင်းပြလိုက်သည်_ ''မတတ်နိုင်ဘူးလေ... ကျွန်တော့်ဦးလေးက စိုက်ပျိုးရေးသုတေသနပိုင်းကဆိုတာ ခင်ဗျားလည်း သိသားပဲ... သူအိမ်မှာရှိနေရင် သူနဲ့ပဲစကားပြောရတာ... သူက သုတေသနပဲစိတ်ဝင်စားဆိုတော့ ဒါတွေအားလုံး သူပြောတာတွေပေါ့''

''ဖူး!'' လင်းလျိုက လီရှင်း၏စကားကိုကြားလျှင် တခစ်ခစ်ရယ်လိုက်ကာ_ ''တစ်ယောက်က စိုက်ပျိုးရေးသုတေသနအကြောင်းပြောတယ်... နောက်တစ်ယောက်က ဝိုင်အကြောင်းပြောတယ်... အကြောင်းအရာမတူဘဲနဲ့ စိတ်ပါလက်ပါပြောဖို့ဆိုတာ သူတို့အတွက် တော်တော်ခက်မှာပဲ''

ထိုစကားကြောင့် အားလုံးရယ်လိုက်ကြသည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ လီရှင်းနဲ့သူ့ဦးလေးက သူတို့သက်ဆိုင်ရာအထူးပြုအကြောင်းမပြောဘဲ တူညီတဲ့ပြဿနာကိုပြောဖို့များသည်။

လီရှင်းတို့လိုမိသားစုမျိုးတွင် သားသမီးဆက်ခံမှုက တရားသေဖြစ်သည်။ သူတို့မိဘလမ်းကြောင်းကိုဆက်ခံရင်ဆက်ခံ၊ မဆက်ခံရင် လီရှင်းလို သူတို့နှစ်သက်တဲ့အလုပ်မျိုးရှာလုပ်ကြသည်။

ဘာပဲဖြစ်ဖြစ် မျိုးရိုးအစဉ်အဆက်က သူတို့ဆက်ခံသူတွေကို ပိုမြန်ဆန်ပြီး ပိုလွယ်ကူသည့်လမ်းလျှောက်ဖို့ ဆုံးဖြတ်ချက်ချထားသည်။

လီရှင်း၏အစ်ကိုနှင့်အစ်ကိုဝမ်းကွဲက ထိုလမ်းကိုရွေးချယ်ပြီး လူငယ်မျိုးဆက်များအကြားတွင် ထင်ရှားနေသည်။ သူတို့မှာ မိသားစုက ဂရုအစိုက်ဆုံးလူများဖြစ်ကြသည်။

တစ်ဖက်တွင် ထိုလမ်းကြောင်းကိုလုံးဝစိတ်မဝင်စားသော လီရှင်းလိုလူမျိုးက လက်လွှတ်လိုက်ရုံသာ။ သူ့ကျန်သက်တမ်းတလျှောက် ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်ပြီး ဘယ်သူမှလည်း သူ့ကိုလှုံ့ဆော်ရဲမည်မဟုတ်။ လူတိုင်းက မျက်နှာသာပါပေးဦးမည်။ သို့သော်လည်း သူ့မျက်နှာပြရသည့် အသက်မွေးဝမ်းကြောင်း ဒါမှမဟုတ် လုပ်ငန်းတစ်ခုခုကိုသူမလုပ်နိုင်။ သူ့ကိုယ်ပိုင်အလုပ်ရှိဖို့ သူ့အတွက်အလွန်ခက်သည်။

လူကြီးကွယ်လွန်သွားလျှင် သူ့သားမျိုးဆက်တွင် ဒီလိုကန့်သတ်ချက်မျိုးရှိမည်မဟုတ်တော့ပေ။

လီရှင်းကဲ့သို့ပင် သူ့ဦးလေးလီခိုင်မှာ လူကြီး၏လမ်းကြောင်းကိုမဆက်ခံချင်။ ထို့အပြင် သူကစိုက်ပျိုးရေးသုတေသနကို သဘောကျသူဖြစ်ပြီး မင်မြို့တော်၏တရားဝင်စိုက်ပျိုးရေးသုတေသနတက္ကသိုလ်တွင်နေသည်။ နာမည်တချို့လည်းရထား၏။

