အကြီးအကဲရှန်
Vol. 13 Ch. 2.31
"မသိတတ်ဘူးပဲ!"
အစောင့်တစ်ယောက်သည် အေးစက်စွာ ဟစ်အော်လိုက်ကာ ယခုလေးတင် အသံကျယ်ကျယ်ဖြင့် အော်နေခဲ့သော ဧည့်သည်ရှိရာသို့ ပြေး၍ သူ့လက်ဖဝါးကို ရိုက်ချလိုက်ရာ လွင့်ပျံသွားလေသည်။
ဗုန်း!
မခံမရပ်နိုင်လောက်အောင် ပြင်းထန်သော လက်ဝါးကြောင့် စားပွဲကို ထိမှန်ကာ အစားအသောက်များကြား ပက်လက်လန်ကျသွားသည်။
"အတုတံဆိပ်နယ်ပယ်က သန်မာသူတစ်ယောက်လား?"
အော်ဟစ်နေသော ဧည့်သည်များသည် တစ်ဖက်လူက ဤလက်ဝါးကို ပြသလိုက်သည်နှင့် သူတို့၏ အမူအရာများလည်း ပြောင်းလဲသွားသည်။
တစ်ဖက်က အစောင့်တွေထဲက တစ်ယောက်ဟာ အတုတံဆိပ်နယ်ပယ်က သန်မာတဲ့သူတစ်ယောက် ဖြစ်နေသည်။ သူ့ရဲ့အဆင့်အတန်းက သေချာပေါက် မနိမ့်ကျသလို လက်ရည်ချင်း ယှဉ်ပြိုင်နိုင်စွမ်းလည်း မရှိဘူး။
"ငါ ဗိုက်ပြည့်သွားပြီ......"
ရေရွတ်သံဖြင့် ငြင်းဆိုရန် မဝံ့ရဲတော့ဘဲ ချက်ချင်း လှည့်ထွက်သွားရသည်။ အခြားသူများသည်လည်း အစောင့်များ၏ အင်အားကို မြင်သဖြင့် ထိတ်လန့်တကြား လှည့်ပြေးကြလေ၏။
အစောင့်များသည် အတုတံဆိပ်နယ်ပယ်တွင် အားကောင်းသူ ဖြစ်နေရာ မည်သူက သတ္တိရှိရှိ ပြဿနာရှာရဲမည်နည်း။
မကြာမီတွင် လုရွှမ်နှင့် ကျောင်းအုပ်ကြီးဟန်သာ စားသောက်ဆိုင်ရှိ စားပွဲတစ်ခုတည်းတွင် ကျန်ခဲ့သည်။
"မင်းတို့နှစ်ယောက် ချက်ချင်း ထွက်သွားစမ်း!"
အစောင့်က အေးစက်စွာ ကြည့်နေသည်။
ကျောင်းအုပ်ကြီးဟန်သည် ဤအခိုက်အတန့်တွင် သူ့ပုံစံကို အနည်းငယ် ဖုံးကွယ်ထားပြီး ကျင့်ကြံမှု အရှိန်အဝါကိုပါ လျှော့ချထားလိုက်ရာ အစောင့်သည် သူ့ကို လုံးဝမမှတ်မိချေ။
"သခင်ငယ်လေး……"
တစ်ဖက်သား၏ အော်ဟစ်သံကို လျစ်လျူရှုကာ ကျောင်းအုပ်ကြီးဟန်က လုရွှမ်ကို ကြည့်ကာ သူ့ထင်မြင်ချက်ကို တောင်းဆိုလာသည်။
"သူတို့ကို ကန်ထုတ်လိုက်!" လုရွှမ်က ပေါ့ပေါ့ပါးပါးသာ ပြော၏။
ကောင်းကောင်းစားနေချိန် ဒီလိုဖြစ်သွားတဲ့အခါ ဘယ်သူမဆို စိတ်အနှောင့်အယှက် ဖြစ်သွားမှာပဲ မဟုတ်လား။
"ဒီကောင်လေးက ငါတို့ကို ကန်ထုတ်ချင်တယ်ပေါ့?"
"ငါတို့ဘယ်သူလဲ သိရဲ့လား?"
"အတင့်ရဲလိုက်တာ... ဒီမောက်မာတဲ့လူကို ဝူယန်တော်ဝင်မြို့တော်မှာ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ!"
......
လုရွှမ် အသံကို တမင်တကာ လျှော့မချထားတာကြောင့် လူတိုင်း၏ နားထဲသို့ ဝင်သွားခဲ့သည်။
စကားပြောတဲ့သူက ဝူယန်တော်ဝင်မြို့တော်မှာ ကျော်ကြားပြီး အလားအလာရှိတဲ့ လူတစ်ယောက်ဆိုရင် သူတို့လည်း ပါးစပ်ပိတ်ထားနိုင်ပေမယ့် တစ်ဖက်က ၁၆နှစ် ၁၇နှစ်အရွယ် ကောင်လေး တစ်ယောက်သာ ဖြစ်နေသည်။
"ဟုတ်!"
အမိန့်ကို ကြားသောအခါ ကျောင်းအုပ်ကြီးဟန်သည် အပြုံးမပျက် မတ်တပ် ထရပ်လိုက်လေသည်။
"မင်းတို့ သေလမ်းကိုရှာနေတာ ဆိုမှတော့ ငါတို့ကိုအပြစ်မတင်နဲ့!"
ဤလူနှစ်ယောက်သည် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် အမှန်တကယ် စီစဉ်ထားသည်ကို တွေ့လိုက်ရသောအခါ အစောင့်သည် ဒေါသတကြီးရယ်မော၍ သူ့လက်ဖဝါးကို ကျောင်းအုပ်ကြီးဟန်ဆီသို့ တည့်တည့် ရိုက်သွင်းလိုက်သည်။
ဟူ!
ကျောင်းအုပ်ကြီးဟန်က လှည့်ပင်မကြည့်ဘဲ လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ဖက်လု၏ လက်ဖဝါးပုံရိပ်များက လွင့်နေသော ပူဖောင်းများကဲ့သို့ လေထဲတွင် ချက်ချင်းပေါက်ကွဲသွားသည်။
ထို့နောက် ချက်ချင်းပင် အတုတံဆိပ်နယ်ပယ်က ကိုယ်ရံတော်သည် ရင်ဘတ်တွင် နာကျင်မှုနှင့်အတူ လွင့်ထွက်သွားခဲ့သည်။
ဗုန်းဗုန်းဗုန်း!
ကြိမ်ဖန်များစွာ ဆက်တိုက် မာနကြီးနေခဲ့သော အစောင့်များကို ကျောင်းအုပ်ကြီးဟန်က သဲအိတ်များကဲ့သို့ ဖယ်ထုတ်ပစ်လိုက်သည်။
သူသည် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က သန်မာသော သခင်တစ်ဦးဖြစ်ပြီး အတုတံဆိပ်နယ်ပယ်ရှိ အစောင့် အနည်းငယ်ကို ကိုင်တွယ်ရန် လွယ်ကူပြီး အားစိုက်ထုတ်ရန်ပင် မလ်ုအပ်ပါ။
ဒီလူတွေကို ဖယ်ထုတ်လိုက်ပြီးနောက် ကျောင်းအုပ်ကြီးဟန်သည် အသေးအဖွဲ့ အရာတစ်ခုကို လုပ်ခဲ့ပုံဖြင့် ဆက်ထိုင်ပြီး စားနေလိုက်၏။
တစ်ဖက်က လုရွှမ်မှာ ဂရုမစိုက်သလို ခေါင်းတောင်မထောင်ခဲ့ဘူး။
ကောင်လေး၏ အေးဆေးတည်ငြိမ်သော အမူအရာကို မြင်တော့ ကျောင်းအုပ်ကြီးဟန်သည်လည်း သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။
သူသည် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း၏ အရှင်သခင်ဖြစ်ပြီး ဝူယန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးလည်း ဖြစ်သည်။ အဆင့်အတန်း သို့မဟုတ် ခွန်အား မည်မျှပင်ရှိစေကာမူ ဝူယန်အင်ပါယာ တစ်ခုလုံးတွင် သူ့ကို သာလွန်နိုင်သူ အနည်းငယ်သာ ရှိသည်။
မိမိကိုယ်ကို ဖြောင့်မတ်တယ်လို့ ထင်တဲ့ သခင်ငယ်လေးနှင့် မသိနားမလည်သော သူများနှင့် တွေ့သောအခါတွင် သူသည် သဘာဝအတိုင်း ဂရုမစိုက်နေပေ။
သို့သော် သူ့ရှေ့က လူငယ်သည် ကွဲပြား၏။ အတုတံဆိပ်နယ်ပယ်၏ စွမ်းအားဖြစ်ပေမယ့် သူသည် အေးဆေးတည်ငြိမ်ပြီး သူ့နောက်မှ ဒုက္ခများကို မကြောက်ဘဲ ရှိနေသည်။ ဤနှလုံးသားမျိုးဖြင့် မရေတွက်နိုင်သော လူငယ်များသည် ၎င်းကို မယှဉ်နိုင်ပေ။
ဝုန်းဝုန်း!