''ဟင်း... ဒီအကြောင်းမပြောပါနဲ့'' လီရှင်းကခေါင်းခါပြီး အမိုးကြီးကြီးအောက်သို့ လျှောက်သွားပြီး စူးစမ်းလိုက်သည်။

ချင်လင်လည်း အစိမ်းရောင်မှန်လုံအိမ်ထဲ ဝင်သွားလိုက်၏။ သူကငုတ်တုပ်ထိုင်ချလိုက်ပြီး သာမန်ဖရဲသီးနှင့်ဂိမ်းမျိုးစေ့မှပေါက်သောနွယ်များကိုစစ်ဆေးကြည့်ရာ တချို့အရွက်များညိုးခြောက်နေသည်ကိုတွေ့ရသည်။

ထို့ကြောင့် သူမျက်မှောင်ကြုတ်လိုက်၏။ စပြီးဖြာထွက်တဲ့အချိန် အရွက်ဝါများရှိနေသည်က နွယ်ပင်အတွက်မကောင်း။ နွယ်ပင်ကိုရိကျစေသည်။

သူကလျင်လျင်မြန်မြန်ပင် အရွက်ဝါများကို ခြွေပစ်လိုက်၏။

လီရှင်းက အစိမ်းရောင်မှန်လုံအိမ်ထဲမှ ဖရဲပျိုးပင်နှစ်မျိုးကိုကြည့်ရင်း ရုတ်တရက်မေးလိုက်သည်_ ''သူဌေးချင်... ခင်ဗျားမျိုးစေ့တွေစိုက်ပျိုးလို့အောင်မြင်သွားရင် ဖရဲသီးရဲ့အရည်အသွေးက ဟိုဖရဲသီးတွေလို အရသာရှိမှာလား?

လီရှင်းပြောနေတာ အရည်အသွေး ၂ ဖရဲသီးမှန်း ချင်လင်သိသည်။ သူကပြုံးပြီး ပုံပြင်ဆက်ပြောလိုက်၏_ ''လူကြီးမင်းလီ... အဲလိုတော့ အာမမခံနိုင်ဘူးဗျ... ဒီဖရဲသီးတွေက အစပိုင်းစမ်းသပ်

တဲ့ပျိုးပင်အသုတ်လေ... ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... အစေ့လွတ်ဖရဲသီးက အစေ့မပါဘူး... ဒီခြံဝင်းထဲကဖရဲသီးတွေကို မျိုးစေ့ပျိုးထောင်ပြီးစိုက်ထားတာ''

''ဒါဆို ဒီဖရဲသီးတွေကို မြည်းကြည့်ရအောင်'' လီရှင်းကချက်ချင်းအကြံပြုလိုက်ပြီး အစိမ်းရောင်မှန်လုံအိမ်အပြင်ထွက်လိုက်ကာ_ ''ခင်ဗျားစိုက်တဲ့မျိုးစေ့တွေက ဒီလိုအရသာရှိတဲ့ဖရဲသီးတွေသီးလာတာ လုံးဝအံ့သြစရာပဲ''

ထိုစကားများကို ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း စိတ်ဝင်စားသွားသည်။

ချန်ရှန်းဖေက_ ''ဟုတ်တယ်... ဒီဖရဲသီးစားကြည့်ရအောင်!''

''ငါတစ်လုံးခူးလိုက်မယ်'' မာလဲ့ဝမ်က ဖရဲသီးတွေထဲကတစ်လုံးကိုထိလိုက်သည်။ သူကထိုအလုံးကိုကြည့်ပြီးခူးလိုက်၏။ ဘယ်အလုံးကမှည့်လဲ သူနားလည်လားမလည်လား ဘယ်သူမှမသိချေ။

သို့သော် သူတချို့ကိုရွေးပြီး လက်လျှော့လိုက်ပုံကိုကြည့်လျှင် သူမသိနိုင်။



တကယ်တော့ ဒီဖရဲသီးအရသာက အရည်အသွေး ၁ သာရှိမှန်း ချင်လင်သိသည်။

အရည်အသွေး ၂ မျိုးစေ့က ဂိမ်းထဲမှအဆင့် ၃ မြေတွင် အရည်အသွေး ၂ ဖရဲသီးသာသီးနိုင်၏။အပြင်မှာ သူ့အရည်အသွေးက ကျဆင်းလိမ့်မည်။

သို့သော် သူကထုတ်ဖော်မပြောဘဲ ဖရဲသီးနှစ်လုံးပိုက်ပြီး လီရှင်းနှင့်ချန်ရှန်းဖေကို ခန်းမထဲရှိစားဖိုဆောင်ထဲခေါ်သွားလိုက်သည်။

စားသောက်ခန်းထဲတွင် စားဖိုဆောင်အသစ်ရှိသည်။ နောက်ပြီး ပစ္စည်းကိရိယာများနှင့် စားဖိုဆောင်အသုံးအဆောင်များကလည်း အသစ်ဖြစ်၏။ ဆရာလင်းက အားလုံးကို ဟိုဘက်ခေါ်သွားသော်လည်း စားဖိုဆောင်ပါရွှေ့သွားသည်တော့မဟုတ်။ သုံးဖြစ်နေဆဲပင်။

ထို့အပြင် ဆရာလင်းက စားဖိုဆောင်ကိုလူခေါ်လာပြီး သန့်ရှင်းရေးလုပ်မြဲ။

ချင်လင်က ဖရဲသီးနှစ်လုံးကို ကန်ထဲထည့်ပြီး ဆေးကြောလိုက်သည်။ ထို့နောက် ဓားတစ်ချောင်းယူ၍ ဖရဲသီးနှစ်လုံးစလုံးခွဲလိုက်၏။ ပြီးလျှင် အစိတ်ငယ်လေးများစိတ်ပြီး လီရှင်း၊ ချန်ရှန်းဖေတို့အား ဝေပေးလိုက်သည်။

ချန်ရှန်းဖေတို့လည်း ဖရဲသီးကိုမြည်းကြည့်လိုက်ကြ၏။

ခဏအကြာ ချန်ရှန်းဖေက_ ''အရသာကောင်းတယ်... ဒါပေမဲ့ တစ်ကတ်တီယွမ် ၂၀၀ တန်ထက်တော့ တော်တော်ညံ့သေးတယ်...''

မာလဲ့ဝမ်ကခေါင်းညိမ့်ပြီး_ ''တော်တော်လေးညံ့သေးတယ်''

အရည်အသွေး ၁ ဖရဲသီးမှာ သာမန်ဖရဲသီးထက် ပိုအရသာရှိသော်လည်း ချန်ရှန်းဖေတို့က အရည်အသွေး ၂ ဖရဲသီးကို စားဖူးထားသူများဖြစ်ကြသည်။ အရင်တစ်ခါ မာလဲ့ဝမ်က သူ့ရုံးပွဲအတွက် ဖရဲသီးအလုံး ၁၀၀ ကျော်ဝယ်သွားဖူး၏။ ဒီကိုတစ်ခါမှမရောက်ဖူးသော ထန်ဝမ်လည်း အရည်အသွေး ၂ ဖရဲသီးစားဖူးသည်။

ထို့ကြောင့် ဒီအရည်အသွေး ၁ ဖရဲသီးက သူတို့ကို သိပ်မအံ့သြစေမိ။

ထန်ဝမ်က ရုတ်တရက်ပြောလိုက်သည်_ ''ဒါပေမဲ့ လီဖေးရောင်းတာထက်တော့ ကောင်းသေးတယ်''

ချူရှင်းကခေါင်းညိမ့်ပြီး_ ''အမှန်ပဲ... လီဖေးရဲ့ပစ္စည်းတွေက အမြဲတမ်းအရည်အသွေးကောင်းပြီး စျေးကြီးတယ်... ဒါပေမဲ့ တစ်ခုမှ သူဌေးချင်ဆီကလို အရသာမရှိဘူး... သူက အရည်အသွေးနိမ့်တဲ့ပစ္စည်းတွေနဲ့ အရင်ကတို့ကို အရူးလုပ်တာလားလို့တောင် ထင်မိတယ်''