ခဏအကြာမှာတော့ တံခါးကို တွန်းဖွင့်လိုက်ပြန်ပြီး တချို့သော ရုပ်ပုံတွေက အဝေးမှ ရွေ့လျားလာခဲ့သည်။
"သူတို့က မင်းကို ရိုက်ထုတ်ပစ်တဲ့သူတွေလား?"
ဒီတစ်ခါတော့ အစောင့်အကြပ် အနည်းငယ်တင်မကဘဲ အဖြူရောင်အင်္ကျီနဲ့ လူငယ်လေးသည် လုရွှမ် နှင့် ကျောင်းအုပ်ကြီးဟန်ကို အေးစက်စွာကြည့်ကာ ရှေ့သို့ လျှောက်လာခဲ့သည်။
ဒါက မတိုင်ခင်က သူတို့ပြောခဲ့တဲ့ သခင်လေး ဖြစ်လိမ့်မည်။
"သခင်လေးကို တင်ပြပါတယ်... အဲဒါ သူတို့ပါပဲ"
နှင်ထုတ်ခံရသော အစောင့်က အလျင်အမြန်ပြောသည်။
ကျောင်းအုပ်ကြီးဟန်က သူတို့ကို မသတ်ဘဲ ပစ်ချလိုက်ရုံနဲ့ပဲမို့ ဒဏ်ရာက မပြင်းထန်ပါဘူး။
သို့သော်လည်း တစ်ဖက်လူက လူအများအပြားကို လွယ်လွယ်နဲ့ ပစ်ချလိုက်တာကို မြင်ပြီး သူတို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းထက် ကျော်လွန်နေတယ် ဆိုတာကိုလည်း သိလေ၏။ ဒါကြောင့် သူတို့ဟာ ဒီအကြောင်းကို ပါးစပ်ကပဲ ပြောရဲကာ ရှေ့ကို ဆက်မတက်ရဲကြပေ။
"ငါကဘယ်သူများလဲလို့ မင်းကိုး...!"
လုရွှမ်သည် သူ့မျက်နှာကို လှည့်၍ အဖြူရောင် ဝတ်ထားသော လူငယ်၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အနည်းငယ် ပြုံးလိုက်ပြီး
"မင်း အရိုက်ခံချင်သေးလို့လား"
လမ်းက တကယ့်ကို ကျဉ်းမြောင်းတဲ့လမ်းပါပဲ။ မာနကြီးပြီး ကြီးစိုးတဲ့ သခင်လေးက အရင်က သူ့ဆီမှာ အရိုက်ခံရဖူးတဲ့ ချင်ဟွာကလွဲလို့ တခြားသူမဟုတ်ပါ။
ယခုအချိန်တွင် ချင်ဟွာသည် သူဖိတ်ကြားသူ ဖြစ်သည့် ခန့်ညားထည်ဝါသော အဘိုးအိုဘေးတွင် ရပ်နေသည်။
မဝေးလှသော နေရာမှာ ကောင်မလေးတစ်ယောက် ရပ်နေပြီး ၎င်းမှာ ဆူးယာပင် ဖြစ်၏။
နှစ်ယောက်သား တွေ့ကြရပြန်ပြီ။
လုရွှမ် ဆူးယာရှေ့မှ အဘိုးအိုကို သိသည်။ သူမကို ကျန်းဝူအကယ်ဒမီ မှ သိမ်းသွင်းသွားသော မော့ချန်ပဲ ဖြစ်သည်။
"မင်း"
တစ်ဖက်က လှည့်ကြည့်လာတဲ့အခါ ချင်ဟွာလည်း သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူ့မျက်လုံးတွေက ချက်ချင်းနီရဲလာပြီး
"မင်းကို ငါရှာဖို့စဥ်းစားနေတာ....မင်းဘာသာ သေလမ်းလာရှာမှတော့ ငါ့ကို အပြစ်မတင်နဲ့!!"