အမျိုးသမီးနှစ်ဦးက လီဖေးကိုသဘောမကျကြောင်း ပေါ်လွင်နေသည်။

ဘာပဲဖြစ်ဖြစ် အရင်ကသူတို့ လီဖေးဆီမှာ ပိုက်ဆံအများကြီးသုံးခဲ့ကြတာလေ။ အခုသူ့ပစ္စည်းတွေက သို့လောသို့လောဆိုတော့ နည်းနည်းစိတ်မကျေမနပ်ဖြစ်လာသည်။

လင်းလျိုက_ ''လီဖေးက ဇိမ်ခံပစ္စည်းရောင်းတာဆိုတော့ အမြင်လှတယ်... သူဌေးချင်ရဲ့ပစ္စည်းတွေက လက်တွေ့ကျတယ်... မင်းတို့ဝယ်တဲ့ဇိမ်ခံပစ္စည်းတွေက ကြာရှည်ခံရဲ့လား? အမြင်တင့်တယ်ရုံပဲပေါ့''

ထိုစကားကြားလျှင် ထန်ဝမ်နှင့်ချူရှင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ဒီလိုနှိုင်းယှဉ်ဆင်ခြင်ကြည့်လို့ရလား?

ကြည့်ရတာ ဟုတ်သလိုလို။

''ဒီဖရဲသီးတွေနဲ့ ဖရဲသီးစီရင်စုက မဟူရာအလှ၊ ချီလင်ဖရဲသီးတွေနဲ့ နှိုင်းကြည့်ရင်ရော ဘယ်လိုထင်လဲ?'' လီရှင်းက ရုတ်တရက်မေးလိုက်သည်။

''အာ... အဲဒါ ပိုအရသာရှိတာပေါ့'' ချန်ရှန်းဖေက ထိုစကားကြားလျှင် လီရှင်း၏ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွား၏။ ထိုနေရာတွင် ဖရဲသီးရောင်းသော ထုတ်ကုန်ကုမ္ပဏီတစ်ခုရှိကြောင်း သူသတိရသည်။ သူ့စျေးကွက်တန်ဖိုးကမသေး။

မာလဲ့ဝမ်ကလည်း_ ''ဒါယှဉ်ပြိုင်ရတာပဲ... ကြည့်ရတာ မင်မြို့တော်လက်အောက်မှာ ဘာဖရဲသီးထုတ်လုပ်ရေးအခြေခံမှရှိပုံမရဘူး... သူဌေးချင်... ဒီဖရဲသီးမျိုးတွေကိုပျိုးထောင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ... ဒီအရသာကိုထိန်းထားနိုင်ရုံနဲ့တင် မင်းချမ်းသာလာလိမ့်မယ်''

သူတို့ဇနီးတွေတောင် သူတို့စကားဝိုင်းကိုနားလည်သည်။

သူတို့က ဖရဲသီးစီရင်စုအကြောင်းမသိသော်လည်း သူဌေးချင်ရဲ့ဖရဲသီးအရသာက သာမန်ဖရဲသီးထက် အများကြီးပိုကောင်းမှန်းသိသည်။ ဒါတွေကိုစိုက်ပျိုးလျှင် သေချာပေါက်နာမည်ကျော်မှာဖြစ်ပြီး ရောင်းဖို့အတွက် ပူစရာလည်းမလို။

''ရုံချန်းစီရင်စုမှာ လူကြီးမင်းချင်လိုလူရှိတာ တကယ်ကောင်းတာပဲ'' လီရှင်းက ချင်လင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

သူ့မိသားစုကြောင့် ဒီဖရဲသီးတွေကိုအကြီးအကျယ်စိုက်ပျိုးနိုင်ပြီဆိုတာနဲ့ သူဌေးချင်ဘဏ္ဍာရေးဝင်ငွေတစ်ခုတည်းကောင်းမှာမဟုတ်မှန်း သူသိထားသည်။

ဒီဖရဲသီးစိုက်ပျိုးပြီးရင် ရုံချန်းစီရင်စုက သူ့ကိုကိုးကွယ်ကောင်းကိုးကွယ်လာနိုင်ပေသည်။



All Chapters