စကားပြီးသည်နှင့် လှည့်၍ သူ့ရှေ့ရှိ ကြီးကျယ်ခမ်းနားသော အဘိုးအိုထံ ဦးညွှတ်လိုက်လေသည်။
"ကျွန်တော့်ကို မျက်နှာပျက်အောင် လုပ်ခဲ့တာ ဒီကလေးပဲ.... သူက ကျွန်တော်တို့ ချင်မိသားစုရဲ့ ဂုဏ်သိက္ခာကို လျစ်လျူရှုပြီး ရိုင်းစိုင်းခဲ့တယ်...ကျေးဇူးပြုပြီး အကြီးအကဲရှန် ဒီကောင်လေးကို သင်ခန်းစာပေးဖို့ တောင်းဆိုပါတယ်!"
"သူလား?"
အကြီးအကဲရှန်ဟု ခေါ်သော အဖိုးအိုသည် လုရွှမ်ကို အထက်စီးဆန်သော ခံစားချက်ဖြင့် အေးစက်သော အကြည့်ကို ပေးလာသည်။
"ကောင်လေး....ချင်မိသားစုရဲ့ ဘုန်းအာနုဘော်ကို ရှုံ့ချလို့ မရဘူးကွ! အခုချက်ချင်း ဒူးထောက်ပြီး သခင်လေးချင်ဟွာကို တောင်းပန်လိုက်!! ဒါဆိုရင် ဒီနေ့ ကိစ္စကို မေ့လိုက်မယ် မဟုတ်ရင်တော့ မင်းအသက်မရှင်နိုင်ဘဲ သေသွားရလိမ့်မယ်!"
ဝုန်း!
စကားပြောနေစဉ်တွင် သူ၏ ဝိညာဥ်စွမ်းအင်နှင့် ခွန်အားကို ထုတ်လွှတ်လိုက်ရာ ရုတ်တရက် ပြင်းထန်သော ဖိနှိပ်မှု အာရုံတစ်ခု သူ့မျက်နှာရှေ့ကို ပြေးထွက်လာသည်။
ဂိုဏ်းဆရာနယ်ပယ် နှောင်းပိုင်းအဆင့်ပင်။
ချင်ဟွာ ဒီလောက် မာနကြီးနေတာ အံ့သြစရာတော့ မရှိပါဘူး။ သူ့မှာနောက်ခံ ကောင်းကောင်း ရှိနေတာပဲ။
"တကယ်လို့ ငါကငြင်းရင်ရော?"
လုရွှမ် သူ့မျက်တောင်တွေကို ပင့်တင်လိုက်ပြီး တစ်ဖက်ကို အာရုံစိုက်ဖို့ ပျင်းလွန်းတဲ့ ပုံစံနဲ့ တုံ့ပြန်လိုက်သည်။
ချင်မိသားစုဟာ အဓိက အင်အားစု သုံးခုထဲက နံပါတ်တစ် ဘယ်လိုဖြစ်လာမှန်း သူတကယ်ကို နားမလည်တော့ဘူး။ ဧကန္တ တစ်မိသားစုလုံး ဒီလိုမောက်မာပြီး တုံးနေကြလို့များလား။
သူတို့ဟာ တုံးတယ်လို့ ပြောဖို့ကလည်း လွန်လွန်းလိမ့်မည်။ သူတို့ရဲ့ မဆင်မခြင် ဖြစ်ရတဲ့ အကြောင်းရင်းရဲ့ ပထမအချက်က အဓိက မိသားစုသုံးစုအထဲမှာ ခွန်အား သာလွန်မှုနဲ့ ဆက်စပ်နေပြီး ဒုတိယကတော့ ချင်ဟွာက လုရွှမ်ရဲ့ အစွမ်းသတ္တိအကြောင်း သိတာကြောင့် စစ်ကူတစ်ယောက် ခေါ်လာလို့ ရဲတင်းနေနိုင်ခြင်း ဖြစ်၏။
"အကြီးအကဲရှန် တွေ့ပြီမလား?..ဒီကောင်က ကျွန်တော်တို့ကို လုံးဝအလေးအနက် မထားဘူး....သူ့ကိုသာ သင်ခန်းစာ မပေးနိုင်ရင် ကျွန်တော်တို့ ချင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်နားသွားထားတော့မလဲ?"
ချင်ဟွာက ဆိုလေသည်။
ယနေ့ အကယ်ဒမီကျောင်းတွင် လုရွှမ်ကသူ့ကို စော်ကားခဲ့သောကြောင့် သူ၏ မျိုးနွယ်စုများထံ ဆက်သွယ်ပြီး ဤအကြီးအကဲရှန်ကို ရှာလာခဲ့တာ ဖြစ်သည်။
အကြီးအကဲရှန်သည် ဂိုဏ်းဆရာနယ်ပယ် နှောင်းပိုင်းအဆင့် ခွန်အားများရရှိထားသော မျိုးနွယ်စု၏ အကြီးအကဲဖြစ်ပြီး များသောအားဖြင့် မျိုးနွယ်စုမှ ထွက်ခွာခဲသည်။
ကလဲ့စားချေရန် တစ်ဖက်လူအား မည်ကဲ့သို့ စည်းရုံးရမည်ကို စိုးရိမ်နေစဥ် လုရွှမ်သည် ယခုလို မောက်မာနေတာကြောင့် ချင်ဟွာစိတ်ထဲ ပျော်ရွှင်လာလေသည်။
သူသည် လုရွှမ်၏ ပြိုင်ဘက် မဟုတ်သော်လည်း တိုက်ပွဲတွင် ပြိုင်ဘက်၏ စွမ်းအားကိုလည်း သိထားသည်။ သူ့ထက် အနည်းငယ်သာ၍ အားကောင်းသည်။ အကြီးအကဲရှန် လှုပ်ရှားလိုက်ရင်တော့ သူရခဲ့တဲ့ စော်ကားမှုကို ပြန်လည်ပေးဆပ်ရန် အလွယ်တကူ အနိုင်ယူနိုင်ပြီ။
"ကောင်လေး....သခင်လေးချင်ဟွာက မင်းမောက်မာတယ်လို့ ပြောခဲ့တုန်းက ငါမယုံခဲ့ဘူး...ဒါပေမဲ့ အခုတော့ မှန်သွားပြီပဲ! စည်းမျဉ်းစည်းကမ်းတွေကို နားမလည်မှတော့ ဒီနေ့ကမင်းရဲ့ သေနေ့ပဲ!"
မထင်မှတ်ပဲ ဒီလူငယ်က သူ့ကို ဒီလိုစကားမျိုး ပြောဝံ့လေတယ်။
လူရှေ့သို့ မရောက်မီ သူ့ခန္ဓာကိုယ်ပေါ်ရှိ ထွက်သက်ဝင်သက်သည် လှိုင်းလုံးများကဲ့သို့ လူးလိမ့်နေ၍ လူကို ဖြတ်မကျော်နိုင်သော ခံစားချက်ကို ပေးစွမ်းနိုင်သလို ဖိနှိပ်ခံရပြီး အသက်မရှူနိုင်ပင် ဖြစ်လာစေသည်။